ဖူးပွင့်စပန်းပမာလို
လှသွေးကြွယ်နေပါလား
မင်းလေးရယ်
နူးညံ့လှတဲ့
မင်းရဲ့အပြုံးပွင့်ထဲမှာ
နစ်မျောခဲ့ရသူပါ
ဟန်ဆောင်ပြီး
ပြုံမပြတတ်သူမို့
မင်းလေးဆီသို့
လှမ်းချင်ခဲ့ပေမဲ့
မှဲ့ကာရွဲ့ကာနဲ့
မင်းငြိုငြင်နေမှာကိုတော့
ကြောက်နေမိတယ်
လှမ်းခဲ့ပါ
ငါ့ရင်ခွင်ဆီသို့လို့
မင်းနှုတ်ခမ်းပါးလွှာအောက်က
ဖိတ်ခေါ်သံကိုတော့
ငါ့ရင်မှာစောင့်မျှော်နေဆဲပါ
ကံကြမ္မာရဲ့မျက်လှည့်ပြမှုအောက်မှာ
ပျောက်ကွယ်သွားတော့မှာလား
ကြည်လင်ဝင်းပလှတဲ့
မင်းရဲ့ညို့မျက်ဝန်းတစ်စုံက
ငါ့ကိုအရှိုက်တစ်ခု
ဖြစ်စေခဲ့တယ်
မင်းလေးရယ်
လှသွေးကြွယ်နေပါလား
မင်းလေးရယ်
နူးညံ့လှတဲ့
မင်းရဲ့အပြုံးပွင့်ထဲမှာ
နစ်မျောခဲ့ရသူပါ
ဟန်ဆောင်ပြီး
ပြုံမပြတတ်သူမို့
မင်းလေးဆီသို့
လှမ်းချင်ခဲ့ပေမဲ့
မှဲ့ကာရွဲ့ကာနဲ့
မင်းငြိုငြင်နေမှာကိုတော့
ကြောက်နေမိတယ်
လှမ်းခဲ့ပါ
ငါ့ရင်ခွင်ဆီသို့လို့
မင်းနှုတ်ခမ်းပါးလွှာအောက်က
ဖိတ်ခေါ်သံကိုတော့
ငါ့ရင်မှာစောင့်မျှော်နေဆဲပါ
ကံကြမ္မာရဲ့မျက်လှည့်ပြမှုအောက်မှာ
ပျောက်ကွယ်သွားတော့မှာလား
ကြည်လင်ဝင်းပလှတဲ့
မင်းရဲ့ညို့မျက်ဝန်းတစ်စုံက
ငါ့ကိုအရှိုက်တစ်ခု
ဖြစ်စေခဲ့တယ်
မင်းလေးရယ်