သြော် နွေတောင်ရောက်လုပြီ
နွေရဲ့အနံ့အသက်လေးများ
သင်းပျံ့စပြုနေလေပြီ
ရင်မှာဝေဒနာလှိုင်းတွေကတော့
သင်းပျံ့စနွေလုလင်ရဲ့
ကျီစယ်မှု့အောက်မှာ
ဝေဒနာတွေတိုး
မျက်နှာတော်ညိုးလို့
မျက်ရည်များတောင်
စို့လာလေးသလားဘဲ
အတိတ်နွေဦးရဲ့အရိပ်တွေက
ရင်ခွင်အစုံကိုဆောင့်ကန်
ပြောင်ပြန်အောင်ဆွနေလေတော့
တွန်းလှန်မရ လက်မှိုင်ချကာ
ငါငိုနေရပြန်ပြီ
မငိုချင်အောင်
အတိတ်ဟောင်းက
နွေဦးဇာတ်ကြောင်းတွေကို
အံကြိတ်ပြီး
မေ့နိုင်အောင်ကြိုးစားပေမဲ့
ကြိတ်မနိုင်ခဲမရ
ငိုနေရပြန်တယ်
မတတ်နိုင်ဘူးလေ...
သူကိုချစ်ခဲ့တဲ့
ငါ့ရဲ့အချစ်တွေက
အသွေးထဲ အသားထဲ
စိမ့်ဝင်လို့နေပြီကို
နွေဦးကိုမုန်းမိပေမဲ့
တားဆီးလို့မှမရတာ
နွေဆိုတာရှိနေသေးသမျှတော့
နွေဦးရဲ့အချစ်ဦးပုံရိပ်တွေက
ထင်လာဦးမှာဘဲ
နွေဦးရောက်တိုင်းလဲ
အလွမ်းအဆွေးတွေကိုအဖေါ်ပြု
ငါဆက်ပြီးမျက်ရည်တွေ
ကြွေကျမြေခနေရဦးမှာပါ။
နွေရဲ့အနံ့အသက်လေးများ
သင်းပျံ့စပြုနေလေပြီ
ရင်မှာဝေဒနာလှိုင်းတွေကတော့
သင်းပျံ့စနွေလုလင်ရဲ့
ကျီစယ်မှု့အောက်မှာ
ဝေဒနာတွေတိုး
မျက်နှာတော်ညိုးလို့
မျက်ရည်များတောင်
စို့လာလေးသလားဘဲ
အတိတ်နွေဦးရဲ့အရိပ်တွေက
ရင်ခွင်အစုံကိုဆောင့်ကန်
ပြောင်ပြန်အောင်ဆွနေလေတော့
တွန်းလှန်မရ လက်မှိုင်ချကာ
ငါငိုနေရပြန်ပြီ
မငိုချင်အောင်
အတိတ်ဟောင်းက
နွေဦးဇာတ်ကြောင်းတွေကို
အံကြိတ်ပြီး
မေ့နိုင်အောင်ကြိုးစားပေမဲ့
ကြိတ်မနိုင်ခဲမရ
ငိုနေရပြန်တယ်
မတတ်နိုင်ဘူးလေ...
သူကိုချစ်ခဲ့တဲ့
ငါ့ရဲ့အချစ်တွေက
အသွေးထဲ အသားထဲ
စိမ့်ဝင်လို့နေပြီကို
နွေဦးကိုမုန်းမိပေမဲ့
တားဆီးလို့မှမရတာ
နွေဆိုတာရှိနေသေးသမျှတော့
နွေဦးရဲ့အချစ်ဦးပုံရိပ်တွေက
ထင်လာဦးမှာဘဲ
နွေဦးရောက်တိုင်းလဲ
အလွမ်းအဆွေးတွေကိုအဖေါ်ပြု
ငါဆက်ပြီးမျက်ရည်တွေ
ကြွေကျမြေခနေရဦးမှာပါ။