နင်ရယ်ငါရယ်လို့ဖြစ်လာကြ
လောကလူသားတွေမိုက်ပြစ်ဖွဲ့ကာ
တွေဝေမနေပါနဲ့
ချစ်ခြင်းမုန်းခြင်းဘဝအလင်းကို အမှောင်မဖုံးလွမ်းစေနဲ့
ဘဝဆိုတာထက်အာကာက
လမင်းကြီးလိုပါ
သာတခါမည်းတလှည့်ပေါ့။
နင်ရယ်ငါရယ်လို့ခေါ်တဲ့
ပညတ်သဘောမှာ
အချစ်အမုန်းဆိုတာ မရှိပါဘူး
အမှောင်လမ်းမှာ
စမ်းတဝါးဝါးလျှောက်နေကြတဲ့
ငါတို့တစ်တွေဟာ
မာနဆိုတဲ့ဝဲဂယက်ထဲမှာ
နစ်မြုတ်မသွားစေနဲ့
အလှကျွန်းမှာနံ့သာတစ်တုံးနဲ့ မျက်လှည့်ပြနေမည့်အစား
နှလုံးသားမှာအမှောင်ထုဆိုတဲ့
မနာလိုမှု ဝန်တိုမှုစောင်းမြောင်းမှုနဲ့
ဘဝဆိုတာကို အရှုံးမပေးပါနဲ့
နင်,ငါ ဆိုတဲ့ခရီးသည်တွေက
မေတ္တာလေနုအေးအောက်မှာ
ငြိမ်းချမ်းစွာဖြင့်
ညီနှင့်အစ်ကို,မောင်နှင့်နှမ
ရိုင်းပင်းမှုကိုဘေးဖယ်
ကြင်နာမှုနဲ့လွှမ်းခြုံ
ဖြူစင်တဲ့စိတ်ထား ဘာသာတရားရဲ့ ယဉ်ကျေးမှုအောက်မှာ
အမှောင်လမ်းမှခရီးသည်တွေတွက် အေးအတူပူအမျှ
လျှောက်လှမ်းနိုင်တဲ့သူဖြစ်ပါစေဗျာ .... အသိဉာဏ်ကင်းမဲ့သူမဟုတ်လေတော့
ဘွဲ့ဒီဂရီ,ဂုဏ်အလီလီတွေနဲ့မို့
အမှောင်,အလင်းသိတတ်ရင် ဘဝခရီးသည်တွက်လုံလောက်ပါပြီ ပျော်ရွှင်စွာဖြတ်သန်း ကြပါဗျာ
♥♥♥ ငွေလဝန်း♥♥♥