Sunday, March 16, 2014

ချစ်​ရလွန်းသူသို့.........{အယ်​ခဲလူ}

အသက်ရှုမှားလောက်အောင်
ချစ်ခဲ့မိသူရယ်
မင်းနုတ်ခမ်းလှလှလေးက
တစ်ဖွဖွပြောခဲ့တဲ့စကား
အရမ်းချစ်တာပဲတဲ့
ကြယ်စင်တွေစုံတဲ့ည
ဆံနွယ်တွေကြားကမင်းစကား
လရောင်တွေကွယ်တဲ့အခိုက်
အမှတ်မထင်ခြွေလိုက်တဲ့
မင်းရဲ့အနမ်း
ရင်ခုန်သံမှားလောက်အောင်
ရင်ခုန်သံတွေမြန်ခဲ့တရ်
အရမ်းချစ်တာပဲမိန်းကလေးရယ်
ကမ္ဘာတည်တရွေ့
ကိုယ်ချစ်ခြင်းများစွာက
မပျက်စီးနိုင်ဘူးလို့တောင်
အထင်ရောက်မိတယ်
ဖြစ်နိုင်မယ်ဆိုရင် ချစ်သူရယ်
မင်းအပါးရှိနေတတ်တဲ့
မင်းအရိပ်ကလေးဖြစ်ချင်တယ်
ကိုယ့်အတွက်ရယ်ကြောင့်
မင်းမျက်ရည်မြေမခစေရဘူး
မင်းစိတ်ပျော်ရွှင်စေမဲ့
အရုပ်တစ်ရုပ်ဖြစ်နေရလည်း
ကိုယ်ကျေနပ်တယ်ချစ်သူရယ်
ကိုယ့်အတွက်တော့
မင်းချစ်ခြင်းများစွာကို
တွေ့ခွင့်မြင်ခွင့်
ပိုင်ဆိုင်ခွင့်ရနေရင်
ကိုယ်သေပျော်ပါပြီကွယ်။


♥♥♥Alkhaeluu♥♥♥