Sunday, March 16, 2014

ချစ်​မိပြီ {​ငွေလဝန်း}

မင်းလေးရယ်
မင်းရဲ့အကြည့်တချက်နဲ့
အရှိုက်မိနေတဲ့
ငါ့ဘဝမှာ
ဆောင်းနှင်းပွင့်ကြားမှ
မခို့တရို့အပြုံးနဲ့
ပြုံးပြနေရှာတဲ့
မင်းလေးအလှကိုကြည့်ရင်း
ပါးပြင်ထက်က တွဲလျားကျနေတဲ့ ဆံနွယ်စကိုပင့်သက်ကာ
နှင်းမိုးတွေရွာသွန်းလို့
မင်းရဲ့ပါးပြင်ထက်က
နှင်းမိုးတစ်စက်ဟာ
ငါဖြစ်ရရင်
ဘယ်လောက်ကောင်းလိမ့်မလဲလို့
တွေးနေမိသူပါ