Sunday, March 16, 2014

အပယ်​ခံနှလုံးသား ♕​ငွေလဝန်း♕

မင်းလေးရယ်
ငါ့ရဲ့ဘဝပေးကံတရားက
မနှင့်ပတ်သက်ခဲ့ရင်
အပယ်ခံနှလုံးသား​လေးပါ
ဪ...ဘဝရယ်
ရက်စက်လိုက်တာကွယ်
အချစ်နဲ့ပတ်သက်သမျှ
အရှုံးနဲ့သာရင်ဆိုင်နေရသူငါ့ကို
ခံစားချက်တွေ
မျက်ရည်စက်တွေနဲ့
ဘဝရဲ့ ကြင်ဖေါ်အဖြစ်
သတ်မှတ်ထားတာလားကွယ်
ဒီလိုခံစားတတ်တဲ့
နှလုံးသားများမရှိဘူးဆိုရင်
ဘယ်လောက်ကောင်းလိမ့်မလဲနော်
အခုတော့လေ....
နှလုံးသားကိုဖေါက်ထုတ်ပြီး
ပေးလို့ရမယ်ဆိုရင်
ပေးလိုက်ချင်ပါရဲ့
မခံစားချင်တော့
လို့ပါကွယ်

♕ ♥♕ N L W ♥★♥