Sunday, March 16, 2014

အချစ်​နဲ့ခွဲခွာခြင်းကဗျာ

အချစ်​နဲ့ခွဲခွာခြင်းကဗျာ

လေတဟူးဟူးထဲ ကိုင်းပင်တွေ

 နှုတ်ဆက်တေးဆို ကညာပျိုလို
 နွဲ့ကာယိမ်းကာနဲ့ 
အညတရစမ်းချောင်းလေးနံဘေး 
သူ့ရဲ့မျက်​ရည်ကိုသုတ်
ငါ့ရင်​မှာ ပ၀ါအစုတ်​​စည်းပေးလိုက်တယ်

အနမ်းတစ်​ပွင့်နဲ့ ကမ်းလင့်မယ်ဆိုတဲ့ချစ်သူ 

ဘယ်အရာ ကို ဘာကပြန်စ
သေချာမှုအခန်းဗလာမှာ
စိတ်လှုတ်လှုတ်လေးပြုတ်မကျမီ 

ဒုံးဆိုင်းရူံးထွက်ခဲ့လေပြီ
ငါလေ...... ပြေးရင်းနဲ့ ငို၊
ငိုရင်းနဲ့ ပြေးခဲ့ပေမဲ့ 

ဟိုးအ​ဝေးဆီကငါ့ကိုချစ်သော
ငါ့ချစ်သူ သောင်ပြင်​မှာလူးနေခဲ့ပေါ့...။ ။