Sunday, March 16, 2014

အလွမ်းပင်​လယ်​ ❆ ​ငွေလဝန်း❆

ချစ်သူရယ်
အထီးကျန်ဘဝနဲ့
အလွမ်းပင်လယ်ထဲမှာ
ထားခဲ့တော့မှာလား
ကမ်းစပ်ကိုမရောက်နိုင်တော့ဘူးလို့ ချစ်သူထင်ခဲ့ရင်လဲ
ဒိုင်ယာရီတစ်ခုနဲ့
မှတ်တမ်းပြုထားစေချင်တယ် ချစ်သူ
ငါအလွမ်း ပင်လယ်ထဲက
လွတ်မြောက်ချိန်မှာ
ကမ်းလက်ပေးပြီး
ကြိုဆိုနိုင်မလားကွယ်
အချစ်တစ်ခုနဲ့
ဘဝတည်ဆောက်နေတဲ့
ငါ့ဘဝကို
အလွမ်းပင်လယ်ထဲမှာ
မထားခဲ့ပါနဲ့
ချစ်သူ

❦ ​ငွေလဝန်း❦