သန်းခေါင်ယံညဉ့်နက်အလယ်
အိပ်စက်လို့မရတာကြောင့်
ဝရံတာတိုင်အိုကိုမှီထိုင်ရင်း
ကြယ်စင်တွေနဲ့
စကားပြောနေမိတရ်
ကြယ်စင်လေးတွေက
ငါကိုမေးကြတရ်
မင်းချစ်သူကော
မတွေ့မိပါလားတဲ့
ငါဘယ်လိုဖြေလိမ့်ရမလဲ
တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့
အတိက်ရဲ့အနာတရတွေက
တိုးလို့နာကျင်လာခဲ့တရ်
မျက်ဝန်းအိမ်မှတွဲခိုနေတဲ့
ပုလဲလုံးလေးတွေက
ငါ့ကိုလှောင်ပြောင်နေခဲ့တရ်
ညဉ့်နက်နက်
လေပြေလေးတွေက
ငါ့ကိုယ်ကိုတအားပွေ့ဖက်
မညာမတာငါ့ကို
ကျီစယ်လို့နေပြန်တရ်
အော်---ချစ်သူရယ်
သက်မဲ့ဖြစ်တဲ့
သဘာဝတရားတွေတောင်
ငါ့ကိုစာနာကြသေးတရ်
အဖေါ်ပြုပေးဖေါ်ရသေးတရ်
ချစ်ပါတယ်လို့
မင်းနှုတ်ခမ်းလှလှလေးက
တစ်ဖွဖွပြော
ပြောတတ်လိုက်တာကွယ်
မင်းနုတ်ခမ်းလှလှလေးတွေမှာ
အပေါ်ယံပျားရည်ဆမ်းထားမှန်း
အခုမှပဲ ငါသိတော့တယ်
ဒါပေမဲ့
နောက်ကျခဲ့ပြီလေ....
မင်းကိုချစ်တဲ့ငါ့အချစ်များက
အသွေးထဲအသားထဲသို့
စီးဆင်းစိမ့်ဝင်သွားခဲ့လေပြီ
ဟင်----ရှိနှင့်စေတော့လေ
ဒီဝေဒနာနဲ့အသေစောရလဲ
ငါပျော်နေမှာပါ
မင်းကိုတော့
ဆုတောင်းပေးလိုက်တရ်
ငါ့ဖြစ်စဉ်လို ငါခံစားရသလို
မင်းမဖြစ်ပါစေနဲ့
မခံစားရပါစေနဲ့ကွယ်။
အိပ်စက်လို့မရတာကြောင့်
ဝရံတာတိုင်အိုကိုမှီထိုင်ရင်း
ကြယ်စင်တွေနဲ့
စကားပြောနေမိတရ်
ကြယ်စင်လေးတွေက
ငါကိုမေးကြတရ်
မင်းချစ်သူကော
မတွေ့မိပါလားတဲ့
ငါဘယ်လိုဖြေလိမ့်ရမလဲ
တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့
အတိက်ရဲ့အနာတရတွေက
တိုးလို့နာကျင်လာခဲ့တရ်
မျက်ဝန်းအိမ်မှတွဲခိုနေတဲ့
ပုလဲလုံးလေးတွေက
ငါ့ကိုလှောင်ပြောင်နေခဲ့တရ်
ညဉ့်နက်နက်
လေပြေလေးတွေက
ငါ့ကိုယ်ကိုတအားပွေ့ဖက်
မညာမတာငါ့ကို
ကျီစယ်လို့နေပြန်တရ်
အော်
သက်မဲ့ဖြစ်တဲ့
သဘာဝတရားတွေတောင်
ငါ့ကိုစာနာကြသေးတရ်
အဖေါ်ပြုပေးဖေါ်ရသေးတရ်
ချစ်ပါတယ်လို့
မင်းနှုတ်ခမ်းလှလှလေးက
တစ်ဖွဖွပြော
ပြောတတ်လိုက်တာကွယ်
မင်းနုတ်ခမ်းလှလှလေးတွေမှာ
အပေါ်ယံပျားရည်ဆမ်းထားမှန်း
အခုမှပဲ ငါသိတော့တယ်
ဒါပေမဲ့
နောက်ကျခဲ့ပြီလေ....
မင်းကိုချစ်တဲ့ငါ့အချစ်များက
အသွေးထဲအသားထဲသို့
စီးဆင်းစိမ့်ဝင်သွားခဲ့လေပြီ
ဟင်----
ဒီဝေဒနာနဲ့အသေစောရလဲ
ငါပျော်နေမှာပါ
မင်းကိုတော့
ဆုတောင်းပေးလိုက်တရ်
ငါ့ဖြစ်စဉ်လို ငါခံစားရသလို
မင်းမဖြစ်ပါစေနဲ့
မခံစားရပါစေနဲ့ကွယ်။