Saturday, August 30, 2014

ည. -​နောင်​ရိုး{​ကြောင်​စား}



အ​မှောင်​ည​တွေကို
အလွမ်း​တွေက ထပ်​​လောင်းအုပ်​မိုးထားချိန်
ငါ့ကမ္ဘာငယ်​ဟာ.......
ငရဲခန်းတစ်​ခုလို​တောက်​​လောင်
လောင်​မြိုက်​​နေ​ရော့သလား..။
ဝေဒနာ​တွေထုပ်​ပိုးလာခဲ့တာ
သက္ကရာဇ်​​ပေါင်းများစွာပုပ်​သိုးခဲ့​ပေမယ့်​....
နတ်​မိမယ်​တစ်​ပါးရဲ့​ခြေရာ
ဟောဒီ့ရင်​ဘတ်​ထဲမှာ
ဒဏ်​ရာ​တွေအဖြစ်​ထင်​ကျန်​​နေဆဲပါ...။
ဒီလိုအထီး​ဝေဒနာညများစွာ
ဝေဒနာ​တွေအဖြစ်​ငါ့ကိုတစ်​ဆစ်​ကိုက်​ခဲ
အဲဒီညများဟာ...
အတိတ်​ကအရိပ်​တို့နဲ့
ငါ့မနက်​ဖြန်​​တွေကိုပိတ်​ဆို့
အနာဂတ်​​တွေကို​မှောင်​မိုက်​​စေခဲ့တယ်​​လေ...။

နောင်​ရိုး{​ကြောင်​စား}

Photo. (နေဝန်းသစ်)

Photo. - နေဝန်းသစ်

စတေးခံအချစ် - နေသန်

စတေးခံအချစ်

အချစ်ဆိုတာ တခါတရံမှာ
အရက်လိုပဲ လူကိုမူးယစ်စေတယ်
ဘဝလည်း ပျက်စေတတ်တယ်
တခါတရံမှာအသက်တောင်
ဆုံးရှုံးစေပါတယ်
ဘဝလည်းပျက်စေတယ်
တခါတရံမှာတော့...
အရသာအလွန်ကောင်းတဲ့ နတ်ထမင်းဟင်းနဲ့တောင်မလဲနိုင်ဘူး
ဒါပေမယ့်
ဘယ်လောက်ချစ်တယ်ပြောပါစေ...
ယုံလို့မရတဲ့အထဲမှာ
အချစ်လည်းအပါအဝင်ပါ


နှလုံးသားဖြင့်ရင်း၍ရေး သည် နေသန်

တစ်လွဲမာန(4)

တစ်လွဲမာန(4)

ငါ့.....နောက်ဆုံးထွက်သက်ကို
မင်းရင်ခွင်ထဲမှာ ကုန်းဆုံးစေဖို့
ဟိုးးးးးးအရင်တစ်ခါက
ငါ့ရဲ့တောင်းဆိုမှုကိုကော
မင်း မှတ်မိပါသေးရဲ့လား...

 

တစ်လွဲမာန (၃)

တစ်လွဲမာန (၃)

မင်း.....ငါ့ကို
အမှန်တကယ်မုန်းတယ်ဆိုရင်
မင်းကိုယ်တိုင်မှေးစက်ခဲ့တဲ့
ဟော့ဒီရင်ခွင်ကို
မင်းလက်သည်းချွန်ချွန်တွေနဲ့ ထိုးစိုက်ပြီး
ဟားတိုက်ရယ်မောလိုက်စမ်းပါ....

 

တစ်လွဲမာန (၂)

တစ်လွဲမာန (၂)

မျက်ရည်တွေဝဲနေပါရက်နဲ့
မင်းကဘာ့ကြောင့်
ရက်စက်ချင်ရတာလည်း
မျက်ရည်မကျကြေးလို့
စိန်ခေါ်မိခဲ့ရင်တောင်
ငါတို့နှစ်ယောက်စလုံး
ငိုကြွေးနေမိခဲ့မှာအမှန်ပဲလေ....

 

ဝေးကွာနေချိန်..... ချစ်ပိုင်{မကွေး}ကူရှည်

ဝေးကွာနေချိန်.....
ရာသီတွေ အထပ်ထပ်နဲ့
အလွမ်းခြေရာတွေ
အပ်ကြောင်းထပ်ခဲ့ပါပြီ
ချစ်သူရယ်...
ချစ်ခဲမိတဲ့ ဒို့နှစ်ယောက်
ဘဝတွေမှာ
အနီးကပ်ဆုံး နှစ်လုံးသားရှိပေမယ့်
ဘဝဆိုတာ တိမ်တွေလိုပဲ မဟုတ်လား
ဝေးလွင့်ခြင်းကို မှီတွယ်ရင်း သက်ပြင်းမောတွေရဲ့ အဆုံး
ဘယ်အချိန်ထိများ
ဝေးနေရအုံးမလဲကွယ်
ချစ်သူရယ်...

ချစ်ပိုင်{မကွေး}ကူရှည်

 

အဝေးရောက်နေပေမဲ့ - ချစ်ပိုင်{မကွေး}ကူရှည်

အဝေးရောက်နေပေမယ့်
ရွေ့ လျားနေတဲ့
စက္ကန့်တိုင်းမှာ
သတိရနေပါတယ်
ချစ်သူ...

ချစ်ပိုင်{မကွေး}ကူရှည်

 

အလင်းနစ်မရှိတဲ့ကြယ် - ဒီလွမ်းနောင်(အမရပူရ)

အလင်းနစ်မရှိတဲ့ကြယ်

ဇလပ်ပန်းတွေ တောင်စဉ်ရေမရ
ပြန့်ကျဲနေတဲ့ ကန္တာရ...
နှင်းတွေလို မြူတွေလို
လျှာအရိုးမရှိတိုင်း
ပြောချင်နေတဲ့ လွင်ပြင်...
သူမစိတ်ကြိုက် ပစ်ခတ်ဖမ်းဆီးသွားခဲ့တဲ့ ခရမ်းလွန်ရင်ခွင်
နေ့နဲ့ညကို ပြန်ကာဖြေသိမ့်
အလဲလဲအကွဲကွဲ သံယောဇဉ်လေး ငါ့သက္ကရာဇ်မှာလွဲခဲ့တယ်...။

ဒီလွမ်းနောင်(အမရပူရ)

 

Friday, August 29, 2014

ရင်ပူရာသီ - ကိုဖြိုး(ပုလဲ)

ရင်ပူရာသီ
-------
ဒီရာသီကိုက
နှင်းမှုန်တွေကြားတောင် ရင်ပူတဲ့ရာသီ
ခြောက်နှစ်တာ ဖေဖော်ဝါရီတွေကို
ကျော်ဖြတ်ပြီးနောက်
မပြီးမြောက်သေးတဲ့ ငါ့ချစ်ခြင်း
အဝေးက နှင်းစက်တွေလို ဝိုးတဝါး
ကိုးယိုးကားယားနဲ့ပေါ့
ဖြေမဆည် အလွမ်းတွေနဲ့
မြေဟီးပေါက်ခဲ့ မျက်ရည်
နှင်းစက်တွေနဲ့ ရောထွေး
မျော်လင့်နေပေမယ့်
တကယ်တော့ဝေး
အတွေးတို့ဖြင့်ပင်
ဖေဖော်ဝါရီ ဝင်ခဲ့ပြန်ပြီ
အမှတ်မရှိတဲ့ နှလုံးသား
နှင်းများကြား ပြေးလွှာ
ကလေးရယ်
်မောင့်ရင်ထဲက ဆောင်းရာသီမှာ
ခဏလောက် မှေးစက်ပါလား...

ကိုဖြိုး(ပုလဲ)
မုံရွာမြေက ကလေးသို့

ရင်တွင်းဆန္ဒ. - ကိုဖြိုး(ပုလဲ)

ရင်တွင်းဆန္ဒ
---------
'-

lover...
ဖြစ်နိုင်ရင် တစ်ရက်လောက်
မောင့် ကိုလွမ်းခွင့်ပေးပါလားဟာ...
အလွမ်းဒဏ် သိပ်သည်းဆ တွေ
အိပ်မက်လို့မသတ်မှတ်ခဲ့
ဆားငန်ရေနောက်..
loverရယ်,..
ဖြစ်နိုင်လောက်ပါမယ် ထင်ပါတယ်
မလွင်ြ့ပယ်သေး မပျက်ရယ်သေး
မိုးတိမ်လွှာထုတွေရဲ့အောက်မှာ
တို့နှစ်ယောက်ရဲ့ သံယောဇဉ်
loverရေ.,.
နံရံစည်းတစ်ဖက်ခြား
တိတ်တိတ်လေးပဲ
ငိုကြွေးမနေခြင်းဘူးကွယ်...

ကိုဖြိုး(ပုလဲ)
မုံရွာမြေက ကလေးသို့

lover....ကိုဖြိုး(ပုလဲ)

lover...

ဖြစ်နိုင်ရင် တစ်ရက်လောက်
မောင့် ကိုလွမ်းခွင့်ပေးပါလားဟာ...
အလွမ်းဒဏ် သိပ်သည်းဆ တွေ
အိမ်မက်လို့မသတ်မှတ်ခဲ့
ဆားငန်ရေနောက်..

loverရယ်,..
ဖြစ်နိုင်လောက်ပါမယ် ထင်ပါတယ်
မလွင်ပြယ်သေး မပျက်ရယ်သေးတဲ့
မိုးတိမ်လွှာထုတွေရဲ့အောက်မှာ
တို့နှစ်ယောက်ရဲ့ သံယောဇဉ်

loverရေ.,.
နံရံစည်းတစ်ဖက်ခြား
တိတ်တိတ်လေးပဲ
ငိုကြွေးမနေခြင်းဘူးကွယ်...

ကိုဖြိုး(ပုလဲ)
မုံရွာမြေက ကလေးသို့

lover....ကိုဖြိုး(ပုလဲ)

lover...

ဖြစ်နိုင်ရင် တစ်ရက်လောက်
မောင့် ကိုလွမ်းခွင့်ပေးပါလားဟာ...
အလွမ်းဒဏ် သိပ်သည်းဆ တွေ
အိမ်မက်လို့မသတ်မှတ်ခဲ့
ဆားငန်ရေနောက်..

loverရယ်,..
ဖြစ်နိုင်လောက်ပါမယ် ထင်ပါတယ်
မလွင်ပြယ်သေး မပျက်ရယ်သေးတဲ့
မိုးတိမ်လွှာထုတွေရဲ့အောက်မှာ
တို့နှစ်ယောက်ရဲ့ သံယောဇဉ်

loverရေ.,.
နံရံစည်းတစ်ဖက်ခြား
တိတ်တိတ်လေးပဲ
ငိုကြွေးမနေခြင်းဘူးကွယ်...

ကိုဖြိုး(ပုလဲ)
မုံရွာမြေက ကလေးသို့

လမိုက်ည. - သက်ပိုင်

လမင်းရယ်.....
အမှောင်အတိနဲ့ အကြီးတန်နေတဲ့ညကို
ငါလဲ ဘယ်လိုချင်ပါ့မလဲ။

လမင်းရဲ့ အလင်းရောင်အောက်မှာ
ငါ့ဘဝလေး သာယာလှပချင်တာပေါ့ ။

ဒါပေမယ့်....
လမင်းလေးရယ်
သဘာဝတရားက ငါ့ကို
ဒဏ်ခတ်ထားသလားပဲ။

လမင်းနားလည်းမယ်ဆိုရင်
သူများတွေထက် ဆယ်ဆမက
တမ်းတလိုက်ချင်ပါတယ် ။

လမင်းမရှိရင် ကိုယ့်ဘဝက
လမိုက်ည ပါပဲ" လို့ ။ ။ ။

သက်ပိုင်

အတွေးနဲ့လက်တွေ့ ( ဆောင်းသခင် )

ခပ်ရေးရေးဟပ်နေတဲ့
မီးရောင်ရဲ့လင်းကိုအားပြုပြီး
ကြမ်းတမ်းတဲ့ခရီးကို လျှောက်
ဆူးငြှောင့်ခလုတ်ကိုလဲ
မ ကြောက်ခဲ့တာအမှန်ပေါ့
မနီးသေးတဲ့ပန်းတိုင် ကို
မျော်မှန်းဆ ပင်ပန်းသမျှတောင်
မတွေးဝံ့
တဒင်္ဂအေးချမ်းလိုက်တာ
(စိတ်ကူးထဲမှာပေါ့)
(လက်တွေ့ကျတဲ့)
အပြင် ကဘဝမှာ
ကောင်းကင် ကိုမော့ကြည့်လိုက်တိုင်း
ငါ့မျက် ရည်တွေဝိုင်းနေခဲ့တာ
ဘာကြောင့်ပါလိမ့်
စာရေးဆရာဘီတိုဘင်က ပြောတယ်
ကိုယ့်မှာရှိတဲ့အစွမ်းအစကို ထုတ်ကြည့်တဲ့လေ
အားကျလို့လျောက်လှမ်း ကြည့်ခါမှ
ငါ့ဖိနပ်ကြိုးပြတ်နေမှန်း သိတော့တယ်...

ဆောင်းသခင်

မော - Thushin{kalay}

တိတ်​ဆိတ်​သွားတဲ့
သူ့အပြုံးကို
မျှော်​ရည်တမ်းတ
လွမ်းရသည်​က `​မော´ ။

မ​ရေရာတဲ့ ​ရှေ့ခရီးကို
မျှော်​ရည်​ မှန်းဆ
လှမ်းရသည်​က `​မော´။

မချစ်​​တော့တဲ့ သူ့ကိုမှ
မျှော်​လင့်​ တမ်းတ
ငမ်းရသည်​က `​မော´။

ဪ..တစ်​​နေ့တစ်​​နေ့နဲ့
မှိန်​မှိန်​ကျသွားတဲ့ ငါ့အလင်း
အားမာန်​တင်းလို့
ပြန်​ပြန်​ထွန်း​နေရသည်​ကလည်း`
"​မော"..။

Thushin{kalay}

အီကွေးရှင်း - ဒီလွမ်းနောင်(အမရပူရ)

ကိုယ့်အရေခွံ ကိုယ်ပြန်ထွန်းနေတဲ့
မီးတိုင်ရေ...
တိမ်မဖြစ်နိုင်တဲ့ အထာတွေနဲ့
အာဖရိကကိုမေးကြည့်
အန္တာတိုက်မှာ
ရေခဲတွေမရောင်းဘူး
သုဿာန်မှာကျင်းတူးတိုင်း
ယင်ကောင်တွေ
ဓါးသွားပေါ်မနားဘူး
နာရီစဉ်တွေရဲ့
အချိန်မမှန်ခြင်းမှာ
ကိုယ်တိုင်ကတ္တားပေါ်
တက်ကြည့်ပါ ပြီးမှ
ငါတို့ကို ဒိုင်လာလုပ်ပါ...။

ဒီလွမ်းနောင်(အမရပူရ)

 

အီကွေးရှင်း - ဒီလွမ်းနောင်(အမရပူရ)

ကိုယ့်အရေခွံ ကိုယ်ပြန်ထွန်းနေတဲ့
မီးတိုင်ရေ...
တိမ်မဖြစ်နိုင်တဲ့ အထာတွေနဲ့
အာဖရိကကိုမေးကြည့်
အန္တာတိုက်မှာ
ရေခဲတွေမရောင်းဘူး
သုဿာန်မှာကျင်းတူးတိုင်း
ယင်ကောင်တွေ
ဓါးသွားပေါ်မနားဘူး
နာရီစဉ်တွေရဲ့
အချိန်မမှန်ခြင်းမှာ
ကိုယ်တိုင်ကတ္တားပေါ်
တက်ကြည့်ပါ ပြီးမှ
ငါတို့ကို ဒိုင်လာလုပ်ပါ...။

ဒီလွမ်းနောင်(အမရပူရ)

 

သေပျော်ပါပြီးဆိုတဲ့ကျေနပ်မှုမျိုး - မောင်ဇေမင်း(ပွား)

(သေပျော်ပါပြီးဆိုတဲ့ကျေနပ်မှုမျိုး)

ကျေးဇူးပါဟာ
အရာရာဆုံးရှုံးပြီထင်နေတာ
Viberထဲက
Blockကိုဖျက်ပေးပြီး
ငါ့တောင်းဆိုချက်ကို
လိုက်လျောပေးတယ်နော်
ဘာမျော်လင့်ချက်မှ
မရှိတော့တဲ့ငါ့အတွက်
သေပျော်ပါပြီ...ဆိုတဲ့
ကျေနပ်မှုမျိုးကို
ငါရရှိလိုက်တာပဲ။ ။

မောင်ဇေမင်း(ပွား)

 

မရှိမဖြစ် (လျှို့ဝှက်လွမ်း)

မရှိမဖြစ် (လျှို့ဝှက်လွမ်း)

လွမ်းသည်ကနွေ
ဆွေးသည်ကဆောင်း
ဝေးသည့်မိုးသည်း
ရာသီထဲ၌ မျက်ရည်စဲဖို့
မင်းလိုသည်....

လျှို့ဝှက်လွမ်း

 

ဧည့်သည်မာယာ (လျှို့ဝှက်လွမ်း)

ဧည့်သည်မာယာ (လျှို့ဝှက်လွမ်း)

တစ်ခဏတာ အလည်လာသူ
ရင်တွေပူအောင် လုပ်ခဲ့သည်
ရက်မကြာဝေး ဒီရင်ဆွေး
အလွမ်းဘေးလေး တွေ့ရပြီ

လျှို့ဝှက်လွမ်း

 

ထာဝရထက်ကငါ (လျှို့ဝှက်လွမ်း)

ထာဝရထက်ကငါ (လျှို့ဝှက်လွမ်း)

အရောင်ခပ်မှိန်မှိန်
ငိုကြွေးခြင်းနောက်ကွယ်က
နာမည်ဆိုးဆိုးနဲ့
အလွမ်းမိုးတွေစွေနေတာ
အညှာအတာမဲ့တဲ့ နင်ကတော့ သိပါလေစ
ထာဝရလို့အမည်တပ်ပြီး
ချစ်ခဲ့ရတာ ငါပါ
ဒါတောင်မှ
အရိပ်ဆိုးနဲ့ အရိပ်ထိုးတဲ့နင်က
ငါ့ရဲ့ထာဝရကို ဖျက်သိမ်းခိုင်းတယ်
မရဘူး မအဝှာ
ထာဝရဆိုတာ
တစ်ရက်မပျောက်ခင်က
တစ်ရက်ရောက်နှင့်ပြီးသားဆိုတာ
နင်သိခဲ့တဲ့တစ်နေ့
ထာဝရရင်ခွင်မှာ
ထာဝရနားခိုဖို့ မမေ့ပါနဲ့
ဒါလေးတော့
ထာဝရမှတ်ထားလိုက်ပါ...

လျှို့ဝှက်လွမ်း

 

''ရောက်တတ်ရာရာများ'' အရှင်ဇနက ( နောင်မို )

''ရောက်တတ်ရာရာများ''
အရှင်ဇနက ( နောင်မို )

''ရှုး-တိုးတိုး''
တစ်ခါက ပိုက်ဆံချမ်းသာသော
အမျိုးသ္မီးတစ်စုဟာ ဘုရားဖူး ခရီးအဖြစ်
အိန္ဒိယနိုင်ငံသို့ သွားကြဖို့ တိုင်ပင်ပြီး
အစီအစဉ်ဆွဲကြရာ ခေါင်းဆောင်ဖြစ်သူက
ငါတို့ကိုးကွယ်တဲ့ ဘုန်ကြီးကိုပါ
ပင့်သွားကြဖို့ အဆိုပြုပါတယ်။

အားလုံးက သဘောတူတော့
ဆရားဘုန်းကြီးပင့်ဖို့အတွက်
ဘုန်းကြီးကျောင်းသွားကြပါတယ်။

ဘုန်းကြီးက လူစုံတတ်စုံနဲ့
ဘာလျှောက်ထားစရာရှိလို့ပါလဲ.?လို့
မေးတော့ ခေါင်းဆောင်က
တပည့်တော်တို့
အိန္ဒိယဘုရားဖူးသွားမလို့
လာပြီးတော့ -----------။
ရှုး---
တိုးတိုး ။။။
တောင်ကြည့်မြောက်ကြည့်နဲ့
ဘာဖြစ်လို့လည်းဘုရား။

အေး နင်တို့ လျှောက်ကြားတာကို ကျောင်းဦးခန်းက
ဘုရားကြားသွားပါဦးမယ်။


 

Thursday, August 28, 2014

အချစ်ကြောင့် (လျှို့ဝှက်လွမ်း)

အလွမ်းကလေး တေးလိုသီ
ကာရန်တွေကမညီ
မညီမညာကာရန်များ
အချစ်နဲ့ဖွဲ့ဆိုထား
ကြင်နာသူလေးသိဖို့ရည်
ကဗျာတေးကိုစီ
အလွမ်းသဲပန်း
ကဗျာများ
အချစ်ကြောင့်ပေလား...

လျှို့ဝှက်လွမ်း

 

သူသိပါစေ (လျှို့ဝှက်လွမ်း)

တစ်နေ့တစ်ခေါက်
အရောက်မလာနိုင်ပေမယ့်
တစ်စုံတစ်ယောက် မျှော်နေမှာတော့သိပါတယ်
ဒါ့ကြောင့်လေ
တမ်းတကဗျာ
လွမ်းရစာကို
တမ်းတလို့ရေး
လွမ်းလို့ရေးသည်
ချစ်သူမင်းလေး
စာနာပေးပေါ့....

လျှို့ဝှက်လွမ်း

 

ဆောင်းငှက်တွေရဲ့ ငိုရှိုက်သံ (ဆောင်းသခင်)

တစ်ယောက်နဲ့တစ်ယောက်
နှုတ်ဆက်တဲ့အချိန်မှာ
မနက်ဖြန်ဆိုတဲ့ နေ့ရက်ကလေးမရှိရင်
သိပ်ကောင်းမှာပဲ ဆောင်းရယ်
ထားခဲ့လို့နေခဲ့ရတယ်
နှုတ်ဆက်လို့လက်ကာပြရတယ်
လှည့်ကြည့်လို့ပြုံးပြရတဲ့
ငါ့ရဲ့အဖြစ်တွေ
ဆောင်းသာသိခဲ့မယ်ဆိုရင်ပေါ့
စိတ်ကူးနဲ့အိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့ဆိုတာထက်
ပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ဘဝဟာလည်း
ဆောင်းပေးခဲ့တဲ့ အပြုံးတစ်ခုတည်းနဲ့
ကျေနပ်ခဲ့ရသူပါ ဆောင်း
မရေမရာ မသေချာတဲ့
ငါ့အနာဂါတ်တွေအတွက်
ငါ့ဘဝအတွက် ခရီးဆက်ရမဲ့
ငါမျှော်လင့်တဲ့
ပန်းတိုင်ကို ရောက်ဖို့ဆိုတာ
ဆောင်းရဲ့အပြုံးတစ်ခုတည်းသာ
အားအင်တွေဖြစ်ခဲ့ပါတယ်
ဝမ်းနည်းမှုတွေနဲ့
ကြုံတွေ့လာတိုင်း
ဆောင်းရှိရာကို အပြေးလာခဲ့ချင်ပေမယ့်
ဆောင်းကငါ့ကိုလေ....

ဆောင်းသခင်

 

Wednesday, August 27, 2014

ကောင်မလေး - time to life

"ကောင်မလေး"

မင်းဆီကအချစ်ကိုရယူဖို့ထက်...
ငါ့ရဲ့နှလုံးသားကိုပေးဆပ်ခွင်ရင်...
ကျေနပ်ပါပြီဟာ...
ဒါပေမယ့်...တစ်ခါတလေ...
စိမ်းကားတဲ့မင်းရဲ့အကြည့်တွေဟာ...
အေးစက်တဲ့ငါ့နှလုံးသားကို...
ရူးမတက်အောင် ခံစားစေခဲ့တယ်..
စာနာတက်တဲ့နှလုံးသားရှိရင်...
လိမ်ညာဖို့တော့မရည်ရွယ်လိုက်ပါနဲ့...
အမုန်းဆိုတဲ့ဝေဒနာဟာ...
ဒို့ရင်ခွင်မှာ...အခံရခက်ဆုံးမို့ပါ...။

(time to life)

ငါ - (love my life)

"ငါ"...

ငါသာတော်ဝင်... ပန်းသဇင်ဟု
ပင်ယံထက်၌  မာန်သွင်းကျော်ဇော အလှထင်ပေါ်၏...
အမြင့်မှတစ်နေ့...အောက်သို့ကြွေကျ
မြက်ပင်တွေက...ဟားတိုက်ကာဖြင့်...
ရယ်မောလိမ့်မည်...

(love my life)

Photo နေဝန်းသစ်

မြတ်ဆရာ...

မြတ်ဆရာ
ကလေးဘဝ ဟိုယခင်က
ကကြီးမှစ အ အဆုံးကြအောင်
သင်ကာပြလို့ ပြုံးပန်းတွေဝေ
ပီတိဖြာနေတဲ့ ဆရာ

ဆရာဘဝ အနေမကျပေမဲ့
ဇွဲမာန်အားသန် သည်းငြင်းခံပြီး
တပည့်တွေရဲ့စိတ်တွင်း
သုတနှင့်ပညာသွင်းကာ
ကျောင်းအိုပျက်မှာ နေရပေတာ
မြတ်ဆရာ....

 

သူနဲ့သာဆိုရင် - သက်ပိုင်

သူနဲ့သာဆိုရင်

လွယ်အိတ်ကလေးကို လွယ်
စာအုပ်လေးပိုက်ပြီး...
လှမ်းလျှောက်လာတဲ့
ကျောင်းသူလေးအလှက
အို .... ကဗျာဖွဲ့လို့တောင်
မမှီဘူးဗျာ....

ကျနော်ရှိတဲ့ဘက်ကို
ပြုံးကြည့်သွားတာလဲ
နှလုံးသားတစ်စုံလုံး
ဆွဲနှုတ်သွားသလိုပါပဲ ။

ကျောင်းသူလေးရယ်.....
နွေဖြစ်ဖြစ် မိုးပဲဖြစ်ဖြစ်
ပင်လယ်ဖြစ်ဖြစ် သမုဒ္ဒရာဖြစ်ဖြစ်ပေါ့ ...
မင်းလေးနဲ့သာဆို
ဖိနပ်မပါဘဲ ကမ္ဘာပတ်ရဲတယ် ။"


သက်ပိုင်
 

ချစ်သူမှမုန်းသူသို့ (လျှို့ဝှက်လွမ်း)

ချစ်သူမှမုန်းသူသို့ (လျှို့ဝှက်လွမ်း)

လေအပင့်မှာ ရွက်ကြွေသလို
နွေအဆင့်မို့ အသဲတွေကြွေပေမယ့်
ပန်းမဝေဘူး လွမ်းမနေဘူး
အလှမ်းတွေဝေးစေဦးတော့
ငါ့အသဲတွေက လန်းနေဦးမှာပါ

ချစ်တယ် အလိုမလိုက်ဘူး
ပိုမိုက်မှာစိုးတယ်
ချစ်တတ်တယ် မုန်းတတ်တယ်
အသုံးမချချင်တဲ့ အမုန်းတရားတွေကို
မင်းသုံးသွားပေမယ့် ငါပြုံးပြနိုင်ခဲ့တယ်
အခုလည်း ပြုံးပျော်ဆဲပါ
အဲဒီလိုပဲ
ချစ်နေဆဲပါ မုန်းခဲ့သူ

လျှို့ဝှက်လွမ်း

 

လွမ်းမျက်ရည် (လျှို့ဝှက်လွမ်း)

လွမ်းမျက်ရည် (လျှို့ဝှက်လွမ်း)

ဒူးထောက်ထားပေမယ့်
လက်မြောက်မထားဘူး ချစ်သူ
ငါ့ရင်ထဲက မင်းထွက်သွားမှာကြောက်လို့
ပွေ့ဖက်ထားမိဆဲပါ
အပြစ်ဒဏ် စီရင်ပြီးတဲ့
ငါ့အသဲတစ်ပိုင်းကို
အရက်ဝိုင်းထဲမှာ ငါမြင်ရတယ်
မျက်ရည်တွေလဲ လမင်းလိုတဲ့
ကလေးငယ်လိုပဲ
လွမ်းမိတိုင်းကို ကျနေဆဲ....

 

Tuesday, August 26, 2014

တောင်းဆု - ရေခဲတုံးလေး

ဝေးနေပေမယ့်လည်း
အတွေးထဲကို ရောက်လာပေးတဲ့
ချစ်သူမျက်နှာလေးကိုငေးရင်း
အဆွေးနဲ့တောင်းဆုပြုပါတယ်
ချစ်သူတစ်ယောက် ပျော်နိုင်ပါစေ

ရေခဲတုံးလေး

 

တောင်သမာန်ဝမ်းစာ - ဒီလွမ်းနောင်(အမရပူရ) ကလျာ/ဧပြီ/2014

တောင်သမာန်ဝမ်းစာ

အင်္ကျီဗလာကျွတ်နဲ့
တစ်နေ့တာ ငါးမျှားချိတ်တွေ
ပန်းကန်ပြား လှလှလေးထဲ
ဟွန်းတီးလိုက်ကြ...
ငြိမ်သက်နေသူတွေလက်အမြောက်
ပါးဟပ်တွေနာကျင်...
အိမ်အပြန်မေ့တတ်လို့
ချိန်ခွင်လျှာငေး ငေးရတာအမော..။

ဒီလွမ်းနောင်(အမရပူရ)
ကလျာ/ဧပြီ/2014

 

ချစ်နတ်ဆိုး. . . သီရိချစ်(မန်း)

မုန်းသွားမှာကြောက်ရတာလည်း
မင်းကြောင့်. . .
စွန့်လွှတ်မှုတွေ ရင်ဝယ်ပိုက်ပြီး
ထွက်ခွာသွားမှာကို ကြောက်ရတာလည်း
မင်းကြောင့်. . .
အဆင်မပြေမှုကို ဖန်တီးပြီး
နှလုံးသားကို နာကျင်အောင်
ဆော့ကစားနေတာလည်း မင်းပဲ . .
ငါ့ရဲ့အဘိဓာန်မှာ ငါဟာဘုရင်ပဲ
မင်းဝင်နှောက်ယှက်မှုကြောင့်
ငါလေ...အချစ်မှာကျရှုံးနေပြီ
ငါ့ရင်ထဲမှာ အမြဲကိန်းအောင်းနေတာ
ငါ့သက်ထက် တန်ဖိုးထားတဲ့ ငါ့ချစ်သူပဲ
မင်းရဲ့ချစ်ခြင်းကို ငါမနှောက်ယှက်သလို
ငါ့ရဲ့ ချစ်ဗိမာန်လေးကို စာနာပေးပါ. . .
ငါ့ရဲ့ချစ်ခြင်းမှာ ဖြူစင်မှုအနန္တနဲ့ပါ. .
ဆေးရောင်တွေခြယ်ဖို့
ငါတို့နောက်မလိုက်ခဲ့ပါနဲ့.
ငါတို့ချစ်သူနှစ်ဦးမှာ ကိုယ့်သမိုင်းကိုရေးဖို့
နှလုံးသားထပ်တူကြနေမှ
မင်းဝင်နှောက်ယှက်တယ်
ဝေးဝေးကို ထွက်သွားပေးပါ.
ချစ်နတ်ဆိုး. .ချစ်နတ်ဆိုး. . .

သီရိချစ်(မန်း)

 
ချစ်သူ.......

ကံကြမ္မာအခြေမပေးလို့
အပြန်တရာအနေဝေးပေမဲ့
အလံပမာ
လေသွေတိုင်း မလှုပ်ပါဘူး
ချစ်သူ....






ကဗျာပင်လယ် - lay ko (ကြေးစား)

အရေးသားကြွယ် "မြစ်ရေ"သဖွယ်
လှပစာသား "စမ်းရေ"အလား
မြင့်မားအဓိပ္ပါယ် "မိုးရေ"နှယ်
ပေါင်းကာဆုံဆည်း ရှု့မငြီးလို့
လှပနေတယ် ''ကဗျာပင်လယ်''

(ကဗျာပင်လယ်friendsများအတွက် အမှတ်တရ layko (ကြေးစား)မှ ရေသား
သီကုံးပေးသည် ....။)





Monday, August 25, 2014

အလွမ်းရှင် (လျှို့ဝှက်လွမ်း)

အလွမ်းရှင် (လျှို့ဝှက်လွမ်း)

အချစ်ကို ဆေးခါးကြီးနဲ့
ရောသောက်တဲ့ငါက
မင်းပေးတဲ့ အမုန်းဝေဒနာကို
မကြောက်တတ်ဘူး

အလွမ်းတွေအတွက်
ဘာနဲ့မှကုစားမရနိုင်မှန်းသိလျှက်
အသဲတွေ ငါ့လက်က
လွတ်ထွက်သွားခဲ့တယ်

အချစ်နဲ့ ပတ်သက်ရင်
ငါကအခုမှ လမ်းလျှောက်သင်ရတာပါ
ဒါပေမယ့်
ခြေထောက်နှစ်ဖက်စလုံးကို
ရိုက်ချိုးခံရတဲ့အတွက်
အလွမ်းဝှီးချဲပေါ်ထိုင်ရင်း
ပါးပေါ်မိုးတွေရွာမိတယ်

လျှို့ဝှက်လွမ်း

 

မမေ့ပါဘူးတဲ့ - မောင်ဇေမင်း(ပွား)

မမေ့ပါဘူးတဲ့

ရက်စက်လိုက်တာ
ကုန်ဆုံးခဲ့တဲ့ အချိန်တွေ
ဖြတ်ကျော်ခဲ့တဲ့ အိပ်ပျက်ညတွေ
မမေ့ပါဘူးဆိုတဲ့ စကားနဲ့
အသက်ဆက်ခဲ့တာလေ...
ကျဆင်းဆဲငါ့မျက်ရည်တွေကို
ငါအားနာမိတော့တယ်
ကာရံတွေနဲ့ကဗျာသီဖို့ထား
ခံစားချက်ကို လက်တန်းရေးဖို့တောင်
အနိုင်နိုင်ပါဟာ။ ။

မောင်ဇေမင်း(ပွား)

 

ချစ်သူသို့.... ချစ်ပိုင်{မကွေး}ကူရှည်

ချစ်သူသို့....

ချစ်လျက်နဲ့ အတွေးခတ်တဲ့
မနက်ဖြန်ပေါင်းများစွာကို
ဘယ်လို ရင်ဆိုင်ရမလဲ
ချစ်တိုင်းလဲ မညား
ညားတိုင်းလဲ မချစ်ဆိုတဲ့
စကားပုံလေးလို...
မတွေ့ရရင်တောင်မှ
နှိုင်းမရသော မေတ္တာ
မေ့မရသော အတိတ်
တွေးမရသော ပစ္စုပ္ပန်နဲ့
ထာဝရ
လွမ်းနေဆဲပါ...

ချစ်ပိုင်{မကွေး}ကူရှည်

 

မျိုးချစ်ဇာနည် - ချစ်ပိုင် {မကွေး} ကူရှည်

မျိုးချစ်ဇာနည်

နတ်သုဒ္ဓါတမျှ ချိုဆိမ့်လှသည့်
ဗန္ဓရသရက် နွယ်ခါးယှက်၍
အသက်ဆုံးရှုံး မျိုးတုံးခဲ့ရ
ရှေ့သာဝက ရှိခဲ့ကြ၏....

ဒို့..အမျိုးဘာသာ သာသနာသည်
ကမ္ဘာအလယ် ဂုဏ်ယူဘွယ်ဘိ
ချီးမွမ်းအသံ မိုးထိညံမျှ
သင်းပြန်လှ၏.....
 
ဒို့...အမျိုးဘာသာ သာသနာသည်
ဓွန့်ရှည်ကြာရေး နောင်လာရင်သွေး
သင်...ဘာလေးမွေးမလဲ
ဒေါ်လာမယား ဖော်ပြုထားပြီး တိုက်ကားကြီးပေါ် မြူးရွှန်ပျော်ပါး
အနှစ်မပါ အချစ်ညာတဲ့
နွယ်ခါးယစ်ခွေ အမျိုးဖျက်တွေကို
မြန်မာပြည်က မိန်းကလေးများ
ဘယ်လိုစဉ်းစားမလဲ....

ချစ်ပိုင် {မကွေး} ကူရှည်

လမ်း - ဒီလွမ်းနောင်(အမရပူရ)

''လမ်း''

ဟိုမှာကြည့်စမ်းပါ....
အစားထိုးမရတဲ့နာကျင်မှုတွေ...
ဒီမှာကြည့်စမ်းပါ
ဖီဆန်မရတဲ့ရှုံးနိမ့်ခြင်းတွေ...
သွေးနဲ့ရေးတဲ့မြေကို
သွေးနဲ့ထပ်မရေးဖို့
ငါတို့ခရီးကရှည်လွန်းတယ်...။

ဒီလွမ်းနောင်(အမရပူရ)

လမ်းပျောက်နေတဲ့ကြယ်... ဒီလွမ်းနောင်(အမရပူရ)

''လမ်းပျောက်နေတဲ့ကြယ်''

မရောက်ဘူးတော့လဲ
မင်းရဲ့လင်းအားကိုမသိနိုင်ဘူးပေါ့
မင်းကလည်းခပ်မှိန်မှိန်လေ...
သူတို့လူရာသွင်းတာထက်စာရင်
မင်းရဲ့မှိတ်တုတ်က
ပိုပြီးလင်းလက်ပါတယ်
နားလည်ပေးလိုက်ပါ
သူတို့ပါးစပ်က
အလင်းနစ်တွေတစ်နေ့ပိတ်မှာပါ
သူတို့ဆုတောင်းဖို့
ကြွေတဲ့ကြယ်တွေမှာ
မင်းနဲ့ငါမပါဘူး
သူငယ်ချင်း...။

ဒီလွမ်းနောင်(အမရပူရ)

 

ညရဲ့လမင်း - နှင်းဆီဝိုင်

ညရဲ့လမင်း
တမ်းတခြင်းဖြင့်
နှလုံးသားနှင့်
ငါစီးချင်းထိုးမိမှတော့
ငါ့အိပ်စက်ခြင်းတွေမဲ့ခဲ့ပေါ့
Rosy Wine
 

ပြန်​လာပါ - ​နောင်​ရိုး{​ကြောင်​စာ}

ပြန်​လာပါ

သက်​ပြင်း​တွေနဲ့အစပြုတဲ့
ပုံဆိုးပန်းဆိုးငါ့မနက်​ခင်းတိုင်းမှာ
အလွမ်းဆိုတာ.....
ငါသုံး​ဆောင်​​နေကျ ငါ့ရဲ့မနက်​စာ
ပြန်​လာပါ တခါက မနက်​ခင်း​လေး​ရေ
ဝေဒနာ​တွေထမ်းပိုးထားရတာ
ငါ့ရင်​ဘတ်​တစ်​ခုလုံးလဲ နွမ်းလျ​နေပါပြီ....
အလွမ်း​တွေသာ ပန်းအဖြစ
်​ပွင့်​တတ်​ခဲ့မယ်​ဆိုရင်
ငါ.....ပန်းဥယျာဉ်​​တွေ
ရေတွက်​မရနိုင်​​လောက်​​အောင်
ပိုင်​ဆိုင်​ထား​လောက်​ပြီ......
ပြန်​လာပါတခါကမနက်​ခင်း​လေး​ရေ...
တ​နေ့​နေ့ဆိုတဲ့.....
မျှော်​လင့်​ချက်​ခပ်​ပဲ့ပဲ့​လေး​တွေနဲ့
ငါ....အရုဏ်​ဦး​တွေကို​ရေတွက်​ရင်း....။

နောင်​ရိုး{​ကြောင်​စာ}

 

ခက်တော့ခက်တယ် (နှင်းဆီဝိုင်)

ကိုယ်မျှော်သလို....
ပြန်မလာနိုင်တော့တဲ့ သူတစ်ယောက်ကို
အရဲစွန့်ကာ မျှော်မိနေလည်း
သူပျော်မိတဲ့ ရင်ခွင်တစ်ခုက
ကိုယ်မဟုတ်ဘူးတဲ့. . .

သူပျော်ပါစေ ဆုတောင်းဖို့လည်း
ကိုယ်ရင်နာမယ့် အဖြစ်မို့လေ
ကိုယ်ထပ်မတောင့်တမိပါဘူး . . .

တချိန်ချိန်တော့
မေ့မှာပါဆိုတဲ့ အသိတစ်ချို့နဲ့
ငါနေ့ရက်တွေ ရှေ့ဆက်မိခဲ့တယ်
အချစ်ရယ်
ခက်တော့ခက်တယ်နော်
ငါ့အိပ်စက်ခြင်းတွေ
မဲ့နေတတ်ခဲ့ပြီပေါ့ကွာ . . .

Rosy Wine

 

Blockချစ်သူ.... မောင်ဇေမင်း(ပွား)

(Blockချစ်သူ)

Bolckလိုက်တာလား ငါမထင်လိုက်မိဘူး
နင့်ရဲ့မာနနဲ့ပဲ ပြောခဲ့ဖူးတဲ့စကားတွေကို
နင်ရိုက်ချိုးလိုက်တာနော်

ဘာပဲဖြစ်ဖြစ်ပါဟာ....
နင့်ကြောင့်ကျခဲ့တဲ့ ငါ့မျက်ရည်တွေ
ပြီးတော့....အိပ်ပျက်ညတွေ
ငါပြောခဲ့ဖူးသားပဲ
ငါ့အတွက်တော့ ရှုံးနိမ့်တယ်ဆိုတာ
ငါ့ရဲ့ထွက်သက် ဝင်သက်တွေလိုပါပဲလို့

မောင်ဇေမင်း(ပွား)

 

Sunday, August 24, 2014

သစ္စာတွေဖူးစာဖက်ခဲ့ရင် - မောင်ဇေမင်း(ပွား)

သစ္စာတွေဖူးစာဖက်ခဲ့ရင်

ဘယ်ချိန်ဖြစ်ဖြစ် နင့်ကိုသတိရတယ်
အိမ်မက်တွေထဲမှာတောင်
ယောင်ယောင်ပြီး အော်ခေါ်နေကျ
ထားပါလိုက်တော့လို့
တွေးလိုက်ရအောင်
ဒါကတမင်ဖန်းတီးထားတဲ့
လုပ်ဇာတ်မှမဟုတ်ဘဲ
အစကတည်းက
သစ္စာတွေ ဖူးစာဖက်သွားခဲ့ရင်
အကောင်းသား။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

တခဏတော့သတိရပေးပါ - မောင်ဇေမင်း[ပွား]

(တခဏတော့သတိရပေးပါ)

နင့်အတွက် ငါဟန်ဆောင်ခဲ့ဖူးတယ်
ဟန်ဆောင်မှုအနုပညာမှာ
လိမ်ညာတယ်ဆိုတာ မပါဝင်ဘူးလေ....
တချိန်ချိန်မှာ
နင်ဟန်ဆောင်တတ်လာမှာပါဟာ
အဲဒီတချိန်ဆိုတာ ရောက်လာခဲ့ရင်
ငါ့ကိုခဏတော့ သတိရပေးပါလား
ငါနင့်ကိုဘယ်လောက်ချစ်တာ သိစေချင်ရုံပါ
ဒါပေမဲ့....ငါ့ဘေးနားမှာ
မျော်လင့်ချက် အပိုင်အစတွေတော့
ဟိုတစဒီတစ ပြန့်ကျဲနေသေးတယ်။ ။

မောင်ဇေမင်း[ပွား]

 

အရှုံးနဲ့လူ - ကိုရဲ(အညာသား)

အရှုံးနဲ့လူ

တိတ်​တခိုး​လေးနဲ့ပဲ ကိုကချစ်​​နေတယ်
ရင်​မဆိုင်​ရဲဘူး မင်းရဲ့အကြည့်​နဲ့
ခံစားချက်​​တွေနဲ့ သီကုံးထားသမျှလည်း
ရင်​မှာသိုဝှက်​ပြီး......
ငါသိမ်းထားလိုက်​​တော့မယ်​...

အကြိမ်​ကြိမ်​ အခါခါ ငါကြိုးစားဖူးတယ်
အကြိမ်​ကြိမ်​ အခါခါ ငါစွန့်​အမူ့နဲ့...
မင်းမုန်း​တွေမလိုချင်​လို့ပါ...

ငါဟာအရှုံးနဲ့လူပါ
မပြိုင်​ခင်​ရှုံးနိမ့်​​နေပြီးသား.....
အမုန်းများက ငါ့အတွက်​ဆုလာဘ်​လား
ငါဟာတစ်​ဖက်​သက်​ချစ်​​နေတာ
ယဉ်​ယဉ်​​လေးနဲ့ရူး​နေသူပါ...
ဖွင့်​​ပြောဖို့ခက်​​နေတာ....
မင်း​လေးနားလည်​​ပေးပါ..
သိပ်​ချစ်​တယ်​​ကောင်​မ​လေးရာ...

ကိုရဲ(အညာသား)

 

ပန်းသခင် - ​(လင်းဆက်​)

ဆောင်းဟေမာန်
တစ်ကျော့ပြန်
မြူတိမ်မြူခိုး
ရောယှက်လိမ်လို့
တောင်ကြောတစ်ခွင်
ပန်းနုရောင်ချယ်ရီတွေ
အစီအရီ ဖူးပွင့်ခဲ့ပြန်ပြီ...

ချယ်ရီမြင်တိုင်း
နွဲ့နှောင်းသွယ်ပျောင်း
ပန်းနုရောင် ပုံရိပ်လေး
မှတ်မှတ်ရရ အာရုံမှာထင်
တမ်းတမ်းဆွတ်ဆွတ် လွမ်းခဲ့ရပြန်သည်...

မခြယ်မသ ပင်ကိုယ်အလှ
နုဝင်းကြည်စင် နန်းအသွင်
မနောဖြူစင် မျက်နှာထက်ထင်
မြတ်နိုးရသော ပန်းသခင်
သူ့အပြုံး သူ့အလှ
ဂန္တ၀င်ပန်းနုရောင်ကဗျာ...

ဟေမာန်ဆောင်းဒဏ် ကြံ့ကြံ့ခံ
လောကဓံကိုအံတုလို့
သစ္စာတရား ခိုင်ခိုင်မြဲ
မေတ္တာတရား ကြီးမားပုံက
နုနုနယ်နယ် အသွင်အပြင်နဲ့
ဆန့်ကျင်ဘက်လားရာ...

ရနံ့သင်းသင်းပေး ရင်ကိုနွေး
အဆင်းရော အချင်းပါ
ပြည့်စုံတဲ့ ပန်းချယ်ရီလေး
မြတ်နိုးခွင့်လေးပေး.....
ထာဝရတွက်.....
ခွင့်ပန်... ရည်စူးလို့.....

 

လွမ်းရက်ရာထောင် ( လင်းဆက်​)

လွမ်းရက်ရာထောင် ( လင်းဆက်​)

တစ်နေ့တစ်ရက်၊ အတွေ့ခက်ရင်
လွမ်းရက်ရာထောင် ဝေတယ်ထင်။

တကယ့်တကယ်၊ ဘာရယ်မဟုတ်ဘူး၊
နှစ်ဦးတွေ့ ချင်၊ ရင်ခွင်မှီစက်၊
လက်ချင်းဆုပ်ကိုင်၊ ထိုင်နေချင်မိ၊
နေ့ကုန်သည့်တိုင်၊ ကြည့်ရင်းကြည်နူးချင်တာပေါ့။

အဖြစ်သည်းလို့ ၊ ကဲတတ်ရန်ကော။
ပြောပါသခင်၊ မြင်မှကြည်မွေ့ ၊
တွေ့မှကြည်နူး၊ မြသက်မှူးရယ်၊
ရူးတယ်လို့ဘဲ ဆိုပါတော့။
တစ်နေ့တစ်ရက်၊ အတွေ့ခက်ရင်
လွမ်းရက်ရာထောင် ဝေတယ်ခင်

 

ပြန်မလာနဲ့...- love my life

ပြန်မလာနဲ့...
ယုယစွာတွယ်တာမိခဲ့လို
မာယာလှည့်ကွက်တွေရဲ့အောက်မှာ...
ငါတစ်ယောက်တော့...
ဒူးထောက်ခဲ့ရပြီလေ...
ခေါင်းငုံ့ကာအရှုံးပေးထားသူကို...
နောက်ထပ်အနိုင်လိုချင်သေးတယ်ဆိုတော့...
ပေးဆပ်စရာငါ့ရင်ခွင်မှာ
မင်းအတွက်...ဘာများရှိသေးလဲ...?
တစ်ခါပြန်မခံစားချင်လို့
ဒို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို...
ဒီနေရာမှာအဆုံးသက်လိုက်ပါတော့...

love my life

 

ချစ်သူ... (love my life)

"ချစ်သူ..."
ဂုဏ်ဒြပ်တွေကိုမြတ်နိုးတတ်တဲ့...
မင်တို့ရဲ့အသိုင်းအဝိုင်းမှာ...
မင်းဘဝသာယာစေဖို့အတွက်...
ငါ့ကို...မုန်းလိုက...မုန်းနိုင်ပါတယ်
ချစ်သူ...။

(love my life)

 

ပြုစားရက်သူ - မောင်ဇေမင်း(ပွား)

(ပြုစားရက်သူ)

ငါငိုနေတယ်
နင့်ကိုလွမ်းလို့ မဟုတ်ပါဘူး
နင့်နဲ့ပက်သက်တဲ့ ငါ့အကြောင်းကို
တွေးမိလို့ပါဟာ....

ငါ့ပိုင်ဆိုင်တာဆိုလို့
ဒီအကြောင်းတွေပဲရှိတာလေ
နင်ပြောခဲ့ဖူးတယ်
ငါ့ကိုလမ်းခွဲသွားမယ်ဆို
မလွမ်းတတ်အောင် သင်ပေးခဲ့ပါတဲ့
နင်ကတော့ ငါ့ကိုငိုတတ်အောင်
အမှတ်တရတွေနဲ့ ပြုစားခဲ့တယ်
ငါ့မျက်ရည်တွေထဲမှာ
နင်ကြည့်ရင်မြင်မှာပါဟာ
ရိုးသားမှုအမှုံအမွှားတွေလေ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

ငါ့ဘဝငါ့မာန - KN နေပိုင်

"ငါ့ဘဝငါ့မာန"

ချစ်တယ်လို့ဖွင့်ပြောတာကို
ပစ်ပယ်ကာအမုန်းပွားပေမဲ့
ငါဆိုတဲ့ကောင် က
မင်းအချစ်မှမရခဲ့ရင်
ရူးမတတ်ခံစားရမယ်လို့
မင်းထင်နေသလားကောင်မလေး
မင်းကိုမချစ်လို့မဟုတ်ပါဘူး
ငါ့ဘဝ ငါ့မာနအတွက်
မုန်းတယ်ဆိုတဲ့စကားဟာ
ဘဝခါးသွားလောက်တဲ့ အထိ
ငါခံစားလိုက်ရင် အမုန်းခံဘဝမှာ
အရူံးတွေနဲ့ဒဏ်ရာတွေပဲ
ငါပိုင်ဆိုင်ရမှာပေါ့.....

KN နေပိုင်

 

နင်စေရာ - မောင်ဇေမင်း(ပွား)

(နင်စေရာ)

နင့်ရဲ့ခံစားချက်တိုင်းကို
ငါနားဆင်ခွင့်ရခဲ့ဖူးတယ်
နင့်ရဲ့ဘေးနားမှာ
အားပေးဖော်ဖြစ်ခဲ့ဖူးတယ်
နင့်ရဲ့ကြင်နာမှုကို
တခဏတော့ ပိုင်ဆိုင်ခဲ့ဖူးတယ်
ဒါတွေက
တချိန်တခါကပါလေ
ခုတော့ငါက ငါနားမလည်တဲ့
အမုန်းပြဌာန်းတဲ့ ဘာသာရပ်တွေနဲ့
နေခဲ့ရတယ်
အလွမ်းတွေ တပွေ့တပိုက်နဲ့....

မောင်ဇေမင်း(ပွား)
ို
 

အဖြည့်ခံ (လင်းရောင်)

နိဒါန်း - ဘဝတောနက်နက်

နိဒါန်း

နှလုံးသားရဲ့မီးတောက်သံ
ရွာဦးကျောင်းက
အုံးမောင်ခေါက်သံထက်
ပိုမြည်တယ်
မယုံရင်နားဆင်ကြည့်ပါ
မျက်စိကျယ်လာစေရမယ်
ပိုတယ်မထင်နဲ့
Motal . Hotal တွေလောက်
မခမ်းနားပေမယ့်
ဘဝမှာနေပျော်စေမယ့်
မှော်ဆရာအိမ်ထက်တော့
သားနားခမ်းနားပါသေးတယ်....

ဘဝတောနက်နက်

 

အမှတ်တရမင်းပုံရိပ် - KN နေပိုင်

"အမှတ်တရမင်းပုံရိပ်"

အပြင် မှာမတွေ့ရပေမယ့်
ရင်ခွင်လွာခံစားချက်တွေကို
ဖြေသိမ့်စရာမင်းပုံလေး
ကြည့်ငေးရင်းလွမ်းရတယ်

အ ခြေမတူဘဝခြား
အလွမ်းသမားလဲမဖြစ်ချင်ဘူး
ဒါပေမဲ့လေ.....
ဖွင့်ပြောမယ့်စကား
မျိုသိပ်ပါများလာတော့
ဆုံးရူံးမှာကိုကြောက်
မင်းတစ်ယောက်ကိုပဲချစ်မိတယ်
တသက်မှာတခါချစ်
မင်းပစ်လို့သွားခဲ့ရင်တာင်
ငါ့ဆီမှာမင်းပုံလေး
ရှိနေသေသမျှ
ငါ့နှလုံးသားကတမ်းတလို့
နွမ်းလျတဲ့အသဲနဲ့
ချစ်မြဲချစ်နေအုံးမှာပါ

KN နေပိုင်

 

တိတ်တခိုးအချစ် - သီရိချစ်(မန်း)

တိတ်တခိုးအချစ်. . .

ညီမလေး ငါမနက်ဖန်တွေ မိုးမလင်းချင်တော့ဘူး. .
အသံလေးနဲ့ အိပ်ယာထခဲ့ရတဲ့
အခိုက် အတန့်တွေ
ဘယ်လိုအရာတွေနဲ့
ဖြည့်စွက်ရမှာလဲ

နားလည်ပေးပါ.
တိတ်တခိုးအချစ်တွေနဲ့ ကြေကွဲနေရသူပါ
ရင်ခွင်တခုလုံး ဗြောင်းဆန်ခတ်နေတယ်
လောကကြီးမှာ နေထိုင်ရတာအဓိပ္ပါယ်မရှိသလိုပဲ
ချစ်ရတဲ့သူတစ်ယောက်ကို
ချစ်တယ်လို့ပြောခွင့်မရှိတော့ဘူးလား

သံယောဇဉ်အမြစ်တွေနဲ့
ငါရှုပ်ယှက်ခတ်နေတယ်
ငါ့ကိုမသုတ်သင်ခိုင်းပါနဲ့
အဲဒီအမြစ်တွေထဲမှာ
ငါ့အသက်ပါတယ်. . .

စွန့်လွှတ်ရမယ့် အကြောင်းတွေနဲ့
ငါ့ကိုမနှိပ်စက်ပါနဲ့
ရှေ့ဆက်ပြီး . . .
လွမ်းခွင့်တွေ ပေးပါ
အသက်ရှင်ခွင့်တွေပေးပါ
အနာဂါတ်တွေ ဖန်တီးခွင့်ပေးပါ
ချစ်ခွင့်တွေပေးပါ
ကြည်နူးခွင့်တွေပေးပါ
နင်ဟာ. . . ငါ့ဘဝရဲ့
အရေးပါဆုံး
လူတစ်ယောက်ပါ ညီမလေး

သီရိချစ်(မန်း)

 

ကျွန်ုပ်နှင့် ယောင်းရင်းများ (လျှို့ဝှက်လွမ်း)

ကျွန်ုပ်နှင့် ယောင်းရင်းများ (လျှို့ဝှက်လွမ်း)

ဝေးကွာခြင်းဟာ ငါ့အတွေးကမ္ဘာမှာ
အုတ်ချုပ်တဲ့ ဘုရင်ပေါ့---
အလွမ်းဆိုသူကတော့
သူငယ်ချင်းတွေပဲ
အမြဲတမ်းတတွဲတွဲနဲ့
မိတ်ဆွေတစ်ယောက်ရှိသေးတယ်
သူကတစ်ခါတစ်လေမှလာတတ်တာ
သူ့နာမည်ကအိပ်မက်ဆိုးတဲ့
နင်နဲ့ဝေးခဲ့ရတဲ့အတွက်
ငါ့မှာ ဘော်ဒါတွေတိုးသွားပြီ
ကဲ အပေါင်းအသင်းတို့ရေ
ငိုကြွေးခြင်းဆီသွားရအောင်--------
!

လျှို့ဝှက်လွမ်း
 

ချစ်သူအလိုကျတောင်းတဲ့ဆု - မောင်ဇေမင်း(ပွား)

ချစ်သူအလိုကျတောင်းတဲ့ဆု

နင်ဆိုတာ ငါ့ဘဝရဲ့သခင်
ငါတန်းဖိုးထားတဲ့ အရှင်ပါလေ

နင့်ကိုအနိုင်ကျင့်ရင်
ငါရင်နာတယ်

နင့်ကိုတန်းဖိုးမထားရင်
ငါမျက်ရည်စို့မိတယ်

နင့်ရဲ့အချစ်ကို
ရရှိလိုက်တဲ့သူကို
အရမ်းအားကျမိတယ်

နင့်ပေါ်မှာငါ့အချစ်က
စစ်မှန်ပါသည်

ဤမှန်သောသစ္စာစကားကြောင့်
ဘဝဆက်တိုင်း ဘဝဆက်တိုင်း
နင့်ကိုနားလည်နိုင်ဆုံးသူ
ဖြစ်ရပါလို၏။ ။

မောင်ဇေမင်း(ပွား)

 

Friday, August 22, 2014

ဥယျာဉ်​မှူး(လင်းဆက်​)

ဥယျာဉ်​မှူး(လင်းဆက်​)

မခူးရက်ပါ
ဆူးချက်ကိုကြောက်လို့မဟုတ် ။

မဆင်ရက်ပါ
ပင်ထက်ကိုမမှီလို့မဟုတ်

မနမ်းရက်ပါ
အလှမ်းခက်မှာစိုးလို့မဟုတ်

ခူးချင်ဆင်ချင်ယုယချင်ပေမယ့်
သခင့်အတွက်
ပင့်သက်ဟာကဗျာ
ကာရံဟာအိပ်မက်ပေမို့
ရက် . လ . မှ. .နှစ် တွေပြောင်း
သြော် --- အသက်တမျှချစ်နေကြောင်းကို
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို.. ကျွန်ုပ်

 

အမူးတမ်းချင်း - လျှို့ဝှက်လွမ်း

အမူးတမ်းချင်း (လျှို့ဝှက်လွမ်း)

အရက်တစ်ခွက် အမြည်းတစ်ဖက်နဲ့
အဆွေးတွေကို ဆွဲကြိုးချ
အလွမ်းတွေကို နွံနှစ်ပြီး
ငါ မင်းကိုဆက်ချစ်မယ်
အမူးကမ္ဘာဆိုတော့
အရူးရွာလိုပဲ ဆူညံတယ်
တိတ်ဆိတ်တယ်
ငိုတယ်
ရယ်တယ်
------------
---------------

အဲဒီနောက်
တဖွဖွပြောနေမိတယ်
ချစ်တယ်
ချစ်တယ်
ချစ်တယ်

လျှို့ဝှက်လွမ်း

 

ရော်ရွက်သစ္စာ - မောင်ဇေမင်း(ပွား)

ရော်ရွက်သစ္စာ

တခါက ရော်ရွက်လေးက
သူကိုအမြဲကြင်နာယုယခဲ့တဲ့
သစ်ပင်လေးကို
ဘယ်တော့မှမခွဲဘူးလို့
ပြောသတဲ့......

မကြာပါဘူး....
လေပြေသယ်ရာ
လိုက်ပါသွားခဲ့တယ်
ငါနားလည်ပါတယ်ဟာ
လေပြေကိုတွန်းလှန်ဖို့
ခွန်းအားတွေကို
ငါမှနင့်ကိုမပေးနိုင်ခဲ့တာ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

မေ့နိုင်မှာပါဟာ.... -- မောင်ဇေမင်း(ပွား)

မေ့နိုင်မှာပါဟာ

ညဆိုတဲ့
အချိန်မျိုးရောက်လာခဲ့ရင်
လူတွေအားလုံး
သာနေတဲ့လမင်းကို မေ့ထားပြီး
အိပ်ရာဝင်ချိန်မှာ
အိပ်စက်နိုင်သေးတာပဲ
ဒီလိုပါပဲ
သေခြင်းတရားနဲ့
ချိန်းဆိုထားတဲ့
အချိန်မျိုးရောက်လာခဲ့ရင်
နင်ဆိုတဲ့ငါ့လမင်းကို
မေ့ထားနိုင်မှာပါဟာ။ ။

မောင်ဇေမင်း(ပွား)


 

တိတ်တိတ်လေးငိုပါရစေ....( မောင်ဇေမင်း - ပွား )

တိတ်တိတ်လေးငိုပါရစေ

အမုန်းဆိုတဲ့ ဘာသာရပ်ကို
ငါ့ကိုမပို့ချပါနဲ့လား
ချစ်ခြင်းနယ်ပယ်မှာ
အမုန်းဆိုတာ
မလိုအပ်တဲ့အရာပဲလေ....
မမုန်းနိုင်တဲ့ငါ့ကို
နင်မလိုအပ်တော့ရင်
တိတ်တိတ်လေး
ထွက်သွားပေးပါ
ငါတိတ်တိတ်လေးပဲ
ငိုပါရစေဟာ။ ။

မောင်ဇေမင်း(ပွား)

 

တလွဲမာန. - ဘဝတော်နက်နက်

တလွဲမာန

မင်းကိုယ်တိုင် မပျော်နိုင်ပဲနဲ့
ဘာ့ကြောင့် ငါ့ကို
မုန်းတယ်လို့ပြောရတာလဲ....?
တကယ်ဆိုရင်
မင်းမျက်ရည်ဝဲဝဲတွေကို
ဖယ်သုတ်ပြီးမှ
မင်း ငါ့ကိုကျော်ခိုင်းသင့်တယ်

ဘဝတော်နက်နက်

 

မင်းမသိလိုက်တဲ့ရာသီ - ( ဘဝတော်နက်နက် )

မင်းမသိလိုက်တဲ့ရာသီ

ဖောက်ပြန်တတ်တဲ့ ရာသီဥတုထဲမှာ
မင်းမျက်နှာကို အရည်ဖျော်ပြီး
ငါပျော်ပါးစွာ.....
သောက်သုံးလိုက်ချင်ပါရဲ့

(ဘဝတော်နက်နက်)

 

နှင်းဆီဝိုင်

မျှော်လင့်ခြင်းလမင်း (အယ်ဝင်း)

ချစ်သူ.......

မ​​မျှော်​လင့်​ပဲ....​မျှော်လင့်​ခြင်း
လမင်းတစင်း မင်းမျက်​၀န်းက
ငါ့အတွက်​ ဖန်​ဆင်း​ပေးခဲ့တယ်
အမြတ်​တနိုးနဲ့ သိမ်းထားချင်​စရာ​ကောင်းတဲ့
မင်းရဲ့အပြုံး​တွေက ငါ့ရဲ့နှလုံးသားကို
တစ်​ချက်​တည်းနဲ့ ယိုင်​လဲသွား​စေခဲ့တယ်​.....
ဘယ်​လိုလုပ်​ ရပ်​တည်​ရမလဲကွယ်​......
နူးညံ့တဲ့နှလုံးသားရှိသူမို့
အချစ်​အတွက်​ခံနိုင်​ရည်​မရှိတဲ့
လူတစ်​ချို့ထဲမှာ ငါလဲပါပါတယ်​ဟာ.....
တခါတ​လေ...
ကျလုဆဲဆဲ မျက်​ရည်​အတွက်
ကောင်းကင်​ကို ခဏခဏ
မော့ကြည့်​ဖြစ်​ခဲ့တာ
အကြိမ်​​ပေါင်းမနဲ​တော့ဘူး​လေ...
ငါ့ရင်​ဘတ်​တခုလုံးကို...
ကြေမွသွား​လောက်​​အောင်
လုပ်​ရက်​​လေတဲ့ ဒီခံစားချက်​​တွေဟာ...
ငါ့အတွက် ဆုံးဆည်းစရာ
မျှော်လင့်ခြင်း​တွေဆိုရင်​​ပေါ့....
ချစ်​သူရယ်​...ဒဏ်​ရာ​တွေနဲ့
ငါ.....​​စောင့်​​မျော်​​နေမှာပါ...

(အယ်ဝင်း)

 

လှောင်ခံခဲ့ရသူငါ - ( L W L )

လှောင်ခံခဲ့ရသူငါ

ပူလောင်တတ်မှန်းသိပါလျက်နဲ့
တိုးဝင်နေမိတာက ငါအမှားလို့
ဆိုရလေမလား.....
ငါဘက်ကချစ်နေပါလျက်
သူကပြန်မချစ်နိုင်ခြင်းဟာ
ငါ့မှာပေးဆပ်ခြင်းသက်သက်ဖြင့်
မွေးဖွားလာခဲ့တာလား.....
အမုန်းတရားရဲ့နောက်ကွယ်မှာ
ချစ်ခြင်းဆိုတာမရှိတော့ဘူးလား....
သူသိပ်ရက်စက်တယ်ဗျ

အနွံတာခံပြီး ပြန်ချစ်ပေးပါလို့
တောင်းဆိုခဲ့ပေမဲ့ ဟားတိုက်ရီမောကာ
ထွက်ခွါသွားတော့.....
အမုန်းတွေ တပွေ့တပိုက်နဲ့
ငါလှည့်ပြန်ခဲ့ရပေါ့ကွယ်

L W L

ကျေနပ်နေမိတာပေါ့ - Rosy Wine

ငါ့အတွေးတွေကိုစိုးမိုး
ငါ့ကိုအရုပ်တစ်ရုပ်လို ဆော့ကစား
အသက်မပါတဲ့ အပြုံးတွေနဲ့
ပြုစားရက်တယ်နော်

ရက်စက်တယ် ပြောမရဘူး
ကိုယ့်ကိုတိုင်က
ယုယကြင်နာမိမှတော့
အချစ်ရယ် ရူးလည်း
ကျေနပ်နေမိတာပေါ့ကွယ် . . .

Rosy Wine

 

ဘာ့ကြောင့်လဲ ဆိုတာ...( Rosy Wine )

အတ္တတွေလွန်ဆွဲ
သမုဒယတွေရဲ့ နွံ့ထဲနစ်ခဲ့သမျှ
ရုန်းထွက်ဖို့ ငါတွေဝေနေခဲ့တယ်
သိလား !
ဘာ့ကြောင့်လဲ...ဆိုတာလေ
ဒါ လူတွေ ပြော,ပြောနေတဲ့
အချစ်!ကြောင့်ပေါ့ကွယ် . . . .

Rosy Wine

အိမ်မက်တွေရဲ့ဟိုဘက်မှာ (N.L.W)

အိမ်မက်တွေရဲ့ဟိုဘက်မှာ

တို့တွေ.....
မတော်တဆတွေ့ခဲ့ကြတာလဲ အိမ်မက်လို...
ခဏလေးနဲ့ခင်ခဲ့တာလဲ အိမ်မက်လို.....
အရူးအမူးငြိတွယ်ခဲ့တာလဲ အိမ်မက်လို...
သဲသဲမဲမဲချစ်ခဲ့တာလဲ အိမ်မက်လို...
ဝမ်းပန်းတနည်းခွဲခွာခဲ့တာလဲ အိမ်မက်လို....
တို့တွေ...ပြန်ဆုံကြတဲ့အခါ
အိမ်မက်တွေကိုခဝါချ....
ဣနြေ္ဒရရပြုံးပြးကြရအောင်.....

 

ဒဏ်ရာတွေအဆုံးမရှိတဲ့နေ့. - မောင်ဇေမင်း(ပွား)

ဒဏ်ရာတွေအဆုံးမရှိတဲ့နေ့

တကယ်ချစ်ခဲ့မိတာမို့
ရက်စက်သူကို
အပြစ်မတင်ရက်တာပါ
နင့်ခွဲခွာသွားခဲ့တော့
ငါ့ဘဝမှာ
ဒဏ်ရာတွေအဆုံးမရှိတဲ့
နေ့ဆိုတာရှိလာခဲ့ပြီလေ
မြို့ကြီးသူတွေရဲ့
မာယာဆန်းကို
ခပ်လှမ်းလှမ်းက
တွေ့မြင်လိုက်ရတော့
ပွေ့ပိုက်မိလျက်သား
အစုလိုက်အပုံလိုက်
ဝေဒနာတွေကို
နှမြောမိတယ်

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

မျက်ရည်ရပ်တန့်ချိန် - မောင်ဇေမင်း(ပွား)

မျက်ရည်ရပ်တန့်ချိန်

ဘဝဆိုတာ
ချရေးကြည့်ဖို့လွယ်ပေမယ့်
တကယ်ဖြတ်သန်းတော့
ကြမ်းတမ်းပါတယ်ဟာ

ငါ့ကိုမသနားပါနဲ့
နင့်အကြောင်းတွေးရင်
ကျဆင်းလာတဲ့ ငါ့မျက်ရည်တွေ
နင့်ကိုမေ့နိုင်မယ့်
ငါ့ရဲ့နောက်ဆုံးထွက်သက်မှာ
ရပ်တန့်နိုင်မှာပါဟာ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

မျက်ရည်ကျချိန် - မောင်ဇေမင်း(ပွား)

မျက်ရည်ကျချိန်

အမြဲတမ်းတော့ နင့်ကိုသတိမရပါဘူး
ငါ့လက်ထဲမှာ ဖုန်းရှိတဲ့အချိန်တိုင်း
သတိရတယ်

အမြဲတမ်းတော့ မျက်ရည်မကျပါဘူး
နင့်ကိုသတိရတဲ့ အချိန်လေးပဲ
ငါမျက်ရည်ကျတာပါ

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

ပုံတူဆေးသား (လျှို့ဝှက်လွမ်း)

Thursday, August 21, 2014

ခရေရဲ့ဘဝကိုယ့်ထက်လှ - ကိုပိုက်(ကမာမြေ)

ခရေရဲ့ဘဝကိုယ့်ထက်လှ
............
ခါးတန်ပွင့်တဲ့ပန်းခရေ
ဝန်းကျင်ရက်စက်တိုက်ခက်လေ ခံနိုင်ရည်ရှိကျိုးစားလေ နောက်ဆုံးမှာတော့မြေခကြွေ ကောက်ယူမွှေးကာနမ်းလို့သွား ဒို့ဘဝမှာတော့လွမ်းရစ်ကြွေ ခံနိုင်ရည်ရှိကျိုးစားလေ.... ကောက်ယူမွှေးသူရှားလှပေ မြေမှာခလို့ရှက်တယ်ပြော ခြားနားလှတဲ့ပန်းခရေရယ်

ကိုပိုက်(ကမာမြေ)

ငါ့လမင်းလေး - မောင်ဇေမင်း(ပွား)

ငါ့လမင်းလေး

လတစ်လရဲ့ ကုန်ဆုံးရက်တွေမှာ
သာနေတဲ့လဆိုတာ
ကွယ်နိုင်သေးတာပဲဟာ
ငါ့ထွက်သက်ဝင်သက်ရဲ့
ကုန်ဆုံးရမယ့်
တနေ့နေ့မှာတော့
ငါ့အတွေးကမ္ဘာမှာ
အမြဲသာနေတဲ့
နင်ဆိုတဲ့ငါ့လမင်းလေး
ကွယ်ရမယ်ဆိုတာကို
အရမ်းကြောက်နေမိတယ်ဟာ

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

ညီမလေးသို့အလွမ်းပြေ.... မောင်ဇေမင်း(ပွား)

ညီမလေးသို့အလွမ်းပြေ.....

အရာရာကိုသတ္တိရှိဖို့
နင်ပြောခဲ့ဖူးတယ်
အချစ်ဆိုတာနဲ့
အမုန်းရဲ့ခံစားချက်ကို
ငါ့ကိုခံစားစေလိုက်တယ်
မမုန်းနိုင်ပါဘူးဟာ
နင့်အတွက်ပဲ
သတ္တိရှိခဲ့ဖူးတဲ့ငါက
ခုတော့အရာရာဟာ
ငါ့အတွက်
မလွမ်းလောက်ပါဘူး
ငိုနေတဲ့ငါ့နှလုံးသားကို
ဥပေက္ခာပြုပြီး
ဒီကဗျာကိုဆိုငြီးမိပြီ

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

နင်ပျော်ပါစေ. - မောင်ဇေမင်း(ပွား)

နင်ပျော်ပါစေ

လောကကြီးရယ်
အရှုံးသမားတွေအတွက်
ဒီခံစားမှုက အငဲ့ညှာဆုံးတဲ့လား
ရင်မှာရှုံးပေမယ့်
မင်းကိုမမုန်းဘူး
ငါ့ရဲ့အသဲနဲ့ဆုချွေပေးမယ်
ချစ်သောသူနဲ့
ပေါင်းရပါစေသား။။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

ညီမလေး,မုန်းပါနဲ့လား - မောင်ဇေမင်း

ညီမလေး,မုန်းပါနဲ့လား

အတိတ်ဆိုတာ
တိတ်နဲ့ဖုံးပိတ်လို့ရတဲ့
အရာမဟုတ်ပေမယ့်
နင့်ရဲ့အတိတ်ဆိုတာကို
ငါမေ့ထားခဲ့တာပဲ
ပတ်ဝန်ကျင်ဆိုတာကို
မလိုအပ်တဲ့စာမျက်နှာအဖြစ်
နင့်ကြောင့်လှန်ပစ်ခဲ့ဖူးတယ်
နင့်ပျော်ဖို့ငါ့နှလုံးသားရဲ့
ဒဏ်ရာတွေကို
ုဥပေက္ခာပြုလိုက်ရတယ် ။

မောင်ဇေမင်း
zinminkhant13@gmail.com

 

တချိန်ချိန်တော့ - မောင်ဇေမင်း(ပွား)

တချိန်ချိန်တော့

နင်သိစေချင်ပါတယ်ဟာ
ဒုက္ခဆိုတာကြုံနေမှုများတဲ့
ငါ့အတွက်သုခတခုလို့တောင်
ထင်မှတ်နေရပြီးဟ
နင့်ပေးခဲ့တဲ့
အမုန်းဆိုတဲ့ဒုက္ခက.........
....................?
တိတ်ပါတော့နှလုံးသားလေးရယ်
သူလည်းနှလုံးသားရှိသူပဲ
တချိန်ချိန်တော့
နားလည်လာမှာပါ။။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

မညာပါနဲ့လား - မောင်ဇေမင်း(ပွား)

မညာပါနဲ့လား

အရမ်းလှနေတဲ့ နင့်ကိုမြင်တိုင်း
ငါဆွံ့အနေတတ်ပြီ
ဆွံ့အခြင်းသာ သေသပ်ကောင်းမွန်တဲ့
ဟန်ဆောင်မှုဖြစ်မယ်ဆိုရင်
နင့်ကိုမြင်တိုင်း ဟန်ဆောင်နေရပြီးပေါ့
ဟန်ဆောင်တယ်ဆိုတာလည်း
လိမ်ညာခြင်းရဲ့ လှပတဲ့နာမည်တမျိုးပဲဟာ
နင်ဟန်ဆောင်မနေပါနဲ့ ငါ့တို့အကြောင်းကို
ငါတို့နှလုံးသားတွေ သိပါတယ်ဟာ

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com
 

သူငယ်ချင်းချစ်သူ - KN နေပိုင်

မင်းနဲ့ပတ်သက်လာရင်
မာနဆိုတာ ဟန်ဆောင်ပြီးတောင် မှ
မထားတတ်ခဲ့သူပါ
သိတတ်စနှလုံးသားတစ်စုံရဲ့
ပုံမှန်မဟုတ်တဲ့ရင် ခုန်သံကို
ဥပေက္ခာတွေနဲ့ချော့မြူရင်း
သူငယ်ချင်းဆိုတဲ့စည်းအောက်မှာ
ငါ့ဆန္ဒတွေဒူးထောက်နေခဲ့တာပါ
ပညတ်ချက်တွေ,သိက္ခာတရားတွေ
ဝတ္တရားအချို့တွေရဲ့ကိုယ်စား
ငါ့နှလုံးသားက အနာဂတ်တွေကို
လောင်မြိုက်စေရင်း
ငါကိုယ်တိုင်ငတ်မွတ်နေခဲ့တာပါ
ခင်မင် မူထုံးတမ်းကြားမှာ
လုံးပါးပါးရမယ့်အချစ်
ကမ်းလင့်လာမယ့်လက်တစ်ဖက်ဟာ
ငါ့အသက်ထက်လိုအပ်ပါတယ်

KN နေပိုင်

 

Wednesday, August 20, 2014

နင်ရက်စက်တယ် - မောင်ဇေမင်း(ပွား)

နင်ရက်စက်တယ်ဟာ
ငါ့လောက်နင့်ပေါ်
ရိုးသားခဲ့တဲ့သူကို
မာယာတွေနဲ့ပစ်ပေါက်ခဲ့တယ်
နင်စခဲ့တဲ့ငါ့အချစ်တွေကို
အမုန်းမီးတွေနဲ့
မီးတိုက်သွင်းလိုက်တယ်
ဘယ်သူမှသတိမထားမိခင်
ငါ့နှလုံးသားရဲ့ဈာပနကို
တိုးတိုးငိုကြွေး
တိတ်တိတ်လေးကျင်ပခဲ့ရတယ်။။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

တခါကတခါတုန်းက - မောင်ဇေမင်း(ပွား)

တခါကတခါတုန်းက

ပျော်ရွှင်ပါစေလို့နင့်အတွက်
အကြိမ်ကြိမ်ရေရွတ်ဖူးခဲ့တယ်
နင်စိတ်ညစ်ရင်
မျက်ရည်တွေကျခဲ့တာ
ငါ့ရဲ့ပါးပြင်အသိပါဟာ
နောက်ဆုံးအနေနဲ့
ငါနှလုံးသားကိုထုတ်ယူ
တချိန်တခါကဆိုတဲ့
ဟာသအကြည့်နဲ့
ငါ့နှလုံးသားကို
ကြည့်နိုင်ပါတယ်ဟာ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

 

ပြောလိုက်ပါရစေ... ကိုပိုက်(ကမာမြေ)

ပြောလိုက်ပါရစေ...
............................

ပိုင်ရှင်မရှိတဲ့နှလုံးသားကိုမှ ဆိုင်ချင်မိတဲ့အရှုံးသမားရယ်မို့ မေတ္တာဆိုတဲ့တမံရိုးလေး ကျိုးအသွားမှာ အချစ်ဆိုတဲ့ကံဆိုးမလေးက အမုန်းတရားနဲ့သုဿာန်ပို့ပစ်ခဲ့လို့ အထီးကျန်မဟူရာညရဲ့ မီးလျှံလူပမာဏမြောက်များစွာထဲမှာ ကိုယ့်နှလုံးသားလေးလောင်ကျွမ်းခဲ့ရတယ် အရှက်ပြေနိယာမတရားရယ်လို့ဆိုချင်ဆို အချစ်ဆိုတဲ့နှလုံးသားခုံရုံးမှာ တအားကုန်ငိုပြလိုက်ချင်ပေမဲ့ ကိုယ်ဟာယောက်ျားတစ်ယောက်ပါကွာ...

ကိုပိုက်(ကမာမြေ)

 

သိပ်ချစ်လို့ပါ (လျှို့ဝှက်လွမ်း)

သိပ်ချစ်လို့ပါ (လျှို့ဝှက်လွမ်း)

မနှောက်ယှက်ပါနဲ့ ဆိုတဲ့စကားကြောင့်
ယောက်ယက်ခတ်နေတဲ့ ရင်ခွင်ဟာ
နောက်ဘက် ခပ်လှမ်းလှမ်းမှာတောင်
ရှုံးထွက်နေရာ မရခဲ့ဘူး
ဒါပေမယ့်.....ရူးတယ်
အပြုံးတစ်ပွင့် နောက်ကွယ်က
လှည့်ကွက်ရှုပ်တဲ့မာယာတွေကို
ရင်နင့်အောင်ကြောက်တယ်
ဘာပဲဖြစ်ဖြစ် သိပ်ချစ်တယ်

လျှို့ဝှက်လွမ်း

 

လက်တွဲမဖြုတ်ကြေး - သက်ပိုင်

လက်တွဲမဖြုတ်ကြေး

ကောင်းကင်နဲ့မြေကြီး
ဗြောင်းပြန်ကြီးပဲ ဖြစ်ဖြစ် ။
နေနဲ့လးးးးးးး
အနောက်ကပဲ ထွက်ထွက် ။
ကမ္ဘာကြီးက လုံးလုံး
မလုံးချင်လို့ပဲ ပြားပြား ။

ရေနဲ့ကြာလို နင်နဲ့ငါဟာ
မေတ္တာနဲ့သစ္စာ
သံယောဇဉ်ကြိုးနဲ့
ချည်နှောင်ထားရင် ......

ဘယ်လိုကြောင်းတရားများက
ဝေးရအောင် တားလဲ
တွဲလက်များတော့
မဖြုတ်ကြေးနော်" ။

သက်ပိုင်
 

ကျားမာယာ - သက်ပိုင်

ကျားမာယာ

ရင်ဘတ်ကို ဖွင့်ပြထားတာတောင်
လာ--လာပြီး နားချင်နေသေးတယ် ။
အချစ်မရှိဘူးဆိုတာ
မသိဘူးတဲ့လား.?။ ။

မချစ်တတ်ခြင်း တခုတည်း
မဟုတ်ဘူသေးဘူး။
အသဲနှလုံးကိုပါ သော့ခတ်ထားပြီးပြီ ။ ။ ။
မာနထုပ်ကို လက်စွဲထားတဲ့
မိန်းမများလည်း ငါ့ရှေ့ရောက်ရင်
အထုပ်ချပြီး ဒူးထောက်ကြရတယ်။ ။ ။

....ဟော့ဒီ မျက်နှာပေါ့....
ချစ်ခြင်းကို ခုတုံးလုပ်ပြီး
မာယာများနေခဲ့တာ။ ။ ။

မမြင်ကွယ်ရာ ရောက်တိုင်း
ဗိုက်နှိပ်ပြီး ရယ်မောနေရပေါ့ ။

သက်ပိုင်

 

ဒါ ..ဒို့ဇာတ်လမ်းပဲ - သက်ပိုင်

ဒါ ..ဒို့ဇာတ်လမ်းပဲ

"သိပ်ချစ်လို့ အမြဲငိုနေရတာ"
လို့ဆိုရင် ကြားရတဲ့သူတွေ
ရီနေမလားတောင်
မသိဘူး ချစ်သူရယ်။
ဟုတ်ပါတယ်.....
ဖြောင့်ဖြူးတဲ့ အချစ်ခရီးမဟုတ်ခဲ့ရင်
မျက်ရည်တွေနဲ့ပဲ
ခရီးဆက်ရမှာပဲ ချစ်သူ ။

တကယ်တော့.....
အသိုင်းအဝိုင်းတွေခြား
ဘယ်သူတွေ ဘယ်လိုပဲ
တားကြပါစေ။ ။ ။
တို့နှစ်ယောက်ရဲ့ ရှေ့ရေးမို့
တို့နှစ်ယောက်ပဲ ပိုင်တယ်လေ။

" ချစ်ကြသူတိုင်း မညား။
ညားကြသူတိုင်း မချစ်"
ဒီအဖြစ်တွေက လွတ်မြောက်ဖို့ဆိုရင်
အဓိက က"တို့ပဲမဟုတ်လား...
ချစ်သူရယ်"

သက်ပိုင်
 

အနှစ် - သူ့ရှင်​{က​လေး}

အနှစ်
♨ ♨ ♨ ♨

ဤမျှနှင့်​လျှင်
ဘဝတစ်​ခွင်​၏
ပုံလီဆန်းပြား
သ​ဘောတရားကို
တွေးဆ၍မြင်5
စိတ်​မှာထင်​သည်​..။

ရွေ့​ရွေ့​မျောသွား
သ​ဘောတရားတို့
ဘာမျှ​ရေရာ
မရှိပါလဲ..
ငါသိသမျှ
တတ်​သမျှဖြင့်
ကျိုးပြုဝန်​တာ
ဤမျှသာလျှင်
အနှစ်​ဟူ၍ ငါရပြီ...။

သူ့ရှင်​{က​လေး}


 

နင်ဆိုတဲ့ငါ့လမင်း

နင်ဆိုတဲ့ငါ့လမင်း

လိမ္မာပါတယ်ဆိုတဲ့
ငါ့ရဲ့စကားအောက်မှာ
နင်လုပ်ချင်တာလုပ်ခဲ့တာပဲ
မေ့ပစ်လိုက်ဖို့ချမှတ်လိုက်တဲ့
ငါ့ဆုံးဖြတ်ချက်ကို
နှလုံးသားကတားမြစ်ခဲ့တယ်
အချစ်နဲ့အတူ
ူအသဲကွဲဝေဒနာဆိုတဲ့
ဘာသာရပ်ကို
သူကသင်ပေးလိုက်တယ်
မငိုပါနဲ့နှလုံးသားလေးရယ်
ကမ္ဘာလပြည့်ရဲ့ အကုန်
ကမ္ဘာ့လမိုက်ညမှာ
သူဆိုတဲ့နင့်လမင်းကို
မေ့ပြစ်နိုင်မှာပါဟာ။။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com

<!--grab button header -->
<div class="grab-button" style="center">
<img src=" https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtmbyki_SO1kMSz5kPnsHfNfeA6ASqQLkCjk81l-Fgh0Sv5fK59QANoWrs5fPM_jSnn9S7P2Una9635GA2hG6pbx9NdIHTAD19vlV4ODZJNJVGJ1HwtOK-cguAf5L6VnKwcIZj8feR7n3G/s1600/coollogo_com-28295901.gif " alt="intharlay" width="200" height="50" />
<!--end grab button header -->
<!-- button code box -->
<textarea class="button-markup" rows="2" cols="28">
<div class="intharlay" style="center">
<a href="http://intharlay.blogspot.com/">
<img src=" https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtmbyki_SO1kMSz5kPnsHfNfeA6ASqQLkCjk81l-Fgh0Sv5fK59QANoWrs5fPM_jSnn9S7P2Una9635GA2hG6pbx9NdIHTAD19vlV4ODZJNJVGJ1HwtOK-cguAf5L6VnKwcIZj8feR7n3G/s1600/coollogo_com-28295901.gif " alt="intharlay" width="200" height="50" />
</a>
</div><!--end button code box-->
</textarea>
</div> <!--end grab-button -->

Tuesday, August 19, 2014

ကဗျာပင်လယ်


intharlay



 မေတ္တာရေစင် - မောင်ဇေမင်း(ပွား)ဇင်မင်းခန့်

 မေတ္တာရေစင်

ခင်ပြုံးရင်.......
မိုနာလီဇာရှုံးမယ်

ခင်ပိုရင်......
မိုနာလီဇာငိုမယ်

ခင့်ကိုဆယ်သက် ချစ်မပျက်ဘဲ
ခင့်ကိုသာဆို ပိုသာပိုမိ
ရင်ဘက်ထဲထိ ဆွဲဖယ်ကြည့်ရင်
မြင်နိုင်မယ်ခင် ခင်နဲ့သာဆို
ချစ်တာပို မေတ္တာရေစင
်နှောလိုက်ချင်....။။

မောင်ဇေမင်း(ပွား)ဇင်မင်းခန့်
zinminkhant13@gmail.com


ပန်းခရေ (လျှို့ဝှက်လွမ်း)

 ပန်းခရေ(လျှို့ဝှက်လွမ်း)

ပင်ယံမှပန်း
လေသရမ်းလို့
ကြွေနွမ်းပေမယ့်
မြေပြင်ပေါ်ဝယ်
မွှေးသူမရှား
ပန်သူများ

လျှို့ဝှက်လွမ်း

မတူဘဝ - သူ့ရှင်​{က​လေး}

 ♨ မတူဘဝ♨
:-* :-* :-* :-*

တောင်​နှင့်​​မြေအိုး 
မြေမျိုးပဲမို့
တလွဲမာန်​ကိုး
တောင်​ တရိုးကို
မြေတအိုးက ပြိုင်​လိုဟန်​။

မြေဓာတ်​သဏ္ဌာန်
တူပြန်​ကြလဲ
ကွဲလွဲပုံစံ
ဖြစ်​တည်​ဟန်​​ကြောင့်
တောင်​ ကိုဖွဲ့ရိုး
မြေတအိုးက
မာန်​ကိုးလိုလှမသင့်​ပြန်​။

တောင်​ကိုဓားထိုး 
တောင်​မကျိုးလဲ
ဓားရိုးနှင့်​မျှ ထိုးရုံမျှဖြင့်
ခမျာ့အိုးမှာကွဲတတ်​ရှာ။

ပမာမခြား မိန်းမသားလဲ
ယောက်ျားကိုတု ချို့မှုကိစ္စ
မပြုကြဖို့ ခုကပင်​ လျှင်
ပမာပုံတင်​ ဆိုခဲ့ချင်​....။

မေတ္တာဖြင့်​......
သူ့ရှင်​{က​လေး}

ဆေးပေးလိုက်,သတ်လိုက်နဲ့.... - မောင်ဇေမင်း(ပွား)ဇင်မင်းခန်

 (ဆေးပေးလိုက်,သတ်လိုက်နဲ့)

မုန်းလိုက်ပါပြောတော့ ငါ့ကိုမမုန်းနိုင်ဘူးတဲ့
မေ့လိုက်ပါလို့ပြောတော့ မမေ့ခဲ့တဲ့သူ
ခွဲခွာဖို့ကြိုးစားရင် ငါ့ကိုငါ့ကျရှုံးပြီးဆိုတာ
သိလိုက်တယ်
အကိုရယ်....ညီမကို
ဆေးပေးလိုက်,သက်လိုက်နဲ့
တီတီတာတာ ဒီစကားလေးတွေနဲ့
ငါ့ကိုငါတောင် မပိုင်ခဲ့ပါဘူး
ထားလိုက်ပါတော့....
အသဲကွဲဇာတ်လမ်းဆိုတာ ကြိုးသိရက်နဲ့
ဖတ်လိုက်ရတဲ့ ဝတ္ထုတစ်အုပ်ထက်
ငါ့အဖြစ်ကပိုပါတယ်ဟာ....

မောင်ဇေမင်း(ပွား)ဇင်မင်းခန့်
zinminkhant13@gmail.com

တနေ့နေ့တော့ - မောင်ဇေမင်း(ပွား)ဇင်မင်းခန့်

 (တနေ့နေ့တော့)

ငါပျော်ခဲ့သင့်ပါတယ်
သူ့ဘဝရဲ့ အစိတ်အပိုင်းတခုမှာ
တချိန်က အားပေးဖော်ဖြစ်ခဲ့ဖူးတယ်
တန်ပြန်သက်ရောက်မှုဖြစ်တဲ့
နယူတန်ရဲ့စကားက
ငါ့နဲ့မဆိုင်ပါဘူးလေ....
အားမငယ်ပါနဲ့ နှလုံးသားလေးရယ်
လူတွေကြားမှာရှိနေသင့်တဲ့
ရိုးသားခြင်းကို တနေ့နေ့တော့
လူတွေအားလုံးက နေရာပေးလာမှာပါ

မောင်ဇေမင်း(ပွား)ဇင်မင်းခန့်

နှလုံးသားရဲ့ငိုကြွေးသံ - မောင်ဇေမင်း(ပွား)

 (နှလုံးသားရဲ့ငိုကြွေးသံ)

သူသင်ပေးခဲ့တဲ့ ရိုးသားခြင်းအနုပညာ
ငါရရှိခဲ့တဲ့ ဘဝသင်္ခန်းစာ
ဒီအကြောင်းတွေ မတွေးဖို့ငါ့ကိုငါ
တားနေပါသေးတယ်
ဒီကမ္ဘာမှာ အပြင်းထန်းဆုံးဝေဒနာကို
ခံစားလိုက်ရချိန်မှာပဲ....
အရာအားလုံးကို ငါဆုံးရှုံးလိုက်ရတယ်
အံသြတာပဲ....
နှလုံးသားရဲ့ နာနာကျင်ကျင်ဟစ်ငြီး
ငိုကြွေးသံကို ကြားလိုက်ရတယ်။

မောင်ဇေမင်း(ပွား)

အိပ်ပါတော့လား - မောင်ဇေမင်း(ပွား)

(အိပ်ပါတော့လား)

ကြိုးစားမှုရဲ့ရလဒ်အတွက်
ရောက်လာနိုး ရောက်လာနိုးနဲ့
ငါငေးကြည့်နေဖူးတယ်

လိမ့်ဆင်းလာတဲ့မျက်ရေပူတွေက
ငါ့ကိုနှိုးဆွလိုက်ပြန်ပါပြီး
Seenဆိုတဲ့စာသားကို
တွေ့ရမလားဆိုတဲ့ ငါ့မျော်လင့်ချက်
ပျက်သုဉ်းသွားပြီးလား...
ှစစ်ခနဲ့ကိုက်ခဲသွားတဲ့ ခေါင်းထဲမှာ
မအိပ်စက်သေးတဲ့
သူ့အတွက်စိတ်ပူမိသေးတယ်
ဆုံးရှုံးလိုက်ရပြီးဆိုတဲ့အသိက
ငါ့အနာဂါတ်ကိုတောင်
ဝေးဝါးသွားစေတယ်။ ။

မောင်ဇေမင်း(ပွား)


 

နင်ဆိုတဲ့ငါ့ပန်းချီးကား - မောင်ဇေမင်း( ပွား)

(နင်ဆိုတဲ့ငါ့ပန်းချီးကား)

ပညာသားပါပါ ရိုက်ချက်ပြင်းတဲ့
စကားလုံးတွေနဲ့ ငါ့ကိုမပစ်ပေါက်ပါနဲ့
နင်ထင်သလိုမဟုတ်ပါဘူး
နင့်အပေါ်အရမ်းရိုးသားခဲ့သူကို
အရောင်တွေဆိုးဖြစ်အောင်
နင်ဖန်တီးခဲ့တာပဲဟာ....
စုတ်ချက်ပိုင်တဲ့ ပန်းချီးဆရာတဦးလို
နင်ဆိုတဲ့ငါ့ပန်းချီကို
ငါရေးဆွဲချင်မိတာပေါ....။။

မောင်ဇေမင်း( ပွား)


[First] မောင်ဇေမင်း(ပွား)

[First]

ညီမပြောတော့
ညီမကအကို့တွက်Firstပဲဆို
ဒီစကားလေနဲ့တင် ငါပျော်ခဲ့ဖူးတယ်
မဖြစ်နိုင်တဲ့ဘဝမှာ
နင့်အတွက်မပေးနိုင်ခဲ့တာ
ဘာများရှိနေခဲ့လို့လဲ
ရပါတယ်ဟာ..ဆိုတဲ့ စကားလုံးနဲ့
ဲ့နင့်လိုအင်းတွေ ဖြည့်ပေးခဲဖူးတာပဲ
နင့်အတွက်
်ဆုတောင်းပေးလိုက်ပါတယ်
နင့်အပေါ်ငါလောက်ချစ်နိုင်သူ မရှိနိုင်လို့
ငါ့လောက်နည်းပါး နင့်ကိုချစ်နိုင်မယ့်သူနဲ့
ဲ့တွေ့ပါစေ....။ ။

မောင်ဇေမင်း(ပွား)

 
 

ခေါင်စဉ်က ဒဏ်ရာတွေတသသနဲ့. - မောင်ဇေမင်း။ပွား

နင်ရက်စက်တယ်လို့ ငါမထင်ပါဘူး
နင့်ပျော်ဖို့အတွက်ပဲ စဉ်စားတတ်တဲ့
ငါ့ဦးနှောက်ကို ငါ့နှလုံးသားက
ချုပ်ကိုင်ထားတယ်လေ.....
ကမ္ဘာစစ်တွေမှာတောင်
ငြိမ်းချမ်းမှုဆိုတာ ရှာတွေ့နိုင်သေးတာပဲ
နင်ဖန်တီးထားတဲ့
မပြေငြိမ်းနိုင်တဲ့ စစ်ပွဲအလယ်မှာ
ချောက်ချားစွာ ငါရပ်တည်နေရတော့မယ်
ဒဏ်ရာတွေတသသနဲ့...

(မောင်ဇေမင်း။ပွား)


 

ခွန်လမင်း

ခရေပင်အောက်
ပန်းဝင်ကောက်
ပန်းခြောက်ဘယ်သူမှ
မပန်လိုပြီ....


ကဗျာပင်လယ် ဘလောဂ့်သို့သွားရန်...

ဒါဟာချစ်လား..? - ခွန်လမင်း

ဒါဟာချစ်လား..?

မင်းခွဲသွားကတည်းက
နှလုံးသားဆိုတာ
ငါ့ရဲ့ရင်မှာ ပုံသဏ္ဍာန်တစ်ခုသာ
သရုပ်ပြဖို့ဆိုတာ
အဟုတ်မလှတော့ပါဘူး...ချစ်သူ...
အစိမ်းသက်သက် ရက်စက်ခြင်းက
ငါ့ဘဝရဲ့အချိန်တိုင်းကို
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေခဲ့တယ်
တကယ်တော့....
အချစ်ဆိုတာ...
လူတစ်ယောက်ရဲ့ဘဝကို
ပျော်ရွှင်ခြင်းတွေဖြစ်သလို
ခါးသည်းခြင်းတွေလည်း ဖြစ်စေတယ်
ဒါပေမဲ့...
ငါ့အတွက်တော့ မင်းပေးလိုက်တဲ့
ရက်စက်ခြင်းတွေဟာ
မင်းပြောခဲ့တဲ့ ဒါဟာချစ်လား
ချစ်သူ...

ခွန်လမင်း



 

အလွမ်းနေ့စွဲ - စိုင်းဟေမာန်

(အလွမ်းနေ့စွဲ)

တမိုးအောက်မှာ တစ်ယောက်တည်းချစ်
တစ်ချစ်တည်းကိုပဲ သံယောဇဉ်တွယ်ကာရစ်
အတွေးထဲမှာလည်း သူပဲဖြစ်သည်ကြောင့်
အလွမ်းတိုင်းမှာလည်း သူတစ်ယောက်ထဲ
ခိုဝင်လို့ ခန္ဓာကိုယ်တခုလုံး
သူပုံရိပ်တွေ လွှမ်းမိုးထားခဲ့
ဘယ်လိုမှ မေ့မရဘူး
အတူနေစဉ် သူပြောတဲ့ အကြင်နာစကား
သူနှင့်အတူထိုင်ခဲ့တဲ့ ညောင်ညိုရိပ်
သူခြွေသိပ်ခဲ့တဲ့တေးသံ
အားလုံး ပြန်မြင်ကြည့် ရင်ထဲမှာ
အလွမ်းတွေပဲရှိနေခဲ့ပေါ့ကွယ်
ကံကြမ္မာ၏ ရက်စက်ခြင်းက ပစ်ကွင်းမလွတ်တဲ့ ချစ်သူနှစ်ဦးရဲ့ဘဝသည် မခွဲချင်ခွဲ လက်မပြခြင်လဲ
နုတ်ဆက်ခဲ့ရသည်...
ဒီလိုနဲ့ နယ်မြေတွေခြားခဲ့ပေါ့ကွယ်
လူတွေပြောကြသည် ခေတ်မှီတယ် တဲ့
သိပ္ပံခေတ်ဆိုပဲ ဒီစကားကငါ့ရဲ့ဆန်ကျင်ဖက်
ဖုန်းလေးခေါ်ကြည့်တယ်...
အလွမ်းပြေ စကားပြောဖို့
ကံတရားက ငါ့ကိုကျီဇယ်တယ်
မင်းခေါ်တဲ့ ဖုန်းဟာ ဧရိယာပြင်ပတဲ့
အကြိမ်ကြိမ်ပါပဲကွယ်
ငါ့ကျရှုံး၍ အလွမ်းနဲ့ပဲ
နိဂုံးချုပ်ခဲ့ရတယ် ချစ်သူလေးရယ်

(ရင်တွင်းဖြစ်) စိုင်းဟေမာန်

နှလုံးလှမောင်မယ်သို့.... AlK (အင်းလေး)

''နှလုံးလှမောင်မယ်သို့ ''

အမြင့်ဆုံးလိုထင်သူတွေ
ကောင်းကင်ကိုမတွေ့။

အနှိမ့်ဆုံးလိုအားငယ်သူတွေ
အောက်ကိုမကြည့်။

အချစ်ဆုံးဆိုတဲ့ crazy တွေ
ဖြစ်'ပျက် ကိုမထည့် ။

အမုန်းဆုံးဆိုတဲ့ တိမ်ညိုတွေ
အချစ်ကိုမမွေ့  ။

အအေးချမ်းဆုံးဆိုတဲ့နယ်မြေတွေ
အပူငွေ့ကိုမညှိ ။

အပူပင်ဆုံးဆိုတဲ့ ရင်ခွင်တွေ
နှစ်သိမ့်မှုတွေမပြည့် ။

အကျေနပ်ဆုံးဆိုတဲ့ ဂုဏ်သိမ်တွေ
စီးဆင်းတဲ့ အချိန်ကိုမေ့ ။

ဒါတွေကို မင်းတိုရဲ့ ဖြူစင်ခြင်း
လက်တစ်စုံမှာ တွေအောင်ကြည့်
မြင်အောင်ရှာ ရအောင်ဆုတ်ကိုင် ရောက်အောင်ဖြန့်ကျက်
ထိုက်အောင်ပေးဆပ်
ရအောင်စုစည်း
တကယ်ပါ အခွင့်အခါဆိုတာ
ရွေ့ ခြားတဲ့ကမ္ဘာမတည်မြဲတဲ့
သိင်္ခါရ ဖြစ်လိုပါပဲ ။ ။

AlK (အင်းလေး)

အမုန်း(လျှို့ဝှက်လွမ်း)

အမုန်း(လျှို့ဝှက်လွမ်း)

ပျော်စရာ ရွှင်စရာနဲ့
ရယ်ကာ ရယ်ကာ ရယ်ပေါ့
ပျော်ရွှင်လို့ကြည်နူး
ထူးကဲတဲ့ အချစ်တွေနဲ့
အပြစ်ကင်းစွာ ချစ်ခဲ့ပေယ်
အချစ်ဇာတ်လမ်းရဲ့မာန်နတ်
ကိုယ်တို့ကို ခွဲရက်ခဲ့ပြီပေါ့
အခုတော့လေ
လွမ်းစရာ ဆွေးစရာတွေနဲ့
ငိုကာ ငိုကာ ရယ်ပေါ့

လျှို့ဝှက်လွမ်း

အချိန်​ကျမို့... - သူ့ရှင်​{က​လေး}

အချိန်​ကျမို့...

♨❆❆❆♨

အချိန်​ကျမို့
သူလည်းဌါ​နေ
သူ့လွမ်း​မြေသို့
စေ[ပျံ]လိုချင့်​မည်
နှင်​လိုမည်​သာ..။

မနှင်​ဖို့များ
စွက်​မတားလို
သွားလိုရာသို့
ကိုယ်​တိုင်​ပို့ချီ
ပို့မည်​ရွယ်​သည်
သူရယ်​....
ရင်​နှင့်​အမျှ​တော့
လွမ်းပါသည်​။

သူ့ရှင်​{က​လေး}

ကြမ်းတမ်းတယ် - ခွန်လမင်း

ကြမ်းတမ်းတယ်

ချစ်သူ....
ဘဝဆိုတာ...
ပန်းခင်းလမ်းမဟုတ်ဘူး
ကြမ်းတမ်းခက်ထန်တယ်
ကိုယ်အခုလိုဆိုလို့
အပြစ်တင်မစောပါနဲ့
ချစ်ခြင်းသဘောဆိုတာ
ဘဝတစ်ခုရဲ့
တစ်စိတ်တစ်ဒေသမှာပဲဆိုတာ
မင်းသိလာတဲ့တစ်နေ့
နားလည်လာမှာပါ ချစ်သူ....

Monday, August 18, 2014

အိပ်​မက်​ထဲကတက္ကသိုလ် - (လင်းဆက်​ )

ငါမမေ့၍
နွေနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။

ဥသြသံချို ၊ တေးသံစို၍
ပင်ပျိုပင်လှ ၊ ပုရစ်မြနှင့်
လှနေပေဆဲ . . . မြူငွေ့ထဲ . . . ။

ငါမမေ့၍
မိုးနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မိုးရေပက်ဖြန်း ၊ ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ၊ ရောင်စုံကျင်း၍
သင်းနေပေဆဲ . . . မိုးငွေ့ထဲ . . . ။

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မြရည်ပိန်းပိန်း ၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု ၊ ပုရစ်ဥနှင့်
နုနေပေဆဲ . . . နှင်းငွေ့ထဲ . . . ။

ငါမမေ့၍
နေ့ပေါင်းများစွာ ၊ အိမ်မက်ရာ၌
ငါတို့ခြေရာ ၊ များပြားစွာသည်
ဘယ်မှာပျောက်သည် . . . ငါမသိ . . . ။
ငါ၏ခြေရာ ၊ မင်းခြေရာကို
ခုခါရှာ၍ ၊ မမြင်တွေ့လည်း
မေ့မရသည့် . . . တက္ကသိုလ် . . .။

မိုးငွေ့ မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ၊ ငါမြင်သည်၌
နေခြည်ဝင်းဝင်း ပန်းတစ်ခင်းကို
လေညှင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘ၀ကို
တလျက်၊ တမ်းလျက် ငါလွမ်းလျက်သည်
အိမ်မက်လိုလို တက္ကသိုလ် . . .။

Sunday, August 17, 2014

လျှို့ဝှက်လွမ်း

မျက်​လုံးနဲ့မကြည့်​နဲ့ မမြင်​ရဘူး - L -N

မျက်​လုံးနဲ့မကြည့်​နဲ့ မမြင်​ရဘူး

.❆ ဘဝတစ်​ဆုံးကိုပဲမကြည့်​နဲ့
တိုလွန်းတယ်
သံသရာကိုကြည့်

.❆ ကမ္ဘာကြီးကိုမကြည့်​နဲ့
သေးလွန်းတယ်
လောကကိုကြည့်

.❆ အတ္တကိုမကြည့်​နဲ့
ကျည်း​မြောင်းလွန်းတယ်
ပရကိုကြည့်

.❆ ပုထုဇဉ်​ကိုမကြည့်​နဲ့
ရူးမိုက်​လွန်းတယ်
အရိယာကိုကြည့်

.❆ အဓမ္မကိုမကြည့်​နဲ့
မှားလွန်းတယ်
ဓမ္မကိုကြည့်

.❆ ခန္ဓာအပြင်​ကိုမကြည့်​နဲ့
မာယာများလွန်းတယ်
ခန္ဓာအတွင်းကိုကြည့်

L -N

ပွင့်​ဖတ်​ (​နေကာရံ)

ပွင့်​ဖတ်​ (​နေကာရံ)

ချစ်​သူ.....
ဘယ်​အချိန် ဘယ်​ရင်​ခွင်​​ပေါ်ကို
ကြွေသွားမရ်​ဆိုတာမသိပဲ
ရင်​ခုန်​စွာနဲ့​မျော်​​နေရတဲ့ ငါဖြစ်​ရယ်​က
ကြွေချိန်​ကို​မျော်​လင့်​ပြီး
ပင်​ရိပ်​​အောက်​ကခ​ရေ​ကောက်​သူပါ

နွမ်း​ခြောက်​လို့ ရနံ့​ပျောက်
ပွင့်​ဖတ်​​လေး​တွေဖြစ်​တဲ့အထိ
အမြတ်​တနိုးတန်းဖိုးထား​နေမှာပါ

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ


ပူပန်လို့မှ မဆုံးသေး
ငါကျမယ့်မျက်ရည်ကို မြင်ချင်လာပုံရတယ်။
ဘေးကဖြတ်လျှောက်သွားပုံကိုက
တီတီတာတာ စကားတွေမပြောဖူးတဲ့အတိုင်း
ကြည်ကြည်နူးနူးမျက်လုံးမျိုးနဲ့ မကြည့်ဖူးတဲ့အတိုင်း
မင်သေပေမယ့် ထောင့်မကျိုးဘူး။

မင်းဘေးကကောင်ကြောင့်
ငါ့ဖြစ်တည်မှုကို အကျိုးကြေခံမယ်လို့ထင်တာ
မင်းရဲ့အမှား...
နစ်မြုပ်ခဲ့သလောက်ငါခံစားတယ်။
ပိုးစိုးပက်စက် ဖြစ်မသွားဘူး

မခံချင်စိတ်နဲ့ ရေးတဲ့ကဗျာ...
ဆော်ဒါ မရောဘူး
ရေခဲမထည့်ဘူး
ဝီစကီဖန်ခွက်မလိုဘူး။

သိမ်ငယ်မှုမရှိတဲ့ ကဗျာ....
မျက်တွင်းဟောက်ပက်နဲ့ အိပ်ရေးပျက်မခံဘူး။

ငိုချင်စိတ်မရှိတဲ့ကဗျာ.....
လက်ကိုင်ပ၀ါ မဆောင်ဘူး။
အသည်းကွဲတယ်ဆိုတာ
အပေါစားတစ်ရှူးစလို....ပါးပါးလေး။

ငါ့ဆင်ခြင်ဥာဏ်က
ငါ့အသက်ကို တစိုက်မတ်မတ်စောင့်ကြည့်
ဒီနေ့ည ဘိုင်ရွန် ရဲ့ခွဲခွာကြရတယ်ကို ရွတ်ချင်ရွတ်မယ်။
ရိုမီယို ရဲ့ပျော့ညံ့မှုကို အားမလိုအားမရ ဖြစ်ချင်ဖြစ်မယ်။
ကလီယိုပါထရာ ကို ရှုံ့ချချင်ရှုံ့ချမယ်။

မနက်ဖြန်နေထွက်ရင်တော့
ငါ့မျက်နှာ ငါပြန်ကြည့်
ပကတိဖြစ်နေရမယ်။
မင်းကိုပေးဖတ်ဖို့ မရည်ရွယ်တဲ့ကဗျာ
မတော်တဆ တွေ့ခဲ့ရင်တော့
မင်း အံမကြိတ်လိုက်နဲ့ ။ ။

(မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးခဲ့ပါ ။)

စိတ်တွေကျပျောက်ခြင်း - လင်းသု

စိတ်တွေကျပျောက်ခြင်း - လင်းသု

အဲဒီတိမ်တွေ လာကြပြန်ပေါ့
ငါလွမ်းတဲ့အကြောင်းမှာ
အပ်ကြောင်းတွေထပ်ခဲ့ပါတယ် ချစ်သူ
ငါရဲ့နေ့တွေဆိုတာ
မြို့ပြဆန်ဆန် အထီးကျန်
ဘာတစ်ခုဖြစ်မလာတော့ဘူးဆိုတာ
သံချေခြင်းလိုဝတ်ဆင်ခဲ့ရ
နေ.တွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
ငြိမ်းအေးရာနေရာဟာ
ထာဝရနဲ့လက်တစ်ကမ်းမှာ
နမိတ်ပုံတွေဟာ တကယ်ဆို
ဘ၀ ကို ရေလောင်းပေါင်းသင်ဖို. အင်အားတွေတဲ့လား
ငါဘာမှမသိချင်တော့ဘူး
ညတွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
သြော်.....နေ့တွေညတွေကို စိတ်ကပြန်သိမ်းသွားခဲ့ရပေါ့ ..... ။ ။

လင်းသု

ဝေး -မိုးအိမ်လူ

ဝေး -မိုးအိမ်လူ

ဓားအိမ် ဖြစ်မှတော့
ရင်ကွဲရတဲ့အကြောင်း
သေကောင်ပေါင်းလဲ မပြောချင်တော့ဘူး
ကိုယ့်ရင်ခွင်မှာ သူလုံခြုံခဲ့တယ်ဆိုတဲ့ စိတ်နဲ့
ရဲရင့်လိုက်တော့တယ်။

မိုးအိမ်လူ

ကဗျာဆရာ- မောင်သိန်းဇော်

ကဗျာဆရာ- မောင်သိန်းဇော်

မိုးထဲ လေထဲ
ကိုယ့်အသက်ကို ပွေ့ပြီး
ကဗျာရေးသူ
ဆွေးမြေ့ဖွယ် နှင်းမြူတွေနဲ့ လုံးထွေးလို့။

ဘ၀၌ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
ဘ၀၌ မရွတ်ဆိုခဲ့ပေမယ့် မကြားနိုင်။

သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ပါဘူး
ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ
လိုပါတယ်။

မောင်သိန်းဇော်

အချစ်ရူး -မိုးအိမ်

အချစ်ရူး -မိုးအိမ်

အဲဒီမှာ ငါ ဟာ သေခဲ့တယ်
တကယ်တော့
ငါ သေခဲ့တာ ကြာပြီ
သေပြီးတဲ့နောက် ငါ ဟာ အခါခါ သေရင်း
မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေတစ်ကောင်လို
ဝဋ်ဒုက္ခတွေ ၀တ်ဆင်ပြီး
ငါ ရယ်မောလိုက်တယ်
နောက်
ငါ ငိုကြွေးလိုက်တယ်
သက္ကရာဇ်တွေ အလီလီ
အကြိမ်ကြိမ်သေဆုံးရင်း
အဲဒီနေ့ကလိုပဲ
ဒီနေ့လည်း
ငါ သေဆုံးပြန်တယ်။

မိုးအိမ်
၁၃ . ၁ . ၂၀၁၃

နောက်ဆုံးအချိန်

နောက်ဆုံးအချိန်

ဝေဒနာကိုကျော်ပြီး
အလင်းက မျက်လုံးထဲဝင်မလာနိုင်ဘူး။
အသိစိတ်ကအစ
အာရုံငါးပါးစလုံး အမှောင်ကျ....
ခက်ခက်ခဲခဲ ရှာယူရတဲ့ဝင်သက်မှာ
နာကျင်ခံစားမှုကပါ ခန္ဓာကိုယ်ထဲ
တစ.. တစ....
အောက်ဆီဂျင်ပိုက်...
လွှမ်းထားတဲ့ခြုံစောင်ခပ်ပါးပါး....
အနားမှာရှိသမျှ အနိဌာရုံတွေချည်း။
အလန့်တကြားထပျံသွားတဲ့
ခိုတစ်အုပ်က နိမိတ်ပုံသင်္ကေတ....
မွေးစတုန်းက အူဝဲ အူဝဲ လို့ငိုတယ်။
အခု ဟောဟဲ ဟောဟဲနဲ့ငိုတယ်။
ဘာမှတော့ ထူးမသွားပါဘူး။
နောက်ဆုံးသံဝေဂက
နောက်ဆုံးအချိန်နဲ့ တထပ်တည်း ။

မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးခဲ့ပါ

ချစ်သူ့ရင်ခွင် - မိုးအိမ်လူ

ချစ်သူ့ ရင်ခွင် -မိုးအိမ်လူ

ထက်မြိ ဓားသွား တွေ ငါ့ကို
စောင့်ဆိုင်းနေကြတယ်
ကျိန်စာတွေဟာ မိုးလို ရွာဖို့
စောင့်ဆိုင်းနေကြတယ်
အခု ည ဟာ အမှောင်
မနက်ဖြန်တွေဟာလည်း အမှောင်
ခြေထိုးခံမယ့် လျှာတွေ တန်းလန်း
ကြောက်စိတ်ကို အတင်း ဖိနှိပ်ရင်း
အိမ်ထဲကိုသာ အခါခါ တိုးဝင်။

မိုးအိမ်လူ
၁၃ .၁.၂၀၁၃

လမ်းခွဲ...(၄)

လမ်းခွဲ...(၄)

မျှော်လင့်ချက်ဆိုတာကလည်း
ရိုးတံမရှိတော့တဲ့ နှင်းဆီလိုပါပဲကွယ် ။
ဝေးကွာခြင်းရဲ့ ခွာသံများ
အခန်းနံရံမှာ ပင့်ကူမျှင်လို
ရစ်ပတ်ငြိတွယ်…..
ငါ့ဘာသာဗေဒမှာတော့
မင်းက ထွက်ခွာရာပြပုဒ်ပါကွယ် ။
ဆန့်ထုတ်ထားရသမျှ
တမျှော်တခေါ်အလွမ်းတွေကလည်း
ထိကရုန်းလိုပဲ ကြေလွယ်ကွဲလွယ် စိတ်ကလေးနဲ့ ပြောကြစတမ်းဆို…..
ငါက အပူသည်ပေါ့ကွယ် ။
ဆွဲဆန့်ကြည့်လို့မရတဲ့
သေရာပါခေါက်ချိုးတွေအပြင်
မင်း ၀တ်ကျေတမ်းကျေ ဧည့်ခန်းကလည်း
ငါ့အတွက် ကျဉ်းမြောင်းလာမှတော့....
ဝေးနေကြတာပဲ ကောင်းပါတယ်
ဝေး....နေကြတာပဲ ကောင်းပါတယ်ကွယ် ။

မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးပို့ခဲ့ပါ ။

ခြေရာ -ခေတ်လူ(ပျဉ်းမနား) 

ခြေရာ -ခေတ်လူ(ပျဉ်းမနား) 

ထားခဲ့ပါ....
မင်းရဲ့ မသေခြင်းကဗျာတွေထဲ...
နှလုံးသား အပဲ့လေးတစ်ခုနဲ့ ...
ယဉ်ကျေးပေးပါ့မယ်။
အလေးချိန်တွေ မတူညီလည်း...
မျဉ်းကြောင်းတွေ ဖြောင့်ဆဲ...
ငိုကြွေးခြင်းတွေ ငါ့ဘက်မှာပါ။

ထားခဲ့ပါ...
မင်းရဲ့စွန့်ကျဲခြင်းတွေထဲ...
တစ်အိအိပြိုလဲနေတဲ့ ဘ၀ကို ရေဆန်ထဲမျော....
ပန်းတွေပွင့်လန်းပေးပါ့မယ်။
အနိမ့်အမြင့်တွေ မတူညီလည်း....
တစ်နေရာတည်းကိုတော့..
ငါတို့တူညီစွာနဲ့ ရောက်ကြမှာပါ။

ထားခဲ့ပါ...
မင်းရဲ့နောက်စံတင်း ကဗျာတွေထဲ....
ငါ ပန်းပင်တွေစိုက်ပျိုးပေးပါ့မယ်။
ပြီးတော့ ငါမင်းနောက်လိုက်ခဲ့ပါမယ်။

ထားခဲ့ပါ....
မင်းရဲ့ကဗျာတွေ ကျန်ရှိနေဦးမှာပါ။ 

ခေတ်လူ(ပျဉ်းမနား)

မကြင်နာခင်နေပါ - ခွန်လမင်း

မကြင်နာချင်နေပါ
ရင်နာအောင်တော့မလုပ်ပါနဲ့

မချစ်ရင်နေပါ...
မမုန်းတာလေးကို
ကိုယ်ကျေနပ်နေပါမယ်...
ချစ်သူရယ်...

အချစ်

အချစ်

ပြက္ခဒိန်မရှိ၊ ရက်အချိန်မသိ။
နာရီမရှိ၊ ရာသီမညှိ။
မအိုသည့်အရာ၊
ထာဝရအလင်းတန်း၊
ဘဝရဲ့ စမ်းရေအိုင်လေးတစ်ခု။ ။

ချစ်ခြင်းရဲ့ကိုယ်ပိုင်ပစ္စည်း - သက်ပိုင်

(ချစ်ခြင်းရဲ့ကိုယ်ပိုင်ပစ္စည်း)

နင့်အပေါင်းအသင်းတွေပေါ်
ငါ့အပြုအမူတွေ ရိုင်းသွားသလား? ။

နင့်လွတ်လပ်မှု့တွေကို
ပိတ်ပင်သလို ဖြစ်သွားလား?

နင့်ပျော်ရွှင်မှု့တွေကို
ဖျက်ဆီးသလို
ဖြစ်သွားမိသလား.?။

ငါ့ရဲ့ --
သဝန်တိုမှု့ အရာရာအတွက်
နင်ကျေနပ်တဲ့အထိ
ငါတောင်းပန်ပါတယ်။

တကယ်တော့ -

သဝန်တိုမှု့ဆိုတာ
ချစ်ခြင်းရဲ့ ကိုယ်ပိုင်ပစ္စည်း" ဆိုတာ နင့်ကိုလေ
သိစေချင်လိုက်တာ ။ ။ ။

သက်ပိုင်

Saturday, August 16, 2014

ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ” - သူရဿဝါ

ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ” - သူရဿဝါ

ကျွန်တော့်ရင်ကိုလှုပ်ခါချကြည့်တော့
ကြွေကျလာတဲ့သစ်ရွက်ဟာ “မကြည်ဖြူ” ပဲ
ဘယ်လိုလုပ်ရမလဲ
မိုးတွေတိတ်သွားပြီ “မကြည်ဖြူ” ရဲ့။

.“မကြည်ဖြူ” ရဲ့အသံတွေထဲ ၊ မျက်ဝန်းတွေထဲ
ကျွန်တော့်အရိပ်ကလေး ဝဲမနေတော့ဘူး
နားမလည်ချင်ပါနဲ့ “မကြည်ဖြူ” ရယ်
ကျွန်တော့်စိတ်က အံစာတုံးလိုပဲ
အပြောင်းအလဲများတယ် ၊ တန်ဖိုးအတက်အကျရှိတယ်
နှစ်ယောက်အတူကော်ဖီဆိုင်ထဲက
ကော်ဖီနှစ်ခွက်ဟာ ကျွန်တော့်စိတ်နဲ့အတူ
အေး ……စက်သွားပြီ ။

.“မကြည်ဖြူ” ရဲ့ အသားရောင်အင်္ကျီနံဘေးမှာ
ကျွန်တော်ဘာကိုဝတ်ဆင်ထားရမလဲ …… အရောင်မဲ့ ပူပူလောင်လောင်နေ့လည်ခင်းနဲ့
ရေခဲမှတ်အောက်ရောက်နေတဲ့ ရုပ်ရှင်
ဘယ်စကားမှ ဘောင်မဝင်ဘူးဖြစ်နေတယ်။
ဒါလည်း ကစားပွဲတစ်ခုပါပဲ .“မကြည်ဖြူ”ရယ်
ဘယ်တော့မှ နောက်တစ်ပွဲအသစ်ပြန်စလို့မ
ရတော့တာကလွဲရင်ပေါ့ ။

သူရဿဝါ

ခရီးသွားဟန်လွဲ - သူရဿဝါ -

ခရီးသွားဟန်လွဲ
- သူရဿဝါ -

(၁) မချစ်ဘူးလားဆိုတော့လည်း
ကိုယ်က လေတိုက်တိုင်းလှုပ်ခတ်တဲ့ သစ်ရွက်အရွယ်
မဟုတ်တော့တာကလွဲလို့....

(၂) ညီမလေး အဆာပြေစားပြီး
လွှင့်ပစ်လိုက်တဲ့ ချောကလက်မုန့်ထုပ်အခွံလေးဟာ
ကိုယ် ဖြစ်နေ ။

(၃) မိန်းကလေးတစ်ယောက်ကြောင့် ပူပန်ရတာချင်းတော့အတူတူပဲ
ဒါပေမယ့် ကိုယ်က
ကြည်သာမောင်ကိုလည်းသနားတယ်
အောင်ဖြိုးဝေကိုလည်းသနားတယ်

(၄) ကိုယ်နစ်နေတဲ့ရေက တိမ်တိမ်လေး
ဒါပေမယ့် အောက်စီဂျင်တစ်စက်မှပါမလာတဲ့
အခြေအနေ

(၅) ခုတ်လိုက်တာလည်း ဒီနေရာပဲ
ရှသွားတာလည်း ဒီနေရာပဲ
ထိခိုက်ရလွန်းတော့ ဆံပင်ရော စိတ်ရော မဖြီးနိုင်မသင်နိုင် ကိုယ့်မှာ ဖရိုဖရဲနဲ့

(၆) ကိုယ် နာနာကျင်ကျင်လဲကျရတိုင်း
အပျင်းပြေညနေပဲလို့ ညီမလေးက ရယ်မောလေ့ရှိတယ်
အဆုံးမှာ ဘယ်သူက
ဘယ်လိုကွဲကြေသွားမလဲ

(၇) စိုက်ပျိုးရမလား ရိတ်သိမ်းရမလား
သွေးမထားမိတဲ့ဓါးနဲ့
သံယောဇဉ်ခြုံနွယ်ပိတ်ပေါင်းနဲ့
ကော်ဖီခွက်ထဲက ညနက်နက်တွေ ။ ။

၂၀ - ဇွန် - ၂၀၁၂

သူရဿဝါ

အချစ်က မြွေ။
ညှို့တာက သူ။
အဆိပ်မိသွားတာ ကိုယ် ။

- သူရဿဝါ -

တွေးရုံကလွဲပြီး သရုပ်ဖော်လို့မရတဲ့ ပုံပြင်...

တွေးရုံကလွဲပြီး သရုပ်ဖော်လို့မရတဲ့ ပုံပြင်
အလွမ်းဟာ ကိုယ့်ရင်ထဲကိုမှ
မျက်ရည်လို ပိုးပိုးပေါက်ပေါက်ကျ။

ကြယ်ပန်းကလေးတွေ ခူးထားတယ်
ကိုယ် ဘာလုပ်ရမှာလဲ။
သူ့နာမည်ပါတဲ့သီချင်းတွေ ဆိုဖြစ်တယ်
ကိုယ် ဘာလုပ်ရမှာလဲ။
မလှုပ်မယှက်နေပြီး သူ့ဆီအပြေးအလွှားသွားဖြစ်တယ်
ကိုယ် ဘာလုပ်ရမှာလဲ။

ကိုယ့်ဆက်သွယ်မှုဧရိယာထဲမှာ သူမှမရှိဘဲ
ဒါမှမဟုတ်..
သူ့ခေါ်ဆိုမှုစာရင်းထဲ ကိုယ့်ကိုမှတပ်ဆင်မထားဘဲ
ကိုယ်
ဘာများလုပ်နေရမှာလဲ။

အချစ်ရာ.. လွမ်းတယ်
အသိစိတ်ရဲ့အပြင်ကို ဖောက်ထွက်သွားချင်တယ်။
အချစ်ရာ.. လွမ်းတယ်
ဇစ်ပိုမီးခြစ်တစ်လုံးလို လွယ်လွယ်ကူကူ ဝယ်သိမ်းထားချင်တယ်။
အချစ်ရာ.. လွမ်းတယ်
ဟောသည် တစ်ခေတ်လုံးကြားအောင် အော်လိုက်ချင်တယ်။

ပြောရဲတယ်.. ရဲရင့်အောင်ကို သနားတယ်
ကိုယ်ဟာ လွမ်းလွန်းလို့
အလွမ်းဟာ ပူလွန်းလို့
အဝီစိအထိရောက်သွားနိုင်တယ်။

- သူရဿဝါ -
၇ - နိုဝင်ဘာ - ၂၀၁၃

ရှင်ကွဲ - သူရဿဝါ

(ဆရာတာရာမင်းဝေရဲ့ “ရှင်ကွဲ” ဆိုတဲ့ကဗျာလေးဖတ်ခဲ့ဖူးတယ်၊ သိပ်လည်း ကြိုက်ခဲ့တယ်။ အဲဒီခေါင်းစဉ်ကို ရူးရာကစပြီး ဘယ်လိုမှ မနေနိုင်တဲ့အဆုံး “ရှင်ကွဲ” ဆိုတဲ့ခေါင်းစဉ်ကလေးပဲပြန်ပေးပြီး ကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ အဲဒီအချိန်ကလည်း ဆရာ့ရဲ့ စကားပြေ၊ စကားပြော၊ ကဗျာအရေးအသားဟန် .. အဲဒါတွေကကိုယ့်အပေါ်အရိပ်လိုကျနေခဲ့တာဆိုတော့ “ရှင်ကွဲ” ကို ကိုယ့်ဟာကိုယ် ပြန်ရေးတော့လည်း အဲဒီလိုပုံစံမျိုးပဲ ပြန်ထွက်လာတာပါပဲ။ (၂၀၀၉) လောက်က ရေးဖြစ်ခဲ့တာပါ။)

ရှင်ကွဲ
- သူရဿဝါ -

.“ဝေးကြပြီကောကွယ်” တဲ့
အပူတစ်ထပ် အအေးတစ်ထပ်နဲ့
တဖြည်းဖြည်း ပြဇာတ်ဆန်လာပါတော့တယ်။

“.. .. .. .. ..”
ခဏတာအသံလေးကိုပဲ
အလွမ်းမြို့ထဲပစ်ထည့်
ကိုယ်.. အံကြိတ်တတ်ခဲ့ပြီ။

ဖြစ်နိုင်မယ်ဆိုရင်
ကောင်မလေးရယ်..
ခနဲ့တဲ့တဲ့ ပြုံးရွဲ့ညိုမဲ
ပြီးခဲ့သော ပြက္ခဒိန်တွေကို ဆုတ်ဖြဲပေးပါ။

ဂုမ္ဘာန်တစ်ထောင်တံခါး
အသူတစ်ရာချောက်ကမ္ဘား
ခြောက်ခြားပူခြစ်မီးလျှံများ
အဲဒီနိမိတ်ပုံတွေကြားကနေ
မင်းလက်ကလေးကို ကိုယ့်ဆီဆွဲမယူရက်ခဲ့ဘူး။

သေချာပါတယ်
မပွင့်ခဲ့ မဖူးခဲ့ ၀တ်မှုန်လည်းမကူးခဲ့။

ဘယ်နေရာကြည့်ကြည့်
အသံတွေချည်းသက်သက် တမ်းတခိုတွဲ
ရှင်ကွဲ။

- သူရဿဝါ -
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉

လက်သန်းကလေးပေးပါ.... ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ် -(သူရဿဝါ) -

လက်သန်းကလေးပေးပါ....
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ် -(သူရဿဝါ) -

မင်းလက်ကိုင်ပဝါ ထောင့်စွန်းမှာ
ချည်နဲ့ထိုးထားတဲ့ အမှတ်အသားစာလုံးဟာ
ကိုယ်ဖြစ်ပါစေ.... ခင်

ကိုယ်က ရုပ်သံအစီအစဉ်မဟုတ်တော့
ချစ်တဲ့စိတ်ကို Remoteနဲ့
ပိတ်လို့လည်းရမှာမဟုတ်ဘူး

အခု စိတ်ကြွရောဂါဖြစ်နေ
ကိုယ်လည်း ရလေ လိုလေ
ဒါပေမဲ့...မင်းနဲ့ကျမှ အိုချင်တဲ့တစ္ဆေ

အလွမ်းဖျားတော့ အလွမ်းကနာသတဲ့
တသသ ကိုယ့်နှုတ်ခမ်းကိုယ် ပွတ်သပ်လိုက်တဲ့အခါ
နင့်နာမည်လေး ဝေ့တက်လာ

ဖိနပ်ကြီးတကိုင်ကိုင်လုပ်ပြီး
တစ်မြို့လုံးအနှံ့လျှောက်မရှာချင်ဘူး
ဒါပေမဲ့ ဇာတ်သိမ်းမှာ စင်ဒရဲလားနဲ့ တွေ့ချင်တယ်

အစောဆုံးလာပါ
နောက်ဆုံးမှပြန်ပါ
မျက်စောင်းထိုးပါ စိတ်ကောက်ပါ
ပြီးရင်တော့
လက်သန်းကလေးပေးပါ
ချစ်ခြင်းမေတ္တာ ပြန်ပေးပါ့မယ်။

၁၅ - ဇူလိုင် - ၂၀၁၃

ကမ္ဘာနှစ်ထပ် - သူရဿဝါ

ကမ္ဘာနှစ်ထပ် - သူရဿဝါ -

.“သွားတော့မယ်နော် ..”
နှုတ်ဆက်တဲ့အသံကို မကြားလိုက်ရဘူး
ဒါမှမဟုတ် နှစ်ခါကြားလိုက်ရတယ်
အရောရောအထွေးထွေး
ကိုယ်တို့နှစ်ယောက်ဟာ
တစ်ယောက်တည်းဖြစ်သွားရင်
သိပ်ကောင်းမှာပဲ။

.“ဆက်ဆက်… ပြန်လာခဲ့မယ်နော်”
ကတိစကားဟာ တုန်ခါေ၀၀ါးလို့၊
ကိုယ် အခါခါကြားယောင်နေမိ
နှုတ်ဆက်စကားနဲ့ ကတိက၀တ်လေး

သစ်ရွက်အနွမ်းလေးကြွေကျသွားတာ၊
တစ်ယောက်တည်းဖြစ်ဖြစ်နေတာ၊
အိပ်လို့လည်းမပျော်ဘဲ
အိပ်မက်တွေမကောင်းတာ၊
မွေးနေ့ဆုတောင်းသံလေး
အနားမှာရှိမနေပေးတာ၊
နေ့တိုင်းတနင်္လာ ဖြစ်ဖြစ်နေတာ၊
နှစ်ခါ .. နှစ်ခါ .. နှစ်ခါများနဲ့
ကိုယ့်မှာ ကမ္ဘာနှစ်ထပ်ထဲ။

၁၁ - သြဂုတ်စ် - ၂၀၁၀

ငါးမူးစေ့ - မောင်သိန်းဇော်

ငါးမူးစေ့လေးကို
ကျွန်တော် တယ်လီဖုန်းထဲ
ထည့်လိုက်တဲ့အခါ တယ်လီဖုန်းထဲကို
ဂျောက်ခနဲကျသွားတဲ့ ငါးမူးစေ့လေးဟာ
ကျွန်တော်ဖြစ်ပြီး ကျွန်တော့်ရင်ထဲကို
ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ
သူမဖြစ်ပါတယ်။

(မောင်သိန်းဇော် - ဥစ္စာရူး) မှ

အလွမ်း - KO Naw

အလွမ်း - KO Naw
======
နာမည်သာလှတာ ခံစားရသူရင်ထဲမှာ
နင့်လို့.......။

ခွဲခွာသွားရတယ်
ပြန်ဆုံကြတော့မယ် ရည်ရွယ်ရာကွဲပြားကြပေမဲ့
ခံစားရတဲ့အလွမ်းချင်းကအတူတူ....။

ကိုယ့်မှာသာအတောင်ပံရှိရင်
ဟိုသီချင်းလေးလို
အတောင်ပံပါရင်မင်းဆီကို ဆိုပြီး ညည်းမိမလားပဲ။

တောင်ပံတဖက်ထဲနဲ့ငှက်က
ပျံဖို့ခက်သလိုပဲ အလွမ်းတဖက်နဲ့ အဆင်ပြေပါ့မလားတွေးပူမိတယ်။

အလွမ်းဆိုတာအတားဆီးမရှိဘူး
ချစ်သူနှစ်ဦးကြား မောင်နှမကြား
မိဘနဲ့သားသမီးကြားမှာ
ကြုံနေကြ လောကဓံပဲ။

ဆေးခါးကိုမသောက်ချင်ပဲ သောက်ကြသလိုပဲ
အလွမ်းဆိုတာမသောက်ချင်လဲ
သောက်ကြရတဲ့ ပါရာစီတမော တမျိုးပါ......။

+++++++++++++

ကိုနော်

ဖန်ဆင်းရှင် - သက်ပိုင်

(ဖန်ဆင်းရှင်)

အရိပ်ဆိုတာ ....
သစ်ပင်က ဖန်ဆင်းတာ။
သားဆိုတာ....
မိဘက ဖန်ဆင်းတာ။
ဂုဏ်ဆိုတာ ....
လူက ဖန်ဆင်းတာ။
ငါ... ဆိုတာ ...
နင်က ဖန်ဆင်းထားတာပါ။
တကယ်တော့ ..
နင်က ငါ့ရဲ့ ဖန်ဆင်းရှင်ပါ ။

သက်ပိုင်

အင်း​လေးသို့လွမ်း​​တေးကဗျာ (​ရေ​ပျော်​ငှက်​)

အင်း​လေးသို့လွမ်း​​တေးကဗျာ
(​ရေ​ပျော်​ငှက်​)

ကြက်​သားဟင်းဆိုတဲ့
မြို့ကြီးက ဟင်းလျာ
ဘယ်​​လောက်​​ကောင်း​ကောင်း
အင်း​လေးက အ​မေ့လက်​ရာ​လောက်
မချိုမြိန်​ခဲ့ဘူး

ဂုဏ်​ပကာသနနဲု့ ပြည့်​နေတဲ့မြိုကြီး
ဘယ်​​လောက်​​ပျော်​​ပျော်
အင်း​လေးက ရွာ​လောက်
စိတ်​ချမ်းမသာဘူး
ချမ်းသာမှုနဲ့ ပြည့်​​နေတဲ့မြို့ကြီးက
လူ​တွေအရိပ်​​တွေ ဘယ်​​လောက်လုံခြုံခြုံ
အင်း​လေးက အ​ဖေရဲ့အရိပ်​​လောက်
ခိုလှုံဖို့မ​ကောင်းဘူး

သူငယ်​ချင်းသို့ .... လင်းဆက်​(ဧရာ​မြေ )

သူငယ်​ချင်းသို့ ....

ခင်​တယ်​ဆိုတဲ့
သံ​ယောဇဉ်​အစည်းအတား
မင်းနဲ့ငါကြားမှာ
သူငယ်​ချင်​ပဲတဲ့လား

လင်းဆက်​(ဧရာ​မြေ )

ရင်ကွဲသစ္စာ (လျှို့ဝှက်လွမ်း)

ရင်ကွဲသစ္စာ(လျှို့ဝှက်လွမ်း)

အသဲနှစ်လွှာ
ကွဲသောခါ
အလွမ်းတွေဟာ
ပွင့်လို့လာ

အလွမ်းမာလာ
ပွင့်သောခါ
မျက်ရည်တွေသာ
ကိုယ့်သစ္စာ--

လျှို့ဝှက်လွမ်း

မျော်​လင့်​ခြင်း​​နေ့​လေး (​နေကာရံ)

မျော်​လင့်​ခြင်း​​နေ့​လေး (​နေကာရံ)

ချစ်​သူ
အ​ဖြူ​ရောင်​နဲ့ကာရံထားတဲ့
ချစ်​သူရဲ့နှလုံးသားမြို့​တော်​​လေးထဲ
ချစ်​ခြင်း တရားအပြည့်​နဲ့ဝင်​​ရောက်​ခဲ့မိတဲ့
ကိုယ့်​ရဲ့ချစ်​ဧည့်သည်​​လေးကို
သူငယ်​ချင်းဆိုတဲ့တံခါးနဲ့
စည်းမရှားပါနဲ့လား

အချစ်​ဆိုတာ....
ဖြစ်​​ပေါ်ဖို့ခက်​တဲ့ ကိုယ့်​နှလုံးသား​လေးက
ကောင်​မ​လေးကိုဆုံးရှုံးမှာ
အရမ်းကြောက်​​နေလို့ပါ
သမုဒ္ဒရာ​ရေပြင်​အတိမ်​အနက်​ကို
တိုင်းတာနိုင်​​ပေမဲ့
ကိုယ့်​နှလုံးသားထဲကအချစ်​ကို
တိုင်းတာလိုမရနိုင်​ပါဘူး
အမုန်းကို​ကြောက်​လို့ပုန်း​ရှောင်​​နေတဲ့
ကိုယ့်​အတွက်​ အရှုံးဆိုတာ
အဆုံးသတ်​မဖြစ်​ပါရ​စေနဲ့
မနက်​ဖြန်​တိုင်းအတွက်​​....
ကောင်​မ​လေးကို​မျော်​လင့်​ရင်း
ရှင်​သန်​​နေပါရ​စေ......

Friday, August 15, 2014

ကမ္ဘာနှစ်ထပ် - သူရဿဝါ

ကမ္ဘာနှစ်ထပ် - သူရဿဝါ -

"သွားတော့မယ်နော် ..”
နှုတ်ဆက်တဲ့အသံကို မကြားလိုက်ရဘူး
ဒါမှမဟုတ် နှစ်ခါကြားလိုက်ရတယ်
အရောရောအထွေးထွေး
ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားရင်
သိပ်ကောင်းမှာပဲ။

"ဆက်ဆက်....ပြန်လာခဲ့မယ်နော်”
ကတိစကားဟာ
တုန်ခါေ၀၀ါးလို့၊ ကိုယ် အခါခါကြားယောင်နေမိ
နှုတ်ဆက်စကားနဲ့ ကတိက၀တ်လေး

သစ်ရွက်အနွမ်းလေးကြွေကျသွားတာ၊
တစ်ယောက်တည်းဖြစ်ဖြစ်နေတာ၊
အိပ်လို့လည်းမပျော်ဘဲ အိပ်မက်တွေမကောင်းတာ၊
မွေးနေ့ဆုတောင်းသံလေး အနားမှာရှိမနေပေးတာ၊
နေ့တိုင်းတနင်္လာ ဖြစ်ဖြစ်နေတာ၊
နှစ်ခါ .. နှစ်ခါ .. နှစ်ခါများနဲ့
ကိုယ့်မှာ ကမ္ဘာနှစ်ထပ်ထဲ။

၁၁ - သြဂုတ်စ် - ၂၀၁၀

အတိတ်က ပုံရိပ် - စိုင်းဟေမာန်

(အတိတ်က ပုံရိပ်)

ဟို--ယခင်
အနီးနေဘဝရယ်က ဆိုစကားတွေနှင့်
သိပ်ချစ်တဲ့အကြောင်း တဖွဖွပြောလို့
ခွဲခွါခြင်းနိဂုံးကို မေ့ပစ်ကာ
တို့ချစ်သူနှစ်ဦး အရမ်းကိုအပျော်ထူးခဲပေါ့---
တနေ့မှာ ကံအကြောင်းရယ်က
ငြိုးမာန်ဖွဲ့ကာ ရက်စက်စွာဖန်လာပြန် ခွဲခဲ့ရပြန်ပေါ့ကွယ်

ဒီလိုနဲဝေးတမြေရွာမှာ ဘဝအာခံလို့
အလွမ်းနောရင်း မောင့်ရင်ထဲမှာ
နေ့စဉ်တမ်းတ ဆွေးတသသပေါ့ကွယ်--

ပြန်ဆုံနိုင်ဖို့ အကြိမ်ကြိမ်တွေးရင်း
ကံအကြောင်းကောင်းဖို့
ဆုတွေတောင်လို့ သံယောဇဉ်ရင်ခွင်သစ်ဆီ
မှန်းမျှော်ကာ အလွမ်းဝေဒနာကို
ဖြေနေရပေါ့ ချစ်သူ...
နင် သိပါစေဟယ်
ငါ့ရဲ့ဘဝ စာမျက်နာပေါ်မှာ
နင့်ပုံရိပ်တွေ ထူထပ်လျက်
ငါတနေ့မှ မေ့မရဘူးဆိုတာ-


(ရင်တွင်းဖြစ်) စိုင်းဟေမာန်

ထာဝရ (ကြယ်​စင်​လင်း)

ထာဝရ (ကြယ်​စင်​လင်း)

ကောင်​မ​လေးရယ်​....
ငါတို့ချစ်​မိတဲ့​ ​နေ့ကစပြီး
အမုန်းဆိုတာကိုလွှင်​ပစ်ခဲ့ပါ​နော်
ငါခံစားရမှာ​ကြောက်​လို့ပါ

လမ်းမခွဲ​ကြေးလို့ ကတိပြုပြီး
မထားခဲ့ပါနဲ့​နော်
ငါနှလုံးသားက
ဒဏ်​ရာရမှာကို​ကြောက်​လို့ပါ

တကယ်​ချစ်​တာပါလို့​ပြောပြီး
မရက်​စက်​ပါနဲ့​နော်​ နှလုံးသားက
ချစ်​တတ်​တာပဲသိလို့ပါ

ကတိ​တွေသစ္စာ​တွေပြုပြီး
မလှည့်​စားပါနဲ့​နော်
နှလုံးသားက အပိုပါတာမဟုတ်​လို့ပါ

ယုံကြည်​ပါဆိုတဲ့စကားထက်
ပိုယုံကြည်​ပြီးတစ်​​ယောက်​နဲ့
တ​စ်​​ယောက်​နားလည်​မှု​ပေးပြီး
.`ထာဝရ´ချစ်​သွားပါရ​စေ.....
ကောင်​မ​လေးရယ်​....

ကြယ်​စင်​လင်း

မြတ်မိခင်ပုံရိပ် (ကောင်းကင်)

မြတ်မိခင်ပုံရိပ်
-----------
အမေ...ရဲ့
ဝမ်းကြာတိုက်ဝယ် သန္ဓေရုပ်ခတော့
ချဉ် ဖန် စပ် ခါး ရှောင်ရှားဂရုစိုက်
အမေစိတ်နဲ့ ဖြေသိပ်လိုသာ
ပီတိဖြာဝေ ၀မ်းမြောက်လို့နေတဲ့
မြတ်မိခင်မေမေ....

မေတ္တာရိပ်မြုံ ပန်းပေါင်းစုံနဲ့
ကြင်နာယုယ အနု အလှ
အမေ ရင်ထဲက ရှိရှိသမျှ
အသက်သွေးသား နှလုံးသားကို
အရေးမထား သား သ္မီးများအတွက်
အသက်ကိုစတေး မွေးပေးခဲတာ
ရှေ့ဦးအသက်သခင် မြတ်မိခင် မေမေ....

အမှောင်ကမ္ဘာ လွတ်မြောက်လာသော်
လောကအလယ် မျက်နှာမငယ်အောင်
အရှက်ကိုစတေး ချစ်စိတ်လေးနဲ့
ရင်မှာပိုက်ထွေးညသား သ္မီးအိပ်တေးကို ဆို
ချိုမြိုင်တော့ နိုချိုရည်စက်နှင့်
တိုက်ကျွေးလို့သာ သား သ္မီးမျက်နှာ
နဖူးကိုနမ်းကာ အနမ်းဦးပိုင်ရှင်
မြတ်မိခင် မေမေပါ.....


ကောင်းကင်

Thursday, August 14, 2014

အသံတိတ်နဲ့ရှိုက်ငိုခြင်း (စိုင်းဟေမာန် )

(အသံတိတ်နဲ့ရှိုက်ငိုခြင်း)

ချစ်လျက်နှင့်ပြောမထွက်သာ
ကြိုက်မှိတ်လျက်ဝေဒနာကိုအောင့်ခံ
မဖြေသာတဲ့ပူလောင်မှု့တွေ
ရင်နှင့်မဆန်အောင်သိမ်းထားရင်း
အလွမ်းဒဏ်ဖက်ကာ
အတွေးသံသရာနယ်မှာ
ကျင်လည်နေရတဲ့
မိန်းမသားတယောက်ရဲ့
ချစ်ခြင်းမေတ္တာဟာ
သက်မဲ့ကိုဖွင့်ဟရင်တောင်
ရှက်စရာမျက်နှာကို
နောက်ဖက်လှည့်ရမဲ့ဘဝပေမို့
သက်ရှိကိုဖွင့်ဟဖို့ဆိုတာ
ဝေးလွန်းလှတဲ့လမင်းကို
တောင်းယူနေတဲ့
ကလေးငယ်တယောက်အဖြစ်ထက်
ဆိုးရွားလှပါတယ်

မောင်
မောင့်ရဲ့အကြင်နာ
ဖြူစင်တဲ့နှလုံးသား၏
လေသံအတွက်ကို
ရင်တထိတ် ထိတ်နှင့်
မျှော်တော်ဆက် တွေးနေမိတာက
ကျွန်မ ချစ်သူ
ဘယ်ခါ ရင်ဖွင့်မလဲပေါ့.?
သတ္တိမရှိတဲ့ချစ်သူ
သွေးနည်းတဲ့မောင်ကြောင့်
အတွေးတချို့ရဲ့ ရိုက်ချက်က
အားငယ်တဲ့နှလုံးသားကို
ဝမ်းနည်းခြင်း မျက်ရည်ကျစေခဲ့ပြီ

မောင်--
သန်းခေါင်ယံညဉ့်မှာလည်း
မောင့် အကြောင်းကိုတွေးရင်း
အိပ်ရာထက်မှာ အမူအယာပျက်လို့
ကျတဲ့မျက်ရည်တွေ ကမ်းမဲ့ ပါပဲ

မောင်--ရေ
တကယ်တော့
မိန်းမသားတယောက်ရဲ့ အချစ်ဟာ
အသံတိတ်နှင့် ရှိုက်ငိုယုံသက်သက်ပါလား
မောင်


(ရင်တွင်းဖြစ်)
စိုင်းဟေမာန်

(သူငယ်ချင်းမိန်းကလေး
ရင်ဖွင့်သံကိုခံစားပါသည်)

ကျင့်သုံးဖို့. - [ဗိုလ်ရွှင်]

ကျင့်သုံးဖို့

အဆို,အမိန့်,အဆုံးအမ,
ဒဿန,စကားတွေဟာ
တစ်ကယ်တော့
ဖတ်ရုံတင် အလှချိတ်ပြီး
ကြည့်ရုံသက်သက်တင်
မဟုတ်ပါဘူး။
"လိုက်နာ လုပ်ဆောင်ဖို့
ဖြစ်တယ်။ "

[ဗိုလ်ရွှင်]

ကျေးဇူးပြုပြီး - MMO

ရောင်ဝါအရင့်
လေအပင့်မှာကြွေကျရအောင်
ငါ့နစ်လုံးသားကသစ်ရွက်မှ
မဟုတ်တာပဲလေ....

မရွေ့မစောင်း
မပြောင်းလဲရအောင်
ငါနစ်လုံးသားကကျောက်ဆောင်
ကြီးလိုမမာကျောနိင်ပါဘူးလေ....

လွယ်လွယ်လည်းမဝေသလို
လွယ်လွယ်လည်းမကြွေပါဘူး
မပြောင်းမလဲ
ပလောင်ပလဲမဆန်ပဲ
မင်းကိုချစ်ခဲ့တာပါ

ဒါကြောင့်
ကျေးဇူးပြုပြီး
မင်းကိုချစ်တာ လွယ်လွယ်လေးလို့
မထင်လိုက်ပါနဲ့ ကောင်မလေးရယ်

MMO

နောင်မှသိရသော တန်ဖိုးများ - [ဗိုလ်ရွှင်]

''နောင်မှသိရသော တန်ဖိုးများ''

ကျန်းမာရေး တန်ဖိုးကို
မကျန်းမာသော အခါမှ
သိရသည်။

ငယ်ရွယ်စဉ်က တန်ဖိုးကို
ကြီးသောအခါမှ သိရသည်။

လူ့ဘဝ တန်ဖိုးကို
အပါယ်လေးဘုံသို့
ကျရောက်ရမှသိရသည်။

[ဗိုလ်ရွှင်]

ဝေဒနာ - လင်းဆက်​(ဧရာ​မြေ )

လူတစ်ယောက်က
ကိုယ့်ကိုဘယ်လောက်
သစ္စာရှိပါတယ် ပြောပြော
တစ်နေ့ကျရင်မထားခဲ့နိုင်ဘူးလို့
တရာသေတွက်ထားလို့မရပါဘူး...

လူတစ်ယောက်က
ကိုယ့်ကိုဘယ်လောက်ပဲ
တန်ဖိုးထားပါတယ်ပြောပြော
တစ်ချိန်ချိန်ကြရင်အနားကနေ
မထွက်ခွါသွားပါဘူးလို့
မပြောနိုင်ဘူး...

ကိုယ်မရှိရင်မနေနိုင်ပါဘူးလို့
ဘယ်လိုမျိုးပဲပြောနေပါစေ
ကိုယ့်ထက်ကောင်းမယ်လို့ထင်တဲ့လူ
ကိုယ့်ထက်စိတ်ချမ်းသာမယ်လို့
ထင်တဲ့လူတွေ့တဲ့အခါ
ကိုယ့်ကိုလက်မလွှတ်နိုင်ဘူးလို့
ပြောလို့မရပါဘူး...

ခေါင်းတစ်လုံး လက်နှစ်ဖက် ခြေနှစ်ဖက်
နှလုံးသားခြင်းဘယ်လိုပဲ
ထပ်တူကျပါတယ်ပြောပြော
လူစိတ်ဆိုတာခန့်မှန်းရခက်တယ်လေ...

အဲဒါကြောင့်.......
လူတစ်ယောက်ကို အရမ်းကြီးမမျှော်လင့်ပါနဲ့
အရမ်းကြီးလဲ တန်ဖိုးမထားမိပါစေနဲ့...
ဘ၀တစ်ခုရဲ့ အစိတ်ပိုင်းတစ်ခုအဖြစ်လည်း
မသတ်မှတ်မိပါစေနဲ့
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
ဖြစ်မလာခဲ့ရင်.....
အရင်ဆုံးနာကျင်ရမှာက ကိုယ်ပါပဲ...

အနှစ်ကင်းဘိ - နေမျိုးသာကီ(မြို့မ)

(အနှစ်ကင်းဘိ)

ဘဝခန္ဓာ တွယ်တာခဲ့သော်
မီးပူမီးကင် အတင်းမြိုက်ဆော်
အနှစ်ကင်းဘိ ဖြစ်၏သနော်
ကောင်းသဘော ဘယ်သောရှိ၏မျော်

နေမျိုးသာကီ(မြို့မ)

အချစ်ဆုံး - [ ဗိုလ်ရွှင်]

အချစ်ဆုံး
အဆိပ်သင့်ခံရမှသာ
အသက်သေဆုံး
သွားစေနိုင်တာ
မဟုတ်ပါဘူး။

နှလုံးသားကို
အပြင်းထန်ဆုံး
အချစ်ဆိပ်သင့်စေတာက
ဘဝတစ်ခုလုံးပါ
သေဆုံးသွားစေနိုင်တယ်ဆိုတာ

[ ဗိုလ်ရွှင်]

စဉ်းစား - ချစ်ပိုင်{မကွေး}ကူရှည်

စဉ်းစား ……

သိပ်လှတဲ့ မိန်းကလေးကို
အိပ်မရအောင် စွဲလမ်းနေတော့
ဒိဋ္ဌအကျိုးက အလုပ်ပျက်တယ်
နေ့နေ့ ညည
သူ့အလှကို စိတ်ထဲခံစား
သိပ်ချစ်ထားတော့
ရှုးသွားမှာလဲ စိုးမိတယ်
ရှုးရှုး မှုးမှုး
အလှထူးကြောင့်
ယစ်မှုးတဏှာ မဖြစ်စွာလျှင်
သူဟာမမိုက်
ဘယ်သူ မိုက်သလဲ……

ချစ်ပိုင်{မကွေး}ကူရှည်

အလွမ်းည. - ချစ်ပိုင်{မကွေး}ကူရှည်

အလွမ်းည…

ညတိုင်းလဲ မလွမ်းဘူး
ပါးတိုင်းလဲ မနမ်းဘူး
လွမ်းမိတဲ့ ညမှာတော့
နမ်းမိတဲ့ ပါးပြင်ကို
သတိရ တမ်းတမိတယ်……?

ချစ်ပိုင်{မကွေး}ကူရှည်

မ (​နေကာရံ)

မ (​နေကာရံ)

ချစ်​သူရယ်​.....
မြစ်​ရဲ့မာယာအ​ကွေ့အ​ကောက်​ များသမို့
အချစ်​ရဲ့မာယာအသစ်​တစ်​​ယောက်​ထားတာမဆန်းပါဘူး
ဒါ​ပေမဲ့​မေးချင်​ပါတရ်
နင်​မှာတကယ်​ချစ်​တတ်​တဲ့
နှလုံးသားရှိရဲ့လား...
အချစ်​ကိုကစား
ငါရင်​ကိုခွဲသွား​ပေမဲ့
နင့်​ကိုအပြစ်​မ​ပြောရက်​ပါဘူး
ဒါ​ပေမဲ့တစ်​​နေ့အချစ်​ကနင့်​ကို
ဒဏ်​ခတ်​မှာကို
စိုးရိမ်​မိတရ်​ချစ်​သူ

ရှင်ပင်ဓမ္မသာဘုရားပွဲ - သက်ပိုင်

(ရှင်ပင်ဓမ္မသာဘုရားပွဲ)

စစ်ကိုင်းမြို့ရဲ့ မိုင်၂၀ကျော်အကွာ
ရွာသစ်ကြီး ပြည်တော်သာ။
တန်ခိုးကြီးမား
ရှင်ပင်ဓမ္မသာ။
ဗုဒ္ဓပူဇနိယ ပွဲမဟာ ။

ဖိုးချစ်တို့ ကကြတာ
လက်ဝှေ့ နွားပွဲစုံလို့ပါ ။
နောက်ပိုင်းမှာလဲ စက္ကပါ
လာပါ ပျော်ပါ ဖိတ်ခေါ်တာ။
(တို့များပျော်တဲ့ ပွဲမဟာ)

သက်ပိုင်

ကကျိ ကကျိ ကျွိ ကျွိ - သက်ပိုင်

(ကကျိ ကကျိ ကျွိ ကျွိ )

စာငှက်ထီးလေးက
စာငှက်မလေးကို
မတွေ့လို့ အော်ခေါ်တယ်
" ကကျိ ကကျိ " တဲ့ ။

ကြွက်ထီးလေးက
ကြွက်မလေးကို မတွေ့လို့
အော်ခေါ်တယ် ။
" ကျွိကျွိ ကျွိကျွိ " တဲ့ ။

ငါလဲ လိုင်းပေါ်မှာ နင့်ကို
မတွေ့လို့ အော်ခေါ်မယ်
" ကကျိ ကကျိ ကျွိ ကျွိ" ပဲ ။


သက်ပိုင်

Monday, August 11, 2014

ကျောင်းဖွင့်ချိန် (၁၀)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၁၀)-တာရာမင်းဝေ

နောက်ဆုံးမှာ ...ဒေါင်းအလံကို ...
ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာ
ပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ) ခ - တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၉)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၉)-တာရာမင်းဝေ

ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။

ကျောင်းဖွင့်ချိန် (၈)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၈)-တာရာမင်းဝေ

ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။

ကျောင်းဖွင့်ချိန် (၇)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၇)-တာရာမင်းဝေ

ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။

ကျောင်းဖွင့်ချိန် (၆)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၆)-တာရာမင်းဝေ

ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...

ကျောင်းဖွင့်ချိန် (၅)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၅)-တာရာမင်းဝေ

ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။