Sunday, March 16, 2014
မင်းတို့ ငါတို့အနုပညာ..
မင်းတို့,ငါတို့ရဲ့ အနုပညာ
အချိုမကြိုက်တဲ့ ငါ့ဦးခေါင်းက လာသမျှအနံ့အသက်ကို တောက်ထုတ်ပစ်တယ်
အတိတ်ဆိုတာ....
သောက်လက်စအရက်ခွက်​ရဲ့ တစ်ဝက်ကုန်ခမ်းနေမှုပဲ
ဒီသီချင်းနဲ့လျှပ်စစ်ကိုဖြတ်ပြီး မစီးဆင်းစေနဲ့တော့
လေထုထဲက ရေခိုးရေ​ငွေ့လိုပဲ
မမြင်​ရတဲ့ဒုက္ခဟာ ငွေ့ရည်ဖွဲ့ပြီး ငါတို့ဆီလာမယ်
စိတ်ကိုအမိုးဖွင့်ထားတဲ့ကားလို
လေတဖြူးဖြူး အတိုက်ခံလို့ အကိုင်းအခက်အသစ်ဆီချိုးကွေ့မယ် ဘာကြောင့် ယောက်ယက်ခတ်စရာလိုမလဲ အနုပညာဆိုတာ အမဲလိုက်ခွေးရှေ့က သားကောင်​လို ဗြောင်းဆန်အောင် ရွေ့လျားနေဖို့မှမဟုတ်တာ....၊ မင်းခါချလိုက်တဲ့ချွေးတစ်စက်တည်းပဲဖြစ်​ပါ​စေ
အသံမြည်စေရမယ် ဒီသီချင်းနဲ့ လျှပ်စစ်ကိုဖြတ်ပြီး စီးဆင်းပေစေ​တော့ ကုက္ကိုပင်ပေါ်က ကုက္ကိုသီးတွေလို
အလဟဿသီးပွင့်မှုမှာ
မင်းနာမည် မပါပါစေနဲ့....။ ။
မောင်​ဖီလာ ရုပ်​ရှင်​အမြုတေ၊
လှေကား​ထောင့်​ကျဉ်း
လှေကားထောင့်ကျဉ်း
လ​ရောင်မြှားတဲ့....
ညအတုလိုအ​မှောင်​ထဲမှခံစားချက်များ အရိပ်မထွက်​ရ။
ညစ်ပတ်နံစော်နေ​သောဝါကျများမ​ထွေးရ။ သံယောဇဉ်မငြိမ်းသော ဆေးလိပ်တို မပစ်​ရ။ ခွေးလေ​ခွေးလွင့်များနှင့်အမူးလွန်သူများ
တွားတက်မလာရ,မအိပ်​ရ။
ခါးပိုက်နှိုက်များပိုက်ဆံအိတ်နှင့်
မှတ်ပုံတင်​ကဒ်တွေ လာမပစ်​ရ။ အိပ်မက်နှင့်မ​တော်​သောဦးထုပ်များ
မ​ဆောင်းရ။
ရှုခင်းမလှဘဲ အတွဲများများမချိန်းရ။ မြို့ကြီးပြကြီးဆန်စွာမီးစက်သံနှင့် ဥပေက္ခာတရားများ ပဲ့တင်​မထပ်​ရ။ ငွေကြေးခ၀ါချထားသော ကုတ်အင်္ကျီအ​ဟောင်းကြီး မဝတ်​ရ။ အထက်တက်မှာလား....။
အောက်ဆင်းမှာလား. . .။
အထက်​မ​ရောက်အောင်
မ​ရောက်စိတ်ကူးများ မွေးစားမထားရ။ မူးယစ်ဆေးဝါးမသုံးစွဲရ။
တခါသုံးအပ်နှင့်တစ်ခါသုံးအ​တွေးအ​ခေါ်များ ပစ်ချမထားရ။
လယ်ကွင်းနှင့်ကျေးငှက်များကိုမလွမ်းရ။ ကျောက်စီဓားနှင့်မိုးကောင်းကင်​ကို
မတမ်းတရ။
ပင်​လယ်​နှင့်ဒီရေကို မငတ်မွတ်​ရ။
အဓိကအားဖြင့် ခုနှစ်လွှာထပ် လှေခါးထောင့်ကျဉ်းသည် ကျိန်စာအလိုနှင့်ဆန့်ကျင်ပြီး
ဦးထုပ်ဆောင်းပြီး ကုတ်အင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ပြီး
ပလက်ဖောင်းပေါ်ဆင်းမသွားရ။ ။
နိုင်​မွန်အောင်​သွင်
နိုဘယ်​ကိုချစ်​တဲ့ အ​မေ စု...အတွက်
ကျီးတို့အလယ်မှ ဒေါင်း
အလှမွေး၍ ၊ ကျွေးတာနဲ့စား
လူယဉ်ပါးနေ... ၊ ဒေါင်းအိုးဝေ ဧည့်သည်လာတိုင်း ၊ သခင်​ခိုင်းသော် ခေါင်းမော်လည်ဖွ ၊ ခြေကိုကြွ၍
ဟိုမှ သည်မှ ၊ ခုန်ဆွဆွနှင့်
က, တတ်လိုက်လေ ၊ ဒေါင်းအိုးဝေ......
အစာအသင့် ၊ ရေအသင့်နှင့်
သခင့်အလို ၊ တေးသံချိုမြ
က,ဒေါင်းအိုးဝေ ၊ အမျိုးဆွေမေ့
ငယ်​ဓ​လေ့ပျောက် ၊ လူနားရောက်နေ ဒေါင်းအိုးဝေ......
တစ်ကောင်​ထိ၍ ၊ မချိအောင်​နာ
စာစာအော်ပြီး ၊ ကျီးငှက်ထောင်သောင်း ခေါင်းပေါ်မှာဝဲ ၊ မြင်​ရလည်းလေ...
က,ဆဲ..က,နေ ၊ ဒေါင်းအိုးဝေ.....
မောင်​စိန်ဝင်း (ပုတီးကုန်း)
ကစားစရာထင်​ပါသလား...
ကစားစရာထင်​ပါသလား
ခဏက​လေးဆိုပြီး ခရီးဝေးထွက်သွားသူ...
အ​ဖော်ဆိုပြီး ထီးတည်းထားခဲ့သူ...
ပျားရည်တစ်စက်နှင့်​ ဝမ်းပျက်စေခဲ့သူ...
တကယ့်တကယ် တွယ်တာသနား လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်​ရုံ မုတ်သုံမဝင်
မုန်တိုင်းဆင်​ဆဲ ဖွဲဖွဲစွေရွာ
ရာသီဆိုးထဲက ယာယီမိုးက​လေးတစ်ခုပါပဲ...။
မောင်​စိန်ဝင်း(ပုတီးကုန်း)
မာနမဲ့စွာ...
မာနမဲ့စွာ
ပြက်​ရယ်မှုကိုခံရသည့်အခါ အားငယ်သွားတတ်သော်လည်း မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။
အနိုင်​ကျင့်မှုကိုခံရသည့်အခါ ဝမ်းနည်းသွားတတ်သော်လည်း မည်သည့်အခါမှ မနာကျည်းရက်ပါလေ။
တန်ဖိုးမထားမှုကိုခံရသည့်အခါ
မ​ကျေနပ်မှုကို ခံစားရတတ်သော်လည်း မည်သည့်အခါမှမငြိုငြင်​ရက်ပါလေ။
စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ ကျွမ်းမြေ့လောင်မြိုက်စွာ
ပူပန်​​နေရ​သော်လည်း မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။
စ​တွေ့သည်မှ
ငါသည်သင့်အား မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။
မောင်​စိန်ဝင်း(ပုတီးကုန်း)
အ​ပြောင်းအလဲ
အ​ပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက် ပန်းကြွေကောက်စဉ်၊ ရင်​တထိတ်ထိတ် ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြစ်​​ချောင်းရေ​ကြော၊ ပန်းကြွေမျှောမိ
ကြည့်​ရင်းကြည်နူး၊ ချောင်းနဖူးမှာ စိတ်ကူးနုသစ် ​ဝေခဲ့ဖူးတယ်။
ခင်​ကပစ်တော့ ဒီသစ်ပင်အောက်၊ ပန်းမ​ကောက်ချင် နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ လွမ်းစိတ်​ရာထောင်ဝေဖူးတယ်။
ခင်​မကြင်တော့ ညင်​ညင်ရေစီး တမ်းတညည်းဟန် ခင့်​ရယ်သံလား၊
ဝိုးဝါးထင်​မိ ကြည့်​လေရာရာ၊
ဝေဒနာနဲ့ ရေပြာအလှ ကင်းဖူးတယ်။
ဩော်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင် တို့ငယ်စဉ်က၊ နှောင်​မျှင်​တွယ်​ရစ်
အချစ်အလွမ်း၊ ဖမ်းစားညို့ငင်
ဒီသစ်ပင်​ကား၊ ချောင်းရေစား၍
ကမ်းပါးပြို​နောက် ပါလေပြီ…။
ဒီကပြန်လျှင်၊ ရင်​မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်​ရင့်ကျက် ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ ။
ဘဝဆိုတာ… ဒါပဲ ခင်…။
မောင်​စိန်ဝင်း (ပုတီးကုန်း)
နွေဝေဒနာ
နွေဝေဒနာ
သရက်ကင်းတွေလည်း
မြက်ခင်းမှာ​ကြွေပြီခင်။
နွေလေပူ တစ်ချက်သုတ်လေ​တော့ အရွက်ပြုတ်သရက်ပင်။
ချစ်သူမေ့ပြီလား....
ငယ်​ဓ​လေ့အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း လွမ်းအောင်မေ့ ရင်​မှာကျင် သည်တစ်နွေဝင်တော့ ။
သရက်ကင်းနဲ့မှထမင်းမြိန်စားတတ်သူက ထောပတ်ပေါင်​မုန့်​ကင်​နဲ့နေ့တိုင်းပင် ဘိုစာမက်ပါလို့
အ​နောက်ဟန်ဖောက်ပြန်ဖျက်လေ​တော့ မောင့်သရက်သူမမင်
မောင့်ဥယျာဉ် သူမ​ရောက်နိုင်​ဟု သရက်ကင်းတွေ
အ​ကြွေကောက်တာလည်းအချစ်​ရယ်
မေ့လောက်ပြီပေါ့။ ။
မောင်​စိန်​ဝင်း (ပုတီးကုန်း)
ချစ်​သူသိ​လေ
ချစ်သူသိလေ
ချစ်သူသိလေ....
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊ မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊ ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊ ရရှိခိုက်မှ၊ ထာဝရတည်၊ ကာလရှည်လျား၊ နှလုံးသားမှာ၊ စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊ ပျံ့ဆွတ်စေ၏၊
ချစ်သူသိလေ...
မျက်နှာတွေ့မှ၊ မြင်​ခွင့်​ရတာ၊ မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးဝေး၊ အ​တွေးမှာရှိ၊ အကြည့်မှာမြင်၊ သူပဲထင်​တယ်၊ ကောင်းကင်​လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်​ပါ၏၊
ချစ်သူသိလေ.....
အသံကြားမှ၊ နားမှာဆတ်ဆတ်၊ ကြားလာတတ်တာ၊ မဟုတ်ပါလေ၊ စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်​လို၊ ရွှင်​ရွှင်​ကြည်မြ၊
ကြားနေရ၏၊
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊ ဘယ်လောက်ကွာမလဲ၊ ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊ ထာဝရထင်သော၊ ရင်​ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊ အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်​စိန်ဝင်း (ပုတီးကုန်း)
အသည်း​ရောဂါကာကွယ်​နည်း
အသည်းရောဂါ ကာကွယ်နည်း
နေမ​ကောင်းမဖြစ်ခင်ဆေးပြားတွေ
ကြိုတင်သောက်ထားရသလိုမျိုး...
ရောဂါမရခင်ကာကွယ်ဆေး
ထိုးကြသလိုမျိုး.....
သူ့ကို ချစ်မိတဲ့နေ့ကစပြီး
အသည်းနှလုံးကို
ခေါင်းအုံးအောက်မှာထားလိုက်တယ်...
မောင်​လှမျိုး(ချင်းချောင်းခြံ)
အရူး
အရူး
လိုင်​စင်​ရ လွတ်လပ်သူ...
အပူအပင် ကင်းကင်းနဲ့
သီချင်းဆိုနိုင်​ရက်တယ်။
ဒေါသ ပေါက်ကွဲ...
အရပ်ထဲမှာအော်ဟစ်ဆိုဆဲ။
တချို့ကမရဲတရဲ ပြုံးတော်မူ၊
စိတ်ထဲကအပူကို
ဘယ်သူသိနိုင်​မှာလဲကွယ်။
ရူးချင်ယောင်ဆောင်နေတာမဟုတ်ခဲ့ရင်
သူ့သံယောဇဉ်နဲ့သူ
ပူပင်နေမယ် ထင်​ပါရဲ့။
တချို့ကရူးနေတာပဲ
ကောင်းပါတယ်တဲ့ ကိုယ်​က​တော့....
တကယ်​ရူးချင်နေတယ်ဆိုတာ
ဝန်ခံပါရ​စေ......
မောင်​လှမျိုး(ချင်းချောင်းခြံ)
သူပိုင်​ဆိုင်​​သော​နေ့,ညများ
သူ…ပိုင်​ဆိုင်​သောနေ့,ညများ
အချိန်တန်တော့ အိမ်ပြန်ပေါ့ကွယ်။ ကြိမ်ဒဏ်ကိုယ်စီ၊ ငိုမြည်ခံစား (ကံအားလျော့ပါး) မတရားဘူး။
အသည်းကျွမ်းမြေ့ စွဲလန်းနေ့စဉ်၊ မ​မေ့ချင်​လည်း၊မေ့ရဲရမယ် (မေ့ဆေးတစ်လုံးတော့ လိုပါတယ်)။
သူ ပိုင်​ဆိုင်​ထား နေ့ညများမှာ
စေလိုရာသာ စေပါလေကွယ်။
သူကထွက်သွား နှင်​ရက်အားလျှင် လက်ဖျားတွယ်ဖြုတ်၊ ရုတ်ခနဲထ ကျောခိုင်းပါ့မယ်​.....
(ငဲ့မကြည့်မိဖို့ လိုပါတယ်)။
သူကလက်ပြ နှုတ်ဆက်ထားရစ်၊
မချစ်ကြ​ကြေး၊ အမိန့်ပေးလျှင်
မနီးမ​ဝေး၊ ရင်​ခွင်နွေးကို ပြေးခိုင်းပါ့မယ်​.... (ခြေလှမ်းမယိုင်​ဖို့ လိုပါတယ်)
သူကမုန်းခိုင်း မုန်တိုင်းလက်ဆောင် ပေးခဲ့လျှင်​လည်း မုန်းတဲ့ဟန်ပြု၊
အမုန်းတုနဲ့ ရှုံးသူ့မျက်နှာ၊
ပြုံးယောင်ဖြာပြီး ပြုံးနိုင်အောင်​သာ
ကြိုးစားမယ်....
( ပြုံးရဲဖို့တော့ လိုပါတယ်)
သူ…ပိုင်​ဆိုင်​ထား နေ့ညများမှာ
အင်​အားမရှိ၊ ထင်​ရှားသိမြင်
ကိုယ့်ရင်​ခွင်​ထဲ ငလျင်​ရိုက်ခတ်
မ​ပြောတတ်ဘူး။
နေ့နေ့ညည တွေ့သမျှအချိန်၊
အကြိမ်ကြိမ်ငေး သူ့ရင်​ခွင်​နွေးနွေးလေးဟာ ကိုယ့်ရဲ့ အိမ်​က​လေးပါကွယ်။
အရှင်​မလိုကျ မငိုရဆို...မငိုပါဘူး။
အရှင်​မလိုကျ မပြုံးရဆို...မပြုံးပါဘူး။
အရှင်​မလိုကျ လက်ပြနှုတ်ဆက်
လှမ်းအထွက်မှာ၊ အလွမ်းခက်လည်း၊ လွမ်းလျက်အက်ကွဲ၊ကိုယ့်အသည်းကို အေးခဲမာကျော၊ ကန္တာရ​တောသို့.... မျှောလိုက်ပါ့မယ်။
သူပိုင်​ဆိုင်​သော နေ့,ည မောများ၊
နှလုံးသားမှာ ရှိနေပါလျှင်
ဝေဒနာဟူသမျှ၊ အတူတကွလက်ခံ မနက်ဖြန်အ​ရေး၊ ကိုယ်မ​တွေးဘဲ
ဝေးရဲအောင်​လည်း ကြိုစားမယ်။
အချိန်တန်လျက် အိမ်ပြန်ဖို့ခက်၊
နေ့,ရက်များစွာ ၊ထို…ဒဏ်​ရာတွေ၊
ဖြေမ​ပြေလည်း ၊ သူ့အားအားနာ၊
ရင်​ခွင်​ညှာသိ ပကတိစိတ်၊
မျက်ဝန်းမှိတ်ပြီး တိတ်တိတ်က​လေးခံစားမယ်။
သူပိုင်​ဆိုင်​သမျှ နေ့,ညများစွာ၊
ဝေဒနာဟူသမျှ ကင်းပပါစေကွယ်။ ။
မောင်​လှမျိုး(ချင်းချောင်းခြံ)
သူပိုင်​ဆိုင်​​သော​နေ့ညများ
သူ…ပိုင်​ဆိုင်​သောနေ့,ညများ
အချိန်တန်တော့ အိမ်ပြန်ပေါ့ကွယ်။ ကြိမ်ဒဏ်ကိုယ်စီ၊ ငိုမြည်ခံစား (ကံအားလျော့ပါး) မတရားဘူး။
အသည်းကျွမ်းမြေ့ စွဲလန်းနေ့စဉ်၊ မ​မေ့ချင်​လည်း၊မေ့ရဲရမယ် (မေ့ဆေးတစ်လုံးတော့ လိုပါတယ်)။
သူ ပိုင်​ဆိုင်​ထား နေ့ညများမှာ
စေလိုရာသာ စေပါလေကွယ်။
သူကထွက်သွား နှင်​ရက်အားလျှင် လက်ဖျားတွယ်ဖြုတ်၊ ရုတ်ခနဲထ ကျောခိုင်းပါ့မယ်​.....
(ငဲ့မကြည့်မိဖို့ လိုပါတယ်)။
သူကလက်ပြ နှုတ်ဆက်ထားရစ်၊
မချစ်ကြ​ကြေး၊ အမိန့်ပေးလျှင်
မနီးမ​ဝေး၊ ရင်​ခွင်နွေးကို ပြေးခိုင်းပါ့မယ်​.... (ခြေလှမ်းမယိုင်​ဖို့ လိုပါတယ်)
သူကမုန်းခိုင်း မုန်တိုင်းလက်ဆောင် ပေးခဲ့လျှင်​လည်း မုန်းတဲ့ဟန်ပြု၊
အမုန်းတုနဲ့ ရှုံးသူ့မျက်နှာ၊
ပြုံးယောင်ဖြာပြီး ပြုံးနိုင်အောင်​သာ
ကြိုးစားမယ်....
( ပြုံးရဲဖို့တော့ လိုပါတယ်)
သူ…ပိုင်​ဆိုင်​ထား နေ့ညများမှာ
အင်​အားမရှိ၊ ထင်​ရှားသိမြင်
ကိုယ့်ရင်​ခွင်​ထဲ ငလျင်​ရိုက်ခတ်
မ​ပြောတတ်ဘူး။
နေ့နေ့ညည တွေ့သမျှအချိန်၊
အကြိမ်ကြိမ်ငေး သူ့ရင်​ခွင်​နွေးနွေးလေးဟာ ကိုယ့်ရဲ့ အိမ်​က​လေးပါကွယ်။
အရှင်​မလိုကျ မငိုရဆို...မငိုပါဘူး။
အရှင်​မလိုကျ မပြုံးရဆို...မပြုံးပါဘူး။
အရှင်​မလိုကျ လက်ပြနှုတ်ဆက်
လှမ်းအထွက်မှာ၊ အလွမ်းခက်လည်း၊ လွမ်းလျက်အက်ကွဲ၊ကိုယ့်အသည်းကို အေးခဲမာကျော၊ ကန္တာရ​တောသို့.... မျှောလိုက်ပါ့မယ်။
သူပိုင်​ဆိုင်​သော နေ့,ည မောများ၊
နှလုံးသားမှာ ရှိနေပါလျှင်
ဝေဒနာဟူသမျှ၊ အတူတကွလက်ခံ မနက်ဖြန်အ​ရေး၊ ကိုယ်မ​တွေးဘဲ
ဝေးရဲအောင်​လည်း ကြိုစားမယ်။
အချိန်တန်လျက် အိမ်ပြန်ဖို့ခက်၊
နေ့,ရက်များစွာ ၊ထို…ဒဏ်​ရာတွေ၊
ဖြေမ​ပြေလည်း ၊ သူ့အားအားနာ၊
ရင်​ခွင်​ညှာသိ ပကတိစိတ်၊
မျက်ဝန်းမှိတ်ပြီး တိတ်တိတ်က​လေးခံစားမယ်။
သူပိုင်​ဆိုင်​သမျှ နေ့,ညများစွာ၊
ဝေဒနာဟူသမျှ ကင်းပပါစေကွယ်။ ။
မောင်​လှမျိုး(ချင်းချောင်းခြံ)
ညလွမ်း​ဖော်
ညလွမ်းဖော်
မင်းရှိမှသတိရတတ်တာမဟုတ်ပါဘူး။ မင်းမရှိတဲ့အခါ သတိရတဲ့စိတ်
အအိပ်ခက်တာ မင်းသိမှာပါ ။
မင်းမြင်​မှ ခင်​တွယ်တတ်တာမဟုတ်ပါဘူး မင်းမမြင်​တဲ့အခါ ခင်​တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ်တည်​ရှိတာ မင်းသိမှာပါ ။
ဘယ်လောက်ဝေးဝေး ဘယ်လောက်ခွဲခွဲ
ရင်​ထဲကမင်းရဲ့အရိပ် ငါနဲ့အတူအိပ်နေတယ်။
မောင်​လှမျိုး
အချစ်​ငှက်​ဆိုး
အချစ်​ငှက်​ဆိုး
လွမ်းတယ် .. လို့ငါအော်ပြောတာ
တ​လောကလုံး ကြားတယ်
မင်းကြားရဲ့လား...?
ချစ်တယ်... လို့ငါအော်ပြောတာ
တစ်​ကမ္ဘာလုံး.. ကြားတယ်
မင်းသိရဲ့လား....?
ကမ္ဘာလောက ငါပြောသမျှကြားယောင်
အ​မှောင်​မှာစိုးမိုး မင်းရဲ့အိမ်ခေါင်​မိုးပ်ါက ငှက်ဆိုးထိုးသံ ငါ့ရင်​ကွဲခြင်းရဲ့
ပဲ့တင်​သံပါကွယ်
မောင်​လှမျိုး
နောက်​ဆုံးကဗျာ
နောက်ဆုံးကဗျာ
ဘ၀ဆိုတာ ခဏ​လေးပါပဲတဲ့... အချစ်ဆိုတာလည်း ဘယ်လောက်ကြာမှာတဲ့လဲကွယ်။
နောက်ဆုံး....ကဗျာပျောက်ဆုံးမှာစိုး၊ မြတ်နိုးသိမ်းထား၊ ရင်​ခွင်ကြားမှာ ကာလကြာတော့... မှင်ရောင်ဖျော့ညစ်
ဒါ....အချစ်လား။
အချစ်ကြာကြာ.. အပြစ်​ရှာတွေ့
မေ့မေ့မုန်းမုန်း၊ စာပန်းကုံးလေး
သူပေးခဲ့ပြီ.....
ပေးခဲ့တဲ့စာ ရင်​မှာနာ,လည်း (ဘ၀ဆိုတာတောင် ခဏ​လေးပါပဲတဲ့ အချစ်ဆိုတာလည်း.... ဘယ်လောက်ကြာမှာတဲ့လဲကွယ်)
ဒီလိုနဲ့ပဲ ကိုယ့်ရင်​ထဲ
ကြေကွဲမျက်​ရည် ဝဲတော့တယ်...။။
မောင်​လှမျိုး (ချင်းချောင်းခြံ)
နောက်​ဆုံးအမည်​စာရင်း
နောက်ဆုံးအမည်စာရင်း
ငါချစ်​သ​လောက် မင်းမချစ်​ရင်​နေပါ။
ငါချစ်တာကို မင်း .. သိပါ။
ငါလွမ်းသ​လောက် မင်းမလွမ်းရင်နေပါ။
ငါလွမ်းတာကို မင်း .. သိပါ ။
ငါမြတ်နိုးသ​လောက် မင်းမမြတ်နိုးရင်နေပါ ငါ့မြတ်နိုးမှုတွေကို မင်းမြင်​ပါ။
ငါချစ်​သ​လောက်,ငါလွမ်းသ​လောက်,
ငါမြတ်နိုးသ​လောက်​, မင်းမသိရင်နေပါ ။
ငါ့နာမည်ကို မင်းမေ့မသွားရင် ကျေးဇူးအထူးတင်​ရှိပါကြောင်း ။
မောင်​လှမျိုး
တိတ်​တခိုး
တိတ်တခိုး
ပန်းပွင့်တယ်ဆိုတာ သဘာဝပါခင်။
အလှကြည့်​ခံချင်​လို့
ပန်ဆင်​ပါစေရည်စူးပြီးဆူးပွင့်မဆင်။
ခင်ကြိုက်​ရင်​ အညှာကိုချိုး
မြတ်နိုးတော့ပန်ချင်ပန်​,မပန်ချင်
ခင်​မကြိုက်တော့လည်းပစ်လိုက်ပေါ့နော်..
ခင် ဆင်ချင်​မှဆင်​ပါတော့။
မခင်​လို့ပဲဖြစ်ဖြစ် မဆင်​လို့ပဲပစ်ပစ်
ခင်​သွားရင်ရနံ့ပေး ခင်မွှေးရင်ပျော်ရွှင်​လို့
ခင်​မမြင် ခင်​မကြည့်ပေမယ့်
ခင်​သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။
မောင်​စိန်ဝင်း(ပုတီးကုန်း)
အချစ်​ဦး
အချစ်ဦး
တစ်သက်တစ်ခါ တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေ​ကြွေ မြေမှာပဲရောက်ရောက်
ဖွဖွက​လေးကောက်လို့ ပန်းခြောက်လေးပဲမြတ်နိုးမယ်။
မောင်​စိန်ဝင်း(ပုတီးကုန်း)
ချစ်​သူသစ်​ပင်
ချစ်သူသစ်ပင်
လွင့်ကြွေကျဖို့တော့
ပွင့်မ​နေပါရ​စေနဲ့ဘုရား။
သူချိုးနိုင်​ဖို့အခက်ဝေ
သူနေခိုဖို့အရိပ်ပေး
သူ့ဘ၀မှာအပူတွေဝေးစေဖို့
အစ​တေးခံနေလိုရဲ့
သ​ပြေပင်​အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။
မောင်​စိန်ဝင်း(ပုတီးကုန်း)
မျှော်လင့်နေမိသူ
မျှော်လင့်နေမိသူ
မင်းပြောလာမလား ငါမျှော်နေမိသူပါ
မင်းရင်ဖွင့်လာမလား နားစွင့်နေသူပါ
မင်းစကားသံလေး
ငါ့ရင်မှာသိမ်းဆည်းထားဆဲပါ
ဟန်ဆောင်ကာ အပြုံးတစ်ပွင့်နဲ့
မင်းမျိုသိပ်မထားပါနဲ့ကွယ်
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရသူပါ
မင်းရှိမှပြည့်စုံမှာမို့
တမ်းတမှုတွေ လွမ်းဆွေးမှုတွေ
မင်းပေးတဲ့ပန်းတစ်ပွင့်နဲ့နမ်းရှိုက်ရင်း
မျှော်လင့်နေမိသူပါ
မင်းရောင်ပြန်ဟပ် လာမဲ့နေ့တစ်နေ့ကို
မျှော်လင့်ရင်းနဲ့ ပျော်နေမိသူပါ
❦ N.L.W ❦
အရှုံးသမား
အရှုံသမား
မိန်းခလေးရယ်​....
သံယောဇဉ်တွေနဲ့ ရစ်နှောင်နေပေမဲ့
ဘဝက သစ်ငုတ်တိုလိုပါပဲ
မိန်းခလေးရယ်​....
မင်းကိုအသည်းနင့်အောင် ချစ်ခဲ့ပေမဲ့
လှောင်အိမ်ထဲက ငှက်တစ်ကောင်လိုပါပဲကွယ်
မင်းရဲ့ပရိယာယ်ပဟေဠိဆန်​ဆန်
နှုတ်ခွန်းဆက်သမှုတွေက
ငါ့အတွက်....အားအင်တစ်ခု
ဖြစ်ပေမဲ့လည်း လှောင်အိမ်ထဲက
ငှက်တစ်ကောင်ရဲ့ ဘဝကို
စာနာပါလို့ပြောချင်ပေမဲ့
ပကာသနတွေနဲ့ လွှမ်းခြုံထားတဲ့
မင်းရဲ့ဘဝထဲ ငါဆိုတဲ့.....
အတ္တဆန်လူသားတစ်ယောက်က
မင်းလေးရဲ့အလှကွန်ယက်ထဲမှာ
သမုဒယနွယ်ပင်နဲ့ နှောင်ဖွဲ့ချင်သော်လည်း
အရှုံးသမား ဘဝတစ်ယောက်ရဲ့
လုံးသားမှာ
မင်းပေးခဲ့တဲ့အမုန်းဒဏ်နဲ့ပဲ
အရှုံးပေးလိုက်ပါရစေလား
မင်းလေးရယ်​.....
♥ N L W ♥
သေချာသွားပါပြီ
သေရှာသွားပါပြီ
ပြတင်းတစ်ခုရဲ့
ခန်းစည်းစကိုရှပ်တိုက်
အမှတ်မထင်ခိုဝင်လာသောလေညင်းလေး
ရုတ်တရက်အငိုက်မိသွားတဲ့ ငါ့နှလုံးသား
ရင်ခုန်နှုန်းတောင် ရပ်တန့်သွားသလားပဲ
လက်ခနဲ့ ပွင့်ထွက်လာသော သူ့အပြုံး
ငါ့ ကမ္ဘာသစ်တစ်ခုဆီများ
မျောလွင့်သွားသလားပဲ
ကြည်နူးခြင်းတစ်လှည့်
ဝမ်းနည်းခြင်းတစ်လှည့်
ဒွိဟဖြစ်နေတဲ့ခံစားမှု
သူ့အလှ..သူ့အကြောင်းများ စိုးမိုးနေ
ဒီဖြစ်စုံကိုပေါင်းစု အဖြေထုတ်တော့
သေရှာပါပြီ.......
ငါသူ့ကို ချစ်မိသွားပြီဆိုတာပါပဲ။
❦ Alkhaeluu❦
တမ်းတမ်းတတအလွမ်း
တမ်းတမ်းတတအလွမ်း
ထာဝရမရှိတဲ့ တဒင်္ဂနေ့လေး ရှောင်ပြေးသူဘယ်ဆီမှန်းလို့
ဘယ်သို့လှမ်းရပါကွယ်
လွမ်းမျက်ရည်ဝေဝဲ သဲကနာကျင်
ရင်​ဝယ်သောက ပူသမျှကို
ကြိတ်မှိတ်ခံစား ကန္တာရနွေအလားကွယ် ချစ်အပူ ညစ်ကျူသမျှကို
လှစ်ယူပြရင်ဖြင့် စိမ်းကားသူ
ရက်စက်သမျှ ရင်နဲ့မမျှခံစား ဪ....အချစ်တဲ့လား
နာကျင်​ခြင်း....ပူဆွေးခြင်း...
မပြည်​စုံခြင်းက
အကျည်းတန်တဲ့ ဒို့ဘဝရဲ့
အပြည့်အဝ ပိုင်ဆိုင်မှု့ပေါ့လေ....
နွေနေပူ ရင်မှာဆူဝေနေတဲ့ ဒို့ရင်ခွင်ကအလှတရား
နွေဥသြရဲ့လွမ်းတေးနဲ့ခံစားကြေကွဲရင်း ချစ်သူရယ်....
တမ်းတမျက်ရည်လား....
လွမ်းရမျက်ရည်လား....
ခါးသီးမှုကိုချိုမြိန်စွာသောက်သုံးလို့
တသသ မျှော်​​နေမယ်ကွယ် ။
❦ စွမ်းဈန်​မြင့်​မိုရ်​❦
ငါ့ရဲ့ချစ်​သူ
ငါ့ရဲ့ချစ်​သူ
မချည်​​နှောင်​မိ​အောင်​ တမင်​​ရှောင်​ခဲ့​ပေမယ့်​ လည်​ပြန်​အကြည့်​မှာ ရင်​မှာငြိကျန်​ခဲ့​လေပြီ...
သူငယ်​ချင်းလိုလား.ချစ်​သူလိုလား ဒွိဟများနဲ့ ချစ်​စိတ်​ပွားရသူပါ..
တခါတခါ စိတ်​ဆိုးမိမှ
တိတ်​တခိုးချစ်​​နေမှန်း သိခဲ့ရသူ ......
တခါတခါ မနာလိုဖြစ်​မိမှ
ခင်​တာထက်​ပို​နေမှန်း သိခဲ့ရသူ ....
တကယ်​​တော့
နင်​ဟာ..ငါသိပ်​ချစ်​တဲ့ ငါ့ရဲ့ချစ်​သူပါ .....
w.z.o
ဒဿဂီရိ
ဒဿဂီရိ
မင်းမှာ တယ်လီဖုန်း( ၁၀ ) လုံး
ရှိတယ် ဆိုပါတော့။
အဲ့ဒီ တယ်လီဖုန်းတွေထဲက
မင်း .. နားထောင်​ရမယ့်အသံဆိုလို့ ကိုယ့်တစ်ယောက်တည်းရဲ့အသံပဲုဖြစ်ပါစေလား ။
မင်းမှာ .. သံယောဇဉ်( ၁၀ ) ခုရှိတယ် ဆိုပါတော့ ..။
အဲ့ဒီသံယောဇဉ်တွေက
မင်းအတွယ်တာသင့်ဆုံးသံယောဇဉ်ဆိုလို့ ကိုယ့်တစ်ယောက်တည်းရဲ့သံယောဇဉ်ပဲ ဖြစ်ပါစေလား။
မင်းမှာ .. ဒဿဂီရိလို ဦးခေါင်း(၁၀)လုံးရှိတယ်ဆိုပါတော့ ...။
( အဲ့ဒီလောက်များပြားတဲ့)မျက်နှာတွေထဲက မင်းရဲ့ ... ချစ်တတ်တဲ့ အသည်းနှလုံးဟာ (ကိုယ့်တစ်ယောက်တည်း အတွက်)
( ၁ ) ခုတည်းပဲ ဖြစ်ပါစေသား။
မောင်​လှမျိုး
ရေသာ
ရေသာ
မင်းဟာ ငါ့ရဲ့ဂီတ
ငါ့ရဲ့သီချင်း
ငါ့ရဲ့ အလင်္ကာ..
မင်းသာငါ့ရဲ့အကြင်​နာ
မင်းဟာ ငါ့ရဲ့မနက်ခင်း
ငါ့ရဲ့လမင်း
ငါ့ရဲ့ကောင်းကင်
မင်းသာငါ့ရဲ့ဘဝ
ငါ့ရဲ့ ... အနာဂတ်
ငါ့ရဲ့ ..နှောင်ကြိုး။
ငါက​တော့ .. မင်းကူးခတ်​ရာ
ရေပြင်​ကျယ်​ပေါ့.. ။
မောင်​လှမျိုး
ဝရန်​တာ
ဝရန်တာ
သူနဲ့ကျွန်တော် ဝရန်တာပေါ်က​နေ
လက်ပြနှုတ်ဆက်
လွမ်းတဲ့ .. မနက်တိုင်း
(တစ်​ယာက်နဲ့တ​ယောက်)
ငေးကြည့်ကြတယ် ။
သူ့ကို ..(သူ့ရဲ့ ၀ရန်တာလေးမှာ)
တွေ့ရတဲ့အခါ .. အဲ့ဒီမနက်ခင်း
ငှက်​က​လေးတွေ သီချင်းဆိုကြတယ် ။
သူ့ကို မ​တွေ့ရတဲ့အခါ
အဲ့ဒီ မနက်ခင်းမှာ(ကျွန်တော် ရပ်နေတဲ့ ) ဝရန်တာကြီး ပြိုသွားတယ် ။
ငှက်​က​လေးတွေလည်း
ထွက်ပြေးသွားကြတယ် ။
မောင်​လှမျိုး
စ​တော့ဈေးကွက်
စ​တော့ဈေးကွက်
ချစ်ခွင့်မပိုင် ခွေယိုင်မကျ၊
ဘ၀မာန်တင်း မျှော်လင့်ခြင်းများ ကျန်နေသားကွယ် ။
ချစ်သူပစ်ခွါ ရင်​နင့်နာလည်း၊
မာယာရေ​ကြော မလွင့်မျောဘူး ။
တောအထပ်ထပ် ၊ တောင်​အသွယ်သွယ် နွယ်အ​ခွေခွေ ၊ ရှုပ်ထွေးနေလည်း
မ​ကြေမကွဲ ၊နေရဲကြသည် ။
ရင်​ခွင်​ကိုခွဲ အသည်းကိုထုတ်
အလုပ်လုပ်ဖို့ ရစ်​ကုပ်လေးတွေများလာပြီ ။ ။
မောင်​လှမျိုး
“ပထမပန်းတိုင်”
“ပထမပန်းတိုင်”
နှစ်ယောက်..လက်တွဲလို့ ဘ၀ရဲ့…နက်နဲတဲ့ပုစ္ဆာတွေကိုအ​ဖြေရှာ…. ပြဿနာတိုင်းကိုကိုယ်ချင်းစာစိတ်နဲ့​ဖြေရှင်း အတူတူ ချီတက်ခဲ့တာတစ်နှစ် တင်းတင်းပြည့်ပြီ…….
နားလည်မှုတွေ တည်ဆောက်လို့ အကျိုးအပြစ်တွေကို စစ်ဆေး တစ်ယောက်ကိုယ် တစ်ယောက် နာကျင်စရာတွေမ​ပေး
ရန်မဖြစ်ကြေးနော်…..
ရှေ့ဆက်မယ့်လမ်းမှာ ဘယ်လောက်ကြမ်းကြမ်း
အတူဖြတ်ကျော်ဖို့ ကြိုးပမ်းစို့
ချွေးစက်တွေနဲ့ ရင်းနှီး
ကိုယ်ပိုင် နန်းတော်ကြီးတည်ဆောက်မယ် တစ်​​လောကလုံးနဲ့တစ်ယောက်
ဘယ်လိုပဲ ဒုက္ခရောက်နေပါစေ…
လက်ချင်းခိုင်​ခိုင်​တွဲ ရင်​ဆိုင်​တိုက်​ပွဲ… ဆင်နွှဲကြမယ်
ရှေ့လာမယ့်ရတုအဆက်ဆက်
ပျော်ရွှင်​စွာကျော်ဖြတ်ကြစို့
သား..မြေး..မြစ်တွေနဲ့ဆံဖြူသွားကျိုး အဘိုးအဘွားတွေဖြစ်ချိန်အထိ
အပြစ်မမြင်..ချစ်ချစ်ခင်​ခင်ပေါ့
အဲ့ဒီအချိန်
နှစ်ယောက်ထဲရှိချိန်ကြရင်လေ… ဟိုသီချင်းထဲကလို… စပယ်ပန်းတွေ ပန်ထားတဲ့မင်းက… အဘိုးကြီးငါ့ကို….. မောင်လို့ခေါ်ပါအုံးပေါ့နော့်​….
ရှင်​မရယ်……..။
(မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ) လေးညှို့ရှင်
ရန်သူတော်များစာရင်း
ရန်သူတော်များ စာရင်း
မင်းကိုချစ်မိတဲ့နေ့ကစပြီး
အရာရာကို မနာလိုတော့ဘူး ။
ဆံပင်တွေကို ခိုးခိုးနမ်းသွားတဲ့လေပြည် ပါးပြင်ပေါ် တိုးတိုးကပ်သွားတဲ့နေခြည် မင်းမျက်နှာကို မော့မော့ကြည့်နေကြတဲ့ ပန်းပွင့်တွေအားလုံးကို မနာလိုတော့ဘူး ။
မင်းကိုချစ်မိတဲ့ နေ့ကစပြီး
ရန်သူတွေ ပိုများလာပြီ ။
မင်းကိုငေးကြည့်တဲ့ကောင်
မင်းကိုစကားလာပြောတဲ့ကောင်
မင်းကိုကမ်းလှမ်းတဲ့ကောင်
မင်းကိုနောက်ပြောင်​တဲ့ကောင်
အားလုံးကို ငါမ​ကျေနပ်ဘူး ။
ဒီလိုနဲ့ပဲ အားလုံးဟာငါ့ရန်သူ ။
ငါဟာ .. အားလုံးရဲ့ရန်သူတစ်ယောက် ဖြစ်သွားရ​တော့တယ် .. ။
မောင်​လှမျိုး
အချစ်သုတေသန
အချစ်သုတေသန
နေမဝင် အင်​ပါယာကြီးတစ်ခုအ​ပေါ် အချစ်ငှက်တစ်​​ကောင်အ​တောင်​ပံဖြန့်ပြီး အုပ်မိုးလိုက်တဲ့အခါ........
အဲ့ဒီ နေမဝင်​အင်​ပါယာတစ်ခုလုံး
နေ​ရောင်ခြည် ဆိတ်သုဉ်းသွားလိမ့်မယ် ။
( အချစ်ဟာ.. တန်ခိုးရှင် ) ။
အချစ်ဟာအ​တောင်​ပံဖြန့်ကားပြီး
ကမ္ဘာတစ်ခွင်​လုံးကို သိမ်းပိုက်ထားတတ်ပါသေးတယ် ။
( အချစ်ဟာ .. စွမ်းအားရှင် )
အချစ်ကိုတားလို့မရ
အချစ်ကိုပိတ်ပင်​လို့မရ
အချစ်ကိုဆုပ်ကိုင်​လို့မရ
အချစ်ဟာ ရုန်းထ​နေတဲ့( သူရဲကောင်း ) မြူကြွ​နေတဲ့ ( အောင်​လံ​တော် ) ။
အချစ်ဟာ.. စကြဝဠာတစ်ခွင်​လုံးရဲ့
ရင်​နစ်​သည်းချာ ပင်​လယ်ပြာပြာတို့ရဲ့ မိုးကုတ်စက်ဝိုင်း ချစ်သူတို့ရဲ့
မဟာတံတိုင်း ..။
သံယောဇဉ်တို့ရဲ့ အကိုင်းအခက်
အသီး အပွင့် အငုံအဖူး
( နှလုံးသားအားလုံးရဲ့ တမန်တော် ) ။
ဒီလိုပါပဲ
ငိုရှိုက်ခဲ့ကြရတဲ့ မျက်​ရည်တွေ
ကြေမွခဲ့ကြရတဲ့ အသည်းနှလုံးတွေအတွက်တော့
အချစ်ဟာ(အပြစ်အရှိဆုံး တရားခံ)။ ။
မောင်​လှမျိုး
မျှော်လင့်ခြင်းဆီသို့.....
မျှော်လင့်ခြင်းဆီသို့.....
မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်​မှာ ကစဉ်ကလျားသော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကိုအ​ဖော်​ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ
လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ လွတ်မြောက်ချင်​လည်း
ထွက်ပေါက်မ​ပေးတဲ့
နံရံပိတ်ထားတဲ့တံခါး
ထင်းမရှိတဲ့မီးလင်းဖို့
မမြင်ရတဲ့ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်​ရသလား.... လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သောကောင်းကင်ပြာ
နွေးထွေးခြင်းနေခြည်ဖြာမှာ
ငါဟာ..အ​​နှောင့်အဖွဲ့ကင်းစွာနဲ့
ကမ္ဘာဦးလူသားတစ်ယောက်လို
အပူအပင်​မဲ့ ပြေးလွှားနေချင်​ရဲ့
အခုတော့များ မာယာပိုက်ကွန်ထဲက နှလုံးသားအချစ်ဟူသော
နတ်ဘုရားနှင့်ယင်းကို
ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှပစ်ခွင်းသော
ရင်​မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့ရယ်မောသံများရဲ့
အဆုံးမ​တော့အတိတ်ခါးခါးကို ဆေးကြောဖို့ရာဘယ်မှ
ထွက်ပေါက် ရှာမရခဲ့ဘူး . . .မျှော်လင့်ချက်ကတံခါးပေါက်အပြင်​မှာ
ငါ့မှာတော့နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကိုရူးမိုက်စွာခံစား
ရင်းနှီးပြီးသား ကြမ်းပြင်​မှာလဲလျောင်းလို့
ငါ့ဝိညာဉ်ကိုလွတ်မြောက်စေ​တော့မယ်... ခေါ်သံတွေရဲ့အ​ဝေးကို
ရယ်မောသံများရဲ့အ​ဝေးကို
မျက်နှာကျက်​ရဲ့အ​ဝေးကို
နံရံတွေရဲ့အ​ဝေးကို
တံခါးများရဲ့အ​ဝေးကို
ကျိန်စာများရဲ့အ​ဝေးကိုပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့
စေစားရာကောင်းကင်ပြာလွင်ပြင်​တစ်ခုဆီ
ငါ့လိပ်ပြာလေး လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့.....
အရင်​အတိုင်းပဲ...♪ ​ငွေလဝန်း ♬
အရင်တိုင်းပ
မပြောင်းလဲပါဘူး
အချိန်တိုင်းစက္ကန့်တိုင်း
နာရီလက်တန်ရွေ့နေသမျှ
မင်းရဲ့ရှေ့မှာ ငါရပ်တည်နေမှာပါ
မင်းပျော်နေရင်
ငါလည်းပျော်နေမှာပါ
မပြောင်းလဲတဲ့
ဒို့နှစ်ယောက်ချစ်ခြင်းက
ကမ္ဘာတည်သရွေ့ပါ
တနယ်စီခြား ဝေးကွာသွားလဲ
အရင်တိုင်းပဲ
မြင်ပါရစေလားကွယ်
ငါနဲ့နင်ဆော့မြူးကစား
ခဲ့တဲ့အတိတ်ရဲ့
ခြေလမ်းတိုင်းမှာ
မင်းအမှတ်ရနေမှာပါ
ချေဖျက်လို့မရတဲ့
ဆေးရောင်စုံပန်း
ချီကားတစ်ချပ်ကို
မင်းကြည့်မိတိုင်း
သတိရစေမှုတစ်ခုဖြစ်မှာပါ
နင်နဲ့ငါတိုင်တည်ခဲ့သစ္စာဥယျာဉ်မှာ
ပျိုးခဲ့တဲ့သစ္စာပန်းတွေ
အနံ့အသက်မရှိပေမဲ့
ယနေ့ထက်တိုင် ရှင်သန်နေဆဲပါ
မင်းလေးရယ်
နင်အခါသင့်လို့
အခွင့်ကြုံသည့်အခိုက်မှာ
နင်သွားကြည့်လိုက်ပါကွယ်
ပန်းသစ္စာက နင့်ကိုပြုံးပြနေမှာပါ
ဝေးလွင့်နေတဲ့
နင့်ရဲ့စိတ်အစဉ်ကို
ငါ့နှလုံးသားဥယျာဉ်မှ ထိန်းချုပ်ပေးဖို့
အရင်ကနင်ပြောခဲ့တဲ့
စကားအတိုင်း အဆင်သင့်ပါ
မင်းလေးရယ်
❦ N L W ❦
မစာနာတတ်​သူသို့..✏ အယ်​ခဲလူ ♬
မစာနာတတ်သူသို
မင်းရဲ့ဥပေက္ခာပြုမှု့တွေကြောင့်
ငါ့နှလုံးသားအိပ်ပျော်နေခဲ့တာ
ကာလအတန်ကြာရော့ပေါ့
မင်းပေးခဲ့တဲ့ဝေဒနာတွေကြောင့်
အနာတရဖြစ်ခဲ့သောငါ့နှလုံးသား
အနာကျက်လုနီးကာမှ....
မင်းကြောင့်ကျခဲ့တဲ့မျက်ရည်တွေ
စဲသွားလုနီးကာမှ....
မင်းအတွက်နဲ့ပေါက်ဖွားလာတဲ့
ငါ့ကဗျာတွေ
အဆုံးတတ်လုနီးကာမှ....
မင်း အိပ်ပျော်နေတဲ့ငါ့နှလုံးသားကို
လှုပ်နှိုးရက်တယ်
အနာကျက်လုလုငါ့နှလုံးသားကို
တစ်ခါနာကျင်အောင်
လုပ်ရက်တယ်​၊
စဲမယ်လုလုငါ့မျက်ရည်တွေကို
တစ်ခါပြန်ပြီးငိုအောင်လုပ်တယ်​၊
အဆုံးသပ်လုငါ့ကဗျာကို
မပြီးဆုံးအောင်မင်းလုပ်တယ်​၊
ဘယ်လိုအငြိုးရယ်ကြောင့်များလဲ
မိန်းကလေးရယ်
မနှင်ပါဘဲ ငါ့နှလုံးသားကို
စုန်ကန်ထွက်သွားတယ်
အခုမခေါ်ပါဘဲ
အနာမကျက်သေးတဲ့နှလုံးသားထဲ
အတင်းဝင်ရောက်လာတယ်
မင်းငါ့ကိုအသေသတ်ဖို့အထိတောင် ရည်ရွယ်ထားသလားကွယ်
အစကတည်းက
မင်းအတွက်ဆိုရင်
အရာအားလုံးစတေးပြီးထားပါ
ခုအနေအထားနဲ့
ငါလဲအသက်မဆက်ချင်တော့ပါဘူး
မင်းသဘောကျလုပ်လိုက်ပါတော့
မိန်းကလေးရယ်။
❦ Alkhaeluu
လွမ်းစိတ်ဝေေ၀ (အ​ဝေးတစ်မြေ)
ကံကြမ္မာက ဒဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေဝေရပြန်ပြီလေ....
ကိုယ့်ကိုများ မေ့နေမလား
စိုးရိမ်စိတ်တွေလည်း ငြိတွယ်ခဲ့ပြီ
ငါ့အရိပ်တွေ ကွယ်ပျောက်
တခြားအရိပ်များ ခိုနားပြီလား
စိတ်အ​တွေစဉ်မှာ သံသယ​တွေ
ဝေရပြန်ပြီလေ.....
မီးလျှံတွေကြားမှာ အထီးကျန်နေရတာ
လွမ်းမောရပါတယ် .....
ထာဝရအနားရှိချင်ပေမယ့် ခွဲခွါရတာ
ကံကြမ္မာရဲ့အပြစ်လား
ကိုယ့်ဒုက္ခ ကိုရှာသတဲ့လား
ဒါမှမဟုတ်...........
ဖူးစာရှင်​များ ရူးရ​အောင်
လုပ်နေသလားကွယ်..............
လွမ်းတယ်​ ❦ ငွေလဝန်း ❦
ရက်လနှစ်ရှည် သံယောဇဉ်ညှိလာပြီးမှ
အခုလို ဆောင်းဟေမာန်ရဲ့
မျက်လှည့်ပြမှုအောက်မှာ
ကိုယ့်ကိုအလွမ်းတွေပိုအောင်'
အထီးကျန် လူတစ်ယောက်အဖြစ်နဲ့
ဒီလိုပဲထားခဲ့တော့မှာလားကွယ်
အလွမ်းပင်ကိုပျိုးပြီး အလွမ်းမိုးတွေ
ရွာသွန်းစေခဲ့တာလဲ နင်ပဲနော်
အခုတော့......
အဲဒီအလွမ်းဒဏ်ရာကို
နင်လာကြည့်လှည့်ပါဦးလားကွယ်
တစ်ချိန်တုန်းက
နင့်အနမ်းဒဏ်ရာတွေဟာလဲ
ခုချိန်ထိ(လတ်​ဆတ်​ဆဲ)
ထင်ကျန်နေဆဲပါ
မေ့ဖျောက်လို့မရနိုင်တဲ့
အတိတ်ပုံရိပ်ဟောင်းတွေဟာ
ကိုယ့်​ကိုအလွမ်းတစ်ခုဖြစ်အောင်
ဖန်တီးခဲ့တာလားကွယ်
လွမ်းတယ်ကွယ်
❦ N L W ❦
တကယ်​ပါချစ်​သူ
ပေးဆပ်မှုတောင်​ပံတစ်စုံရဲ့အောက်မှာ
ဖြူစင်​တဲ့ နှလုံးသားရပ်ဝန်းရှိတယ်။ မြှားတစ်စင်းဆင်းရုံလေးနဲ့တော့
မကျီစားပါနဲ့ ချစ်သူရယ်....
ပြိုကျခဲ့ရတဲ့ အိပ်​မက်​ရှည်တွေကို အခါခါခေါက်သိမ်းရင်း မြတ်နိုးမှုသက်သက်နဲ့တင် ကျေနပ်မိသူတစ်ယောက်ကိုမှ အလွမ်းတွေပန်းလိုသီဖို့
ဝေဒနာပန်းတစ်ခင်း
ဖန်ဆင်းပေးရက်တယ်။
ငါသာလျှင်.. မင်းရဲ့အကြည့် မင်းရဲ့အပြုံးတို့စေစားရာ
ငါသာလျှင် မင်းရဲ့အသံ မင်းဟန်တို့ရဲ့ရည်မှန်းရာ
ငါသာလျှင် မင်းနှလုံးသား
မင်းအ​တွေးတို့ ပိုင်​စိုးရာ
အမြဲ.....ဖြစ်နေချင်​ခဲ့ ။
မင်းနဲ့ပတ်သက်သမျှအရာအားလုံး
လိုချင်​တပ်​မက်တောင့်တရင်းနဲ့
ချစ်သူ...
ငါ့အနားမှာမင်းမရှိခဲ့ရင်တောင်
မင်းအနားမှာငါမှတပါး
အခြားဘယ်သူကိုမှ
မရှိစေချင်​ပါ ။
ဝေးကွာခြင်းသည်​အား...♥ ​ငွေလဝန်း ♡
အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး
နွေးထွေးမှုနဲ့အတူ တစ်ချိန်ချိန်မှာ
ခိုနားမှာပါဆိုတဲ့ အသိစိတ်နဲ့
နင်မျှော်လင့်နိုင်ပါစေ...
ဝေးခဲ့ရပေမဲ့ ခွဲခွာခြင်းဆိုတဲ့
ဝေါဟာရကို မသုံးခဲ့လေတော့
ဆုံတွေ့ချိန်မှာ ပျော်ရွှင်မှုပေါင်း
အပြုံးမျက်နှာနဲ့ ကိုယ့်အပေါ်
နှစ်သိမ့်နိုင်ပါစေကွယ်
သြော်---ချစ်သူရေ
တစ်နယ်စီ ဝေးကွာနေလေတော့
ခေါ်နေပေမဲ့လဲမထူးနိုင်
ငိုနေပေမဲ့လဲ မမြင်ရ
ဘဝပေးကံကြမ္မာရယ်
ကိုယ့်ဘဝကို
အလှဆင်ပေးပါတော့
လားကွယ်
♥ N L W ♥
တိုးတိတ်​ ➳ အယ်​ခဲလူ ♕
မင်းမကြင်နာ
မုန်းမေ့သွားမှာကြောက်လို့
စိုးထိတ်မှု့နဲ့အတူ
ချစ်တာကို မပြောရက်ပါပဲ
တိုးတိုးတိတ်တိတ်
မျိုသိပ်ပြီးနေခဲ့တာပါ
တစ်ကမ္ဘာလုံးလူတွေ
ငါ့ကိုမုန်းချင်သလောက်မုန်း
ခံနိုင်ရည်​ရှိတယ်
ဒါပေမဲ့ကွယ်​......
မင်းမုန်းမှာကိုတော့
သေမလောက်ကြောက်တယ်
ဒါကိုအချစ်လို့
တင်စားလို့ရမလား
ရင်တွင်းမှာဆူပွက်နေတဲ့
ချစ်ခြင်းရဲ့မီးလျံတွေ
မင်းကိုမြင်တွေ့စေချင်တယ်
ဒါပေမဲ့ မင်းရှေ့ရောက်တိုင်း
ဆွံ့အသွားတဲ့အဖြစ်
တုန်ခါနေတဲ့ခြေထောက်တွေ
ဘာရယ်ကြောင့်မသိပေမဲ့
ဒီအဖြစ်ကိုမကျော်နိုင်းဘူးလေ
ရှိပါစေတော့လေ
မင်းသိအောင် ဝေဒနာကို
မကြေငြာတော့ပါဘူး
တိုးတိုးတိတ်တိတ်
တိုးတိတ်ပြီးနေတော့မယ်။
➳ Alkhaeluu (^_^)
အားငယ်​သူသို့ ❦ ​ငွေလဝန်း ❦
မင်းလေးရယ်
နွေဥသြတွေ သံစဉ်နှောလို့
တေးဆိုနေကြပြီ
ပူအိုက်လွန်းတဲ့ နွေတစ်ကြော့မှာ
နေလောင်မှာစိုး မင်းခေါင်းထက်က
ထီးကလေးဟာ မင်းအတွက်
အဖေါ်မွန်ဖြစ်သလို
မင်းဆုပ်ကိုင်ထားတဲ့ ထီးတလက်ဟာ
ငါ'ဖြစ်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ
မူပိုပို'မင်းနှုတ်ခမ်းတစ်စုံ
မျက်လုံးလေး ကလည်ကလည်
မဝံ့မရဲ့နဲ့ကြည့်နေတဲ့မင်းအကြည့်
ပဟေဠိဆန်နေတဲ့ မင်းအမူအရာ
မျိုသိပ်ထားတဲ့ မင်းနှလုံးသားမှ
မွန်းကြတ်နေတဲ့ ခံစားချက်ကို
သံစဉ်တစ်ပုဒ်ငြိရင်း
ဟစ်ကြွေးလိုက်ပါတော့လားကွယ်
မင်းနှလုံးသားဒေါင့် တနေရာမှာ
ငါအတွက်နေရာကွက်လပ်ရှိရင်
မင်းအတွက်ဖေးမကူညီပေးဆပ်ဖို့'
အဆင်သင့်ပါပဲ မင်းလေးရယ်
ရီဝေနေတဲ့ မင်းမျက်ဝန်းအိမ်ထဲက
မျက်ရည်တွေကိုမင်းသုတ်
လိုက်ပါတော့ကွယ်
မင်းပျော်ရွှင်စေဖို့
မင်းနံဘေးမှာငါထာဝရ
အားပေးနေမှာပါကွာ
❦ ​ငွေလဝန်း ❦
ပုံ​ပြောခဲ့သူ ✏ @​ဝေလင်း ヅ
အမှတ်တမဲ့နဲ့တွေ့ဆုံခြင်းကစ
တို့နှစ်ဦး ချစ်သူ​တွေဖြစ်ခဲ့ကြတာ
ပျော်စရာကောင်းတဲ့ ကမ္ဘာငယ်လေးတစ်ခုပေါ့ ..,
ကောင်းအတူဆိုးအမျှ
အပြန်အလှန် မျှဝေခံစားခဲကြတာ
အနှိုင်အရှုံးမရှိတဲ့ နှလုံးသားချစ်တမ်းကစားပွဲတစ်ခုပေါ့....
နင်ငါ့ကိုချစ်ခဲ့တာ နောက်ဆုံးတော့ လမ်းခွဲဖို့လားချစ်သူ..
အခုတော့.......
ငါ့အသဲကိုနင်းချေလမ်းခွဲခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ...
ချစ်ခဲ့တဲ့အချိန်တုန်းက နင်ငါ့ကို အရူးလုပ်ဇာတ်တစ်ပုဒ် ဖန်တီးသွားခဲ့တာလား
ပုံပြောခဲ့တဲ့ချစ်သူရယ်...
(@ဝေလင်း)
အစိမ်း​ရောင်​ဥယျာဉ်​မှုး
ငါ့ရဲ့အစိမ်းရောင် ဉယျာဉ်ငယ်လေးထဲက
နင်အတွက် ပျိုးထားတဲ့ နှင်းဆီပန်းတွေ
သစ္စာရောင် လွှမ်းလို့ပွင့်နေပြီ... ... ...
တချို့က ရနံ့သင်းသင်း
တချို့ကငွါးငွါးစွင့်စွင့်နဲ့
ဖြူ နီ ဝါ နက် သဘာဝရဲ့
အလှတရားတခုလို
လေထဲလွင့်နေကြတဲ့ နှင်းဆီတွေ... ... ...
ဒါပေမယ့်...နှင်းဆီရယ်... ငါတကယ်ပဲ ဝမ်းနည်းမိတယ်... ခူးပန်မယ့်သူက င့ါရဲ့ ဉယျာဉ်လေးထဲ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးလေ... ... ..
~A Lynn Phyo~
သူငယ်​ချင်း ♪ ရင်​တွင်းဖြစ်​❦ M M T ❦
မမြင်နိုင်စည်း တစ်ဖက်ခြားရယ်က
နင်ထားခဲ့တဲ့ ....
အလွမ်းဝေဒနာ ဒဏ်ချက်တစ်ခုရယ်ကြောင့် အဖော်မဲ့လမ်းမှာ တစ်ယောက်တည်း လျောက်လှမ်းနေရတရ်သူငယ်ချင်းရယ်.....
ဟိုး..ဝေးဝေးတစ်နေရာက သတိရလွမ်းဆွတ်နေသူ မျော်လင့်တမ်းတနေသူ
အဖော်မဲ့ အထီးကျန်ဆန်နေသူ ငါဆိုတဲ့သူတစ်ယောက် နင့်အတွက် ထာဝရရှိနေတရ်ဆိုတာ
နင့်ရင်ထဲမှာ အမြဲရှိနေပေးပါ သူငယ်ချင်းရယ်.....
♥ လွမ်းကျန်ရစ်❦ ရင်တွင်းဖြစ်(MMT)
မျော်​​နေသူ ❦ ​ငွေလဝန်း ❦
မ​ပြေလည်​​သေးတဲ့
အချစ်​တစ်​ခုမှာ...
မ​ရေရာမ​သေချာတဲ့
အ​တွေးတစ်​ခု​ကြောင့်​..
တွေ​ဝေ​နေသူငါ...
တကယ်​ဆို​တော့
အချစ်​ဆိုတာ....
ခါးသီးခြင်းလား!
ချိုမြိန်​ခြင်းလား!ဆိုတာ
မသိရှာသူပါ
ခံစားတတ်​တာကိုပဲသိတယ်
ချစ်​မိသူတစ်​​ယောက်​က
စွန့်​ပစ်​ခံလိုက်​ရတဲ့အခါမှာ
ဝမ်းနည်း​ကြေကွဲ
လွမ်း​ဆွေးမှု​တွေနဲ့
တမှိုင်​မှိုင်​​တွေး
မင်းပုံရိပ်​​လေး
တ​ရေး​ရေးမြင်​မိတိုင်း
သံ​ယောဇဉ်​​နှောင်​အဖွဲ့​တွေက
ငါ့ရဲ့ဝိညာဉ်​​တွေ
မင်းဆီမှာလွင့်​​မျော
နေရရှာတယ်
အော်​ ချစ်​သူ​ရေ
လူတ​စ်​ယောက်​မှာ
ဘဝတစ်​ခု
အချစ်​တစ်​ခုပါ
အစားထိုးအသည်း
နှလုံးနဲ့မျှတ​ပေးဖို့ဆိုတာလည်း
ငါ့ဘဝမှာ မဖြစ်​နိုင်​လို့ပါ
ချစ်​သူ​ရေ
ချစ်​ခြင်းတရားဆိုတာ
အ​ရောင်​​ပြောင်းပြတတ်​တဲ့
မျက်​လှည့်​သမားတစ်​​ယောက်​လို
သ​ဘောထားတာလား
ငါ့ဘဝမှာ
နင်​ကလွဲပြီး ချစ်​ရမည့်​သူမရှိပါဘူး
နင့်​အချစ်​နဲ့
ရာသက်​ဆုံးတိုင်
ကမ္ဘာတည်​သ​ရွေ့ပါ
ချစ်​သူ​ရေ
နင်​ငါ့ရင်​ခွင်​ဆီ ပြန်​လာချိန်​ကို
လက်​ချိုးရေကာ
စောင့်ကြိုနေလျက်ပါ ချစ်သူရေ
❦​ငွေလ၀န်း❦
ချစ်​ခြင်းအားမာန်​ ❦ အယ်​ခဲလူ ❦
မိန်းကလေးရယ်
မင်းကိုချစ်ရတာလေ..
ဟိုး...ကမ္ဘာအမြင့်ဆုံးတောင်ကို
အ​ပြေးတက်ရသလိုပဲ
ပင်းပန်းလိုက်တာ
အန္တရာယ်တွေများလိုက်တာ
ဒါပေမဲ့ ငါမမူပါဘူး
မင်းပေးတဲ့ အားမာန်တွေရှိတယ်
မင်းရဲ့မခို့တရို့
အကြည့်,အပြုံးလေးတွေ
စေတနာပါတဲ့
ဖေးမကူညီမှုလေးတွေ
စစ်မှန်တဲ့
ကြင်နာယုယမှုလေးတွေ
ဒါတွေ ဒါ​တွေအားလုံး...
ငါ့အတွက်အားမာန်ပေါ့
ဒါတွေသာ မင်းငါ့ကို
အမြဲတမ်းပေးထားမယ်ဆိုရင်
ဧဝရက်တောင်ကို
မင်းခေါင်းထက်က
ဆန်ထိုးဖြစ်အောင်လုပ်နိုင်တယ်
ကြယ်စင်တွေကိုတစ်ပွင့်ချင်းသီ
မင်းကေသာထက်က
ပန်းကုန်းအဖြစ်ဖန်တီးပေနိုင်တရ်
ဖိုးရွှေလမင်းကိုလည်း
မင်းလည်တန်ကျော့ကျော့မှာ
လှလှလေးဆွဲဖို့
လည်ဆွဲလေးအဖြစ်
ဖန်တီးပေးနိုင်တယ်
မင်းယုံနိုင်မလား
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ငါ့စေတနာအားမာန်တွေပါ
ကမ္ဘာမှာစွမ်းအားအကြီးဆုံး
အရာဟာ
အချစ်စစ်ကပေါက်ဖွားလာတဲ့
အာမာန်ပဲမိန်းကလေး
အချစ်ကြောင့် ကမ္ဘာဟာ
ပြာကျသွားနိုင်သလို
အချစ်ကြောင့် ကမ္ဘာကြီးကို
စိုပြေလှပလာစေနိုင်တရ်
မိန်းကလေး
တို့နှစ်ယောက်ကမ္ဘာကြီးကို
အလှဆင်ကြရအောင်​​လေ...
❦ Alkhaeluu ❦
မြို့ပြပျက်သုဉ်းခြင်းသို့ ❦ အယ်​ခဲလူ❦
ရုတ်တရက်
ခွင့်ပြုချက်မယူဘဲ
ဇွတ်အသင်း ငါ့မြိုပြထဲ
ချင်းနင်းဝင်ရောက်သူလေး
သူမှာလူကိုကြွေကျစေတဲ့
အလှတရား အပြုံးလက်နက်
သိပ်လှသောအကြည့်
အော် သူလက်နက်အစုံမှာ
ငါကျရှုံးပြီ
ငါ့မြို့ပြလေးပျက်သုဉ်းပြီ
ရှုံးသူရဲ့မျက်နှာကို
သူကစေ့စေ့ကြီးကြည့်နေလေရဲ့
ငါကတော့ ကျရှုံးသူဆိုတော့
မဝံ့မရဲ့သူကိုခိုးကြည့်မိတယ်
သူမျက်ဝန်းမှာ
အကြင်နာပန်းပွင့်လေးများ
ဖူးပွင့်နေတာကိုတွေ့လိုက်တရ်
ခုမှပဲ သက်ပြင်းကို
စုန်စုန်ချရဲ့တော့တယ်
အောင်နိုင်သခင်မလေးရယ်
အကျွနိုပ်လိုလိုလားလား
အသည်းနှလုံးကို
သခင်အတွက်စတေးပါ၏
လိုသလိုစေညွန်တော်မှုပါ ။
❦ ❦ Alkhaeluu ❦ ❦
အိပ်​မက်​ချစ်​သူ ❦ ​ငွေလဝန်း ❦
အချစ်ကြီးတော့
သံယောဇဉ်
နှောင်အဖွဲ့တွေက
အိပ်မက်ကမ္ဘာမှာသော်မျှ
မင်းလေးကပဲ
စိုးမိုးနေတယ်ကွယ်
အိပ်မက်ကမ္ဘာမှာ
ပျော်မြူးခဲ့ရတဲ့
မင်းလေးနဲ့ငါ
ချစ်ဆိုတဲ့
ကမ္ဘာငယ်လေးထဲမှာ
ပခုံးချင်းဖက်
လက်ချင်းယှက်ပြီး
လောကဥယျာဉ်ပေါ်မှာ
လျှောက်လှမ်းခဲ့ရတဲ့
အဖြစ်ရယ်က
ပျော်ရွှင်ခြင်းကမ္ဘာပေါ့
အိပ်မက်မှ
နိုးထလာတော့
တကယ်မဟုတ်မှန်း
သိလိုက်ရတဲ့အခါ
ငါ့ရဲ့ရင်မှာ
ဝေဒနာအပိုင်းအစတွေက
တဖွားဖွားနဲ့ပေါ့ကွယ်
ကြေကွဲဝမ်းနည်းစွာနဲ့
အိပ်မက်ကို
ပြန်ဆက်နေမိတယ်
အိပ်မက်တိုင်းသာ
ဖြစ်မယ်ဆိုရင်
ငါ့ဘဝရဲ့
အပျော်ရွှင်ဆုံး
နေ့တနေ့ပေါ့
သြော်--မင်းလေးရယ်
ချစ်​နေလျှက်နဲ့
ဟန်ဆောင်အပြုံးနဲ့
ငါ့ကိုမနှိက်စက်ပါနဲ့
မင်းလေးရယ်
❦ ❦ N L W ❦❦
နွေဦး(6) စိတ်ကူးနဲ့ရူး ❦ အယ်​ခဲလူ❦
မင်းအကြောင်းတွေပဲ
တွေးနေတတ်တယ်
သန်းခေါင်ယာမ်
ညဉ့်နက်ထိတိုင်ပေါ့
မင်းအပြုံးလေးနမ်းချင်မိတယ်
မဖြစ်နိုင်ပေမဲ့
စိတ်ကူးလေးနဲ့ပျော်နေသူလေ...
မင်းစကားသံလေး
အမြဲတမ်းကြားချင်နေမိတယ်
အလှမ်းဝေးပေမဲ့
အရူးအမူးဖြစ်နေလေတော့
မလွန်လောက်ဘူထင်တယ်
သြော် ငါ့အဖြစ်က
မသေရှာမရေရာခြင်းတွေကို
စာတင်ကာပြနေလေတော့
အရူးတစ်ယောက်ရယ်များ
ထင်နေကြမလားပဲနော်
ဟုတ်ပါတယ် ထင်ကြပေါ့
ဒီလူက အချစ်ရူးကြီးပေါ့
ချစ်တတ်လွန်းလို့
ရူးလောက်အောင်ချစ်ပြတဲ့
အချစ်ရူးကြီးပါကွယ်။
❦ Alkharluu ❦
ထာဝရ ✏ T.P ❦
ချစ်သူ
နင့်ကို ငါမြတ်နိုးစွာ ချစ်ခဲ့မိတရ်
နင်ဘာပဲလုပ်လုပ်....
နင့်​ရင်မှာဘယ်သူပဲရှိရှိ....
နင်ဘယ်သူနဲ့ပဲပျော်နေပါစေ...
ငါဟာ နင့်ကိုချစ်မိတဲ့အချစ်က
တစ်စက်လေးမှမလျှော့ခဲ့ပါဘူးချစ်သူ........နင့်တစ်ခြားသူနဲ့ ပျော်ရွှင်နေတဲ့အချိန် ငါ့မှာအားငယ်မှုတွေနဲ့
မျက်ရည်ကျခဲ့ရတဲ့​နေ့တွေရှိခဲ့​ပေမဲ့ နင့်ကိုချစ်မိတဲ့စိတ်ကလေး ပျက်ပြယ်မသွားခဲ့ပါဘူးချစ်သူ........
နင်မကြင်နာလို့ မုန်းသွားရင်လဲ
ငါ့ရင်မှာ နင့်ကိုချစ်တဲ့အချစ်​များက
ထာဝရ မဆုံးပဲချစ်သွားမယ်ဆိုတာ
ယုံပါကွယ်........
✏ T.P ✏
နွေဦး (၅) ​သြော်မိန်းမမိန်းမ
ကိုယ်ကအမြတ်နိုးဆုံး
အချစ်ဆုံးမို့
ယုံမှတ်လို့ပုံအပ်မိကာမှ
ဖွတ်ထွက်မှ
တောင်ပို့မှန်းသိတော့တယ်
သူ့သစ္စာစကား
နုတ်ပလီပါးပုံက ဒီလို ဒီလို
ပန်းဆိုရင် ပန်ရင်တစ်ပွင့်ထဲ
ချစ်မိပြီဆိုရင်
တစ်သက်မှာတစ်ယောက်ထဲ
မောင်ပဲ တဲ့လေ
ကမ္ဘာတည်နေသရွေ့
မောင်နှင့်အတူ
မခွဲတမ်းအေးအတူပူအမျှတဲ့
ငှက်ဖြစ်ရင်တောင်
တစ်ကိုင်းထဲပဲနားမယ်တဲ့
ဖြစ်နိုင်ရင်နှစ်လွှာပေါင်းမှ
တစ်ရွက် စွယ်တော်ရွက်တောင်
ဖြစ်ချင်သေးသတဲ့
ပြောတတ်လိုက်ပုံများ
ကမ္ဘာကျော်စာဆိုတောင်
လက်မှိုန်ချရလောက်တယ်
ဂတိတွေ အကြိမ်ကြိမ်ပေး
သစ္စာတွေ အကြိမ်ကြိမ်ဆိုပြ
နုတ်ပလီမာယာများတဲ့မိန်မယုတ်
ငါမင်းကိုမယုံတော့ဘူး
မိန်းမမာယာ သဲကိုးဖြာဆိုတာ
ကိုယ့်တွေကြုံမှ
ယုံမှတ်မိတော့တယ်
ကံမကုန်သေးရင်တောင်
ပြန်မဆုံမိပါစေနဲ့လို့
ဆုခြွေမိလိုက်တော့တယ်
သြော် မိန်းမ မိန်းမ
မရှိလဲကောင်း
ရှိမကောင်းတွေပါပဲလား။
♥ ♥ Alkhaeluu♥ ♥
အချစ်​ရူး​လေး ♬ အယ်​သိန်း ♬
မင်းရဲ့မျက်နှာ
လမင်းသာသို့
ဖြူစင်သန့်ရှင်း
အပြစ်ကင်း၏....
ကြည်လင်ဝင်းပ
မင်းအလှက
ရစ်မူးငါ့မှာ
ဖြစ်နေတာကြောင့်
မင်းမသိအောင်
ချစ်နေမိတာ
အချစ်ရူးလေးပါ။
အယ်​သိန်း
ညီမ​လေးသို့တမ်းတခြင်း ❦ စွမ်းဈာန်​မြင့်​မိုရ်​❦
စကားချိုချို အသားညိုညိုနဲ့
ပြုံးရွှင်တဲ့မျက်နှာအသံသာယာ
မူဟန်မပါပေမဲ့ ကိုကြီးလို့ခေါ်သံကြား ယစ်မူးသွားစေတဲ့ ချစ်ညီမလေး
ကြုံဆုံခဏ ပျော်ရွှင်ခဲ့ရ
ချစ်ခဲ့ကြတာ အသဲအသက်
ပေးဆက်ရဲတယ် ကိုကြီးရယ်တဲ့
ခုတော့ကွယ်
ဟိုး အဝေးကိုပျံသွား ငှက်ငယ်အလား ချိုသာစကားလဲမဆို နူတ်မဆက်
လမ်းမခွဲပေမဲ့ တနယ်စီဝေးလို့
တမ်းတလွမ်းရရက်ရှည်
မျှော်လေလေဝေးပေါ့....
အော်ဆွေးမပြေ ဝေးမြေသို့မျှော်မှန်း
လွမ်းလွန်းလို့ပြောပါရစေ....
က္ဈမ်းလုမတတ်အသဲနဲ့မျှော်နေဆဲမို့
ပြန်ခဲ့ပါတော့ချစ်ရတဲ့ ညီမလေးရေ ။ ။
♥ ♡ စွမ်းဈာန်​မြင့်​မိုရ်​♡ ♥
အချစ်​ဆိုတာ {​ငွေလဝန်း}
အချစ်ဆိုတာ
နားချင်ရာနား
သွားချင်ရာသွား
အချိန်တန်တော့
အကိုင်အခက်ကို
အမှီပြုပြီး
အိပ်စက်နေရတဲ့
စာသူငယ်လိုပါလားကွယ်
ဆုံနိုင်​ခွင့်​ (ခွန်​ထွိုက်​ခမ်း)
မင်းလေးနဲ့ပတ်သက်ခဲ့ဖူးတဲ့ 
အတိတ်ပန်းချီကားလေးတချပ်ဟာ
တိုက်ဆိုင်မှုတစ်ခုလေးတော
့မဟုတ်ရပါဘူး
အတိုင်းတာတစ်ခုထိတော့ 
ငါအမှတ်တရအနေနဲ့ ငါသိမ်းထားမှာပါ ချစ်သောသူ.........
တုနိုင်းမဲ့စံချိန်တစ်ခု အဖြစ်နဲ့ 
မဟုတ်ဘူးဆိုတောင်မှ လိုက်မမှီနိုင်တဲ့စံချိန်မျိုးနဲ့
ငါလေ ........
နင်ကို မေ့လို့မရနိုင်တော့ဘူးဆိုတာ
100% တော့အပြည့်ပါ ချစ်သောသူ.......
အချိန်ကိုပြန်ပြီးကုစားလို့
မရနိုင်မှန်းတော့သိပါတယ်
ငါကတော့လေ နင့်ကို အချိန်တိုင်းမှာ
လွမ်းနေမယ်ဆိုတာလေးတော့ 
အဲဒီအချိန်ကိုပဲ
ငါပြန်ပြီးတော့ထာဝရသိမ်း ထားပါ့မယ်ချစ်သောသူ.....
မျက်​ရည်​ {​ငွေလဝန်း}
ချစ်သူရယ်
ချစ်တတ်သူတိုင်းရဲ့ နှလုံးသားရင်ပြင်မှာ 
နင်ဟာငါ့အတွက်ပထမဆုံးရင်ခုန်ခဲ့ ဖူးသူပါချစ်သူ 
မပြောင်းလဲတဲ့ အချစ်တစ်ခုနဲ့ 
တည်ဆောက်ထားတဲ့ 
တို့နှစ်ယောက်ရဲ့ နှလုံးသားမြို့တော်ဟာ
ခုတော့ပျက်စ ပြုလာပြီလား ချစ်သူ 
ယောက်ျားတန်မဲ့ မာနကိုခဝါချပေမဲ့ 
နင့်ရဲ့အချစ်ကိုတော့ ခဝါချလို့မရပါဘူး ချစ်သူ
ချစ်နေလျက်နဲ့ မျက်ရည်အဖြစ် 
နင်ပြောင်းလဲသွားခဲ့ပြီပေါ့ ချစ်သူ 
 အေးစက်နေတဲ့ နင်လက်တစ်စုံကို 
 ငါဆုပ်ကိုင်မိစဉ်မှာ ညင်သာစွာပြုံးပြနေတဲ့ 
နင့်ရဲ့အပြုံးဟာ မမေ့ရက်နိုင်သေးပါလားကွယ် 
ဒီချိန်မှာဒါတွေ မတွေးသင့်တော့ပေမဲ့ 
ထာဝရငါ့ရင်မှာ စူးနစ်နေတဲ့ 
ဆူးတစ်ချောင်းကို နှုတ်လို့မရဖြစ်နေလို့ပါ ချစ်သူ
နင်တကယ်ပဲငါ့ကို စွန့်သွားတော့မှာလား 
 မျက်ရည်နဲ့သက်သေ ပြသွားခဲ့ပြီလား
ချစ်သူ
ကန်​​တော့လျက်​ပါအ​မေ {စွမ်းဈာန်​မြင့်​မိုရ်​}
ဘဝကိုပေး သွေးရင်းနှီး၍
အနစ်နာခံ အားမာန်တင်းလို့
သားလေးကိုလေ လူပြည်အရောက်​ခေါ်ခဲ့ပါတဲ့
မွေးမေမေ...
နို့ချိုတိုက်ကျွေးထမင်းပေးလို့
စကားလဲသင် လမ်းလျှောက်သင်ခဲ့
အတတ်ပညာ တိုးတက်လာဖို့
ကျောင်းကိုပို့ခါသင်ယူစေခဲ့
လူဘုံအလယ် တတ်သိကြွယ်​ဖို့
ပညာအမွေ ပေးခဲ့ပါတဲ့ချစ်မေမေ
သားလေအမေအတွက်
သွေးတစက်မျှ ကျေးဇူးတုန်ပြန်
ပေးဆပ်ရန်ပျက် လိုအပ်ချက်များဖြည့်မသွားခင်
အမေရယ် သားအတွက်
မျှော်လင့်ချက်နဲ့ အသက်ရှည်ကြာ
ဒီဘဝမှာနေပေးပါလို မြတ်နိုးရိုသေ
ကန်တော့ပန်းဆင်လျှက်
တောင်းဆုချွေပါရစေ ချစ်မေမေ
ချစ်​​သောသူသို့......တမ်းတခြင်း {ခွန်​ထွိုက်​ခမ်း}
အိပ်မပျော်လို့မင်းလေးကို သတိရတာမဟုတ်ပါဘူး
မင်းလေးကိုသတိရလွန်းလို့
အိပ်မပျော်တာပါဆိုတဲ့စကားအတိုင်း
ငါလေ မင်းကိုသတိရပြီး
တမ်းတနေခဲ့မိတယ်
ဘာပဲဖြစ်ဖြစ်လေ........
သူလည်း သတိရနေမှာပဲ ဆိုတဲ့
စိတ်ကူးယဉ်မျိုးနဲ့ ငါကျေနပ်နေတာပါ.......
တချိန်ချိန်ဆိုတဲ့
မျှော်လင့်ချက်အလင်းရောင်တွေဟာ 
ငါအတွက်တော့အားဆေး လေးပေါ့........
ဒါတွေဟာလည်း
ငါကမင်းကိုချစ်ခဲ့တာပဲလေ......
နှင်းမှ​.....​ဆောင်းသို့ {ခွန်​ထွိုက်​ခမ်း}
အေးမြတဲ့နံနက်ခင်းတွေနဲ့ အတူ 
လှပတဲ့နေဝဆည်းဆာနဲ့ 
လသာတဲ့ညတွေကိုပွေ့ဖက်ပြီး
ငါ့ရင်ခွင်ထဲကို နှင်း ဝင်လာတယ်နော်
ဆောင်းအလယ်မှာ
တရွေ့ရွေ့တိုက်ခတ်လာတဲ့လေရူး တွေကြား
နှင်းဟာ ကျချင်တိုင်းကျ
လှချင်တိုင်း လှပနေခဲ့တော့
ငါမရူးပဲနေနိုင်ပါ့မလား ?
နှင်းကျတဲ့နံနက်တိုင်း 
ငါကြည်နူးခဲ့ရတယ်
 နှင်းလာတဲ့လမ်းမှာငါမျော်ခဲ့ဖူးတယ်
 နှင်းတွေကျတိုင်း ငါပျော်ခဲ့ရတယ်
ဒါဟာ........
ငါ့နှလုံးသားကပေါက်ဖွားလာတဲ့ ဗီဇတစ်ခုပေါ့
မိုးရေကြောင့် ပျက်စီးမှုန်ဝါးသွားတဲ့ 
ငါရဲ့အတိတ်ပန်းချီကား တစ်ချပ်
 နှင်းနုဖွေးဖွေးတွေကြားမှာ
အရောင်တွေစုံ လှပခဲ့တယ် 
ဒါဟာ ဆောင်းပေးတဲ့ ဒုတိယအိပ်မက်လား..?
နှင်းမမ {ခွန်​ထွိုက်​ခမ်း}
နှင်းတွေဖွဲဖွဲကျနေတဲ့နံနက် ခင်းမှာပေါ့ 
အစိမ်းနုရောင်ထဘီနှင့်အတူ
အဖြူရောင်ရင်ဖုံးလေးနဲ့
မှုန်းဝါးဝါးနှင်းဖွဲတွေကို ထိုးဖောက်ရင်း 
ယိမ်းနွဲ့နေတဲ့ခြေလှမ်းတွေ နဲ့အတူ 
သူလျှောက်လှမ်းလာတယ်
သူအလှတွေက
ယဉ်နေတာလား........
ရိုးနေတာလား.......
သေချာတာတစ်ခုတော့ 
ငါသူ့ကိုသိပ်တခိုးနဲ့ ငါချစ်မိနေပြီ 
ဖွင့်ပြောဖိုသတ္တိတွေ စုစည်းထားပေမဲ့ 
သူ့ရှေ့ရောက်တိုင်း
ငါ့သတ္တိတွေအရည်ပျော်ခဲ့ရတယ်လေ 
သူရည်ဝေစွာကြည့်လိုက်တိုင်း 
ငါအတိတ်မေ့နေခဲ့ရတယ် 
ဒါတွေအားလုံးဟာအချစ်ဆိုရင် 
ခဏတာပဲဖြစ်ဖြစ်ငါပိုင်ဆိုင်ချင်တာပါ
အလွမ်းဒိုင်​ယာရီ {​ငွေလဝန်း}
အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး 
ဟိုးအဝေးကမ္ဘာမှာ မျောလွင့်နေတဲ့ 
နင့်ရဲ့ဝိညာဉ်တွေ ပျော်စံရာ
ချစ်ဗိမာန်သစ်မှာ 
နင်ပျော်နေရှာပြီပေါ့ အ
တိတ်ရဲ့လမ်းကြောင်းပေါ်မှာ
နှစ်ယောက်သား ရေးခြစ်ခဲ့တဲ့ စာမျက်နှာကို 
နင်ပြန်လှည့်ကာ ဖတ်ကြည့်ပါဦးလားကွယ် 
မတူမတန်တယူသန်စိတ်နဲ့ 
ငါ့ကိုအလွမ်း ဒိုင်ယာရီတစ်ပုဒ် 
ထားခဲ့တာလား......
ဘဝပေးကံက နှလုံးသားရေးရာမှာ
အရှုံးသမား တစ်ယောက်ရယ်ပါ 
နင်မကြင်နာ ငါနဲ့ ဝေးရာသို့ 
လွင့်ပါးသွားခဲ့ပြီလား 
ထွေးလှပါတယ် ဆိုတဲ့ 
နင့်ရဲ့ဟဒယ စကားသံတွေဟာ 
ခုတော့အလွမ်းတစ်ခု အဖြစ်ထားခဲ့ပြီပေါ့ 
ငါ့နှလုံးသားဒိုင်ယာရီပြဇာတ်တစ်ပုဒ်မှာ 
သရုပ်ဆောင်ပြ ခဲ့တဲ့နင့်ကို
ငါမှတ်တမ်းပြုစုထားမှာပါ 
အဝေးကမ္ဘာမှာ
နင်ပျော်ရွှင်မှု မရခဲ့ရင်ပေါ့
ငါ့ရဲ့အလွမ်းဒိုင်ယာရီ ပြဇာတ်မှာ 
ဇာတ်သိမ်းပိုင်းလေး 
နင်ကပြလှည့်ပါဦးလို့ 
အလွမ်းသမားလေး စောင့်ကြိုလျက်ပါ
ထာဝရနှင်း (W.Z.O)
တစ်​ချိန်​က နှင်း တစ်​ စက်
ငါ့နှလုံးသား ထက်
ဆင်း သက်​ လို့​ကြွေ လာခဲ့တယ်​...  
ဘယ်​ အချိန်​တမ်းတ တမ်းတ  
ဘယ်​ အချိန်​သတိ ရရ
ရင်​ မှာ ​အေးမြ​ နေမြဲ... 
မြင်​မြင်​ခြင်း ချစ်​​ ပေမယ့်
ရင်​ ချင်း ဆက်​ အမွှာထက်​ သံ​ယောဇဉ်​ပိုခဲ့...
ချစ်​ စိတ်​​တွေမကုန်​  သလို 
နေ့ ရက်​​တွေကြာ​လေ ​လေ
သစ္စာ​တွေခိုင်​​လေပါပဲ...
ဒီနှင်းတစ်​စက်​ကို 
အမုန်း​နေခြည်​မ ဖက်​ 
သောက​မီး​တွေ မသီပဲ 
မေတ္တာ​ လေနု​ လေးနဲ့
ထာဝရ ​အေးမြ​ စေမှာပါကွယ်​...
Published with Blogger-droid v2.0.10
ညဉ့်​တစ်​ညဉ့်​ရဲ့ဒိုင်​ယာရီ ( အယ်​ခဲလူ )
ဆည်းဆာရောင်နုနု တစ်နေ့တာကိုနုတ်ဆက်
အိပ်စက်အနားယူသွားပြီ
လေ ပြေနုနုလေးတွေက
ငါ့ရင် မှာမှေးစက်
အနားယူလေ နေတဲ့
ချစ်သူမျက်နှာလေးကို
တိုးဝှေ့လို့ကျီစယ်နေလေ ရဲ့
ဖိုးလမင်းကြီးကလည်း
တ ရွေ့ရွေ့ထွက်စပြုလာပြီ
တိမ်တိုက်လေးတွေရဲ့
တ ရွေ့ရွေ့သွားနေတဲ့ပုံ
အိပ်တန်းသို့ပျံသန်းနေတဲ့
ငှက်က လေးများရဲ့
တီတီတာတာတွန်ကြူးနေတဲ့
သာယာဖွယ်အသံလေးတွေ
ချစ်သူရယ်
ဒီလိုသာယာလွန်းလှတဲ့
ညချမ်းလေးကိုတော့
ဒီတစ်သက် မမေ့နိုင်တော့ဘူး
ချစ်သူကလည်း
ကိုယ့်ရင် ခွင်မှာမှေးစက်လို့
လေ ပြေနုနုလေးတွေလည်း
ချစ်သူနှစ်ယောက်လုံးကို
သိမ်းခြုံပွေ့ဖက်လို့ကျီစယ်
အိုး..... ချစ်သူရယ်
ကိုယ့်ရဲ့ကြည်နူးတဲ့စိတ်တွေ
ယိုဖိတ်လွန်းလို့
ပြောမပြတတ်လောက်အောင်
ကြည်နူးတယ်ချစ်သူ
ချစ်သူနားဆင် ဖို့
သံစဉ်ချိုချိုတေးသွားလေးက
ဝေဟင် မှာလေပြေနဲ့အပြိုင်
တငြိမ့်ငြိမ့်
စီးမျောနေလေ သေးတော့
ချစ်သူရယ် ကမ္ဘာပေါ်မှာ
တို့နှစ်ယောက်အတွက်တော့
ကြည်နူးရဆုံးနဲ့
ပျော်ရွှင်စရာ
အ ကောင်းဆုံးအချိန်ဟာ
ဒီလိုည လေးကလွဲလို့
မရှိနိုင်တော့ဘူးထင် တရ်
ချစ်သူရယ်
ဒီလိုညချမ်းလေး
ကုန်ဆုံးသေဆုံသွားမှာကို
အရမ်းကြောက်မိတယ်ကွယ်​။
Published with Blogger-droid v2.0.10
အ​ရောင်​​ပြောင်းသွားမှာ​ကြောက်​တယ်​ (အယ်​ခဲလူ)
အ ဝေးဆီမှာ တ ရွေ့ရွေ့စီးမျော နေတဲ့
တိမ်စိုင်လေးတွေ မြင် နေဆဲမှာပဲ
လွင့်ပြယ်လိုသွားခဲ့တရ်
အ ဝေးဆီမှာ လင်းလက်နေတဲ့
ငွေကြယ်ပွင့်လေးတွေ တဒင်္ဂလေးမှာပဲ
ပျောက်ကွယ်လိုသွားခဲ့တရ်
ငါ့ရင်တွေ
နာကျင် လာသလိုပဲချစ်သူရယ်
မတည်မြဲခြင်း မခိုင်မြဲခြင်းဆိုတဲ့
အ တွေးအသိပေါင်းမျုားနဲ့အတူ
ချစ်သူကိုပြေးမြင် လာမိတယ်
မင်းရဲ့အချစ်တွေ တိမ်စိုင်လေးတွေလို
မင်းရဲ့ကြင် နာယုယခြင်းတွေ တဒင်္ဂလေးနဲ့
ပျောက်ကွယ်သွားမှာကို
စိုးရိမ်ခြင်းတွေပိုနေမိတရ်
ငါ့ရင် ခုန်သံတွေ ငိုနေသလိုပဲချစ်သူရယ်
မင်းနဲ့ဝေးမှာကို ကြောက်လို့ထင်ပါရဲ့
သြော် ချစ်သူရယ်.........
မင်းနဲ့အတူမက်ခဲ့တဲ့
တိုနှစ်ယောက်အိမ်မက်တွေ......
မင်းနဲ့အတူရေးခဲ့တဲ့
တို့နှစ်ယောက် ချစ်ခြင်းကဗျာတွေ.........
မင်းနဲ့အတူတည်ဆောက်ဆဲ့
တို့နှစ်ယောက် ရဲ့ချစ်အိမ်လေး......
မင်းပျော်ရွှင်ကြည်နူးစေဖို့
ငါဖန်တီးထားတဲ့
အချစ်ပန်းဥယျာဉ်.........
ဒါတွေအားလုံး သက်ဆုံးတိုင်
ရှိနေ စေချင် တယ်ကွယ်
ထာဝရ ပေါ့ချစ်သူရယ်။
ချစ်​သူတမ်းခြင်း ( အယ်​ခဲလူ )
ပြန်လာပါတော့ချစ်သူရယ်
ဘယ်သူမှမရှိတဲ့
အလင်းမဲ့အခန်းငယ်ထဲ
တစ်ယောက်တည်း
အထီးကျန်စွာလွမ်းနေ ရတရ်
တစ်စစီကြွေလွင့်ပြီးဖြစ်သော
တစ်ချိန်ကတို့နှစ်ယောက် ရဲ့
နှစ်ယောက်တစ်အိမ်မက်ကို
ပြန်လည်လို့ ဆက်မက်ကြရအောင်
အတိတ် ရဲ့
အပြစ်အနာအဆာတွေကို
လွင့်ပစ်လိုက်ပြီး
အနာဂတ်ခရီးသစ်
ပန်းခင်းလမ်းတွေထဲ
အတူယှဉ်တွဲ
လျှောက်လှမ်းကြရ အောင်
ဆူးခင် လမ်းတွေနဲ့ဆုံရင် လည်း
ချစ်သူသာကိုယ့်နား မှာရှိရင်
ကိုယ်မဖြုံဘူးချစ်သူ
ဓားတောင် ကိုလည်း
ကျော်ဖြတ် ရဲတရ်
မီးပင် လယ်ကိုလည်း
လက်ပစ်ကူးရဲတရ်
ကံကြမ္မာကို
တွေးမကြည့်ချင် ဘူး
ပြေးကြည့်ချင် တရ်
မင်းလာနေကျလမ်းမဘက်
ငေးမျော်နေရတာလည်း
မောလှပြီချစ်သူရယ်
တမ်းတမ်းတတဖြစ်နေရတဲ့
ရင် ခုန်သံတွေကိုလည်း
အားနာလှပြီ
အလင်းမဲ့တဲ့အခန်းငယ်ထဲ
တစ်ယောက်တည်း
အထီးကျန်စွာ
လွမ်းနေရတဲ့အဖြစ်ကို
ကျော်လွန်ချင် လှပြီ
ကိုယ့်အဖြစ်ကိုစာနာရင်
ချစ်သူမြန်မြန်ပြန်လာပါတော့ကွယ်
ဒီဇင်​ဘာအလွမ်း ​(​ငွေလဝန်း )
ဒီအချိန်ဆို   လွမ်းတွေပိုလို့ 
နင်ငို နေမလားပဲနော်   လွမ်းဒီဇင် ဘာရဲ့    
 နှုတ်ဆက်ညမှာ  နင့်ပါးပြင် ထက်က
စီးကျမျက် ရည်တွေနဲ့   ငါ့ကိုအမှတ်တရ  
နေ့စွဲဖြစ်ခဲ့ပေါ့  ခုလိုဒီဇင် ဘာရဲ့
အလွမ်းညမှာ  နင် သာငါ့အပါးမှာ
ရှိနေခဲ့ရင်  ပခုံးချင်းဖက်
လက်ချင်းယှက်ကာ
နှစ်ယောက်တစ်ကမ္ဘာ
တည် ဆောက်​ရှာရော့ပေါ့
ခုတော့လေ..........
နင့်တစ်ယောက်တည်း   အ ဝေးကမ္ဘာမှာ       
မျောလွင့်ရှာတော့    ငါတစ်ယောက်တည်း 
အထီးကျန်  ဇာတ်ခုံပေါ်မှာ 
အရူးတစ်ယောက်လို  ဖြစ်ခဲ့ရ ပေါ့            
ချစ်သူရေ..........
အ ဝေးတ နေရာမှ  တမ်းတ ဖေါ်အဖြစ်နဲ့
နင့်ရင် ထဲမှာ  တစ်ချိန်ကငါ့ရဲ့
ပုံရိပ်ဟောင်းကိုတော့ နင် သိမ်းထားပေးပါနော်  
နင် သတိရချိန်မှာ 
ငါ့ဆီကိုလှမ်းလာခဲပါ     ချစ်သူရယ် ။
ဒီဇင် ဘာနှုတ်ဆက်   ညမှာငါ့နင့်အတွက်
လက်ဆောင် တစ်ခု   တော့ချန်ထားတယ်
ပြန်လာချိန်ကို  စောင့်ကြိုလျက်ပါ  ချစ်သူ
ပူ​ဇော်​ထိုက်​တဲ့အ​မေ (ခွန်​ထွိုက်​ခမ်း )
* ကိုးလ လွယ် ဆယ် လဖွား
ခန္ဓာကိုစ တေးအသက်ပေးကာ
မွေးခဲ့တာမို့ ဇမ္ဗူတစ်ခွင် မှာ
ပူဇော်ထိုက်တာ အ​မေပါ....
*ဗုဒ္ဓမြတ်စွာ ဟောခဲ့တာ လည်း
အ​မေ ဟာဗြဟ္မာ ဆိုခဲ့တာကြောင့်
ပူဇော်ထိုက်တာ အ​မေပါ ...
*သားတို့ဘဝ လမ်းမှန် ရအောင်
သွန်သင်ပြသ ဆုံးမခဲ့တာမို့
အ​မေ ဟာလက်ဦးဆရာ ဆိုခဲ့တာကြောင့် 
ပူဇော်ထိုက်တာ အ​မေပါ...
*ကျွေးမွေးစောင့်ရှောက်
လူလားမြောက်အောင် ပြုစု ခဲ့တာမို့
အ​မေ ဟာအိမ်ဦးနတ်ပမာ ဆိုခဲ့တာကြောင့်
ပူဇော်ထိုက်တာ အ​မေပါ...
*အ ဝေးက ဆောင်ယူ ပူဇော်ထိုက်သူမို့
အ​မေ ဟာ အာဟုနေ ယျာ ဆိုခဲ့တာ ကြောင့် 
ပူဇော်ထိုက်တာ အ​မေပါ............
အ​မေစိတ် (အညတရ ခွန်​​မောင်​ )
ကမ္ဘာမြေကိုလောင် ကျွမ်း
သမုဒ္ဒရာရေကို
ခမ်းခြောက်စေနိုင် တဲ့ နေမင်းကြီးဟာ
အ​မေ ရဲ့...
နှလုံးသားကမ္ဘာနှင့်မေတ္တာရေစမ်း ကိုတော့ 
မ လောင် ကျွမ်း မခမ်းခြောက်စေနိုင် ပါ..။ 
သားရဲ့အဆိုးဒဏ်အနန္တကို
ဇက်ထိုးခံနေရ၍
လူကွယ် ရာမှောင် ရိပ်မှာ
အသံတိတ်နဲ့ မဆိတ်အောင်
ငို ရ သော်လည်း အ​မေ စိတ်နဲ့
ဖြေသိပ်ပြီး ဒဏ် ရာမဲ့နှလုံးသား နှင့်
အပြုံးမေတ္တာပွားနေတာ အနန္တဂုဏ်အင်
မွေး မိခင် ရယ်ပါ..။
အ​မေ (​ငွေလ၀န်း)
အ​မေ ရယ်.....
နုနယ်လှ သားလှမျက်နှာကို
မှက်'ခြင်'ယင်'မသန်း ရ​ ​လေ​အောင် 
သားထံပါးမှ
တစ်ဖဝါးမျှမခွါ နိုင် ရှာတဲ့ အ​မေ့ကို 
သားဘယ်လိုကျေးဇူး   တုန်ြ့ပန်ပေးရမှာလဲ 
အ​မေ့ရင်သွေး  သားလူလေးတွက်  
ရတက် မအေးရှာ  အူဝဲအူဝဲ 
တ ​အေးအေးနဲ့  ငို​ကြွေးနေ  သားလေးကို 
အ​မေ အပြုံးပွင့်ကို  မြင် စဉ်ခဏမှာ
တိတ်သွားရှာပေါ့
အ​မေ မေတ္တာ ရေစင် တစ်ခွက်ဟာ   
ယ ​နေ့ထက်တိုင် မေ့မရခဲ့ပါလား အ​မေ။  
အချိန်တန်လို့   အရွယ်ရောက် ပြန်တော့  လူရာမဝင် မှာစိုး 
ကကြီးမှစ  အ အဆုံးတိုင်
မပီပြင် ဝိုးတဝါးနဲ့  သင်ပေးရှာပေါ့လား အ​မေရယ်  ။
အော်---အ​မေ ရယ်      
နှိုင်းပြစရာ ပုံသွင်း 
သမုဒ္ဒရာ လေးစင်းရှိ ရေ​သော်မှ 
အ​မေ မေတ္တာနှင့် နှိုင်းရင်    
သမုဒ္ဒရာလေးစင်းရှိ ရေရှုံးသတဲ့ အ​မေ   
သားပခုံးထက်မှာ  
အ​မေ တဖက်  အ​ဖေတဖက်  
ထမ်းပြီး ပြုစုလုပ်ကျွေး သော်လည်းဖြစ်စေ 
သားပခုံးထက်မှာ မစင် တက်စွန့် လဲ
အ​မေ အ​ဖေ ကျေးဇူး
ဆပ် ရာမရောက်ဘူး   တဲ့အ​မေ ရယ်
 သြော်---အ​မေရယ်  သားမှာလိုက်ပါရစေ    
သားအတွက် ပူပင်သောကတွေ ဖြစ်နေမည့်အစား 
ဓမ္မနှင့်ပျော်ပါတော့လား အ​မေရယ် 
ဇရာဖိစီးလို့ တရားအသိနဲ့  ပျော်ရချိန်မှာ
ဗျာပါဒတရားတွေ မေ့ဖျောက်ပြီး  
ဓမ္မဆိုတဲ့ ရင်ပြင်ပေါ်မှာ 
အ​မေ ပျော်ရွှင် စွာ
 လျှောက်လှမ်းနိုင် ပါစေ ကြောင်း 
သားဆုမွန် ကောင်းတောင်းလိုက် ပါရစေ
အ​မေရယ်......
အ​မေများထံသို့ (အယ်​ခဲလူ)
အ​မေ
အရွယ်လွန်ဇရာထောင်းလာ လို့
စိတ်ပျက်နေတာလား အ​မေ
အမြင်တွေမှုန်ဝါး
အ ရောင် တွေမသဲကွဲတာ ကြောင့်
အားငယ်နေတာလား အ​မေ
ကြားရတဲ့အသံတွေ
မရှင်းလင်းတာကြောင့်
စိတ်တိုင်းမကျ ဖြစ်နေ ရော့လား အ​မေ
ဆံဖြူနားထိုင်း ခါးကိုင်းသွား ကြွေ
သဘာဝဖိအားတွေကြောင့်
လောကကြီးကို စိတ်နာနေမိ ပြီလား အ​မေ
အ​မေရယ်
မလွန်ဆန်နိုင် သဘာဝရယ်မို့
တရားနှင့်သာ ဖြေပါ အ​မေ
သားအတွက်တော့ အ​မေ ရယ်.......
အရွယ်လွန် ဇရာထောင်းလာတယ်လို့
သဘာဝတရားက ဘယ်လိုပဲ ပြော ပြော
အ​မေ ဟာနုပျိုနေဆဲပါ
အ​မေ့ရဲ့အသံတွေ ဘယ်လိုပဲ
တုန် ရီနေတယ် ပြော ပြော
သားအတွက်တော့ အချိုသာဆုံးတေးတစ်ပုဒ်ပါ
ကမ္ဘာကြီးအတွက် လူသားအားလုံးအတွက်
နေရယ် လရယ်ဟာ မရှိမဖြစ်လိုအပ်သလို
သားအတွက်တော့ နေရယ်လရယ်မလိုဘူး အ​မေ
အ​မေ့ ကိုသာအလိုရှိဆုံးပါ
အ​မေ သည်သာ သားဘဝ
သားကမ္ဘာ သားရဲ့မှီခိုရာပါ
ဘယ်အရိပ်တွေ ဘယ်လိုပဲ
အေးမြတယ် ပြော ပြော
အ​မေ့ အေးရိပ်လောက်
မ အေး မြနိုင်ပါးဘူး အ​မေရယ်
သားဘဝအတွက် မှီခိုရာအစစ်
ဖြစ်တဲ့မွေး ​မေ​မေ
သားရှိခိုးဦးချရာ တစ်ခုအ နေနဲ့
အသက်ရှည် ရှည်နေ ပေးပါ
အ​မေ .....
အချစ်​ဦးသူ​ (ခွန်​ထွိုက်​ခမ်း)
တံခါးလည်းမ ခေါက်ဘဲနဲ့
လှစ်ဟာနေတဲ့ ငါ့နှလုံးသားထဲကို
မင်းဝင် လာခဲ့တယ်နော်
ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ......
မင်းလေးဝင်လာကတည်းက
ငါပျော်ခဲ့မိပါတယ်လေ...
ဒါကြောင့်.......
ငါ့ရဲ့အ တွေးထဲမှာ
ငါ့ရဲ့အိပ်မက်ထဲမှာ 
မင်းလေးနဲ့မ ဝေးချင် တာတော့အမှန်ပါ
ချစ်သူ
ကြယ်​စင်( ခွန်​ထွိုက်​ခမ်း )
မင်းလေနဲ့
သာလွန်းတဲ့လ ရောင်အောက်မှာ
အတူထိုင် ရင်း
ကြယ်လေးတွေကို
မင်းနဲ့ အတူရေတွက်ချင် မိတယ်...
ကြေကွဲဝမ်းနည်း
အားငယ်နေတဲ့အချိန်မှာ
မင်းလေးရဲ့ ပခုံးကိုငှားပြီး
ဖြေသိမ့်မှုလေးရချင် မိတယ် ကြယ်စင်.....
ခိုးဝင်​မိ​သော နှလုံးသား၏ဆန္ဒ (အယ်​ခဲလူ )
သမင် ပျို မျက်လုံး လေး လို
ဝင်းလဲ့ တောက် ပလွန်းတဲ့
အလှလေး တွေကို
 ပိုင် ဆိုင် ထားသူရယ်
မင်း အကြည့်လေး တွေကြောင့်
ငါ့ရဲ့အသိစိတ်လေး တွေ
ခေတ္တမျှမင်းနှလုံးသားဆီ
အလည်ရောက်ခဲ့တယ်ဆိုတာ
မင်းသတိမတားမိဘူးနော်
မင်းနှလုံးသားမြို့ပြထဲက နေ
ပြန်လည်မထွက်ချင် မိတာ
အမှန်ပါ
ဒါပေမဲ့ မင်းလေးရယ်
ပိုင်ရှင် မသိပါပဲ ခိုးဝင်မိတဲ့
ကိုယ့်နှလုံးလေးကို
အပြစ်တော်ပြ
အမျက်တော်ရှပြီး
ဇက်တော်ကိုဓားကျမှာ
စိုးရိမ်တာကြောင့်
မင်းနှလုံးသားမြို့ပြထဲက
တစ်သက်သာခိုဝင် ချင် ပေမဲ့
မတတ်သာ ထွက်လာရတာပါ
မင်းလေးရယ် မင်းအတွက်
အပန်းမကြီးဘူးဆိုရင်
မင်းကမ္ဘာထဲမှာ ကိုယ့်ကို
ဥယျာဉ်မှုးလေးခန့်ပါလားကွယ်
မင်းမငြီးတမ်း ပန်ရစေဖို့
မင်းအတွက်ပန်းမျိုးလေးတွေ
စိုက်ပျိုးပေးချင် တယ်
ခဏ​တော့​ဝေး​နေမယ်
ချစ်သူ
တို့နှစ်ယောက် ရဲ့
  အနာဂတ်ခရီး
အဆင်ပြေ ​စေဖို့
တဒင်္ဂလေးအနေ ​ဝေးတာကို
ကိုယ်စိတ်တော်
  မငြိုးစေချင် ဘူးကွယ်
တို့နှစ်ယောက် ရဲ့အချစ်တွေ
  ထာဝရရှင် သန်စေနိုင် ဖို့
လွမ်းရတာတွေကို
  ခဏ ​ဘေးဖယ်ထားမှဖြစ်မယ်
တို့နှစ်ယောက်လျှောက်တဲ့
  အချစ်ခရီး
ဆူးခင်းသောလမ်းတွေနဲ့
  ကြုံတွေ့နိုင် သလို
ပန်းခင်​​သောလမ်းတွေနဲ့လည်း
  ဆုံနိုင်​ တယ်လေး
ပန်းခင်းသောလမ်းတွေပေါ်
  ပျော်ရွှင် စွာတို့နှစ်ယောက်
အချစ်သစ်တွေမွေးဖွားဖို့
  ခဏ ​တော့ဝေးရမယ်ချစ်သူ
နားလည်ပေးပါချစ်သူ
  ငါမင်းကိုချစ်တာ
ခဏတာမဟုတ်သော
တစ်သက်သာချစ်ခြင်းများနဲ့ပါ
  ဝေ;​နေချိန်ခဏ
ငါ့ကိုလွမ်းတဲ့အခါ
ငိုချင် တဲ့အခါတိုင်းတွေမှာ
မိုးကောင် ကင် ကို
  မော်ကြည့်လိုက်ပါ
ကြယ်စင်တွေကို
  မေးကြည့်လိုက်ပါချစ်သူ
ကြယ်စင်တွေက
  ဖြေလာလိမ့်မယ်
တစ်မိုးအောက်က
  တို့နှစ်ယောက် ရဲ့ချစ်ခြင်း
ကြယ်စင်တွေ
  လင်းလက်နေသ ​ရွေ့
တို့နှစ်ယောက်ချစ်ခြင်းတွေ
မပျက်သုဉ်း နိုင် ဘူးဆိုတာ
ကြယ်စင်တွေ
  သက်သေပြုလာလိမ့်မယ်
မင်းလွမ်းတဲ့အခါးတိုင်း
  ငိုချင် တဲ့အခါတိုင်းပေါ့။
စာနာလှည့်​ပါ ( စွမ်းဈာန်​မြင့်​မိုရ်​ )
ဒို့လေ
ရင့်ကျက်တဲ့ စိတ်ထား
တည် ငြိမ်တဲ့ သ ဘောများ ရှိခဲ့ပြီလို့
ကိုယ့်အထင် တည်ငြိမ် နေတဲ့
ကန် ရေ ပြင် လို  
ယိမ်းနွဲ့လှုပ် ရှား လေအလား
ကိုယ့် နှလုံးသားကို 
လှည့်ဖျားခံရ တော့မှ
နာကျင် မှု့များခံစား   
လှိုင်းထ နေတဲ့ ရေပြင် လို
အော်မြည်ကာ ကြေကွဲရင်း   
တုန်လှုပ်မိတဲ့အသိ     
မတည်ငြိမ်သေးတဲ့ သ ဘော
ရင့်ကျက်မှု့မရှိသေးတဲ့
နှလုံးသားနဲ့        
တစ်ခုပဲတောင်းဆိုပါရ စေ
စာနာလှည့်ပါကွယ်
အလည်​လွန်​မိ​သော နှလုံးသား၏​ဝေဒနာ (အယ်​ခဲလူ )
အလည်ဝင် မိ သော
ငါ့နှလုံးသားတစ် စုံကိုပဲ
အပြစ်ဆိုရ လေ တော့မလားပဲ
ရင် ခုန်သံတွေ ကလည်း
နေ့ စဉ် နဲ့အမျှငို ကြွေး နေတရ်
အ တွေးစိတ် ပေါင်းများလည်း
သူ့အ ကြောင်းပဲတွေး နေရ တော့
ရူးသွားတော့ မ လောက်ပဲ
အိပ် မက်တွေက လည်း
သူ့အ ကြောင်းတွေပဲမက် နေတော့
ယောင်ယမ်းပြီး ထခေါ်မိတဲ့အဖြစ်တွေက
အိပ်ပျက်ညဉ့် တွေကို ရှည် စေခဲ့တရ်
တွေးပြီး လွမ်း
လွမ်းပြီး ဆွေးရင်း
လွမ်းဆွေးနေရတဲ့ အဖြစ်ကို
စိတ်ပျက်စွာသယ်ယူ နေ ရ တော့
ရှည်လျားလွန်းလှတဲ့
ဆောင်းညဉ့်တာတွေကို
မုန်းမိတရ်
ဟင်........
ငါ့ဖြစ်ပုံစနစ်စုံကို
ဆန်း စစ်ကြည့်တော့
ငါ့အပြစ် ပါပဲလေ
သူ့ကမ္ဘာ လေးထဲ
ငါ့နှလုံးသားတစ်စုံက
အလည် ဝင်ခဲ့ မိတာကို။
အ​ဖော်​မဲ့ည (​ငွေလဝန်း )
ကြယ်စင်တွေ ခရီးထွက်သွားတဲ့
မှောင် မိုက်တဲ့ ညတစ်ညမှာ
ကမ်း စပ်ရဲ့တစ်​ နေရာက
လေ ပြေ လေညှင်း လေးကို အ ဖေါ်ပြုပြီး
ကြယ်စင် ရဲ့အလှကို ငေးကြည့်ရင်း
အလွမ်းကို  ရင် ဝယ်ပိုက်ပြီး
မင်းလေးရယ်လို့ တသသ ခေါ်နေ မိတယ် 
စိတ်ကူးယဉ်  အ တွေးတွေက
မင်းလေးအ ပေါ်စိုးမိုး  နေ လေ တော့       
မင်းလေးကို လွမ်းဆွတ်ခြင်းက
ညသန်းခေါင် လဲကျော်   နံနက်လင်း 
အရုဏ်ရောက်လုနီးမှ  တစ်ရေးလောက်သာ
 မှေးစက်ခဲ့ရတဲ့ ငါ့ဘဝ    
စာနာမှုလေး ပေးလှည့်ပါလား 
 မင်း ကလေးရယ် နော်
အ​ကြောင်းပြချက်​​လေး​တော့​ပေး​စေချင်​ (အယ်​ခဲလူ)
တစ်ခါတစ်ခါ
အိပ်မရမှု့များစွာနဲ့
အ ဖေါ်ပြုလာခဲ့တာ
နေ့မှန်းညမှန်းတောင်
မခွဲခြားတတ် တော့ချစ်သူ
တစ်ခါတစ်ခါ
တစ်ယောက်တည်း
စကားပြောနေတတ်တာ
ကိုယ့်အ ပေါင်းသင်းတွေက
ကိုယ့်ကိုအရူးလို့တောင်
ဗြောင်လှောင်နေကြပြီချစ်သူ
တစ်ခါတစ်ခါ
မ ကျေနပ်မှု့တွေကြောင့်
နံရံကိုလက်သီးနဲ့
ပစ်ကြွေးခဲ့တာလည်း
အကြိမ်ပေါင်းများစွာပါပဲ
ကိုယ်ဘာအမှားများ
ကျူးလွန်ခဲ့လို့လည်းချစ်သူရယ်
မင်းအတွက်ဆိုရင်
အသက်ကိုတောင်
စ တေးဝံ့သူပါ  
 အခုတော့ 
ဘုမသိဘမသိ
အစိမ်းသက်သက်
အသည်းခွဲခံရတာကိုတော့
ကိုယ်အခံရခက်လွန်းတယ်
ကိုယ့်အသည်းကိုခွဲတာ
အဘယ့်ကြောင့်ဘာ့ကြောင့်
ဘယ်အတွက်ကြောင့်လို့ဆိုတာ
အ ကြောင်းပြချက်လေးတော့
ပေးသင့်တာပေါ့
ခုတော့ချစ်သူရယ်
အရုပ်ကြိုးပြတ်သလို
မင်းရဲ့ဥပေက္ခာပြုမှု့အောက်မှာ
ကိုယ်စင်းစင်းမှောက်နေပြီ
ပြန်လည်မထူနိုင်တော့ဘူးချစ်သူ
ရက် စက် ရမှစားဝင် အိပ်ပျော်
မင်းစိတ်ချမ်းသာတယ်ဆိုရင်
ထူမ..ပေးဖို့
မကမ်းလင့်တော့ပါဘူး
မင်းအဆင်ပြေသလို
ခရီးဆက်ပါတော့ချစ်သူ
မင်းပျော်ရွှင် မယ်ဆိုရင်
ကိုယ့်အသက်ကိုစ
တေးရလည်း
  ကျေနပ်ပါတယ်။
ကျေနပ်​တယ်​ (အယ်​ခဲလူ )
မင်းအ ကြောင်းပဲ
  တွေး နေ တတ်တယ်
သန်းကောင်ယံ
  ညဉ့် နက်ထိတိုင်ပေါ့
မင်း စကားသံလေး
  ကြား ချင် မိတရ်
အလှမ်းဝေး ပေမဲ့
  အရူးအမူးဖြစ်နေ တော့
မလွန် လောက်ဘူးထင် တယ်
မင်းအပြုံးလေး
နမ်း ချင် မိတယ်
  မ သေရှာ ပေမဲ့
စိတ်ကူးနဲ့ရူးနေ ရလဲ
  ပျော်နေသူလေ
သြော် ငါဖြစ်က
  မ သေရှာ မ ရေ ရာခြင်းတွေကို
စာတင်ပြ နေ တော့
  အရူးတစ်ယောက် ရယ်များ
မင်းထင်​ နေ မလားပဲ
  မင်းထင် မယ်ဆိုလဲ
အ ထင် ခံကျေနပ်ပါတယ်
ငါမင်းကိုဘယ်လောက်ထိ
ချစ်မြတ်နိုးကြောင်း
  မင်းသိသွားလို့လေ။
Published with Blogger-droid v2.0.10
ချိတ်​ပိတ်​ခြင်း (စွမ်းဈာန်​မြင့်​မိုရ်​ )
အော်....ချစ်လျှက်နဲ့သာ 
 ဝေးကွာရသူ  မောင့်အပူဟာ 
ဝဋ်ဟောင်းကံပါ   
ဆိုးရွားစွာဖြင့် ဝေဒနာပေး  နှိပ်စက်သေးရင်
 နှစ်နှစ်ကာကာ  ချစ်တတ်ပါသော 
 ရင် မှာတွယ်ထား နှလုံးသားကို  
 ရွှေစိတ်မညို     မုန်းမပိုပဲ   
ဘဝခြားကာ  သံသရာထိ  
 သော့ခတ်သိမ်းထား  အချစ်များဖြင့်  
 ထိန်းလို့ထားမယ်  
 ချစ် ရသူရယ်။   ။
အလွမ်းပင်​လယ်​ (​ငွေလဝန်း )
ချစ်သူရေ
အထီးကျန် ဘဝ နှင့်
အလွမ်း ပင် လယ်ထဲမှာ
ထားခဲ့တော့ မှာလား
ကမ်း စပ်ကိုမ ရောက် နိုင်တော့ဘူးလို့
ချစ်သူ ထင် ခဲ့ ရင် လည်း
ဒိုင်ယာရီတစ်ခုနဲ့ 
မှတ် တမ်းပြုထား စေ ချင် တယ် ။
ချစ်သူရေ
ကိုယ်​အ လွမ်းပင် လယ်က
လွတ်မြောက်ချိန်မှာ
ကမ်းလက်ပေးပြီး
ကြိုဆိုနိုင် မလားကွယ်
အချစ်တစ်ခုနဲ့  ဘဝတည်ဆောက် နေတဲ့
ကိုယ့် ဘဝကို
အလွမ်းပင် လယ်ထဲမှ
မထားခဲ့ပါနဲ့​ နော်   
ချစ်သူ
အချစ်​များစွာဖြင့်​ (စွမ်းဈာန်​မြင့်​မိုရ်​ )
ရင် ခုန် နွမ်းလျှ ချစ်ကျွမ်းရ သည့် 
ဖြူစင် ခိုင် မာ အကြင် နာတို့ 
တွယ် တာပျိုးဝေ  ​မေတ္တာ တွေ လည်း 
ပေ ပင် လိုဘဲ  
တစ်သီးတည်းနဲ့   ပျက်ပြုန်းခဲ့ကာ 
သက် ဆုံးကမ္ဘာ ပေါ့   ချစ် ရသူရယ်။
ကြင် နာချစ်ခြင်း  တွယ် တာခြင်း တို့ 
နွယ် ငင်မေတ္တာ  ဖြူစင် စွာဖြင့်
သစ္စာတိုးကာ   ချစ်ခဲ့ပါလည်း 
ကျီးငှက်လိုပဲ  တစ်သားထဲနဲ့
သက်ဆုံးထိ သာ  ရည် ရွယ် ကာပေါ့
ချစ်သူရယ်။
                စွမ်းဈာန်​မြင့်​မိုရ်
ကံကြမ္မာ ကိုအပြစ်​ဆိုရ​လေမလား (အယ်​ခဲလူ)
ငါမ ငိုချင်တော့ဘူးကွယ်
ငိုရှိုက်ခဲ့ရ ပေါင်းများလို့
ငါ့ရဲ့ပင့်သက်တွေ
စည်းချက် မ မှန်တော့ဘူး
ငါမ မျော် လင့်ချင်တော့ဘူးကွယ်
မျော် နေ ရလွန်းလို့
ငါ့စိတ်တွေ မော ပန်းနွမ်းလှပြီ
ကံကြမ္မာကို ပဲရိုးမယ်ဖွဲ့
အပြစ်ဆိုရ လေ မလားပဲနော်
အချစ်ကြီးလွန်းသူကိုမှ
ဒီလိုဝေ ဒနာ တွေ
ပြစ်ပေးရက်တရ်
ဝဋ်ကြွေးရှိရင်
ကျေပါစေ သားရယ်လို့
စိန္တေ မြတ် ရှင် ပါးမှာ
ဆုတောင်း ခဲ့တာ လည်း
အ ကြိမ် ပေါင်းမနည်း တော့ဘူး
ဘဝဆက်တိုင်း
ဒီလိုဝေးနေရတဲ့အဖြစ်မျိုး
မ တွေ့ကြုံပါရ စေနဲ့လို့
ဆုခြွေနေခဲ့တာလည်း
နာရီစက္ကန့်နဲ့အမျှပါပဲ
ဒါပေမဲ့ လေ
ကံကြမ္မာရယ် က
ဘယ်လိုအငြိုးတွေ ကြောင့်
အတင်းဖက်တွယ်
နှိပ်စက်နေ ရသလဲနော်
ပင် ပန်းလိုက်တာချစ်သူရယ်
ဝေဒနာ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ကိုယ့်အ ဖြစ်ကို
မင်းတစ် ယောက်မြင်တွေ့ခဲ့ရင်
စာနာ စိတ်ကြင် နာစိတ် တွေ
မွေးဖွားပေး နိုင် မလားပဲကွယ်။
        အယ်​ခဲလူ
အဖြည့်​ခံဘဝ ( စွမ်းဈာန်​မြင့်​မိုရ်​ )
အကြွေပန်း ဆိုတာ
ရှုနမ်းသူမရှိမို့ နွမ်းလျှခဲ့တာ
သဘာဝ ပါကွယ်
တံချူနဲ့လှမ်းလို့ခူးယူတဲ့ ပန်းက 
ဆံ ကေ သာမှာ တစ် နေ ရာယူပြီး
အလှ စွမ်း အင် ဖြည့် ခဲ့ ပေ မဲ့
ညှိုး နွမ်း တဲ့ ချိန် အခါ
ကေ သာ မှာ နေ ရာ ပျောက်
လမ်း ပေါ်ရောက် ပန်း အဖြစ်
စွန့်ပစ် ခံ သော က များနဲ့
နင်း လို နင်း ကျော် လို ကျော်
အရောင် မ ပေါ် ရနံ့ပျယ် ပြီမို့
ပန်း က လေးရယ်
တူ ညီတဲ့ တို့ဒုက္ခ
သူ့ဘဝ လှပ အောင်
အ ဖြည့်ခံ ပဲ ပေါ့ကွယ်
ဝေဒနာပုံရိပ်​ (အယ်​ခဲလူ)
အခန်း လေးထဲ
ကြိုး ပြတ် နေတဲ့
ဂီတာ အိုလေး ရယ်
ချောက် သွေ့ မှေး မှိန်နေတဲ့
ပန်း ချီ ကား မ လှ တ လှ ရယ်
နောက်ပြီး
ဝေဒနာ ​ရေ တိမ် နစ် နေတဲ့
ကိုယ် ရယ် ပေါ့
ဘဝ တူ သုံးဦးသား
အတိတ် အကြောင်း
အရိပ် ဟောင်း တွေကို
မေ့ ပြစ် ဖို့ ကြိုး စားမိကြ တရ်
ဒါပေ မဲ့ လေ
မေ့ပြစ်ဖို့ကြိုးစားလိုက်တိုင်း
အရိပ် ဟောင်းက
သူ အကြောင်းများ က ပေါ် လာ
ဘယ်လိုမှ မေ့ရန် မလွယ်ခဲ့ဘူး
ယောင်္ကျားတန် မဲ့မျက် ရည်တွေ
အခါခါ စတေးခဲ့ရပေါ့
သြော် ရက်စက် လိုက်တာ
ဝေဒနာ တွေ ရယ်
အသေ စော အောင်
တ မြေ့မြေ့ နှိပ်စက်
သက် ဆုံး တိုင်
ဖက် တွယ် နေ တော့ မှာလားကွယ်။