Sunday, March 16, 2014

နွေဦး (၄) ✏ အယ်​ခဲလူ✉

မြင်မြင်ခြင်း
အသက်ရှုမှားလောက်အောင်
ဘဝင်တွေလွင့်ထွက်မတတ်
လှရက်လွန်းသူရယ်
သမင်ပျိုမျက်လုံးလေးလို
ရွန်းလဲတောက်ပလွန်းတဲ့
အကြည့်တစ်စုံကြောင့်
အငိုက်မိကြွေကျခဲ့တဲ့ငါ့နှလုံးသား
ရုန်းထွက်မရ မင်းအလှနွံထဲ
ရုန်းလေနစ်လေဖြစ်ချေပြီ
ဝေဒနာတိမ်အနက်
ရိုးတွင်းသို့ရောက်​ပြီထင်တယ်
တွေးမိတိုင်းမင်းမျက်ဝန်းလေးက
ဇွတ်အသင်းတိုးလို့ပေါ်လာ
မင်းငါ့ကို သိပ်စိုးမိုးလွန်းနေပြီ
အိပ်မက်တွေထဲခဏခဏ
ဝင်လိုက်ထွက်လိုက်နဲ့
မင်းတရားလွန်လွန်းနေပြီ
သိမ်မွေ့နူးညံ့လွန်းတဲ့
ငါ့နှလုံးသားကိုမှ
မင်းအလှတရားများက
ရစ်ပတ်နှောင်ဖွဲ့ရတာလဲ
မင်းအလှနှောင်အဖွဲ့မှ
တိတ်တဆိတ်ပြေးထွက်
ရုန်းထွက်ကြည့်ပေမဲ့
တိုးလို့တောင် အရစ်​ပို
အချစ်တွေပိုလာခဲ့တယ်
သြော် လှရက်လွန်းသူရယ်
ရုန်းထွက်မရလဲနေစေတော့
မင်းရဲ့ရှေ့မှောက်
ဒူးထောက်လို့တောင်းဆိုချင်တယ်
ငါ့ရင်ခုန်သံ ခဏလေးဖြစ်ဖြင့်
နားဆင်ပေးပါကွယ်။

♥ Alkhaeluu♥