Tuesday, September 30, 2014

ဥယျာဉ်မှုး (မောင်စိန်ဝင်း)ပုတီးကုန်း

( ဥယျာဉ်မှုး)

မခူးရက်ပါ .....
ဆူးချက်ကို ကြောက်လို့မဟုတ်။ ။

မဆင်ရက်ပါ....
ပင်ထက်ကို မမှီလို့မဟုတ်။

မနမ်းရက်ပါ....
အလှမ်းခက်မှာ စိုးလို့မဟုတ်။

ခူးချင်ဆင်ချင်
ယုယချင်ပေမယ့်းးး
သခင့်အတွက်
ပင့်သက်ဟာ ကဗျာ
ကာရံဟာ အိပ်မက်ပေမို့
ရက်.လ မှ နှစ်တွေပြောင်း
သြော် .....
အသက်တမျှ ချစ်နေကြောင်းကို
ရေလောင်းပေါင်းသင်
ပြုပြင်ဖူးပါတဲ့းးး
ဥယျာဉ်မှုးလို ကျွန်ုပ် ။ ။ ။

(မောင်စိန်ဝင်း)ပုတီးကုန်း

အလင်းဝင်မဲ့နှလုံးသား (လျှို့ဝှက်လွမ်း)

အလင်းဝင်မဲ့နှလုံးသား (လျှို့ဝှက်လွမ်း)

ငါ့ရဲ့ယဉ်ကျေးမှုဟာ
ခပ်စိမ်းစိမ်းအဘိဓာန်တစ်အုပ်ပါ
လောကကြီးနဲ့အပေါင်းအသင်းဖြစ်ဖို့
အပြုံးတွေဝတ်ဆင်ခဲ့သော်လည်း
ဒဏ္ဍာရီတွေတဖြည်းဖြည်း ခါးသီးခဲ့တယ်
အပြုံးခရေတွေ
အကြွေစောခဲ့ပေမယ့်
ငါ့ရင်မှာ ခုထိမွှေးဆဲပါ
ငါ့အတိတ်တွေရိုင်းခဲ့လို့
အနာဂါတ်တွေမှာ
ကာရန်ညီချင်တယ်ချစ်သူ
အတူတူပူးပေါင်းရင်
ဒီစစ်ပွဲက ငြိမ်းချမ်းမှာပါ
ငါ့ရဲ့
လက်နက်ချပြီး
ဒူးထောက်တဲ့နှလုံးသားကို
မင်းရဲ့ဂမ္ဘီရ အပြုံးတစ်ပွင့်နဲ့
ပြည်ဝင်ခွင့်ပြုပါတော့ ချစ်သူရယ့့် .့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ကျွန်​​တော်​က ည" ✏ သူ့ရှင်​{က ​လေး}

ကျွန်​​တော်​က
ည" ဖြစ်​ခဲ့ရင်
သူက...လ
.....ကြယ်​က ​လေး
.....ညမှာပွင့်​​သောပန်း
ဖြစ်​​စေချင်​တာပါ...။

သူက
ည" ဖြစ်​ခဲ့ရင်
ကျွန်​​တော်​က...လ
.....ကြယ်​က ​လေး
.....ညမှာပွင့်​​သောပန်း
ဖြစ်​လိုက်​ချင်​တာပါ...။

သူကသာ
ကျွန်​​တော့်​ညမှာပွင့်​တဲ့ ` ပန်းက ​လေး´
ကျွန်​​တော့်​ညမှာသာတဲ့ ` လမင်း​လေး"
ဖြစ်​ချင်​...မဖြစ်​ချင်​ ဆိုတာ....။

သူ့ရှင်​{က ​လေး}

.... သစ္စာ ..... မိုးစက်(mdy)

.... သစ္စာ .....
ချစ်သူ အတွက်...နေရာ...

ဆူးစူးမယ်ဆိုတာ သိလျှက်နဲ့ 
ငါဟာ.
နှင်းဆီပန်းကိုမှ..
မြတ်နိုးမိခဲ့တယ်.....၊
နွမ်းခြောက်သွားမှာကိုလဲ သိလျှက်နဲ့ ပဲ
ငါဟာ.. ယုယစွာဖြင့်...
သိမ်းထားခဲ့သူပါ...၊
ချစ်သူရယ်....၊။

................မိုးစက်(mdy)

...... moeset(mdy)

......

မှန်ပြောင်ပြောင် တစ်ချက်ကို
ပြဒါးတတ်ခဲ့ရင်တောင်
အရောင်ပြန်ဟပ်သေးတာ...၊
ငါနှလုံးသားကို သစ္စာတရားတို့ တပ်ပြီး
အရူးမူးချစ်ခဲ့တာကို
ဘာကြောင့် သူ့ ဘက်က
အေးစက်နေရတာလဲ...၊
ငါ့ ဘ၀ဟာ..ဂုဏ်ဓနဆိုတဲ့
ပြဒါးတွေ ကင်းနေလို့ များ
အရောင်ပြန်မဟပ်တော့တာလား....၊
ငါ သိထားတဲ့ အတိုင်းဆိုရင်
သစ္စာတရားလောက်ဘယ်အရာမှ
အမြဲတမ်းမတောက်ပြောင်နိုင်ဘူးဆိုတာပဲ...၊
(နင် နားလည်နိုင်ပါစေ...)

moeset(mdy)

ချစ်သူ အတွက်...နေရာ... moeset(wetlu)

ချစ်သူ အတွက်...နေရာ...

မီးလေး ရယ်..
ငါရှိတဲ့ မြန်မာနိုင်ငံကနေ
နင် ထွက်ခွါသွားတာက
လေယာဉ်ပျံကြီးစီးပြီးတော့လေ....၊
ငါ သိတာကတော့
ငါတို့ တောမှာရှိတဲ့
ပျံသန်းနေတဲ့ ငှက်ကလေးတွေပါပဲ...၊
အတောင်ဖြန့် တာချင်းတူပေမယ့်
အတောင်ခတ် တာချင်းမတူဘူးလေ..၊
ဒီလောက်ပဲ ငါနားလည်တယ် ၊
ဒီလောက်ပဲ ငါတတ်ထားတယ် ၊
ဒီလောက်ပဲ မြင်ဖူးထားတယ် ၊
ဒီလောက်ပဲ........
ဒီလောက်ပဲ........
ဒါပေမယ့်......
လောင်စာဆီကုန်ရင်
လေယာဉ်ကြီးရပ်သွားမယ်၊
အတောင်ညောင်းလာရင်
ငှက်ကလေးတွေ နားကြမယ် ၊
ဒါလဲ ငါ သိတယ်....
ငါ မသိတာတစ်ခုကတော့
နင် မရှိတဲ့ ဘ၀မှာ
ငါ ဘာကြောင်.....
မရပ်တည်နိုင်ရတာလဲ.....၊
မီးလေး ရယ်..၊

                                       moeset(wetlu)

ဆန္ဒ. မိုးစက်(mdy)

.......*ဆန္ဒ*.......
ချစ်သူ အတွက်...နေရာ

ချစ်သူရဲ့ .....
ပါးကွက်လေးဖြစ်ချင်တယ်...
ချစ်သူပါးပြင်နဲ့ အနီးဆုံးမှာ
ငါ ရှိနေချင်လို့ ပါ...၊
ချစ်သူရဲ့ .......
ဖိနပ်လေးဖြစ်ချင်တယ်...
ချစ်သူ ခလုတ်မထိဆူးမငြိဖို့ 
ငါ ကာကွယ်ပေးချင်လို့ ပါ...၊
ချစ်သူရဲ့ .....
ရင်ထိုးလေးဖြစ်ချင်တယ်...
ချစ်သူရဲ့ ရင်ခွင်ကို
ငါ ခိုဝင်ချင်လို့ ပါ....၊
ချစ်သူ အခုသုံးနေတဲ့
ဟမ်းစက်လေးဖြစ်ချင်တယ်..
ချစ်သူ လက်အစုံမှာထိတွေ့ ခံစားရတဲ့
ဘ၀မျိုးမှာ သာယာချင်လို့ ပါ....၊
ဒါပေမယ့်.........
ဟမ်းစက်ရဲ့ ဆော်ဝဲလ်တိုင်းမှာ
ငါ ရှိမနေချင်ဘူး ....၊
ချစ်သူသုံးလို့ ပြီးတဲ့အခါ
(ရှက်)ခနဲpower offလုပ်လိုက်တိုင်းမှာ
ငါ နာကျင်နေရတာကြောင့်ပါ...၊
ချစ်သူ ရယ်....။ ။

မိုးစက်(mdy

နောက်ဆုံးမျော်လင့်ချက် ✏ မိုးလေး-ရုံးပင်တက် ခေတ္တ(ပြည်)

(နောက်ဆုံးမျော်လင့်ချက်)

အချစ်နိဂုံး အဆုံးမသတ်ခင်
အမုန်းဇာတ်တွေခင်း
ခံနိုင်ရည်ပြင်းငါ့နှလုံးသားကို
မာယာတစ်စိတ်နဲ့
အဆိပ်တွေရောစပ်ခဲ့တာလား
နှလုံးသားကအပြစ်မယူချင်ပေမဲ့
ငါ့ဘဝကမ်းရိုးတန်းတစ်လျှောက်လုံး
မီးဟုန်းဟုန်းတောက်လောင်
အချစ်မိုးတွေခေါင်
မေတ္တာကျောက်ဆောင်တွေပြိုခဲ့ရပြီ
အခုတော့
နှလုံးအိမ်တခုလုံး အပိုင်းပိုင်းပျက်ကြွေ
အစိတ်စိတ်ကြေမွှ မလှပတော့ပဲ
ငါ့နှလုံးသားအတွက် မာယာမပါတဲ့
အကြည့်တစ်ချက်လောက်
လက်ဆောင်ပေးခဲ့ပါလား
ချစ်သူရယ်....

မိုးလေး-ရုံးပင်တက်
ခေတ္တ(ပြည်)

Monday, September 29, 2014

မိုးအလွမ်း ပြည့်မိုး(မင်းလှ-ရေကျော်)

မိုးအလွမ်း

ညီမလေးရေ....
အနောက်တောင်ဘက်ဆီက
မှိုင်းမှုန်အိကျသွားတဲ့
တိမ်ခိုးတွေကိုကြည့်ရင်း
ကြင်သူကိုတမ်းတမိတယ်။
တစ်ချိန်ကမြေနီလမ်း
အတူယှဉ်တွဲစက်ဘီးစီးတုန်း
ကြင်သူပြောတဲ့အလွမ်းတွေက
ခုတော့တသသနဲ့ တစ်သက်မမေ့စရာပေါ့။
အနောက်တောင်မှာမိုးညိုရင်
ကြင်သူမျက်ရည်စိုနေပြီလား....
အရှေ့ရိုးမတောင်မှာဆီးနှင်းဖုံးနေရင်
ကြင်သူသက်ထားပြုံးမှာလား
နွေဥတုရဲ့အပူဒဏ်ကို
ဘယ်လိုအံတုနေမလဲ
တို့ရဲ့မွေးရာပါမေတ္တာနဲ့
အချစ်...အဆင်ပြေပါစေ...။

ပြည့်မိုး(မင်းလှ-ရေကျော်)

ရှိုက်သံ (လျှို့ဝှက်လွမ်း)

ရှိုက်သံ (လျှို့ဝှက်လွမ်း)

သံယောဇဉ်ကြိုးတစ်ခု
ချည်နှောင်ခြင်းပြုမိစဉ်
အဲဒီရင်ခွင်ထဲမှာ
အချစ်မိုးပါရွာသွန်းခဲ့တယ်
ဒါပေမယ့့် 
မြေပြင်ကလက်မခံမှတော့
အငွေ့အဖြစ်ပြန်သန်းရဦးမှာပေါ့
အငိုလွယ်သော်လည်း
အရှိုက်ခက်ခဲ့ပြီ ချစ်သူ
နင်ပေးတာအမုန်းမဟုတ်ပေမယ့်
ငါကတော့ရှုံးနိမ့်ခဲ့ရပြီလေ...
နင်သိပါတယ်
ငါနင့်ကိုအရမ်းချစ်တာ
ဒါတစ်ခုနဲ့ပဲ
ငါ့ 
ကျေနပ်ခြင်းပြုခဲ့ပါတယ်ချစ်သူရယ်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

(အလွမ်း) သက်ပိုင်

(အလွမ်း)

သတိရလိုက်တာဟာ
အိပ်မရတဲ့ ညတွေဆို
သက်ပြင်းချသံတွေနဲ့
လူးလိမ့်နေရတယ်။ ။

ရှေ့တိုးလို့ မရ
နောက်ဆုတ်ဖို့ မလွယ်
အလယ်ခေါင် ကန့်လန့်
အဖြစ်ဟာ...သူငယ်ချင်း"
တဲ့လား..?

နံရံတွေ စည်းတွေများ
တို့နှစ်ယောက်ရဲ့ ခြား
တကယ်ကို -
မလိုချင်ပါဘူးကွာ။ ။ ။

သူ
စာနာနိုင်မလား
သန်းခေါင်ကျော် ညရဲ့
ဒီအလွမ်းတွေဖြင့်
ပျောက်စေသား။ ။ ။

သက်ပိုင်

ညီမျှခြင်း (ဆောင်းဦးနွေ-ထုံးဘို)

ညီမျှခြင်း

တွယ်ငင်ရစ်ပေမဲ့
တကယ်မချစ်ဖြစ်ခဲ့ဘူး
နွယ်ပင်ရစ်သလို
ချစ်နေရတာက ဒီကလူ
အသေအချာစစ်တော့မှတစ်ဖက်သတ်
မညီမျှတဲ့ဒီချစ်ခြင်း
အပြစ်ကင်းဖို့လည်းမဖြစ်နိုင်
အသစ်ထိုးဖို့လည်းနေရာမရှိ
ဒီတော့...
ညီမျှဖို့ပဲလုပ်ရတော့မယ်။

(ဆောင်းဦးနွေ-ထုံးဘို)

လူ့ထံသို့(၆).... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၆)

လောကကြီးထဲကို ဖြတ်သန်းနေတဲ့
လူသားတစ်ယောက်ဟာ မာန်မာနလို့ခေါ်တဲ့ခေါင်းကလေးကို
ငုံ့ပြီး(နှိမ်ချပြီး)နေစေချင်ပါတယ်
ဘာလို့လဲဆိုတော့လောကကြီးမှာရှိတဲ့ လူသားအများစုဟာ မာန်မာနတွေနဲ့မြင့်မားနေကြတယ်။
ရှိတဲ့သူကလည်းရှိလို့ ပဏီတမာန်တွေ ဖြစ်တယ် တန်းတူသူကလည်းတန်းတူမို့ သဒိသမာန်တွေဖြစ်တယ် နိမ့်ကျတဲ့သူကလည်းဟီနမာန်တွေ ဖြစ်တယ် အဲဒီလိုများပြားတဲ့ မာန်မာနတွေရှိတဲ့လောကကြီးထဲမှာ ကိုယ့်ရဲ့မာန်မာနကိုနှိမ့်ချပြီး နေတတ်ဖို့လိုပါတယ် ဒီလိုမှမဟုတ်ရင် အဲဒီမာန်မာနကြောင့် ပစ္စုပ္ပန်မှာရောသံသရာမှာပါ
ဆင်းရဲစေတတ်ပါတယ်။ စာထဲမှာတော့မာန်မာနကြီးတဲ့ လူတစ်ယောက်ကိုတွေ့ရတာ အဆိပ်ပြင်းထန်တဲ့မြွေတစ်ကောင် ကိုတွေ့ရသလိုပဲတဲ့ အဆိပ်ပြင်းတဲ့မြွေကိုတွေ့ရင် လူတွေကသတ်ပစ်ချင်ကြတယ်
မသတ်ဘူးဆိုရင်လည်းလူတွေနဲ့
ဝေးရာကိုပစ်လိုက်ကြတယ် အဲဒီလိုပဲမာနကြီးတဲ့လူကိုတွေ့ရင်
မပေါင်းသင်းချင်ကြဘူး (လူရာမသွင်းချင်ကြဘူးပေါ့)
ဒါကထင်ရှားတဲ့ပစ္စုပ္ပန်ရဲ့အကျိုးကလေးပါ ပြည့်ပြည့်စုံစုံတော့မဟုတ်ဘူးပေါ့။
သံသရာမှာဆိုရင်လည်း အမျိုးညံ့တတ်တယ် လူလူချင်းတူပေမဲ့ အမျိုးမြတ်တာတာတို့ အမျိုးညံ့တာတို့ဆိုတာ မာန်မာနနည်းခြင်း မာန်မာနများခြင်းနဲ့သာ ဆိုင်ပါတယ်
ဒါကြောင့်.....လောကကြီးထဲမှာ ကျင်လည်တော့မယ်ဆိုရင်
ပစ္စုပ္ပန်သံသရာမှာကောင်းတာ လေးတွေဖြစ်စေဖို့ မာန်မာနတွေနဲ့မြင့်မားနေတဲ့ လူတွေရဲ့ကြားထဲမှာ မိမိရဲ့မာန်မာနလေးကို နှိမ့်ချပြီးနေတတ်အောင်
ကြိုးစားကြပါလို့ ......။
ဓမ္မသဘောဖြင့်သာမြင်နိုင်ကြပါစေ....

(အရှင်အာလောက-ရေဝိုင်း)

ခေါက်ရိုးကြိုး စာရွက် (ကောင်းကင်)

ခေါက်ရိုးကြိုး စာရွက်

နာကြင်မှုဆိုတာရှိမှ ပျော်ရွှင်မှုရမှာပါ
ငါက ဖန်ဆင်းသူ မပာုတ်တော့
ကံကြမ္မာရဲ့ နောက်ကွယ်က
ငါ့ အလွမ်း (က)ကွက်တွေက
ရသမျိုးစုံနဲ့ပေါ့...

နင်ပျော်စေချင်တဲ့ ငါ့ နှလုံးသားလည်း
အချိန်တိုင်းပဲ လွမ်းမောကျခဲ့ရပြီပာာ
ဘာကြောင့်လဲ....
ငါမြင်ရောင်နေဆဲ.... နင့်မျက်ဝန်းများကို

မှိတ်ပစ်လို့မရအောင် ငါ့မျက်လုံးများက
အိပ်ပျက်ပေါင်း ညများလည်းများခဲ့ပြီ

နင်မသိလေခြင်းလား ငါ့ အလွမ်းတွေကို
ကဗျာဖွဲ့ပြီး ရေးနေရလို့
စာရွက်များလည်း ခေါက်ရိုးကြိုးနေပြီ
ချစ်သူရယ်.....

စာနာကြည့်စမ်းပါပာာ
ငါ့အလွမ်းတွေနဲ့ ကျော့ပိုးလာတဲ့
အကြင်နာအပြည့်နဲ့ဖေးမတဲ့
နင့် လက်တစ်စုံကို
ငါတကယ် တောင်းတာနေမိတယ်
ယုယစွာနဲ့ ဖြေသိမ့်ပေးပါလား
ချစ်သူ....


ကောင်းကင်

တောင်းဆိုခြင်း (R.ကာဖြိုး)

တောင်းဆိုခြင်း

ရက်​စက်​ယုတ်​မာ ကြမ်းကြုတ်​မှု့မပါ
ရိုးသားဖြူစင်​ ​တောင်းဆိုခြင်းပါ
မမရဲ့အချစ်​​မေတ္တာ ​မောင့်​ကိုသာ​ပေးပါလား?
ချစ်​မမရာ....

ချစ်​​သောမမ
ချစ်​မမ​ရေ....
ချစ်​ရ​မောင်​​လေး
ချစ်​​မောင်​​လေးက
ချစ်​​ရေး ချစ်​ရာ
ချစ်​​နေတာကို
ချစ်​လာ​စေ​ကြောင့်
ချစ်​ခွင့်​​တောင်းသည်
ချစ်​​ကြောင်းတစ်​ဖန်
ချစ်​စာပြန်​၍
ချစ်​​ပေးပါရန်
ချစ်​​တောင်းဆိုသည်​......။
(R.ကာဖြိုး)

Sunday, September 28, 2014

ဘာလိုသေးလဲ ✏ ပန်သာ

ဘာလိုသေးလဲ

ငါဟာမင်းအတွက်
ထီးလေးတစ်ချောင်းပါ
မိုးမစိုအောင်
ကာကွယ်ပေးမယ်။
ငါဟာမင်းအတွက်
အနွေးအင်္ကျီလေးပါ
နွေထွေးမူထွေပေးမယ်
ငါဟာမင်းအတွက်
ယပ်တောင်လေးပါ
အေးမြမူတွေပေးမယ်
ကဲအချစ်ရယ်
ဘာလိုသေးလဲကွယ်။

ပန်သာ

ဝေဒနာ (ပန်သာ)

ဝေဒနာ (ပန်သာ)

မျော်လင့်ချက်မရှိပေမဲ့
မျော်လင့်နေမိတယ်
မချစ်မှန်းသိပေမဲ့
ချစ်နေဆဲပဲ
ပြန်မရမှန်းသိနေပေမဲ့
ပေးနေသေးတယ်၊
မေ့သင့်မှန်းသိပေမဲ့
မေ့မရခဲ့ပါဘူး
အချစ်ဦးရယ်။

ပန်သာ

ဆရာမ.... ✏ ပန်သာ

ဆရာမ....ပန်သာ

အချစ်ကိုသိလာအောင်
သင်ပေးခဲ့တယ်...
ချစ်တတ်လာအောင်လဲသင်ပေးခဲ့တယ်..
ဆက်ပြီးလွမ်းတတ်အောင်
သင်ပေးတယ်...
နောက်ဆုံးမုန်းတတ်အောင်ပါသင်ပေး
သွားရက်တယ်နော်။

ပန်သာ

Saturday, September 27, 2014

ညီမလေး (ဆောင်းဦးနွေ-ထုံးဘို)

ညီမလေး

ဆံပင်ဆေးဆိုးတာ
မောင်မကြိုက်ဘူး
လက်သည်းရှည်ထားတာ
မောင်မကြိုက်ဘူး
ဘောင်းဘီအတိုဝတ်တာ
မောင်မကြိုက်ဘူး
မောင်မကြိုက်တာတွေကိုသိလျှက်နဲ့
အခုလိုလုပ်လိုက်တာ
မောင့်ကိုအရွဲ့တိုက်တာလား
ဒါမှမဟုတ်အချစ်ပေါ့သွားတာလား
မောင်တောင်းပန်ပါတယ်
အဲလိုမလုပ်ပါနဲ့
ယဉ်ယဉ်လေးနေပါ
မြန်မာဆန်ဆန်လေးပဲလှပါညီမလေး။

(ဆောင်းဦးနွေ-ထုံးဘို)

ရာဇဝင်ထဲကအချစ် (ဆောင်းဦးနွေ-ထုံးဘို)

ရာဇဝင်ထဲကအချစ်

ချစ်သူကြားဖူးမှာပါ
အငြိုးကြီးသုဘဒ္ဒါရဲ့
ဆုတောင်းမှားမှုတွေကြောင့်
ပေးဆပ်ခဲ့ရတဲ့ဆဒ္ဒန်ရဲ့အဖြစ်က
အငြိုးအတေးတွေပြေစေဖို့နဲ့
ဝဋ်ကြွေးတွေပြေစေဖို့မဟုတ်လား
ကိုယ့်အဖြစ်ကလည်းသူတို့လိုမဟုတ်ပေမဲ့
သူတို့နဲ့မခြားနားပါလား
မချစ်နိုင်ကြတဲ့ဝဋ်ကြွေးတစ်ခုအတွက်
ပေးဆပ်တဲ့ချစ်သူတိုင်းဟာ
နှလုံးသားကိုအရင်းခံရုံသက်သက်
မဟုတ်ဘူးဆိုတာချစ်သူသိမှာပါ
မညီမျှတဲ့အချစ်တစ်ခုအတွက်
ဒီဘဝမှာဝေးသွားလို့အဆွေးသမား
ဖြစ်နေရုံနဲ့အတွေးမှားပြီး ကိုယ်မိုက်ရူးရဲမဆန်ပါဘူး
ကိုယ့်ရင်ထဲကအချစ်က အိုမင်းရင့်ရော်တဲ့အထိ မျှော်လင့်ရုံသက်သက်ပါပဲ
ကိုယ့်အသဲလဲယိုင်ဖို့ကြုံတိုင်း
ချစ်သူရဲ့ပျော်ရွှင်ခြင်းတွေကိုမြင်တိုင်း
ကိုယ်ကျေနပ်နေပါ့မယ်ချစ်သူရယ်။

(ဆောင်းဦးနွေ-ထုံးဘို)

ကမ္ဘာမြေ(သို့မဟုတ်) ✏ သက်ပိုင်

ကမ္ဘာမြေ(သို့မဟုတ်)

နေ့ကိုကူးက
လကို မတွေ့
ညကို မေ့၏ ။ ။

ညရောက်ပြန်ချေ
နေကို မတွေ့
နေကို မေ့၏ ။ ။

ကမ္ဘာမြေ …
နေနှင့်လည်း ပျော်
လနှင့်ပျော်ကာ
အဖော်ရှာ၍ ...
မျက်နှာပြောင်းလဲ မြန်တတ်သူ ....။ ။ ။


သက်ပိုင်

အကြင်နာမိုးခေါင် ရပ်ဝန်း'''' အောင်မျိုးချစ်(ပလက်ဝ)

အကြင်နာမိုးခေါင် ရပ်ဝန်း

ရွာမယ်ဆိုလည်း ရွာလိုက်ပါတော့မိုးရယ်
အုံ့မှိုင်းနေလဲ အပိုပါပဲ
ဖားကလေးတွေက မျှော်နေရောပေါ့
မြစ်တွေလည်း စစ်ကူလိုချင်လှပြီ......။

မျှော်လင့်ချက်တွေ ပေးခဲ့တဲ့
နှုတ်ခမ်းထူထူနဲ့ကောင်မလေးရေ
မာယာတွေနဲ့ဆော့ကစားနေလဲ အပိုပါပဲ
နှလုံးသားနယ်ပယ်က လစ်ဟာရောပေါ့
အချစ်ပန်းတွေလဲ ပွင့်လန်းချင်လှပြီ

ရွာမလိုလိုနဲ့ ပြယ်ပျောက်သွားတဲ့မိုးတိမ်
မိုးမစဲပါဘူးဆိုတဲ့ ဇွန် ဇူလိုင်မှာတောင်
အခုတော့ ကန္တာရလို
ခြောက်သွေ့ခြင်းများ......။

လာမလိုလိုနဲ့ရှောင်ပြေးသွားတဲ့
မိန်းကလေး....
အချစ်လမ်းကို စ လျှောက်မိတဲ့
ဒီရင်ဘတ်ထဲမှာ
အခုတော့ အားအင်မရှိတော့သလို
ယိုင်နဲ့နဲ့ခြေလှမ်းများနဲ့......။

အောင်မျိုးချစ်(ပလက်ဝ)

အကြင်နာမိုးခေါင် ရပ်ဝန်း'''' အောင်မျိုးချစ်(ပလက်ဝ)

အကြင်နာမိုးခေါင် ရပ်ဝန်း

ရွာမယ်ဆိုလည်း ရွာလိုက်ပါတော့မိုးရယ်
အုံ့မှိုင်းနေလဲ အပိုပါပဲ
ဖားကလေးတွေက မျှော်နေရောပေါ့
မြစ်တွေလည်း စစ်ကူလိုချင်လှပြီ......။

မျှော်လင့်ချက်တွေ ပေးခဲ့တဲ့
နှုတ်ခမ်းထူထူနဲ့ကောင်မလေးရေ
မာယာတွေနဲ့ဆော့ကစားနေလဲ အပိုပါပဲ
နှလုံးသားနယ်ပယ်က လစ်ဟာရောပေါ့
အချစ်ပန်းတွေလဲ ပွင့်လန်းချင်လှပြီ

ရွာမလိုလိုနဲ့ ပြယ်ပျောက်သွားတဲ့မိုးတိမ်
မိုးမစဲပါဘူးဆိုတဲ့ ဇွန် ဇူလိုင်မှာတောင်
အခုတော့ ကန္တာရလို
ခြောက်သွေ့ခြင်းများ......။

လာမလိုလိုနဲ့ရှောင်ပြေးသွားတဲ့
မိန်းကလေး....
အချစ်လမ်းကို စ လျှောက်မိတဲ့
ဒီရင်ဘတ်ထဲမှာ
အခုတော့ အားအင်မရှိတော့သလို
ယိုင်နဲ့နဲ့ခြေလှမ်းများနဲ့......။

အောင်မျိုးချစ်(ပလက်ဝ)

ဒီမှာ ✏ ကောင်းကင်

ဒီမှာ -အရှုံးမှန်းသိရက်နဲ့
ဇွတ်ချစ်မိတာ
ငါအံ့ဩတယ်ကွာ

ဒီမှာ --

ငါ မှားနေမှန်းသိတယ်
အခါခါပဲ
ငါမိုက်ခဲ့မိတာ

ဒီမှာကြည့်
နာကျင်နေပြီ
ပေးဆပ်နေရတုန်းပဲ

ဒီမှာ ဒီမှာ
ဘာမှမရှိတော့ဘူး
ငါ့ဆုံးရှုံးမှုတွေ
အတိုင်းထက်လွန်နေပြီ
နင်သိလား...?

နောက်တစ်ခါ
ပြန်မလှည့်လာနဲ့တော့
ငါ့နှလုံးသားက
မကြိုဆိုတော့ဘူး

ဒီမှာ ဒီမှာ
ခါးမှန်းသိရက်နဲ့လည်း
ငါသောက်ပြီးပြီ
မလိုအပ်တော့ဘူး
မသေယုံတာ
နင့်အလွမ်းဆေးခါးက
အဆိပ်လား ရတယ်
ဖြေဆေးမလိုပါဘူး

ခံစားချက်တွေနဲ့
ရင်ကွဲခံလို့
ချစ်လို့မသေပေမယ့်
သေလောက်အောင်ချစ်တာ
ငါပါပာား....

ငါခံစားရသလို့တော့
နင် မခံစားရစေနဲ့
ချစ်သူရယ်....

ကောင်းကင်

လွမ်းတတ်သူရဲ့ အစွဲအလမ်း ✏ persi(အရာတော်)ဟန်ယူရီမွန်သို

လွမ်းတတ်သူရဲ့ အစွဲအလမ်း

ရင်ခွင်တစ်ခုလုံး ပုံချစ်ရသလို
နောက်ထပ်ဘဝမှာ.....
ဘာမှမလိုချင်တော့လောက်အောင်
မင်းရဲ့အပြုံးကပြည့်စုံမှုကို
ပေးစေတယ်.......
အဆိပ်မဲ့တဲ့နှုတ်ခမ်းက
စကားတွေက မင်းအတွက်
အသက်ပေးချင်လောက်အောင
်ကြီးမြတ်တဲ့ချစ်ခြင်းအတွက်
ယုံကြည်မှုကိုရ စေတယ်.......
ညီမလေးရယ် ဘဝမှာ
နောက်ထပ်ဘာမှမလိုတော့ဘူးဆိုပေမဲ့
မင်းရဲ့အချစ်တွေကိုတော့
ရနိုင်သမျှထက် ပိုလိုချင်နေခဲ့မိတာ
ငါဟာမင်းရဲ့လောဘအိုးလေး
များဖြစ်နေပီလားဟင်.........

persi(အရာတော်)
ဟန်ယူရီမွန်သို့

အဝေးတစ်နေရာ... ✏ persi(အရာတော်) ဟန်ယူရီမွန်သို

အဝေးတစ်နေရာ

နှုတ်ဆက်တဲ့စကားလေးတောင် မပြောခဲ့...
ဒါဟာ....အခြေနေကြောင့်လား
မိန်းကလေးဘယ်သောခါကမှ
မင်းအပေါ်သစ္စာ မမဲ့ခဲ့ပါဘူး
မင်းရဲ့မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့
ငါ့ကိုပြန်လာချိန်မှာ....
ဆီးကြိုနေမှာလား ချစ်သူ
ဘဝအတွက် ရုန်းကန်နေရတဲ့ ငါ့မှာ...
သတိရစိတ်တွေနဲ့
ခွန်အားတွေမဲ့နေတဲ့ကောင်ပါ...
မင်းဆီကအပြုံးတစ်ခုကို ရဖို့အတွက်
ငါဆိုတဲ့ကောင်က စစ်မြေပြင်သွားရလဲ
ကျေနပ်ပါတယ် မိန်းကလေး
အဝေးရောက် ချစ်သူတစ်ယောက်အတွက်
မျှော်လင့်ချက်ရောင်ခြည်လေး
တောက်ပနေခဲ့ရင် ကျေနပ်နေမဲ့သူပါ
မိန်းကလေးရယ်

persi(အရာတော်)
ဟန်ယူရီမွန်သို့

အ​ဖေ ရဲ့အချစ်​ ✏ ရှင်ပညာနန္ဒ ထိန်တပင်

အ​ဖေဟာ......သားသမီးတို့အတွက်
လောကဓံကို မာန်​တင်းကာယှဉ်​ပြိုင်​ခဲ့တယ်
အဲဒီ ယှဉ်​ပြိုင်​မှု့မှာ....
အ​ဖေ​ဟာ ​ချွေး​တွေ ​သွေး​တွေ နဲ့ပါ
အ​ဖေဆိုတာမျိုးဟာ....သားသမီး​တွေကို
ရင်​ထဲမှာသိမ်းဆည်းထားပြီး
ချစ်​တက်​ကြတာမျိုးပါ
သိမ်းဆည်းချစ်​တတ်​​ပေမယ့်
အ​ဖေ့ရဲ့သားသမီးအ​ပေါ်မှာထားတဲ့
အချစ်​​မေတ္တာ​တွေဟာ
တိုင်းတာမရ ကြီးမားခဲ့ပါတယ်
သားသမီးတိုင်းဟာ...
အ​ဖေ့ရဲ့အသက်​ အ​ဖေ့ရဲ့ဘဝပါပဲ
အ​ဖေ့ရဲ့အ​တွေးစိတ်​ထဲမှာ​တော့
ငါ့သားသမီး​တွေကိုထိရင်
ဓားကိုကြည့်​လို့ အ​ဖေဟာ....
တတွတ်​တွတ်​နဲ့​ရေရွတ်​​နေ​လောက်​ပါတယ်
အ​ဖေမစားရ,အ​ဖေမဝတ်​ရရင်​​နေပါ​စေ...
ငါ့သားသမီး​လေး​တွေ စားရ,ဝတ်​ရရင်​ 
ကျေနပ်​စွာ ပြုံး​ပျော်​တတ်​တာလည်း
အ​ဖေပါပဲ
ငါ့သား​လေး,ငါ့သမီး​လေး​တွေကြီးလာရင်
အ​ဖေ့လို သူများလက်ညိုးထိုး
စေညွန်ရာမလုပ်​​စေရဘူး
ငါ့သားငါ့သမီး​လေး​တွေ
အမြဲလက်​မ​,ထောင်​နိုင်​​စေရမယ်​လို့
အ​ဖေဟာ အ​ဖေတိုင်းဟာ
ရည်​စူးခဲ့ ရည်​မှန်းခဲ့ကြပါတယ်
ဘဝကံ အကျိုးမလှလို့
သားသမီး​လေး​တွေဆင်းဆင်းရဲရဲ
လုပ်​ကိုင်​ရတာကိုမြင်​​တော့လည်း
အ​ဖေ စိတ်​​တွေမ​ကောင်းဖြစ်​ခဲ့ရပြန်​တယ်
အ​ဖေ ကိုယ့်​ကိုယ်​ကို​တောင်
ပြောမိလိုက်​မှာပါ မင်းအသုံးမ
ကြလို့ဖြစ်​တာပါလို့....

အတ္တကိုဖယ်....ရှင်​ပညာန္ဒ (ထိန်​တပင်)

ဣဓ​မေဝ သစ္စံ ​မောဃညံ ။

မြတ်​ဘုရားက
ငါ့အယူသာမှန်တယ်​ ငါသာတတ်​တယ်
ငါသာမြတ်​တယ်​ ငါသာသိတယ်
အခြားသူ​တွေရဲ့အယူသည် မမှန်ကန်...
အချည်းနှီး အလကားဟု
ဒီလိုတစ်​ဖက်​သက်​ အတ္တဆန်​တဲ့
အ​တွေး စိတ်​ဓာတ်​​တွေ မထားရဘူး
မကျင့်​သုံးရဘူး ​ရှောင်​ကြဉ်​ပါတဲ့

ရှင်​ပညာန္ဒ (ထိန်​တပင်)

အဖေ. ရှင်​ပညာနန္ဒ (ထိန်​တပင်)

အဲဒီ အချိန်​မှာ....
အ​ဖေဟာ ဝမ်းနည်းမျက်​ရည်​ကျ​နေမှာပါ
အ​ဖေဟာ သားသမီး​တွေအ​ပေါ်
ဒီလိုအချစ်​​မေတ္တာမျိုးနဲ့ ချစ်​ခဲ့ကြတာပါအ​ဖေ
အ​ဖေ့ရဲ့အချစ်
အ​ဖေ့ရဲ့​မေတ္တာ
အ​ဖေ့ရဲ့ခံယူချက်
အ​ဖေ့ရဲ့ဆန္ဒကို သားသိခဲ့ပါပြီ အ​ဖေ
အ​ဖေ ကိုသားရင်​ထဲကကြည်​ညိုစွာ
ကန်​​တော့လိုက်​ပါတယ်
သားနားလည်ပါပြီ
အ​ဖေကျန်းမာပါ​စေ....
အ​ဖေရှိသူတိုင်း အ​ဖေ့ရဲ့​ကျေးဇူး,မေတ္တာကို
နားလည်​သ​ဘော​ပေါက်​နိုင်​ပါ​စေ....

ရှင်​ပညာနန္ဒ ထိန်​တပင်

အဖေ. ရှင်​ပညာနန္ဒ (ထိန်​တပင်)

အဲဒီ အချိန်​မှာ....
အ​ဖေဟာ ဝမ်းနည်းမျက်​ရည်​ကျ​နေမှာပါ
အ​ဖေဟာ သားသမီး​တွေအ​ပေါ်
ဒီလိုအချစ်​​မေတ္တာမျိုးနဲ့ ချစ်​ခဲ့ကြတာပါအ​ဖေ
အ​ဖေ့ရဲ့အချစ်
အ​ဖေ့ရဲ့​မေတ္တာ
အ​ဖေ့ရဲ့ခံယူချက်
အ​ဖေ့ရဲ့ဆန္ဒကို သားသိခဲ့ပါပြီ အ​ဖေ
အ​ဖေ ကိုသားရင်​ထဲကကြည်​ညိုစွာ
ကန်​​တော့လိုက်​ပါတယ်
သားနားလည်ပါပြီ
အ​ဖေကျန်းမာပါ​စေ....
အ​ဖေရှိသူတိုင်း အ​ဖေ့ရဲ့​ကျေးဇူး,မေတ္တာကို
နားလည်​သ​ဘော​ပေါက်​နိုင်​ပါ​စေ....

ရှင်​ပညာနန္ဒ ထိန်​တပင်

အဆိပ် ဝဏ္ဏအောင် (ထာဝရသစ်ပင်)

အဆိပ်

ချစ်တတ်သူတွေအတွက်
ကိုယ်ချစ်သူ မချစ်တော့တဲ့အခါ ဘယ်တော့မှမလွမ်းမိပါစေနဲ့ အလွမ်းဆိုတာအဆိပ်ပန်း
မခူးမိပါစေနဲ့ ဆူးစူးမိယုံတင်မကဘူး အခိုက်မသင့်ရင်
အသက်တောင်သေစေနိုင်တယ်

ဝဏ္ဏအောင် (ထာဝရသစ်ပင်)

တစ်ချိန်ကရဲ့ဝိရောဓိ (လျှို့ဝှက်လွမ်း)

တစ်ချိန်ကရဲ့ဝိရောဓိ (လျှို့ဝှက်လွမ်း)

သူငယ်ချင့်း့ 
တစ်ချိန်တုန်းကရိုးရိုးဝတ်
ယဲ့ယဲ့ပြုံး ယဉ်ယဉ်လှမ်း
သဲ့သဲ့လေးပဲ နင်ရယ်တယ်နော်

မြန်မာမြေမှာပေါက်တဲ့
မြန်မာ့သနပ်ခါးကိုလိမ်းကာ
ဆံကေသာနက်လှလှကို
ရံခါမှာ ဖွတ်မှီးလေးလည်းထိုးတတ်ခဲ့တယ်နော်

အခုတော့ ရှေ့နောက်ခွဲ
ဒူးအထက်လည်းနင်ဝတ်တယ်
အင်္ကျီကလည်ဟိုက်နဲ့
ခပ်မိုက်မိုက်ပဲနင်လျှောက်တယ်
နိုင်ငံခြားဖြစ်ဆေးတွေနဲ့
မျက်နှာကိုအရောင်တင်
ဆံပင်ကိုဆေးတွေဆိုး
နင်ရယ်တော့လည်း
တိုးတိုးလေးမဟုတ်တော့ဘူးနော်

နင်ချစ်ခဲ့ဘူးတဲ့သနပ်ခါးများဟာ
ကာလာတွေကြားမှာပဲ
ပျောက်ကွယ်လို့သွားရပြီပေါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

မကြာမီ မျှော် (လျှို့ဝှက်လွမ်း)

မကြာမီ မျှော် (လျှို့ဝှက်လွမ်း)

နှစ်ဦးသားလက်ပြနှုတ်ဆက်ပြီး
ခွဲခွာကာထွက်လာခဲ့ရပေမယ့်
ရင်ထဲကဆန္ဒအရ
ရောက်ခဲ့တဲ့အလွမ်းမြေ
တစ်ခါတစ်လေတော့
အလွမ်းပြေလိုပြေငြား
တို့ရဲ့အတိတ်ပန်းချီကားများကို
လှန်လှောလို့ ကြည့်မိပါတယ်
လွမ်းမြဲလွမ်းလျှက်ပါ
အချိန်မကြာခင်ဆုံစည်းဖို့ယုံပြီး
တို့ပိုပြီးကြိုးစားပါ့မယ့်
ဝေးရပ်တစ်နေရာက
ချောလှမဒီကညာရယ့့် 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

အနီးအတွက် အဝေးဖြစ်မှာပါ (လျှို့ဝှက်လွမ်း)

အနီးအတွက် အဝေးဖြစ်မှာပါ (လျှို့ဝှက်လွမ်း)

အမုန်းခြေရာ မရှိသော်ငြားလည်း
အဝေးတစ်နေရာခွဲခွါနေသူတွေမို့
အလွမ်းဒဏ်ရာတွေက ဗလပွနဲ့ပေါ့

တစ်ပိုင်းတစ်စချစ်ခြင်းလေးကို
အပိုင်းအစအဖြစ် လေလွင့်မခံနိုင်ဘူး

တစ်နယ်တစ်ကျေးမှာ
ဘယ်ချစ်သူကဝေးချင်မှာတဲ့လဲ

ဒါပေမယ့်

မဖြေသာဘဝနဲ့
နေသာနေရသော်လည်း
အနီးကလေးအတွက်
အဝေးအဆွေးပဲ ဖြစ်မှာပါ ချစ်သူရယ်

လျှို့ဝှက်လွမ်း (မင်းလှ-ရေကျော်)

ဆုံစည်းခွင့်လေး (လျှို့ဝှက်လွမ်း)

ဆုံစည်းခွင့်လေး (လျှို့ဝှက်လွမ်း)

အကြင်နာတစ်ပိုင်းတစ်စနဲ့
ကိုယ်တို့သမိုင်းတွေ မရပ်တန့်ချင်ဘူး
အသိုင်းအဝိုင်းဆိုတဲ့
တံတိုင်းနံရံတွေကို
ပုံစံမျိုးစုံနဲ့
စုံကန်ချိုးပစ်ချင်တယ် ချစ်သူ
မသေချာတဲ့တစ်နေ့နေ့မှာ
အသေအချာဆုံစည်းခွင့်ကို
မျှားနတ်မောင်က
မျှားအချက်တစ်ထောင်မကနဲ့
ကူညီမှ ကိုယ်တို့တွေရဲ့ဘဝက
နီးခွင့်ရမှာလား...ချစ်သူရယ်
ကြိုးစားခြင်းရဲ့ရလာဒ်ကြောင့်
ကိုယ်တို့တွေရဲ့နီးစပ်ခွင့်လေး
လက်တစ်ကမ်းမှာရှိပါသေးတယ်နော်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ရင်​ခုန်​ သတဲ့... သူ့ရှင်​{က ​လေး}

ရင်​ခုန်​ သတဲ့...

သူ့အပြုံး​ကြောင့်
ရင်​ခုန်​ရသလို
သူ့ အမုန်း​ကြောင့်​လဲ
ရင်​ တုန်​ရသည်​...။
သူ
မချစ်​မှာကို စိုးရိမ်​သည်
သူ့ကို
ချစ်​ရ​တော့လဲ စိုးရိမ်​သည်​။

သူ့ အပြုံး​ကြောင့်
ငါ့ရင်​ ခုန်​မိသလို
တစ်​ဦးသူကလဲ
ရင်​ခုန်​မိသွားခဲ့လျှင်​...၊
ငါက သူမကို ချစ်​သလို
သူမကသူ့ကိုချစ်​သွားခဲ့လျှင်
တော်​ပြီ....
ဆက်​ မ ​ရေး​တော့ဘူး
ဒါ​တောင်​....သူက
ဒီအချစ်​ကို ရင်​ခုန်​သတဲ့" ။

သူ့ရှင်​{က ​လေး}

ခွင့်​လွှတ်​ခြင်း သူ့ရှင်​{ကလေး}

ကိုယ့်​ နဖူးကို
ဒူးနဲ့တိုက်​သွားသူရဲ့ ဒူးကို
ဆေးကု​ပေးလိုသူ
တစ်​​ယောက်​ကို
သူက...ဒူးကိုဖြတ်​ပစ်​ဖို့
အကြံ​ပေးတယ်​..။

သူက....
.`` ခွင့်​လွှတ်​ခြင်း" ကို
သူရဲ​ဘော​ကြောင်​ ခြင်းလို့
ဘာသာပြန်​ဆိုခဲ့ ​လေသူ။

မေတ္တာတရားနဲ့
စည်းလုံး​ခြင်းကို
တည်​​ထောင်​ကြစဉ်
သူက..အမိန့်​အာဏာသုံးပြီး
စည်းလုံး​ခြင်းကို ဖန်​လိုသူ..။

အဲဒီ​နေ့က...သူ
လူ့​လောကကြီးက
ထွက်​ခွာသွားတယ်
အဲဒီ​နေ့က...ကျွန်​​တော်
ပျော်​မ​နေသလို
ငိုဘို့ကိုလဲ သတိမရခဲ့ပါဘူး။

မေတ္တာများဖြင့်​...
သူ့ရှင်​{က ​လေး}

ညီမလေး (ဆောင်းဦးနွေ-ထုံးဘို)

ညီမလေး

ဆံပင်ဆေးဆိုးတာ
မောင်မကြိုက်ဘူး
လက်သည်းရှည်ထားတာ
မောင်မကြိုက်ဘူး
ဘောင်းဘီအတိုဝတ်တာ
မောင်မကြိုက်ဘူး
မောင်မကြိုက်တာတွေကိုသိလျှက်နဲ့
အခုလိုလုပ်လိုက်တာ
မောင့်ကိုအရွဲ့တိုက်တာလား
ဒါမှမဟုတ်အချစ်ပေါ့သွားတာလား
မောင်တောင်းပန်ပါတယ်
အဲလိုမလုပ်ပါနဲ့
ယဉ်ယဉ်လေးနေပါ
မြန်မာဆန်ဆန်လေးပဲလှပါညီမလေး။

(ဆောင်းဦးနွေ-ထုံးဘို)

Wednesday, September 24, 2014

တို့အင်းလေး @thar phaw

တို့အင်းလေး

လှိုင်းရေဖွေးဖွေး တို့အင်းလေးမှာ ကျွန်းမျောစိုက်ခင်း ရှုမျှော်ခင်းနှင့် အင်းလေးရိုးရာ မျိုးဘာသာကို
တွေ့မြင်ရမည် ရှမ်မောတို့မြေ
တို့အင်းမြေ....
ဖူးလာမိတ်ဆွေ တို့အင်းဆီက
ရောင်ဝါစေတီ ဗုဒ္ဓမြေနှင့်
ယဉ်ကျေးပျူငှါ အင်းရိုးရာကို
မြင်တွေ့ရမြေ မောရှမ်းတို့ပြည်
တို့အင်းမြေ.... တစ်နှစ်တစ်ခါ
ဝါတွင်းအခါ တော်သလင်းမှာလ ပွဲတော်ကျင်းပ...ဖော်မေသသင်း ပျော်မေချင်းတွေနဲ့ နွှဲပျော်ကာ ကျောင်းတော်ရာ အင်းဆုံရာ
ဖောင်တော်ဦး ဘုရားဆီသို့
ဖူးမျှော်ကာ ကုသိုလ်ယူကြပါစို့
မောင်တို့မယ်တို့.....
ဝေးရပ်မိတ်ဆွေ တို့အင်းဆီကို
လှမ်းလာခဲ့ပါ လှိုက်လှဲစွာဖြင့်
ကြိုဆိုနေမည် တို့မိတ်ဆွေ.....တစ်နှစ်တစ်ကြိမ်
ဘုံကထိန်နဲ့ ဝါကျွတ်ပွဲတော်
တူနွှဲပျော်ကာ ပျော်ရွှင်စရာပေ... ရှမ်းတောင်ပိုင်းက တို့အင်းမြေ.....

@thar phaw

(ပွဲတော်) (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ပွဲတော်)

အင်းရေပြာ ကန်ပြင်အလှရယ်နဲ့ ဝင့်ထည်စွာဖူးပွင်နေတဲ့ ရွှေကြာပင် ကောင်းကင်ယံ အထက်မှာလ မောင်နှံငှက်ဇင်ယော် မြူးထူးလို့ပျော်ပါး ရေပြင်မှာစိတ်တူ ညီအစ်ကိုမောင်များ တမူထူးစွာ ခြေဖြင့်လှေလှော် နွဲ့ကာပျော်တဲ့ အင်းလေးဆီက ရွှေပွဲတော်-

(1)
ကြည့်စမ်းကြည့်စမ်း ဖောင်တော်ဆွဲလှေ တစီတတန်းနှင့် ကြည်ညိုတဲ့သဒ္ဓါတရားကို ဖြန့်ကျဲကာ အားကျိုးမာန်တက် လုံးလဖက်လို့ ရွှေအင်းသားတွေ ဘုရားပင့်နေကြတယ်

(2)
ကြည့်စမ်းကြည့်စမ်း သဘောဖြူတဲ့ ရွှေအင်းသူတွေ ရေပြင်အလယ်မှာ လှေကလေးကို အသာလှော်လို့ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်းတော်ကပ်ရန် သွားနေကြတယ်

(3)
ကြည့်စမ်းကြည့်စမ်း တောင်ပြာတန်နှင့် ရွှေကြာပန်းအလှတွေ ယိုင်းယိုင်းကလျက် ဗုဒ္ဓရုပ်ပွားတော်အား ဦးညွတ်နေသည့်အလား

(4)
ကြည့်စမ်းကြည့်စမ်း မောင်နှံငှက် ရွှေဇင်ယော်တွေ ခေါက်တုန့်ခေါက်ပြန်နှင့် အင်းလေးရောက်လာ ဆွေသဟာကို ခရီးဦးကြို ပို့နေကြတယ်
အင်းလေးဘုရား ဟာ ထူးခြားသလောက် အံသြစရာ ကောင်းသလို ကြည်နူးမဆုံးနိုင်တဲ့ ပွဲတော်တစ်ခုရယ်မို့ လာစေချင်သည် မောရှမ်းမြေက
ရွှေအင်းလေးဆီ-


(ရင်တွင်းဖြစ်)စိုင်းဟေမာန်

သညာသိ နှင့် ပညာသိ - အရှင်ဝေပုလ္လ (ရွှေမြေ)

သညာသိ နှင့် ပညာသိ

မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
မှတ်မိရုံသာသိခြင်းသည် သညာသိ
အမှားမရှိအမှန်အတိုင်းထိုးထွင်း၍
သိခြင်းသည် ပညာသိဖြစ်၏။

အရှင်ဝေပုလ္လ (ရွှေမြေ)
ဝါးဖြူတောင်ကျောင်းတိုက်

ပြန်လာပါတော့ မိုးရယ် (လျှို့ဝှက်လွမ်း)

ပြန်လာပါတော့ မိုးရယ် (လျှို့ဝှက်လွမ်း)

မိုးတွေ တပေါက်ပေါက်ကျတဲ့အောက်မှာ
မိုးတစ်ယောက်နဲ့ စတွေ့ခဲ့သလို
မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားမှာပဲ
မိုးမောင့်ကိုထားသွားခဲ့တယ်.....
မိုးပေါက်တွေရဲ့အောက်မှာ
မိုး.....မောင်တစ်ယောက်တည်း
လျှောက်ရတော့မှာလား
မိုးတွေရွာတိုင်းငိုနေမိတယ်
မိုးရယ်.....
မိုးတွေရွာတဲ့တစ်နေ့မှာ
မိုး မောင်ဆီပြန်လာဖို့
မိုးမှောင်ကျတိုင်းခေါ်နေမိတယ်
မိုးဝဿန်နဲ့အတူပြန်လာပါတော့.....
မိုးရယ် လွမ်းလွန်းလှပြီကွာ.....

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ကန်တော့ခန်း (လျှို့ဝှက်လွမ်း)

ကန်တော့ခန်း (လျှို့ဝှက်လွမ်း)

ရင်ခွင်မှာထား၊ရင်ခွင်နားစဉ်
မေတ္တာ စေတနာ၊ပြည့်ဝစွာဖြင့်
လူဖြစ်အောင်မွေး၊ကြီးအောင်ကျွေး၍
လူ့သဘာဝ၊လူ့ဓမ္မပေး
လူယဉ်ကျေးတွေ၊ဖြစ်ကာနေမို့
ဂုဏ်အင်အနန္တ၊မိနှင့်ဖကို
ဆယ်ဖြာလက်မိုး၊ဦးညွတ်ကျိုးကာ
ဝန္ဒာမိတာ၊အခါခါ ။

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

ပျော်သလိုသာနေပါချစ်သူ....

''ပျော်သလိုသာနေပါချစ်သူ"

ငါ့ရင်ခွင်ကို
အပိုင်စားပေးခဲ့တာ
မင်ဘဝအတွက် နွေးထွေဖို့ပါ
ငါ့ရဲ့အသည်နှလုံးတွေကို
စော်ကားဖို့မဟုတ်ဘူးချစ်သူ
အမုန်းလက်နက်
တစက်ကလေးမှ မသုံးဘဲ
အပြုံးတချက်နဲ့သာ
ငါ့ရင်ကို စုံကန်သွားတာပါ
မင်းလုပ်ကွပ်က
သေသပ်ပါတယ်ချစ်သူ
ဒါမှမကျေနပ်သေးရင်
ငါ့ကိုပါအသေသတ်သွားလို့
ရပါတယ်ချစ်သူ
(မင်းပျော်မယ်ဆိုရင်ပေါ့)

လွမ်းစံပယ် (ဆောင်းဦးနွေ-ထုံးဘို)

လွမ်းစံပယ်

မနွမ်းစေချင်ဘူးပန်းကလေးရယ်
လွမ်းနေသူအော်ကာဟစ်နေလည်း
အကျွမ်းမဝင်သူကတော့
အလွမ်းဝင်မှာကြောက်လို့တဲ့
ဝဿန်မိုးရဲ့ရာသီထဲ
ပန်သူမဲ့တဲ့စံပယ်ရယ်
မင်နဲ့ငါဟာဘဝတူတွေမို့
ငါကိုယ်ချင်းစာမိပါတယ်
အခါခါစီးကာထားတဲ့
အလွမ်းဆည်းဆာဆိုတာ
ငါတို့အတွက်ပဲလွမ်းစံပယ်ရယ်
ဒါပေမဲ့ မင်းက
ငါ့ထက်စာရင်ကံကောင်းသေးရဲ့
တစ်ယောက်မကောင်းပေမဲ့
တစ်ယောက်ခေါင်းထက်မှာလေ
ငါ့မှာတော့....။

(ဆောင်းဦးနွေ-ထုံးဘို)

အသဲကွဲဥယာဉ်မှူး (ဆောင်းဦးနွေ-ထုံးဘို)

အသဲကွဲဥယာဉ်မှူး

စိုက်ပျိုးခဲ့တဲ့ပန်းကလေး
ဖူးငုံပွင့်တို့စုံခဲ့ပြီလေ...
ပွင့်ချပ်များစွာစုံခဲ့ပေမဲ့
ဘဝအမောတွေပြေစေရော့လို့
တယုတယမြတ်နိုးစွာဖြင့်
ရေလောင်းပေါင်းသင်စိုက်ခဲ့တယ်လေ
ပန်းကလေးကအပွင့်ရနံ့စုံနေပြန်တော့
မခြွေရက်မခူးရက်အလှကြည့်လျှက်
အကြင်နာများပိုခဲ့ရတယ်.,.
အခုတော့ပန်းကလေး
အလှမာန်ရစ်လို့ဘဝဒဏ်တွေကို
သူမေ့ခဲ့ပြီ...
စိုက်ပျိုးသူဥယာဉ်မှူးရဲ့ယုယမှုကို
ရိုးသွားလို့လားပန်းကလေးရယ်
မခြွေရက်မခူးရက်အလှကြည့်ခဲ့တဲ့
ဥယာဉ်မှူးငါ့အဖြစ်ကိုစဉ်းစားမိတိုင်း
လွမ်းရက်တို့ရှည်လျှားစွာဖြင့်
ဘဝအမောတွေတိုးခဲ့ရတယ်
စိုက်ပျိုးသူဥယာဉ်မှူးရဲ့မေတ္တာရေကြောင့်
ပန်းကလေးရဲ့ဘဝလှခဲ့ပေမဲ့
ပန်းကလေးရဲ့စွန့်ခွါမှုကြောင့်
ဥယာဉ်မှူးလေးငိုခဲ့ရတယ်ပန်းကလေးရယ်။

(ဆောင်းဦးနွေ-ထုံးဘို)

ပန်းကလေး (ဆောင်းဦးနွေ-ထုံးဘို)

ပန်းကလေး

ပန်းတစ်ပွင့်ကိုနွမ်းလို့
ပစ်ဖူးချင်ပစ်ဖူးမယ်
လူတစ်ယောက်ကိုလွမ်းဖို့
ဘယ်သူကချစ်တယ်လို့ပြောခဲ့တာလဲ
ပစ်ခဲ့တဲ့ပန်းကလေးကို
သတိတရမရှိခဲ့ရင်တောင်မှ
နှစ်ဦးသားချစ်ခဲ့ကြတဲ့အလွမ်းကြောင့်
ရင်မှာမထိရှာတဲ့သူ
ဘယ်သူရှိမှာလဲပန်းကလေးရယ်။

(ဆောင်းဦးနွေ-ထုံးဘို)

Monday, September 22, 2014

Photo ချစ်ခြင်းလင်္ကာ

Photo ချစ်ခြင်းလင်္ကာ

ဝေး​တော့မှ [ပန်​သာ]

ဝေး​တော့မှ [ပန်​သာ]

ခါတရံမှမဟုတ်ပါဘူး
နေ့တိုင်းအချိန်တိုင်း
နေရာတိုင်းမှာ
သတိရစရာရှိနေမိတာ
အနားမှာနေတုန်း
လင်းတယ်
မထင်ခဲ့သမျှ
ဝေးနေချိန်မှာ
ပိုဝေးသွားလေ
တောက်ပလာလေ
အနေလှမ်းပေမဲ့
အမြဲတမ်းတော့
မဟုတ်ဘူးဆိုတဲ့အသိ
ရင်မှာရှိနေလေတော့
ပြန်ဆုံချိန်ကို
အလွမ်းတွေနဲ့
မျော်နေမိတယ် ။

ပန်‌သာ

အလွမ်းနေ့ရက်များ (ပန်သာ)

အလွမ်းနေ့ရက်များ (ပန်သာ)

မင်းမရှိတဲ့နေ့တွေဟာ
ကန္တာရထဲ့မှာ
လမ်းပျောက်နေတဲ့
ခြေလှမ်းတွေ
မင်းအကြင်နာတွေကို
ဆာလောင်ငတ်မွတ်နေပြီး
အလွမ်းတွေကို
ကျောမှာပိုးကာ
စက္ကန်တိုင်းဟာ
နှေးကွေးလွန်းတာ
မင်းအချစ်
်အိုအေစစ်လေး
အမြင်ဆုံး
ပေါ်လာပါစေကွာ။

ပန်သာ

အတူဆိုရင်( ပန်သာ)

အတူဆိုရင်( ပန်သာ)

မင်းနဲ့အတူရှိနေရင်
နေပူထဲမှာ
လမ်းလျှောက် ရလဲ
လသာနေတယ်ထင်
မို ရွာနေရင်လဲ
နှင်းစက်ကလေးတွေ
ကျနေတယ်ထင်
ကျောစိမ့်အောင်
ချမ်းနေရင်လဲ
မင်းလက်လေးကြောင့်
မအေးဘူးထင်
အရာအားလုံး
မင်းရှိမှဖြစ်နိုင်မယ်ခင်။

ပန်သာ

ကုသပေးပါ - (ပန်သာ)

ကုသပေးပါ(ပန်သာ)

သီတင်းကျွတ်လ ရောက်လို့လာ
မင်းပေးခဲ့ အတိတ်ဒဏ်ရာ
အခုချိန်အထိ မပျောက်သေးပါ
မင်းကလေးကသာ
မသိနိုင်တာ
ကိုယ့်ရင်ကိုဖွင့်ပြမယ်ဗျာ
မရှူမလှနှလုံးသားနဲ့
ဒဏ်ရာများနဲ့အသဲး
စုတ်ပြတ်သတ်နေပြီကွာ
မင်းတစ်ယောက်သာ
ကုသပေးနိုင်တာ။

ပန်သာ

ချစ်​သူဘဝ.... ဇွဲ​နောင်​​နောင်​(သက္ကလ)

ချစ်​သူဘဝ....

ချစ်​သူ
ငါအားငယ်​​နေတဲ့အချိန်​မှာ
နင့်​ငါ့ကိုပြစ်​ထားရက်တယ်​ကွာ
ငါနားမလည်​နိုင်​ဘူးချစ်​သူ
အေး​လေ ငါအပြစ်​မယူပါဘူး
ငါ့ဘဝရဲ့ဇာတ်ဆရာကငါပဲ​လေ..
ငါနိုင်​​အောင်​ဆက်​ကရမှာ​ပေါ့
ဒါ​ပေမယ့်​...အေးတူပူမျှ
ချစ်​သူဘဝဆိုတာကို
နင့်​ထည့်စဉ်းစား​ပေးပါ
ပေါက်​ကွဲလမ်းစအနားတရနဲ့
ငါ့ရင်​ကိုလှံတစ်​ရာမက
ဆူးဝင်​သလိုခံစားရတယ်​ချစ်​သူ....

ဇွဲ​နောင်​​နောင်​(သက္ကလ)

အဖြည့်ခံ - လက္ခဏ(အုတ်ဖို)

အဖြည့်ခံ

မဖွင့်သာတဲ့ တံခါးမို့
ခွင့်ပန်ဖို့မကြိုးစားပါဘူး..
မလွင့်သာတဲ့ စကားမို့
တဆင့်ခံတောင်မကြားစေခဲ့ဘူး
အခွင့်သာလည်း မယူလို
စွန့်ကာလည်း မသွားလိုသူပါ...
ထီးမလို နန်းမဖက်
သခင့် အပါး
ခစားရုံသက်သက်ပါသခင်

လက္ခဏ(အုတ်ဖို) အ မ သ ယ

ရှင်လျက်ဝေး - လက္ခဏ(အုတ်ဖို)

ရှင်လျက်ဝေး

ရှင်လျက်ဝေး
ရင်ထဲဆွေးမြေ့
နေ့ညသင်္ချေ
တောင်းဆုချွေသည်
သခင် မြင်လှည့်
ကြင်ပါလှည့်

လက္ခဏ(အုတ်ဖို)
အ မ သ ယ

ရင်ခွင်နန်းတော် - လက္ခဏ(အုတ်ဖို)

''ရင်ခွင်နန်းတော်''

ဒီရင်ခွင်နန်းတော်က
မခေါ်ရက်ပေမဲ့...
မျှော်နေလျှက်ပါ..သခင်
ဝင်လှည့်ပါ ကြင်လှည့်ပါလို့
မပြောရက်ပေမဲ့....
ဒီရင်နန်းက
သခင်သာ မြန်းစရာမို့...
မျှော်မှန်းလျက်ပါ သခင်...

လက္ခဏ(အုတ်ဖို)
အ မ သ ယ

ရုပ်သေး - လက္ခဏ(အုတ်ဖို)

ရုပ်သေး

နင်လိုတယ်ဆို
ငါ့သံယောဇဉ် ကြိုးတွေကို
နင့်အနား ချထားပေးမယ်....
သံယောဇဉ်ဆိုတဲ့အရာတခုကိုသာ
မြင်တက်တဲ့ ငါ့စိတ်တွေက
နင်စေရာ ခေါင်းညိမ့်တက်လို့
နင်ပျော်မဲ့ကြိုးကိုဆွဲလိုက်
အလိုက်တသိနဲ့ငါ
နင်စေရာ ကလိုက်ပါ့မယ်...

လက္ခဏ(အုတ်ဖို)
အ မ သ ယ

ဘာသာမဲ့ (လျှို့ဝှက်လွမ်း)

ဘာသာမဲ့ (လျှို့ဝှက်လွမ်း)

မဆုံနိုင်မှန်း သိနေလျှက်နဲ့
ချစ်တတ်တဲ့စိတ်ကို ဖြေလို့မရခဲ့ဘူး
အဝေးကိုကြည့်ဖို့အတွက်
ခွန်အားမဲ့နေတတ်သလို
အတိတ်တွေကိုလည်း မေ့ချင်နေမိတယ်
ပစ္စုပ္ပန်ရဲ့အလယ်တည့်တည့်မှာ
ချစ်တယ် ဆိုတာလေးတစ်ခုတော့
တောင့်တမိတယ်ချစ်သူ
ဒီအတွက်လည်းအဖြေရှိပြီးသားပါ
မဖြင့်သင့်ဘူး တဲ့လေ....
ဟုတ်ပါတယ်
ဖြစ်သင့်တာက မဖြစ်သင့်ဘူးပဲ
ဒါပေမဲ့ ချစ်သူရယ်
ငါ့နှလုံးသားလေးနားလည်အောင်
ဘယ်လိုစကားလုံတွေသုံးပြီး
ငါရှင်းပြရမှန်းမသိတော့ဘူးဟာ

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

မပြစ်မှားမီအောင် သတိဆောင် - နာ ယ က(ကျီးသဲ)ရွှေတောင်

မပြစ်မှားမီအောင် သတိဆောင်

သာသနာအရေး တကယ်အလေးပေး၍
စာပေသသ်ကာ ဘဝတာကို
လမ်းမှန်ရောက်အောင်
ပို့ဆောင်ပေးတာ ရဟန်းပါ...
ဆင်းရဲဝဋ်ကျွတ် လမ်းမှန်လွတ်ဖို့
ကိုယ့်ကဆင်းရဲ ခါးစည်းခံတာ
ရဟန်းပါ
ကိုယ့်ကိုမှီကာ စိတ်ချမ်းသာ
သတ္တဝါအများ ကောင်းစားစေတာ
ရဟန်းပါ
မိမိသိထား တရားများ
သိစေချင်တာ ရဟန်းပါ
အရာရာစွန့်လွတ် ရဟန်းဝတ်၍
လုံးစုံကောင်းအောင်
အရာဆောင်လည်း
မသိသူတွေ ပြစ်မှားလေး၏

နာ ယ က(ကျီးသဲ)ရွှေတောင်

(စိတ်ဓာတ်ကျတယ်) သက်ပိုင်

(စိတ်ဓာတ်ကျတယ်)

သတိမရချင်တော့ပါဘူး
မေ့ဖျောက်ဖို့ အကြိမ်ကြိမ်
တရားထိုင်လဲ အာရုံတွေထဲ
နင်က...
ကခုန်နေတယ်။
နင်ရဲ့အလှ နင်ရဲ့အပြုံး
ငါ့ရင် တစ်ခုလုံးကို
ဝုန်းဒိုင်းကြဲစေတယ်။
နောင်ဘဝဆိုတာ
ငါယုံကြည်တယ် ချစ်သူ။
ဆုံဆည်းခွင့်ကိုတော့
ငါ့မယုံဘူး။
ငယ်ငယ်ကတည်းက
အခုချိန်ထိ ကံမကောင်းခဲ့ပါဘူး။
ဒါပေမယ့်....
မျှော်လင့်မိတဲ့နေ့ကစပြီး
ကံကောင်းတဲ့ လူတစ်ယောက်
ဖြစ်ချင်လာခဲ့တယ် ။
တစ်ခါတစ်လေ...
စိတ်ဓာတ်အရမ်းကျတယ်
နင်က ငါရဲ့နင်
မဖြစ်တော့ဘူးလို့
တွေးမိတိုင်း....

သက်ပိုင်

ထိတ်လန့်စရာအချစ်... (ဆောင်းဦးနွေ-ထုံးဘို)

ထိတ်လန့်စရာအချစ်...

ပူလောင်ခြင်းဆိုတာ
ငါ့အတွက်ပဲ
ဖြစ်တည်စေခဲ့တာလား?
မင်းနဲ့တွေ့ကတည်းက
ပူလောင်ခဲ့တဲ့ငါ့နှလုံးသား
အခုထိအပူမရပ်သေး
ဒါဟာအချစ်ကြောင့်ဆိုရင်
ငါအချစ်ကိုထိတ်လန့်သွားပြီ
ငါအချစ်နဲ့ဝေးရာမှာနေတော့မယ်
ငါအချစ်ကိုမရှာတော့ဘူး....

(ဆောင်းဦးနွေ-ထုံးဘို)

ညီမလေးသို့.... ဆောင်းဦးနွေ - ထုံးဘို

ညီမလေးသို့....

ဘဝဆိုတာ
ခဏလေးတိုတိုလေးပါ
အဲဒီခဏလေးရတဲ့ဘဝမှာ
ညီမလေးရဲ့ ရက်စက်ခြင်းတွေက
ထာဝရလွတ်မြောက်ခွင့်ရပါရစေ......
အငြိုးအတေးတွေရှိခဲ့ရင်
အဲဒီအငြိုးအတေးတွေ ပြေပါစေတော့
မောင့်ဘဝမှာမဖြစ်ချင်တာတွေ ဖြစ်ခဲ့ရတယ်
အဲဒီမဖြစ်ချင်တာတွေအားလုံးကို
လောကဓမ္မတာလို့
နှလုံးသွင်းနိုင်ခဲ့ပေမဲ့
ညီမလေးရဲ့ရက်စက်ခြင်းကို
ခံနေရတဲ့အဖြစ်ဆိုးကိုတော့
မောင်တကယ်မခံစားနိုင်ဘူး
ညီမလေးရယ်...

ဆောင်းဦးနွေ - ထုံးဘို

Saturday, September 20, 2014

Photo. ချစ်ခြင်းလင်္ကာ

Photo (SMA)

Photo ချစ်ခြင်းလင်္ကာ

ချစ်ရသူသို့....

ချစ်ရသူသို့....

ငါ့ရင်ထဲမှာ
ဝေဒနာတွေနဲ့
ပြည့်နှက်နေမှတော့
ငါ့အသဲနှလုံးပျက်ဆီးသွားမှာ
မကြောက်တော့ပါဘူးချစ်သူ
မင်းရက်စက်ခဲ့တာမင်းကျေနပ်ပြီး
ငါခံစားတာမင်းဝမ်းသာတယ်ဆိုရင်
ဒီထက်မကမင်းရက်စက်နိုင်ပါတယ်ချစ်သူ။

ပန်းတစ်ရာမဖူးလည်း ငါက ဥယျာဉ်မှုးပါ သဇင် (အယ်ပိုင်)

ပန်းတစ်ရာမဖူးလည်း
ငါက ဥယျာဉ်မှုးပါ သဇင်

နွမ်းလို့လည်းကြွေဖူး၏
လွမ်းလို့လည်းငိုဖူး၏
နွေ၏တစ်ည လကမသာ
ကြယ်ကမှိတ်တုတ် လဆုတ်ည၏ပုံပြင်
တွင်ကျယ်အောင်ငါမပြောလည်း
မဟူရာရောင်စဉ် သူပန်ဆင်ခဲ့...
ဪ...
ပန်းတစ်ရာ,မပျိုးလည်း...
တစ်ပွင့်ပန်းကိုရည်စူး..
ဖူးပွင့်မှဦးသူဆင်..
ရင်ခွင်မှာလောင်မြိုက်
အသဲခိုက်အောင်နာတယ်...
မိုက်မဲလိုက်တဲ့ ပန်းသဇင်ရယ်..
နွေရောက်လို့ ရေခြောက်ခဲ့ရင်..
ပန်းကြွေကောက်ဖို့...
ဒီပင်အိုအောက်မှာငါစောင့်နေမယ်..

သဇင်ရယ်...
အခုတော့...ကိုယ်...အလွမ်းနဲ့
စစ်ခင်းလိုက်ဦးမယ်..

အယ်ပိုင်...

ညှာတာပါလောကဓံ (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ညှာတာပါလောကဓံ)

ချစ်တတ်သော ငါ့နှလုံးသားသည်
ချစ်ရသူနှင့်ဝေးသောအခါ
နာကျင်မူ့ဖြင့် အဆုံးသတ်နေခဲ့ရ

ဒဏ်ရာများဖြင့် ဖြတ်သန်းရသော
ငါ့ ဘဝသည် သောကများလွှမ်းမိုး၍
အလွမ်းများ မဆုံးနိုင်ခဲ့

ကံကြမ္မာ ရေ ငါ သည်
အချစ်ဝဋ်ကြွေး မကြေခဲ့လို့
ချစ်ရသူနှင့် ဝေးရသလား?
သင့်ကံကြမ္မာက
ငါ့ကိုကျီဇယ် တာများလားကွယ်
သံသယအတွေးနဲ့ ငါသည်
အချစ်ရဲ့နယ်ဝေးမှာ ရှင်သန်နေခဲ့ရပေါ့

ဘဝဆိုတာ
လောကဓံကြိုးဝိုင်းထဲက
သားကောင်ပါလား
ကိုယ်ချစ်တဲ့သူနှင့်တောင်
အတူနေခွင့် မရှိဘူး
သြော်-လောကဓံရေ
ငါ့ ကိုယ်ခွင့်ပြုပါ...ခွင့်လွတ်ပါ...
ချစ်တဲ့သူရဲ့ ရင်ခွင်မှာ
နွေးထွေးစွာခိုလုံပါရစေ
နှစ်ပေါင်းများစွာရဲ့
ကန္တာရအောက်မှာ
ခြောက်သွေ့နေတဲ့
ငါ့ နှလုံးသားကို
ရှင်သန်ခွင့်လေးပေးပါတော့
လောကဓံရေ အချစ်ရဲ့ဒဏ်ကို
ငါ့နှလုံးသား
ခံနိုင်ရည်စွမ်းမရှိတော့လို့--


(ရင်တွင်းဖြစ်)စိုင်းဟေမာန်

တရားဓမ္မ" နာယူရတယ်.... (ဒေါက်တာနန္ဒမာလာဘိဝံသ)

"အရေးမကြီးတာကို
အရေးကြီးတယ်လို့
မထင်မှားရလေအောင်
အရေးကြီးတာကိုလည်း
အရေးမကြီးဘူးလို့
မထင်မှားရလေအောင်
အရေးကြီးတာကို
အရေးကြီးတယ်လို့သိရမယ်
အရေးမကြီးတာကိုလည်း
အရေးမကြီးဘူးလို့
အမှန်အတိုင်းသိရမယ်
ထိုကဲ့သို့ အမှန်အတိုင်းသိဖို့အတွက်
"တရားဓမ္မ" နာယူရတယ်"

(ဒေါက်တာနန္ဒမာလာဘိဝံသ)

အရှင်ဥတ္တရ ( ပြည်)

အတိတ်​ဆိုး - ဇွဲ​နောင်​​နောင်​(သက္ကလ)

အတိတ်​ဆိုး

အတိတ်​ဆိုးရဲ့ အရိပ်​မျိုးကို
အခြားလူသား မသိစေသားရယ်​နဲ့
ရင်​ဝယ်​သိမ်းထား အမှန်းတရား
ပြန်​ကြားချင်​မိ ရင်​တွင်းရှိစကား
ဪ​.....
ကံကြမ္မာရဲ့မျက်​လှည့်​ပြကွက်​က
ကြံရာမရ​အောင်​ ဆန်းသစ်လွန်းတယ်
အရမ်းချစ်​ရတဲ့ မိရင်းဖရင်း
ဇာတိရင်​နဲ့ခွဲခွာ မလွဲသာလို့ဆို​တာကို​တော့
နားလည်​​ပေးကြပါ
ချမ်းသားတဲ့အရိပ်​ကိုခို အစက​တော့
ဟုတ်​သလိုလို​ပေါ့...
အခု​တော့ ပကာသနရဲ့ ပြချကိုခံရမယ်​သူရင်​ထုမနာအသဲကစက်​စက်​ခါ​အောင်​နာမိတယ်
ပကာသနကိုမက်​လို့မဟုတ်
ကျေးဇူးရှင်​​မွေးစားမိခင်​ရဲ့
ဈာပနကိုမျက်​​စောင်းထိုးခွင့်​မရတာ
ဝမ်းနည်းမိတာအမှန်​ပါ...
ဘာပဲဖြစ်​ဖြစ်​ အချစ်​မပျက်
သံ​ယောဇဉ်တွေရစ်​ပတ်နေတဲ့
သူတို့ရှိရာဇာတိရွာကို
ပြန်​လာပါ့မယ်​​မေ​မေရယ်

ဇွဲ​နောင်​​နောင်​(သက္ကလ)

ပန်း ခ​ရေ..သို့... ( သူ့ရှင်​-က​လေး)

ပန်း ခ​ရေ..သို့...

ခ​ရေ ဖြစ်​မှ​တော့
ရဲရဲသာ ​ကြွေလိုက်​ပါ..၊

ကြွေသက်​ ဆင်း​လေမှ
ပျို​လေးရဲ့ ဆံ​ကေသာ
ရနံ့ဖြာ သူ့မှာသင်းမှာမို့
ခ​ရေ ​ရေ...
မ​ကြွေလို ပင်​ယံထက်
နေရက်​မှာလား....။

ဆရာ​ကောင်းရယ်​​ကြောင့်
တပည့်​​ခေါင်း ဆံ​ကေထက်
မွှေးသက်​တဲ့ ခ​ရေ
သင်းပျံ့ကာ ​ဝေပါလို့
ပန်​သူမှာ ဂုဏ်​လွှာ -
တင့်​ကြတယ်
ဆရာဆို​သော ပန်းခ​ရေ...
တပည့်​​တွေအတွက်
မ​ကြွေလို ပင်​ယံထက်
နေရက်​မှာလား....။

သူ့ရှင်​-က​လေး

တောက် -- သက်ပိုင်

တောက်"

ရေတိုက်စားရင် ကမ်းပါပြိုတယ် ။ ။

နှဲ့ပါများရင် ကျောက်တိုင်ရွေ့တယ် ။ ။

သွေးပါများရင် ဓားထက်တယ် ။ ။

ခြစ်ပါများတာတောင်
မာနိုင်ပါပေ့ မင်းအသဲ
တူနဲ့သာ ထုခွဲလိုက်ချင်တော့တယ်
(တောက်ကွာ တောက်)


သက်ပိုင်

ဝူရှီကယ်​လိုအချစ်​မျိုး (ပန်​သာ)

ဝူရှီကယ်​လိုအချစ်​မျိုး (ပန်​သာ)

အသက်​ကြီးပေမဲ့
တသက်​မှာတစ်​ကြိမ်​သာ​ပေါက်ပွားလာတဲ့
အချစ်တွေကြောင့်
ငယ်ရွယ်လှတဲ့မိန်းမပျိုလေးအပေါ်
ချစ်စိတ်ဝင်မိပါတယ်...
ကြိုးစားကာ အားတင်းပြီးချစ်သမျှကို
ဖွင့်ဟလိုက်တဲ့အချိန်မှာ
မင်းကအပြုံးတစ်ပွင့်ခြွေလွှင့်ကာ
နှုက်ဆက်သွားခဲ့တယ်...
ဒါကြောင့်မင်းရဲ့ပုံကို
ရင်မှာပိုက်ကာ
မြစ်ဝနံဘေးရပ်မိတယ်...
မျော်လင့်ချက်ဝေး ဘဝလေးနဲ့
အသက်ဆက်ကာ
မနေချင်ပါဘူး
မင်းပုံကိုထွေးပိုက်ကာ သေပွဲသာ
ဝင်လိုက်တော့မည်
ဆိုတဲ့ဂျာပန်ပန်းချီ
ဆရာကြီးဝူရှီကယ်လို
ကိုယ့်ကိုလဲအပြုံးတစ်ပွင့်နဲ့
နှုတ်မဆက်ခဲ့ပါနဲ့
ချစ်သူ

ပန်သာ

ရင်တွင်မှတ်တမ်း.... သောတုဇန (ပြည်)

ရင်တွင်မှတ်တမ်း

တိတ်တခိုးနဲ့
စိတ်ဆိုးမှာစိုးကိုကျိတ်ပိုးမိ
သူရှိနေလျှင်
ကြည့်မြင်ဝမ်းသာ ပန်းပမာလန်း
စိတ်အမှန်ဖြင့်ကြိတ်နမ်းမိသည်
အရိပ်အယောင်စိတ်အမှောင်ချ
လွမ်းစကိုဖြေငိုမနေပဲ
ကြေကွဲမျက်လွှာတစ်သက်တာဖုံး
မျက်နှာပြုံးမိသူမသိ
သူမသိလည်
အပူမိသူ ရင်အပူနှုန်း
ကန္တာရရှုံးခဲ့
ဒါပေမယ့်နော်အပျော်စိတ်နဲ့
ကြိတ်မှိတ်ခံစားဒဏ်ရာများသင့်
မျှော်လင့်တမ်းတ
လွမ်းသမျှနွေး
စမ်းကျရေအေးနွေးအတွေးပျောက်
(အချစ်ရယ်)
တစ်ရေးလောက်တော့အိပ်ပါရစေနော်

သောတုဇန (ပြည်)

နိုးထချိန် (လျှို့ဝှက်လွမ်း)

နိုးထချိန် (လျှို့ဝှက်လွမ်း)

အမျိုးမြန်မာ နိုးထပါလော့
သမိုင်းတစ်လျှောက် အစဉ်ကောက်သော်
တို့မြေရောက်လာ ငဇင်ကာသည်
တို့မြေ တို့ရေ တို့စေတီကို
ဌါပနာဖောက် ပြည်ပရောက်အောင်
သူသည် အားထုတ်ဖူးလေပြီ့ 
ထို့ကြောင့်... မြန်မာ တို့ဘာသာဖြစ်
တို့တွေချစ်သည့် တို့၏သာသနာ
တို့ပြည်ရွာကို တို့တွေသာသိမ်း
တို့တွေထိန်းဖို့....
ထို့ကြောင့် မြန်မာ နိုးထပါ.....

လျှို့ဝှက်လွမ်း(မင်းလှ -ရေကျော်)

ကမ်းငယ်အလွမ်း ( ပင်လယ်ပြာ.)အုတ်ဖို စ ပ သ ယ

ကမ်းငယ်အလွမ်း

နင်ပြန်တော့ငါကျန်ခဲ့ပြီပေါ့
ခြေသံမကြားနင်ပြန်သွားပေမယ့်
ဗေဒါပန်းကလေးမငိုခဲ့ပါ
ရေလွှာမှာခြေရာမကျန်ခဲ့ပေမယ့်
သေချာစဉ်းစားကြည့်တော့
ဒို့နှစ်ယောက်ရဲ့အတိတ်က
အိပ်မက်မှမဟုက်ခဲ့ပဲကွယ်
လွမ်းရလို့ငိုခဲ့ရပေမယ့်
ကံကြမ္မာကရက်စက်လေတော့.....
ရေစုန်တိုင်းမျက်ရည်.......
မျောခဲ့ပြီလှိုင်းငယ်.....

( ပင်လယ်ပြာ.)အုတ်ဖို
စ ပ သ ယ

အချစ်သစ်ပင် (ပင်လယ်ပြာ)အုတ်ဖို စ ပ သ ယ

အချစ်သစ်ပင်

သံယောဇဉ်ကို အမြစ်တွယ်လာ
အချစ်စိတ်ကို အပင်ပြု၍
ရည်မှန်းချက်က အညွန့်ထွက်လာ
ဒါဏ်ရာကိုပင် ရွက်အိုအသွင်ဖြင့်
နေရာထားပြီး အလွမ်းသီးက
နေ့စဉ်နေ့တိုင်း ကြွေကျခဲ့ပြီး
ချောင်းကြားလေးအတိုင်း
ရေစုန်မျောရှာ.......
ချစ်သူလေးရယ် အပင်ကိုသာ
ခုတ်ရလိမ့်မယ် ရေသောက်မြစ်က
မပျက်ရင်တော့ ဆက်ချစ်ဦးမှာပဲ......

(ပင်လယ်ပြာ)အုတ်ဖို
စ ပ သ ယ

တိုက်တန်းနစ် ( ပင်လယ်ပြာ.အုတ်ဖို.စ ပ သ ယ)

တိုက်တန်းနစ်

ငါမင်းကိုစောင့်နေတယ်ဆိုတာ
ချစ်သူသတိမှရပါလေစ........
မင်းမရှိတဲ့ ငါ့ရင်ခွင်ပင်လယ်ပြင်မှာ
တိုက်တန်းနစ်သင်္ဘောကြီးရှိပေမယ့်
မင်းမပါပဲလက်ဆန့်တန်းပြီး
သင်းပျံ့တဲ့လေတွေလည်းငါမရှူခဲ့ဘူး
ချစ်သူရယ်......
အချိန်တန်လို့ပြန်လာခဲ့ရင်
ငါ့ဆီအကြောင်းကြားပါနော်
ချစ်သူရဲ့လက်ကိုကိုင်ပြီး
တိုက်တန်းနစ်သင်္ဘောကြီးရဲ့
ဦးခေါင်းထိပ်မှာရပ်ပြီး........
မင်းကိုအရမ်းချစ်တဲ့အကြောင်းကို
ပင်လယ်ပြင်ကိုအော်ပြောလိုက်ချင်တယ်

ပင်လယ်ပြာ.အုတ်ဖို.စ ပ သ ယ

ညီမလေး သို့...... ကိုဖြိုး (ပုလဲ)

ညီမလေး သို့......

ညနေ ဆည်းဆာ
နေဝန်းနီနီအောက်မှာ
တစ်ယောက်ထဲ ထိုင်ငေးနေမိတယ်
ဘယ်ဆီရယ် သိပေမယ့်
လွမ်းနေလျှက်နဲ့
ငေးမောနေမိတာ
အိပ်တန်းပြန် ငှက်တို့ရေ
အမှာစကားပါးလိုက်ပါရစေ
အပြန်ခရီးမှာ
လမ်းကြုံရင် ပြောပြလိုက်ပါဦးကွယ်
နေ့စဉ်ရက်ဆက် လွမ်းနေမိတယ် လို့....

ကိုဖြိုး (ပုလဲ)
ညီမလေးသို့....

လူ့ထံသို့(၅)... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၅)

လောကမှာရှိတဲ့လူတွေဟာ
အမှားနဲ့မကင်းကြသလို အပြစ်နဲ့လည်းမကင်းကြပါဘူး
အမှားလုပ်မိတဲ့လူ့ထံမှာအပြစ်ဆိုတာ
ဒါဟာမလွဲတဲ့ ဒွန်တွဲခြင်းမျိုးပဲ။
ဒါပေမဲ့ စားလို့ရတဲ့အပင်တစ်ပင်ကသီးတဲ့
အသီးတိုင်းဟာအကောင်းကြီးပဲ သီးနေတယ်ဆိုတာမရှိပါဘူး
တချို့အသီးတွေမှာပိုးဖောက်နေတာ
ပိုးကိုက်နေတာတွေပါစမြဲပါပဲ
ဒီလိုပါပဲလူသားတိုင်းဟာ ခြောက်ပစ်ကင်းသဲလဲစင်ဆိုရင်လည်း
လောကကြီးထဲမှာ မျှတမှုဘယ်ရှိပါတော့မလဲ
တကယ်တော့လောကဇာတ်ခုံပေါ်မှာ
ဒို့လိုလူဆိုးလူမိုက်တွေရဲ့ ဆိုးဂုဏ်မိုက်ဂုဏ်တွေကြောင့် လူကောင်းတွေရဲ့ဂုဏ်ကိုပိုပြီး ပေါ်လွင်စေတာပေါ့ ထားပါတော့လေ လူအများစုကတော့ အမှန်တရားကိုမြတ်နိုးကြတဲ့သူ တွေကြီးပါပဲ။ လိမ်ညာကောက်ကျစ်ကြတဲ့ သူတွေဟာလည်းအမှန်တရားရဲ့ အရသာကိုသိကြပေမဲ့ မလွှဲသာလို့သာလျှင်လုပ်မိကြတယ် ပဲဆိုကြပါစို့ အမှန်တရားကိုလုံးလုံးဥပေက္ခာ ပြုထားကြတဲ့သူတွေထက်စာရင် တော်သေးတယ်လို့ပဲမှတ်ချက်ပေး ချင်ပါတယ်။
ဘာလို့လဲဆိုတော့...
အမှန်တရားရဲ့အရသာကို လုံးလုံးမသိတဲ့လူတွေဟာ ချိုမြိန်ကောင်းမွန်တဲ့ပျားရည်စက်ကို ဘယ်သောအခါမှမလျက်ရဘူး လို့ဆိုထားတယ်မဟုတ်ပါလား။

(အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၄)... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၄)

ထာဝရဖြစ်လိမ့်မည်ဟု
ထင်မှတ်ထားတဲ့အရာတွေဟာ
မမျှော်လင့်တဲ့အကြောင်းအရာတွေကြောင့် ပျက်ဆီးဆုံးရှုံးရတတ်ပါတယ်
လူတစ်ယောက်ဟာ သူပိုင်ဆိုင်မှုရရှိမှုတစ်ခုခုကို
အမြဲရှိနေလိမ့်မည်ဟု ထင်မှတ်ထားမယ်ဆိုရင်
တကယ်တမ်းဆုံးရှုံးလိုက်ရတဲ့အခါ
ပိုပြီးတော့အထိနာတတ်ပါတယ်
အဓိကကတော့ ငါ့ထံတွင်ရှိသောပစ္စည်း ငါရရှိနေတဲ့အရာ ငါ့ရဲ့ပိုင်ဆိုင်မှု ဒါတွေအားလုံးကို တစ်ချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ငါစွန့်လွှတ်လိုက်ရမှာပါလားလို့
အဲဒီလိုစိတ်ကလေးနဲ့
နှလုံးသွင်းထားနိုင်ခဲ့မယ်ဆိုရင်
အဲဒီလူဟာအထိမနာမဲ့အပြင် အဘိဓမ္မာကိုပါသိလာနိုင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)

အနာဂတ် သော့တစ်ချောင်း... နေဝန်းသစ်

ဘုရားရှေ့ ရောက်ခိုက်မှာတောင်
နိဗ္ဗာန်ကို အာရုံမပြုနိုင်ဘူး
ခုလိုမနိုင်ပဲ ရှုံးရမယ်ဆိုရင်တောင်
သံသရာမှာ မင်းနဲ့ဆုံဆည်းခွင့်
ရချင်ပါသေးတယ် ချစ်သူ
ဘယ်လိုပဲ ရှောင်လွဲရှောင်လွဲ
မင်းမျက်ဝန်းတွေနဲ့ ပက်ပင်းတိုး
ငါ့ ရင်ထဲက ကြိုးတွေကတော့
ပိုပြီး ခိုင်မာလာခဲ့
ဘာတတ်နိုင်မှာလဲ...
မှန်ပြင်တိုင်းဟာ တိကျမှုတစ်ခု
မပေးနိုင်ပါဘူး
ကြည့်နေရင်း ကြည့်နေရင်းက
ဝေဝါးမှိန်ဖျော့
ငါ့ အနာဂတ် သော့တစ်ချောင်း ထွက်ကျခဲ့တယ်....

နေဝန်းသစ်

အပြစ်သား... ဆောင်းဦးနွေ-ထုံးဘို

အပြစ်သား...

အမြဲပြုံးပြတတ်တဲ့နင့်ရဲ့အနားမှာ
တခါတခါအသက်ရှူဖို့မေ့နေတတ်တာ ငါပေါ့...
တိုးညှင်းတဲ့နင့်ရဲ့ ရီသံတွေအောက်
ငါ့ရင်ခုန်သံတွေပိုပြီးတော့
မြန်ဆန်လာခဲ့တာနင်သိခဲ့မှာပါ
တောက်ပလင်းလက်တဲ့
နင့်ရဲ့မျက်လုံးကြည့်တွေအောက်
ငါအချစ်တစ်ခုကို ရှာဖွေမိတဲ့နောက်မှာ
ငါ့ရဲ့ဘာသာပြန်ဆိုမှုတွေ အားလုံးလွဲခဲ့ပြီဆိုတာသိခဲ့ရတယ်
နောက်ဆုံးတော့လည်း
မပြတ်သားတဲ့နင့်ရဲ့ စကားတွေကြောင့် ငါ့ရင်ခုန်သံတွေကိုပဲ အပြစ်ပေးလိုက်ပါပြီ။

(ဆောင်းဦးနွေ-ထုံးဘို)

နောင် ဘဝအဆက်ဆက် (လျှို့ဝှက်လွမ်း)

နောင် ဘဝအဆက်ဆက် (လျှို့ဝှက်လွမ်း)

လွမ်းလှပါသည် ။
လှမ်းလှတဲ့ဌာနီသို့....

ချစ်ရပါသည် ။
ငယ်ကပျော်မြူးရည်းစားဦးမို့....

နမ်းမဝပါသည်။
ပန်းအလှရဲ့သခင်မို့...

အိပ်မရပါပြီ ။
လွမ်းရစိတ်ကများလွန်းလို့....

နွမ်းလျပါသည် ။
ချစ်ဦးသူကစိမ်းရက်လို့.....

မမုန်းရက်ပါပြီ ။
သည်းဦးပန်းမို့သိပ်ချစ်လို့.....

တောင်းဆုပန်သည် ။ နောင်ဘဝဆက်ဆက်ပေါင်းဖက်ဖို့....

လျှို့ဝှက်လွမ်း

ဆုံစည်းခွင်​(​ရေ​ပျော်​ငှက်​)

ဆုံစည်းခွင်​(​ရေ​ပျော်​ငှက်​)

နီးလျက်​နဲ့ မဆုံနိင်​တဲ့
ငါတို့နှစ်​​ယောက်​ဟာ
တစ်​​ယောက်​ကိုတစ်​​ယောက်
လွမ်း​နေမယ်​ဆိုတာသိတယ်
ဘ၀အစဉ်​လှိုင်းမလှတဲ့ကံကြမ္မာ​ကြောင့်
ငါတို့နှစ်​​ယောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ နားလည်​မှုရှိရှိနဲ့ ချစ်​​နေတုန်းဆိုတာ
ငါတို့နှစ်​​ယောက်​ပဲသိတယ်
ကံတရား​ကြောင့်​​...
နောက်​ဘ၀မှာဆုံစည်းခဲ့ရင်
ရှင်​​တော်​ဘုရား ​ရှေ့မှာ
မင်းနဲ့ ထာဝရလက်​တွဲ​ဖော်
ဖြစ်ရပါ၏ ​တောင်းဆု​ခြွေခဲ့ပါတယ်

Friday, September 19, 2014

ချစ်ရသူသို့... (ဆောင်းဦးနွေ-ထုံးဘို)

ချစ်ရသူသို့...

ချစ်သူရေ...
ရင်ထဲကဝေဒနာတွေကို
ဖြေသာဖို့နေနေသာသာ
မရေရာတဲ့ကိုယ့်အနာဂတ်ဆီ
ဝေဒနာရဲ့စေခိုင်းမှုနဲ့
ခြေရာတွေလိုက်လာမှာ
ကြောက်မိတယ်
ဝမ်းနည်းကြေကွဲနာကျင်ခြင်းတွေဟာ
ကိုယ့်အတွက်အဖော်တွေပဲလား
ပြောပါချစ်သူရယ်
ကံတရားကိုအပြစ်တင်ချင်ပေမဲ့
အပြစ်တင်လို့မရသလို
ချစ်သူကိုမေ့ပျောက်ဖို့လည်း
စိတ်ကူးထဲတောင်မထည့်မိပါဘူး
ဒိုင်မရှိတဲ့အချစ်ပြိုင်ပွဲမှာ
အရှုံးပေးလိုက်ရပေမဲ့
နောက်ဆုံးအချိန်အထိ
အားတင်းထားခဲ့တယ်ဆိုတာ
ချစ်သူသိပါ။

(ဆောင်းဦးနွေ-ထုံးဘို)

အချစ်ခွန်အား မိုးမင်း - ရွှေကန်မြေ

အချစ်ခွန်အား

ညီမလေး မင်းဟာချိုမြိန်တဲ့
ပန်းသီးတစ်လုံးဆိုရင်
ငါဟာချွန်ထက်တဲ့
ဓားတစ်လက်မဖြစ်ပါရစေနဲ့
တကယ်တော့ငါဟာ
အချစ်ဆိုတဲ့ ပင်လယ်ကြောမှာ
ဦးတည်ရာမဲ့လွင့်မျောနေတဲ့
လှေငယ်လေးတစ်စင်းပါ
ကိုယ့်ရဲ့လှေလေးပေါ်ကို
မင်းသာခြေချလိုက်မယ်
ဆိုရင်တော့
ပေါ့ပါးစွာနဲ့ကမ်းခြေရောက်
အောင်လှော်ခတ်ပေးသွားမှာပါ
ညီမလေး

နှင်းနှင်းအတွက် ရင်ဖြစ်ခံစားသည်

မိုးမင်း
ရွှေကန်မြေ

မွေးကျေးဇူးတွေဆပ်တတ်ပါစေ. မိုးလေး..ရုံးပင်တက်

မွေးကျေးဇူးတွေဆပ်တတ်ပါစေ....

အနန္တဂိုဏ်းဝင်အဓိကထားသည့်
မိဘနှစ်ပါး ကြီးကျယ်စွာ
လက်ဦးဆရာဗြဟ္မာအလားသို့
ဘဂဝါဘုရားဟောခဲ့တာ
သူတို့မွေးတာ
ကျေးဇူးအမြတ်ကို
ကျွေးအထူးဆပ်ဖို့နားလည်ပါ
စွမ်းနိုင်လျှက်သားအိုမင်းငြား
ပစ်ထားလူယုတ်မှာ
အဲဒါကြောင့်
ဗုဒ္ဓထုတ်ဟောအယုတ်သဘော
အမှန်ပင်ကင်းစေရာ...

မိုးလေး..ရုံးပင်တက်
ခေတ္တ(ပြည်

ဆုတောင်းလျက် ✏ မိုးလေး..ရုံးပင်တက်

ဆုတောင်းလျက်

်သီရိခေတ္တရာဝတ္တကနယ်ရဲ့
ပြည်,ရွှေမြို့အကျော်မှာ
ဆည်းလည်းသံ
တလွင်လွင်နဲ့
ရွှေဆံတော်ရင်ပြင်ဝ
ဆယ်ထပ်ကြီးမကပါဘူး
ကြာသာပတေးဒေါင့်မှာ
ငါဆုတောင်းတာ
နင်နဲ့ငါ့အကြောင်း
မပြည့်စုံသေးတဲ့
ဆန္ဒပေါင်းများစွာပါပဲ.........

မိုးလေး..ရုံးပင်တက်
ခေတ္တ(ပြည်)

ဆုတောင်း(ပန်သာ)

ဆုတောင်း(ပန်သာ)

မင်း ကိုယ့်နှလုံးသား
တံခါးကိုလာခေါက်တုန်းက
ကိုယ်ဖွင့်ပေးဖို့မေ့နေခဲ့တယ်
ကိုယ်ဖွင့်ပေးလိုက်တဲ့
အချိန်မှာတော့
မင်းမရှိတော့ဘူး
ကိုယ်မှားသွားတယ်..
ကိယ့်ရဲ့တွေဝေတဲ့
စိတ်တွေကြောင့်ပါ
နောင်ဘဝမှာသာ
ထပ်ဆုံခွင့်ရှိခဲ့ရင်
မင်းအလာကို
တံခါးမပိတ်ဘဲ
စောင့်နေပါ့မယ်
အချစ်ရယ်...။

ပန်‌သာ

ဘရိတ်ပေါက်သည့်ကား" (ပန်သာ)

ဘရိတ်ပေါက်သည့်ကား" (ပန်သာ)

မမျော်လင့်ဘဲ ဆုံတွေ့ခဲ့ရ
မင်းပုံရိပ်ကို ရင်မှာစွဲလန်းပြီး
ဖျောက်ဖျက်လို့မရခဲ့ပါ
မင်းဆီကခင်မင်မူရခဲ့ပေမဲ့
အခွင့်အရေးသမားလို့
ထင်ခံရမှာ၊ကြောက်နေမိလို့
အချစ်တွေမျိုသိပ်ခဲ့ရတယ်။
ချစ်သမျှကိုအားတင်းကာ
ဖွင့်ဟမဲ့အချိန်ရောက်မှ
ကိုယ်နောက်ကျသွားမှန်း
သိလိုက်ရတယ်။
မေ့လိုက်ပါတော့လို့
သူပြောပေမဲ့
ဘရိတ်ပေါက်သည့် ကားသဖွယ်..။

ပန်သာ

ကြုံဖူးမှသိ(ပန်သာ)

ကြုံဖူးမှသိ(ပန်သာ)

အချစ်လေး
မုသားမပါ လကာၤမေခ်ာ
စာသဘောနဲ့ မပြောတတ်ပါ
ကိုယ့်ရဲ့အချစ် ကိုယ့်ရဲ့မေတ္တာ
၁၅၀၀နဲ့ပြောပြမှာ။

သိပ်ချစ်မိလို့၊ နေရာတိုင်းမှာ
မင်းမျက်နှာ၊ မင်းပုံရိပ်တွေဟာ
ကိုယ့်နှလုံးသားကို
အပြည့်အဝ နေရာယူထားတာ
အိမ်မက်ထဲမှာ
မင်းနဲ့ဆုံခဲ့ရင်တောင်...
နိုးလာရင်ပြန်တွေးနေရင်း
အိပ်ဖို့တောင် မေ့သွားတဲ့သူပါ။
အပိုတွေမဆိုပါ
ကြုံဖူးသူတိုင်းသိကြမှာ။

ပန်သာ

အချစ်ရဲ့တန်ခိုးများ(ပန်သာ)

အချစ်ရဲ့တန်ခိုးများ(ပန်သာ)

အချစ်ရဲ့တန်ခိုးဟာ အရာရာကို
ကျော်လွှားနိုင်တယ်
အတားအဆီးတွေက
ိုရင်ဆိုင်ကျော်ဖြတ်နိုင်တယ်...
ဘယ်အရာမှ တားဆီးထားလို့
မရနိုင်အောင် စွမ်းအားကြီးမားတယ်
ကိုယ်လဲမင်းနဲ့အတူ
အရာရာကိုရင်ဆိုင်ဖို့
အဆင်သင့်ရှိနေပြီ
မင်းဘက်ကရော...

ပန်သာ

အဆိပ်(ပန်သာ)

အဆိပ်(ပန်သာ)

အဆိပ်တွေ
ွအမျိုးမျိုးရှိကြပါတယ်..
ဘယ်အဆိပ်မှ
မကောင်းပါဘူး
တစ်ခါတည်းသေစေနိုင်ပါတယ်
ဒါပေမဲ့အချစ်အဆိပ်မိပြီဆိုရင်တော့
ဘဝပျက်မတက်တသက်လုံး
ခံစားနေရပါလိမ့်မယ်..။

ပန်သာ

Thursday, September 18, 2014

အတောမသတ်နိုင်သော လိုအင်ဆန္ဒများ" (ပန်သာ)

"အတောမသတ်နိုင်သော
လိုအင်ဆန္ဒများ" (ပန်သာ)

လူတို့ရဲ့လိုအင်ဆန္ဒတွေဟာ
အတောမသတ်နိုင်အောင်
များပြားလှပါတယ်။
အဲ့ဒီအထဲမှာအချစ်ကတော့
လုံးဝမပါတာသေချာပါတယ်။
အချစ်စစ်က တွေ့ရှိပြီးသူတိုင်း
နောက်ထပ်အချစ်ကို
လိုချင်ဆန္ဒလုံးဝ မရှိကြတော့ပါ။

ပန်သာ

လမ်းဆုံးမဟုတ်ပေါင် (ပန်သာ)

လမ်းဆုံးမဟုတ်ပေါင် (ပန်သာ)

ရည်းစားဦးနဲလွဲတဲ့သူတိုင်း
အချစ်ဦးပေါ်လာပါလိမ့်မယ်...
အချစ်နဲ့ပါထပ်လွဲသွားလို့
အချစ်ကသေဆုံးသွားပြီ
ငါ့ဘဝအထီးကျန်
တစ်ယောက်တည်းဖြစ်နေပြီဆိုပြီး
ကိုယ့်ကိုကိုမဖျက်ဆီးပါနဲ့
လမ်းမဆုံးသေးပါဘူး
အချစ်ဆုံးတစ်ယောက်
်ပေါ်လာပါလိမ့်မယ်...

ပန်သာဦး

နားလည်မှု (ပန်သာ)

နားလည်မှု (ပန်သာ)

လူတိုင်းကပြောကြတယ်...
ငါ့လောက်ချစ်တဲ့သူဒီကမ္ဘာ
မှာမရှိဘူးတဲ့
ချစ်တဲ့ပုံစံခြင်းမတူကြပေမဲ့
ချစ်တာခြင်းတော့တူပါတယ်..
ကိုချစ်သလိုသူလည်း
ချစ်တတ်ပါလားလို့
နားလည်ပေးလိုက်ရင်
အချစ်တွေလှပလာမယ်...

ပန်သာ

သချာင်္အချစ် (ပန်သာ)

သချာင်္အချစ် (ပန်သာ)

၁ယောက်တည်း
၂လုံးသားကို
၃သပ်ကြည့်တော့
၎လံလှတယ်..
၅ရဲ့အချစ်တွေ
၆သွေ့နေတယ်...
၇ကမ္ဘာတိုင်
၈ပင်နွယ်ပြီး
၉ကွယ်ကြည့်တော့
၁၀ကမ္ဘာတိုင်အောင်ချစ်နေမိပြီကွယ်..

အချစ်ပြောတော့ (ပန်သာ)

အချစ်ပြောတော့ (ပန်သာ)

အချစ်ပြောတော့
ကိုယ့်ကိုအဓိပတိလမ်းမကြီး
ဂငယ်ကွေ့ ကွေ့သွားမှ
သစ်ပုတ်ပင်ကြီးနှစ်ခြမ်းကွဲပြီး
အထဲကအူတွေအသဲတွေထွက်တော့မှ
ကိုယ့်ကိုမုန်းမယ်ဆိုပြီး
သစ်ရွက်အကြွေ လေအဝှေ့မှာ
ကိုယ့်ကိုမုန်းသွားရက်တယ်နော်....

အပြုံးလေး ( ပန်သာ )

အပြုံးလေး ( ပန်သာ )

အပြုံးလေးကြောင့်ရင်ခုန်ခဲ့ရတယ်
အပြုံးလေးကြောင့် ဘဝဟာလှပလာတယ်
အပြုံးလေးကြောင့် အချစ်ကိုသိလာတယ်...
အပြုံးလေးကို ပိုင်ဆိုင်ချင်လာတယ်
အပြုံးလေးကြောင့် ပေးဆပ်ခဲ့ပြီးမှ
အပြုံးလေးကြောင့် ဘဝပျက်မတတ်
ခံစားခဲ့ရတယ်
အပြုံးလေးကြောင့် အရာအားလုံး
ပျောက်ဆုံးသွားတယ်..
အဲ့ဒီအပြုံးတစ်ပွင့်ဟာ
လှပတဲ့အပြုံးလား
ရက်စက်တဲ့အပြုံးလား...

ဝင်မလာနိုင်ဘဲ (ပန်သာ)

ဝင်မလာနိုင်ဘဲ
နှလုံးသားတံခါးကိုလာမခေါက်ပါနဲ့
မချစ်ဘဲချစ်ဟန်မဆောင်ပါနဲ့
ရင်ထဲမပါဘဲသနားပြမနေပါနဲ့
အချစ်ရေးမှာပြတ်သားပါ
မပြတ်သားရင်
တစ်ဖက်သားအဖို့
တစ်ခြမ်းကွဲရမဲ့အသဲ
အကြိမ် ၁၀၀ ကွဲရတတ်တယ်..

တိမ်လိုအချစ်" (ပန်သာ)

"တိမ်လိုအချစ်" (ပန်သာ)

လှပတဲ့ကောင်းကင်ကြီးမှာ
တိမ်တွေရှိမှပိုပြီးပြည့်စုံတယ်
ကိုယ့်ကလဲမင်းလေးရှိမှ
အရာရာပြည့်စုံမိတယ်...
တိမ်တွေဟာ
တခါတရံအရောင်အမျိုးမျိုး
ပြောင်းလဲတတ်သလို
မင်းလေးအချစ်တွေလဲ
တိမ်တွေလို မဖြစ်ပါစေနဲ့
ဖြစ်ခဲ့ရင်လည်း...
ကိုယ်ကမိုးကောင်းကင်ကြီးလို
အရောင်မပြောင်းဘဲ
တသက်လုံးရှိနေမှာပါ

အမေသို့တမ်းချင်း ✏ သောတုဇန (ပြည်)

အမေသို့တမ်းချင်း

ကိုးလလွယ်ဆယ်လဖွား
အူဝဲဆိုတဲ့ငိုသံကို
သီချင်းသံစဉ်တွေနဲ့ဖုံးလွှမ်းခဲ့တဲ့ အမေ''

ချော့တစ်ခါခြောက်တစ်လှည့်
မြောက်ကာကြည်နူးခဲ့တဲ့အမေ''

ရင်ခွင်ပွေ့ဖက် ယုယရှိုက်နမ်း
အပြုံးတွေလွှမ်းမိုးခဲ့တဲ့အမေ''

လောကဓံကိုကြံ့ကြံ့ခံ လူလောကအလယ်
မျက်နှာမငယ်ရအောင် သားအတွက်ကြိုးစား
ဘဝလှအောင်ကျွေးမွေးခဲ့တဲ့အမေ''

မာနကိုခဝါချ
ဂရုဏာ(အကြင်နာ)တရားနဲ့
ကြည့်တက်ခဲ့တဲ့အမေ''

သစ္စာကိုရင်ဝယ်ပိုက်လို့ သားဘဝရှေ့ရေး
လမ်းဖြူးပေးခဲ့တဲ့အမေ''

နောင်ရေးကောင်းအောင်လို့
ကြိုးစားလို့ပညာရှာ
ကျမ္မာအောင်ဆုတောင်း
သားပြန်အလာကိုမျှော်ရင်း
ပီတိတရားနဲ့စောင့်ကြိုနေခဲ့တဲ့ အမေ''
မမောနိုင်မပန်းနိုင်
မျက်ရည်ကိုအဖော်ပြု
ကျေးဇူးအထူးရှိခဲ့တဲ့အမေ''

အမေ့စေတနာ မေတ္တာကိုပမာပြု
ဘယ်အရာနဲ့မှ နှိုင်းတုလို့မရခဲ့ပါဘူးအမေ''

ဖြေမခိုင်ဒီအသည်း
ယိမ်းယိုင်ကာပြိုလဲနေတဲ့
အမေ့ရုပ်သွင်ဟာ ဇရာကနှိပ်စက်
မရဏရဲ့ခေါ်သံတွေကြားမှာ
သားတစ်ယောက်ရဲ့တရားသံကို
အမေနားထောင်ချင်မှာပေါ့နော်
ကျေးဇူးအထူးရှိခဲ့ဖူးသည့်
မွေးရပ်ဌာနေအမေ့မြေသို့
တရားသံနှောမိန့်ခြွေဟောဖို့
သားတစ်ယောက်ပြန်လာပါတော့မယ်
အမေ.....

သောတုဇန (ပြည်)

.{အချစ်တစ်ခုစတင်မွေးဖွားခြင်း} ✏ နွေလွင့်ကြယ်'မှော်ဝန်း

.{အချစ်တစ်ခုစတင်မွေးဖွားခြင်း}

သူလေးတန်းကတည်းက
အတူပြေးလှမ်းစနောက်ရင်း
ငါ့ရင်ထဲကိုရောက်လာခဲ့တယ်
မျက်နှာလေးကိုမြင်တိုင်း
ချစ်တာတွေပြောခြင်ပေမယ့်
ကကြမ္မာရဟတ်ကြီးရဲ့
ခြားနားကန့်သက်မူ့တွေကြောင့်
မဖြစ်နိုင်ဘူးလို့ထပ်ထပ်တွေးရင်
ခပ်ဝေးဝေးကပဲ
ငေးမောခွင့်တစ်ခုနဲ့ကျေနပ်ခဲ့သူပါ
အချိန်ကြာကြာမျိုသိပ်ခဲ့ပေမယ့်
တစ်ကြိမ်တစ်ခါမှမမေ့နိုင်သူရင်ထဲမှာ
ယနေ့တိုင်ရှိနေဆဲဖြစ်တဲ့
လွမ်းဝေဒနာအပူမီးတွေကို
သူမသိခဲ့လည်း
ငယ်အခါကသံယောဇဉ်တွေဟာ
ဘယ်အခါမှ မပြောင်းလဲပဲ
မဟောင်းမြဲသစ်လို့
သေသည့်တိုက်ချစ်နေပါ့မယ်...

နွေလွင့်ကြယ်'မှော်ဝန်း

မြေခ သစ္စာ (လျှို့ဝှက်လွမ်း)

မြေခ သစ္စာ (လျှို့ဝှက်လွမ်း)

ခရေအလှ ကြွေကာကျလို့
မြေမှာ ခ,စေဦး နွေအခါည
လသာသလို့ 

လိုချင်သူများ ဝန်းရံထားလည်း
မာနမရှိ ပကတိနံ့
မွှေးမွှေးကြူကြူ
ဆူးမကူဘဲ သူ့လှတရား
လောကသားတို့ ရနံ့ခံစား
မွှေးစေသားဟု ပင်ယံမှကြွေ
မြေ ခ,စေပြီ့ 

သြော့့် 
မြေခ,ပန်းတို့သစ္စာတည်း- - - -

လျှို့ဝှက်လွမ်း

အဖြူရောင်ဖိတ်ခေါ်သံ (လျှို့ဝှက်လွမ်း)

အဖြူရောင်ဖိတ်ခေါ်သံ (လျှို့ဝှက်လွမ်း)

အဖြူရောင်ကမ္ဘာလေးကို
အဖြူရောင်ထပ်ဆိုးပေးရင်း
အဖြူရောင်ဘဝပေးကို
အဖြူရောင်လေးပဲ ထားချင်သူအတွက်
အဖြူရောင်နဲ့ဖိတ်ခေါ်ပါတယ်
ဖြူစင်ပါစေ ညီမလေး
အဖြူရောင်နှလုံးသားကို
အဖြူရောင်အချစ်တွေနဲ့
ဖြူစင်စွာ နားခိုဖို့
အဖြူစစ်စစ်မေတ္တာနဲ့
ဖိတ်ခေါ်ပါတယ်
အဖြူရောင်လေးတော့စစ်ပါစေ့ 

လျှို့ဝှက်လွမ်း

အဆိပ်သင့် အချစ် ချစ်သူ အတွက်...နေရာ... ✏ moeset(mdy)

အဆိပ်သင့် အချစ်
ချစ်သူ အတွက်...နေရာ...

ဝေးရမယ်ဆိုတာသိခဲ့သလို......
မုန်းသွားမယ်ဆိုတာလဲ
သိနှင့်ပါတယ်....
မမျှော်လင့်ခဲ့ပါဘူး
အပျော်ဖင့်လို့ သာ
ရူးစေခဲ့တာပါ...၊
တိုတောင်းလွန်းတဲ့
ခဏတာအချိန်ကလေးအတွင်းမှာ
အရမ်းမချစ်သင့်ခဲ့ပါဘူး ၊
အဆိပ်သင့် အချစ်မှန်း
မသိခဲ့လို့ လေလား ၊
အခုတော့.....
ပဒိုင်းသီးကိုစားမိရင်
ရူးစေလိမ့်မယ် ၊
မင်းကိုချစ်မိရင်
အဆိပ်သင့်မယ်ဆိုတာ
သိခဲ့လေပြီကွယ်..၊
အဆိပ်သင့် အချစ်တို့နဲ့ 
မနက်ဖြန်တိုင်းအတွက်
ငါ အသက်,ဆက်မရှင်ပါ့ရစေနဲ့ 
ချစ်သူ ရယ်...၊

moeset(mdy)

အဝေးရောက် ချစ်သူ ✏ moeset . mdy

" အဝေးရောက် ချစ်သူ "

ကမ္ဘာမခြားသေးပါဘူး
ချစ်သူရယ်...
နိုင်ငံလေးတစ်ခုခြားနေရုံနဲ့
ငါတို့တွေ တစ်သက်လုံး
ဝေးရတာမှ မဟုတ်တာ ၊
တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုနဲ့ယုံကြည်မှုသာရှိနေရင်
ရင်ချင်းကပ်ဖက်တွယ်ထားရသလို
ဘယ်လောက်ဝေးဝေး
နီးနီးလေးရယ်ပါ ချစ်သူရယ်...။ ။

moeset . mdy

မိုး ✏ သူ့ရှင်​[ကလေး]

မိုး
:-* :-* :-*

အဲဒီမိုးကို မရွာဖို့ [​အောင်​]
ငါလဲပဲ မတားနိုင်​ဘူး..
ရော့...
ဒီထီးကို ​ဆောင်​ထား
မိုးရွာခဲ့ ရင်
မိုးမမိရ​ လေ ​အောင်​...။

လောကဓံမိုး ဆိုတာ
ရွာမှာပဲ ညီမ​လေး
တားလို့မရဘူး...
သူ့အတွက်​ ထီးကတော့
သည်းခံခြင်း
ရော့...​ဆောင်​ထား
မိုးရွာခဲ့ ရင်
မိုးမမိရ​ လေ ​အောင်..။

သူ့ရှင်​[က ​လေး]

ဒဏ် ရာ ✏ သစ္စာလူ

ဒဏ် ရာ
♥ ♥ ♥ ♥
ကြာခဲ့ပါပြီလေ...
ပြာလဲ့လဲ့ကောင်းကင်အောက်
မှိန်တုပ်တုပ်ကြယ်ရောင်နဲ့
လမင်းကြီးလည်းရှိတယ်
တစ်ချက်တစ်ချက်
ဝေ့ခတ်သွားတဲ့လေညှင်းနဲ့အတူ
စံပယ် ရနံ့ကသင်းလို့....
ရင်ခွင်ထဲ အိကျလာတဲ့ချစ်သူမျက်နှာ
အလိုက်သင့်ပွေ့ဖက်ရင်း
ချစ်စကားတွေဆို
ဘယ်တော့မှမခွဲကြေး
ရင် ခုန်သံစည်းချက်နဲ့
အသက် ရှုသံကြား
တိုးညှင်းစွာထွက်ပေါ်လာတဲ့ စကားသံ

အတိတ်မှာပဲထားခဲ့ချင် ပါတယ်
ဒါပေမဲ့
စံပယ်တွေပွင့်တဲ့ညဆို
အသဲကနာတယ်

ပြန်မလာမဲ့မင်းကို
ဒဏ်ရာတစ်ဖက်ကဗျာစပ်လို့
သစ္စာမပျက်ချစ်နေတုန်း...

သစ္စာလူ

Wednesday, September 17, 2014

အလျော်အစား... မောင်သီ(မြိုင်)

အလျော်အစား...

နင့်နှလုံးသားကို ထိခိုက်စေတဲ့ငါ
ငါ့ရဲ့နှလုံးကို ပေးဆပ်ခဲ့ပါတယ်
ဒါပေမယ့်
နင့်မရခဲ့ပါဘူး
ငါထင်ခဲ့မိတယ်
ပေးဆပ်ရင်ကျေမယ်လို့ 
ထင်ခဲ့တဲ့ငါ့နှလုံးသားရဲ့
သွေးရူးသွေးတန်အတွေး
မှားပြီလို့သိလိုက်ရတဲ့အချိန်
နင်နှလုံးသားမြေမှာ´ခ`သလို
ငါနှလုံးသားလည်း မြေမှာကျခဲ့ရပြီ

မောင်သီ(မြိုင်)
အနိတွက်အမှတ်တရ

ထိခိုက်သွားတဲ့နှလုံးသားတစ်စုံ - မောင်သီ(မြိုင်)

ထိခိုက်သွားတဲ့နှလုံးသားတစ်စုံ

နင့်ရဲ့ထိခိုက်သွားတဲ့
စိတ်နဲ့သိက္ခာအတွက်
ထိုက်တန်တဲ့ဖြေရှင်းချက်
ငါ့ရှာမတွေ့ဘူးဆိုတာ
ဝန်ခံပါရစေ...
မရည်ရွယ်ခဲ့ပါဘူး
မဆင်မခြင်ပြောလိုက်မိတဲ့
စကားတလုံးရဲ့သတ္တိကို
မတွေးလိုက်မိတဲ့ငါ
ကိုယ့်ကိုကိုယ်
ခွင့်လွတ်ဖို့အကြောင်းရှာမတွေ့ဘူး နင့်ကိုအထင်သေးဖို့ဆိုတာ
ငါ့ဆီမှာနေရာမရှိဘူး
ဘယ်တုန်းကမှအထင်မသေးခဲ့သလို
ဘယ်တော့မှလဲ
အထင်သေးမှာမဟုတ်ဘူး
ငါ့ရဲ့ပျော်စေပြက်စေဆိုတဲ့
စကားတစ်လုံးက
လူတယောက်ဘဝမှာ
ဒဏ်ရာတစ်ခုဖြစ်သွားတာကို
ငါမှားသွားတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့
ကုစားလို့မရဘူးဆိုတာ
ငါသိခဲ့ရပါပြီ

ထိခိုက်သွားတဲ့နင့်အတွက်
တောင်းပန်ပါတယ်ဆိုတဲ့
စကားပြောဖို့
မလုံလောက်တဲ့အတွက်
ငါပြောမထွက်ခဲ့ဘူး
တောင်းပန်ပါတယ်ဆိုတဲ့စကားထက်
လေးနက်တဲ့အရာတွေကို
ငါ့ကိုရှာခွင့်ပြုပါ
နင့်ရဲ့ထိခိုက်သွားတဲ့အရာတွေအတွက် မြူတစ်မှုန်စာမျှ
ပြေပျောက်မယ်ဆိုရင်တောင် ငါ့ကိုအသုံးချလိုက်ပါ
ကြည့်မှန်ထဲကသူ့ပုံရိပ်ကို
ထိခိုက်စေတဲ့သူဟာ
သူလည်းပဲနာကြင်ခဲ့ရတာပါပဲ

မောင်သီ(မြိုင်)
အနိတွက်အမှတ်တရ

မမ. ✏ မိုးလေး-ရုံးပင်တက်

မမ……

အလှကိုဗန်းပြ
မုသားကိုယှက်နွယ်
မာယာကိုကွန်ဖွဲ့
မောင့်နှလုံးသားကို
ရုံးမလွတ်နိုင်အောင်
ညို့ယူလိုက်တာလား
မမရယ်

မိုးလေး-ရုံးပင်တက်
ခေတ္တ(ပြည်)

နှုတ်ဆက်စာ ✏ မိုးမင်း ရွှေကန်မြေ.

နှုတ်ဆက်စာ
♥ ✆♥ ✆
ညီမလေး
ငါ့ရင်ဘတ်ခြံကျယ်ကြီးထဲကို
တံခါးမခေါက်ဘဲဝင်လာပြီး
တံခါးမပိတ်ဘဲထွက်သွားသူ
နင်ကအလည်သက်သက်ပဲလား
နားလည်ခြင်းခွင့်လွတ်ခြင်းတွေနဲ့
ဒီရင်ခွင်ဟာ လူတိုင်းနားခိုလို့ရတဲ့
လမ်းဘေးကဇရပ်တစ်လုံး
မဟုတ်ဘူးလေ....
လက်ပြနူတ်ဆက်ဖို့
ဝန်လေးနေရင်လဲ
နူတ်ဆက်စာလေးတစ်စောင်တော့
ငါလိုချင်မိတယ် ညီမလေး....

နှင်းနှင်းအတွက် ရင်ဖြင့် ခံစားသည် ✉


မိုးမင်း ရွှေကန်မြေ

တောင်းဆု ✏ ဆောင်းဦးနွေ-ထုံးဘို

တောင်းဆု

ချစ်မိသည့်ဝန် ကိုယ့်အလွန်လေ....
တွယ်တာနှောင်ရစ် သံယောဇဉ်တွေ
ပြတ်တောက်မှာစိုး ကြောက်မိတယ်လေ။
ထားရစ်ခဲ့သူ မင်းအလွန်လေ....
မှေးမှိန်ပျောက်ကွယ် ချစ်သံစဉ်တွေ
ဆိုသူမရှိ ငိုသူရှိလည်း
ဒီဘဝဒီမျှ လွမ်းရလိုသည်
ငါ့လိုသောက ကင်းဝေးစေ။

(ဆောင်းဦးနွေ-ထုံးဘို)

မာယာ (ဆောင်းဦးနွေ-ထုံးဘို)

မာယာ
♥ ♥ ♥ ♥
ချစ်သူရေ....
အနမ်းပန်းတွေဟာ
အလွမ်းပန်းတွေဆိုတာ
ငါသိလိုက်တဲ့အချိန်
ငါ့ရင်ခွင်တစ်ခုလုံး
အလွမ်းဆိပ်တွေသင့်နေခဲ့ပြီ။
ပြင်းထန်တဲ့အဆိပ်တွေအတွက်
ထက်မျက်တဲ့ ဖြေဆေးတစ်ခွက်
ချစ်သူ မင်း ငါ့ကိုပေးလေ...
တုန့်ပြန်မှုမရှိတဲ့အေးစက်စက်
မင်းအမူအယာတွေကြောင့်
ငါ့တစ်ကိုယ်လုံးအဆိပ်တွေ
ပြန့်ခဲ့ရပြီ ဒါဟာ မင်းရဲ့
မာယာတစ်မျိုးပဲလားချစ်သူ။

(ဆောင်းဦးနွေ-ထုံးဘို)

သဉ္ဇာသိစေ .... (မောင်)

သဉ္ဇာသိစေ ....
✈ ✈ ✈

တူနှစ်ကိုယ်ပျော်မြူး
ချစ်ရည်လူးခဲ့တဲ့နေ့လေးတွေ
တစ်နေ့မှမေ့မရခဲ့တာ
သဉ္ဇာကတော့မသိဘူးပေါ့....
လမ်းခွဲဖို့ပြောတဲ့နေ့က
ရင်ထဲမှတဆက်ဆက်နာကျင်ခဲ့ရတာ
သဉ္ဇာကတော့မသိဘူးပေါ့
မုန်းတယ်,မုန်းတယ် သေလောက်အောင်မုန်းတယ်တဲ့လား
ကြားလိုက်မိတဲ့တခဏ
ရင်ထဲမှာအရုပ်ကြိုးပြတ်ဖြစ်ခဲ့ရတာ
သဉ္ဇာကတော့မသိဘူးပေါ့

(မောင်)

ကူညီလှည့်ပါ (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ကူညီလှည့်ပါ)

နာကျင်နေတဲ့ နှလုံးသားကို
ရက်စက်စွာ ဝါးခေါက်ပါးပါး
ရွှေဓားဖြင့် တစ်စစီဖျက်စီးပြီး
ကျောခိုင်းကာ ထွက်သွားတော့
မှာလားကွယ်
ဒဏ်ရာတွေဖြင့် ကျန်ရစ်နေတဲ့
ငါ့နှလုံးသားကို ငါဘယ်လို....
နှစ်သိမ့် အားပေးရမှာလဲ...ချစ်သူရေ
ဟွန်း အသက်ပျင်း အခါခါချရင်း
ငါ ငြီးထွားမိတာက...
မျက်နှာသာပေးပါတော့ ကံကြမ္မာရေ... ချစ်ရသူထားရစ်တဲ့ အဖြစ်မျိုးနဲ့
မကြုံချင်လို့ အမြဲအတူနေခွင့်လေး
ပေးလှည့်ပါ...

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

Monday, September 15, 2014

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ် (မောင်ချောနွယ်) 

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့ရှိတဲ့နေ့ဖြစ်တယ် (မောင်ချောနွယ်) 

မင်းရက်စက်မှုဟာ ကမ္ဘာမှာ မရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကြေပြီး
အိပ်ရာပေါ်မှာ အလူးလူး အလှိမ့်လှိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြကျမသွားရုံ အသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။

နေထွက်နေဝင်ချိန်တွေလည်း
ငါ့မှာ မသိတော့ပါ ...
ငါ့အနုပညာ အရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ ...
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာ မဆုပ်မိ မကိုင်မိတော့ပါ။

ငါဟာ
.‘ဝိမုတ္တ္လိ ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်း အသက်ရှူခဲ့ရတယ်
တနင်္ဂနွေတစ်ရက် ထင်ပါရဲ့
စကြဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တံတစ်ချောင်း
လက်ဆောင်ပေးတယ်။
ပြီးတော့ ...
.“မိတ်ဆွေကြီး ခရီးသစ်ထွက်တော့တဲ့”
အဲဒီလို ပြောအပြီးမှာ
စွတ်ဖားလှည်းကလေးစီးကာ ထွက်သွားတော့တယ်။

ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တံနဲ့
ငါ့ရောင်ကလောင်တံနဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ ။ ။

မောင်ချောနွယ်

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ - ဇာတိ

ကဗျာသင့်ခဲ့တဲ့ ကျိန်စာ - ဇာတိ

သမိုင်းတစ်ခုစာ ဆုံးရှုံးဖို့
အခိုက်အတန့် နီးကပ်ခွင့်ရခဲ့တာလား. . . တိုးတိုးဆိတ်ဆိတ် မျှော်လင့်ခြင်းတွေလည်း
သွေးထွက်အောင် မှားခဲ့တယ် . . . . ၊၊ ၊၊
သစ်ရွက်ကြွေတိုင်းသာ
စိတ်ကူးယဉ်ခွင့် ရခဲ့ရင်
( ငါလည်း )
အစိမ်းရောင် ကောင်းကင်လေး
မျှော်လင့်ချင်ပါတယ် ၊၊
ကျိန်စာတစ်ခွင်လုံး မိုးစင်စင်ချုပ်မှ
သန်းခေါင်ယံမှာ ည ပါမလာမှန်းသိရသလို...
ပိတ်ထားတဲ့ တံခါးရွက်တွေ ဖွင့်အဖတ်မှာ
အလင်းတစ်စက်မှ တွေ့ခွင့်မရဘူး . . . ၊၊
ပြက္ခဒိန်တွေလည်း အဆိပ်မိသလိုမျိုး
တစ်ရွက်ပြီး တစ်ရွက် လဲကျသေဆုံး
ပိုးကဗျာ ရေ . . .
အတိတ်ဆိုတာက တိတ်မနေခဲ့သေးဘူး ကွယ် . . . . ၊၊ ၊၊

ဇာတိ

ပြိုကျသွားတဲ့ မနက်ဖြန် - မိုးလှိုင်ည 

ပြိုကျသွားတဲ့ မနက်ဖြန် - မိုးလှိုင်ည 

ပြိုကျဖို့က စက္ကန့်ပိုင်းလေးပဲလိုတယ်
ငါတည်ဆောက်ခဲ့ရတာ တစ်ဘ၀စာ
အခုတော့ မင်းပြန်မရောက်လာတဲ့
ညနေခင်းတွေထဲ...
ငါဟာငေးနေကျလမ်းလေးကို
ဆွေးနေကျအဆွေးတွေနဲ့..
ငါစောင့်ဆိုင်းနေဆဲပါ... ။

အရင်လိုပါပဲ
ဂျင်းဘောင်းဘီအဟောင်းလေးန
ဲ့ကောင်လေးလေ
ဂျစ်တစ်တစ် ကန်တန်တန်...
မင်းပြောပြတဲ့ မနက်ဖြန်တွေကို
လက်ခါခါပြတတ်တယ်...။

အနုပညာမပါပဲ..လူရာမ၀င်ချင်ဘူး..
ဆင်းဆင်းရဲရဲနေမယ်
စိတ်ဓါတ်တွေမွဲခြောက်မနေရင်ပြီးတာပဲ
ညနေခင်းလေးကိုဆွဲထားတဲ့
ပန်းချီကားထဲက
နတ်သမီးလေးပျောက်သွားပြီ...

မင်းအတွက်ရင်မှာ
တစ်နေရာစာကိုယ်ဦးထားတယ်
ဗဒင်သီချင်းလေးကိုခပ်တိုးတိုးညည်းမိ
ပိုင်ရှင်မဲ့ နေရာလေး
တဖြည်းဖြည်းဟောင်းသွားပြီး
သဲမုန်တိုင်းတွေကြောင့် တွန့်ကွေးသွားတဲ့လမ်းကလေးကနေ
ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...

နောက်ဆုံးစက္ကန့်မှာ ကောင်လေးက
စီးကရက်ကိုထိုးချေလိုက်တယ်...
ပြိုကျသွားခဲ့ရတာက တစ်ဘ၀စာလေ...။

မိုးလှိုင်ည

ရေစီးကြောင်း - မောင်ချောနွယ်

ရေစီးကြောင်း - မောင်ချောနွယ်

(၁) မြစ်တွေရဲ့ အမှားကို မြိုချရင်း
ပင်လယ်ဟာ
ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့။

(၂) နှစ်ချို့ ဒီရေတွေ
ဆန်တက်လာချိန်ကျတော့
ရေငန်တစ်စက်ဝင်ရင်တောင်
မျက်နှာမဲ့တတ်သူ
မြစ်ဖျားတွေပါ....အမေရယ်။ ။

မောင်ချောနွယ်

ပင်မှည့်တေး - မောင်ချောနွယ်

ပင်မှည့်တေး - မောင်ချောနွယ်

လူတစ်ယောက်ရဲ့အဓိပ္ပါယ်ကို
လာလာ မစွတ်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ ။

လူတစ်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာ မေးရိုးရှိရတယ်တဲ့
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာမေးရိုးရှိတယ် ။..

ခုတော့မင်းမှာ မေးရိုးမရှိဘဲ
မင်းလက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်းတရားလွန်လွန်းပြီ။.......

ဘ၀မှာ
လေး ၊ ငါး ၊ ခြောက်ခုမလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီ နှစ်ခုပဲ။.....

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်းမောင်စမ်းအေးရေ
မြို့တွေကို မာကျူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်က
မာကျူရီနဲ့လုပ်ထားလို.ပဲ။...

ဟောဟို စားပွဲနံပါတ် တစ်မှာ
ကိုယ့်ဘ၀ကို ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့သူငယ်ချင်း အောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီး တစ်မြို့ပေါ့။...

ပွန်ပီး လို
ချော်ရည်တွေအောက် ရောက်ခဲ့ရပေမယ့်လည်း
ဖော်ဝေး ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီး တစ်မြို့ပေါ့။...

ဘယ်သူဟာ
ကမ္ဘာမြေ တစ်ခု လုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေ တစ်ခုလုံး ဆုံးရှုံးသူဟာ
ကမ္ဘာကိုပြန်ရပေလိမ့်။...

ဘောလုံးသမား မာရာဒိုနာ ဟာ
ဂိုးတွေကိုမှော်နဲ့ သွင်းခဲ့တာပေါ့ကွာ။.......

မောင်ချောနွယ်

ဆေးသားအနှေး မန္တလေး (မောင်ချောနွယ်)

ဆေးသားအနှေး မန္တလေး (မောင်ချောနွယ်)

ဒီမှာလေ....မန္တလေးတောင်ရယ်...
ဇိမ်နဲ့ငိုက်လို့သူငေး
မြို့လေညင်းမှာနေရှိန်နဲ့ ခပ်နှေးနှေး
မြို့ရှုခင်းမှာရေချိန်နဲ့ ခပ်မှေးမှေး
မြို့ရိုးနဲ့ကျုံးတွေက ချွေးတွေနဲ့ခပ်စေးစေး
သစ်သားဘတ်(စ်)ကားတွေက ခပ်ဖြည်းဖြည်း
မန္တလေးသူရဲ့ပါးပေါ်မှာ
သနပ်ခါးဟာခပ်နှေးနှေးမွှေး
မန္တလေးဘီးတွေက(စည်းပြေးဝါးပြေး )
မြို့ကြီးသားမန္တလေး ဘီယာကခပ်အေးအေး
ဒါကိုမန္တလေးသားတွေကရမ်နဲ့မြီးသေး
ဒါကိုမန္တလေးမြို့ကြီးက
ဘီးပေါ်မှာစီးတင်လို့ပြေး
မန္တလေးသွေးသားဟာ ဆေးသားနှေး
မန္တလေးအတွင်းသားဟာ ဆေးသားအနှေး
ဆေးသားအနှေးနဲ့ ပြေးတဲ့မန္တလေး
နေရှိန်အဝေးပြေးမန္တလေး
ရေချိန်အနှေးနဲ့ပြေးတဲ့မန္တလေး
ချွေးနဲ့ပြေးပါမန္တလေး
ချွေးနဲ့ဆေးပါမန္တလေး
တိုက်သစ်နံ့တွေမွှေးတဲ့မန္တလေးရေ
မန္တလေးမြို့ကြီးကိုလေ
ကျွန်တော်က ဘီးမှာအသာတင်လို့
ချွေးစေးစေးနဲ့စီးချင်ပါသေး။ ။

မောင်ချောနွယ်

ချစ်မိတာ အပြစ်လား.... ကိုဖြိုး ( ပုလဲ)

ချစ်မိတာ အပြစ်လား....

မိုးစက်လေးတွေကို
ထိုင်ကာငေးမောကြည့်
အလွမ်းတွေကိုရင်ခွင်ပိုက်
သတိရခြင်းတွေကိုဘောင်ခတ်
သြော်ကွယ်နော်
ရင်ဘတ်တနေရာက
စစ်ကလဲဖြစ်သွားတယ်
ညီမလေးရယ်...
အဖြေရှာကြည့်တော့ တိတ်တခိုးနဲ့
ညီမလေးကို ချစ်နေမိလို့တဲ့.. .
ချစ်မိတာကို အပြစ်တစ်ခုလို့ယူဆ
ပုဒ်မတွေတပ်ပြီး
ပြစ်ဒဏ်တော့ မစီရင်
လိုက်ပါနဲ့ ညီမလေးရယ်....

ကိုဖြိုး ( ပုလဲ)
ညီမလေးသို့.....

လွမ်းကဗျာ - ပင်လယ်ပြာ'အုတ်ဖို'

တောင်တန်းပြာ
လွမ်းငွေ့တစ်ဝေဝေ
လွမ်းတောင်ခြေမှာ
လွမ်းမြူနှင်းတွေဝေခဲ့ပြီ........
သဇင်ပွင့်လေးတွေ
ဖြူဖြူဖွေးလို့
ပန်ဆင်သူလည်းမဲ့ခဲ့ပြီ..........
လွမ်းသူရင်မှာ
လွမ်းကဗျာလည်း
ဖွဲ့ကာသီကြူးရေးခဲ့ပြီ...........

ပင်လယ်ပြာ'အုတ်ဖို'
စ ပ သ ယ

မိခင်စိတ်ရှိသူများ... (အရှင်အာလောက-ထုံးဘို)

မိခင်စိတ်ရှိသူများ

ချိုချိုမြမြလှပယဉ်
ပီတိမျက်နှာရှင်
ကမ္ဘာ့ဂန္ထဝင်စံတင်မဆုံး
ပိုင်သူမဲ့အပြုံး
စမ္ပါယ်တစ်ကုံးဆံထုံးမှာ
မွှေးပျံ့ရနံ့ဖြာ
ကျောင်းဝတ်စုံမှာယဉ်ပါလှ
အိုဘယ့်ဆရာမ...
နှလုံးသားကမေတ္တာရှင်
ဂရုဏာလက်နဲ့ပြင် အကြင်နာစေတနာရင်မှာထား
မိခင်စိတ်ရှိသူများ။

(အရှင်အာလောက-ထုံးဘို)

(မှတ်ချက်)ဤကဗျာဖြင့်မိမိ၏
သင်ဆရာဖြစ်သော ထုံးဘိုမြို့အ.မ.က မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအားကျေးဇူးဆပ်ပါသည်။်

ညီမလေး... (ဆောင်းဦးနွေ-ထုံးဘို)

ညီမလေး

မောင့်ကိုမောင်တောင်
မကာကွယ်နိုင်တဲ့
လူသားအဖြစ်တစ်ယောက်မို့
မောင့်ဘဝထဲ ညီမလေးကို
ဆွဲမခေါ်ရက်ဘူး ဒါကြောင့်
အမြတ်နိုးဆုံးတမ်းတမှုတွေနဲ့
မောင်ကျေနပ်နေပါတော့မယ်။

(ဆောင်းဦးနွေ-ထုံးဘို)

အချစ်ဦး...သို့... (ဆောင်းဦးနွေ-ထုံးဘို)

အချစ်ဦး...သို့...

ပြန်မဆုံနိုင်တာကို
ကံကြမ္မာကိုအပြစ်မတင်ချင်ပေမဲ့
သံသရာတစ်ကွေ့မှာ
နင်နဲ့...ခဏလောက်ဖြစ်ဖြစ်
ပြန်ဆုံတွေ့ချင်ပါတယ်
အဲဒီအခါကျရင်
အတိတ်ဆိုတာကို
ငါမေ့နေခဲ့ရင်တောင်
နင်နဲ့ပတ်သက်ခဲ့တဲ့
အရာအားလုံးကိုတော့
ငါအမှတ်ရနေမှာပါအချစ်ဦးရယ်။

(ဆောင်းဦးနွေ-ထုံးဘို)

ဝိညာဉ်​မဲ့သူ....​ရွှေထ​နောင်းစိုးပိုင်

ဝိညာဉ်​မဲ့သူ....

သိပ်​သည်းလွန်းတဲ့ အ​မှောင်​ည
စိတ္တဇ ပန်း​တွေလွင့်​ခဲ့
ဟိုး...အ​ဝေးမှာ
ဒဏ်​ရာတစ်​ခုကို
ငါ ​တွေ့တယ်​....
ခြောက်​ကပ်​ကပ်
ခြေလှမ်း​တွေကို​ရေတွက်
တဖျင်းဖျင်းဆူပွတ်​​နေတဲ့
ထွက်​သက်​ဝင်​သက်​တို့ ​လျော့နည်း
အလင်းစက်​​တွေလဲ လွင့်​​ပျောက်
ဗြုန်းစားကြီး ငါ့အနားကို
တ​စ္ဆေတစ်​​ကောင်
ရောက်​လာတယ်
တင်းတင်း​စေ့ ပိတ်​ထားတဲ့ခံတွင်းကို
ခပ်​ကြမ်းကြမ်းရိုက်​ဖွင့်
ရင့်​သီး ရှည်​လျားတဲ့
လက်​တစ်​ဖက်​နဲ့
ငါ့အသဲကိုဆွဲနှုတ်​ထုက်​ယူ
အူ​တွေအပြတ်​ပြတ်
သွေး​တွေတစက်​စက်​နဲ့
ကျန်​ရစ်​ခဲ့တဲ့ ငါ
မျက်​ဝန်းတစ်​စုံရဲ့
ညှို့အားကိုကြည့်​ရင်း
နာကျင်​ရမှန်း
မသိလိုက်​ဘူး
....................ရယ်​.

ရွှေထ​နောင်းစိုးပိုင်

တမ်းတဆဲပါ...? ​ရွှေထ​နောင်းစိုးပိုင်

တမ်းတဆဲပါ...?

ရိုးသားလွန်းတဲ့ရင်​ခုန်​သံ
အဖြူ​ရောင်​ အကြင်​နာ​တွေ
လေ​ပြေ​အေး​လေးလို
နှုညံ့ခဲ့​ပေမယ့်
နေညိုချိန်​မှာ
ဇာတ်​သိမ်းခဲ့ရ​တယ်
အိပ်​တန်းတက်
ငှက်​အ​ဖော်​​တွေရဲ့
တွန်​ကြူးသံကြားမိပြန်​​တော့
အ​ဖော်​ကွဲ​နေတဲ့
ငှက်​တ​ကောင်​လို
ငါ..​ယောင်​ချာချာနဲ့
မိုးလင်းခဲ့ရပြန်​တယ်​.
အနာဂတ်​ ဆိုတဲ့
မနက်​သစ်​မှာ
လမ်းထ​လျှောက်​ဖို့
အ​ဖော်​ရှာမိပြန်​​တော့
တစ်​ချိန်​ကချစ်ခဲ့သူကို
လွမ်းသလိုလို
ဪ...............

ရွှေထ​နောင်းစိုးပိုင်

...........? ရွှေထနောင် စိုးပိုင်

...........?

အုံ့မှိုင်း​နေတဲ့
ကောင်းကင်​တစ်​ခု​အောက်
ငါ​ဖောက်​ထွင်းလို့
အလင်းတန်းတခု
ရှာ​ဖွေမိခဲ့​ပေါ့
ရက်​စက်​လွန်းတဲ့ကံကြမ္မာ
ငါ့.....ကို
ခံစားခွင့်​မ​ပေးခဲ့ဘူး
ကောင်​​မ​လေး​ရေ..
ငါ........
သူငယ်​တန်းကြီး
မ​အောင်​ခဲ့ဘူးထင်​ပါတယ်​..

ရွှေထနောင် စိုးပိုင်

ဖြေဆည်ရာလေးပေးခဲ့ပါ (နွေဦးကို)

ဖြေဆည်ရာလေးပေးခဲ့ပါ(နွေဦးကို)

ဝေဒနာကိုဖြေသိမ့်ဖို့
မလုံလောက်တဲ့
တိတ်ဆိတ်တဲ့ဟော့ဒီညမှာ
ကြယ်တွေကိုအဖေါ်ပြုလို့
တိုးဝှေ့လာတဲ့လေပြေလေးတွေနဲ့
စကားဆိုမိတယ်
ကံမကုန်ရင်ပြန်ဆုံမှာပေါ့ဆိုတဲ့
စကားတစ်ခွန်းကို
မယုံ့တယုံလက်ခံရင်း
ကြယ်တွေကြွေတာမြင်ရရင်
ကံကောင်းတယ်ဆိုလို့
ကြယ်ကြွေမလားလို့
ထိုင်ကြည့်နေမိသေးတယ်
ဒီညက ကြယ်မကြွေတဲ့ည ဖြစ်နေတယ်လေ
တိုက်ဆိုင်လို့မဟုတ်ပဲ
ခဏခဏမင်းအကြောင်းတွေး
မင်းအကြောင်းငေးရင်း
အိပ်ပျက်တဲ့ညတွေထပ်နေတယ်
ကောင်မလေးရေ
သိုသိပ်ထားတဲ့ဒီအလွမ်းတွေအတွက်
ဖြေဆည်ရာလေးတစ်ခုလောက်တော့
ပေးခဲ့သင့်ပါတယ်။

နွေဦးကို

ဘယ်သူပြိုင်လို့ လှပါနိုင် - မိုးလေး-

ဘယ်သူပြိုင်လို့ လှပါနိုင်...

အဝေးတမြေဆီ
ရောက်ပြန်သော်လည်း
ဝင်းပရွှင်ဖြူ
ကညာသူချောအလှ
တွေ့ပြန်ရပေမယ့်
တောအလှစံပယ်ဖြူ
ခင်ပျိုဖြူ
ချောအလှကိုတော့
ဘယ်သူပြိုင်
လှနိုင်မှာလည်း
မမတောသူ....

မိုးလေး-
ရုံးပင်တက်
ခေတ္တ(ပြည်)

နယ်ဝေးချစ်သူ - မိုးလေး

နယ်ဝေးချစ်သူ

ကံမဆုံလို့ ဝေးရပေမယ့်
ကံမကုန်လို့ ပြန်ဆုံခဲ့ရင်
တစ်ချိန်တုန်းက ရခဲ့ဘူးတဲ့
ချစ်သူဆီက အပြုံးပန်းတစ်ပွင့်
ထပ်ပြီးတော့ မြင်ချင်သေးတယ်
ချစ်သူရယ်...

မိုးလေး -
ရုံးပင်တက် ခေတ္တ(ပြည်)

တံခါးပိတ် - တင်မိုး

( တံခါးပိတ်)

ချစ်သူ့ထံ ငှက်ပမာ
ပျံလာချင်တယ်လေ့။
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့ နေ့ ။ ။

ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့။ ။
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့ နေ့ ။ ။

ချစ်သူ့ထံ ရော်ရွက်ပမာ
ဝဲလာချင်တယ်လေ့ ။
လေးရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးတဲ့ နေ့ ။

ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်လေ့။
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့ နေ့ ။

သို့ပါလဲ ချစ်သူဆီ
လာနိုင်ပြီဆိုပါတော့ ....
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့ ။

တင်မိုး

Photo ရွှေညာသား​လေး ချစ်​ပြည့်

Photo - ရွှေညာသား​လေး ချစ်​ပြည့်

အလွမ်း (ပန်သာ)

"အလွမ်း"

မင်းကိုမြင်တိုင်း
ကိုယ့်ရဲ့အချစ်တွေ
နိုးကြားစေတယ်...
ဒါပေမဲ့ ချစ်သူရယ်...
မဖြစ်နိုင်မှန်း သိလိုက်ရတဲ့
အချိန်မှာ
ကိုယ့်ဘဝမှာ
မင်းကိုလွမ်းတိုင်း
ကိုယ့်မျက်ရည်တွေနဲ့ပဲ
ဖြေသိမ့်နေလိုက်တော့မယ်...

(ပန်သာ)

မအိုတဲ့အချစ် (ပန်သာ)

"မအိုတဲ့အချစ်"

ချစ်သူရေ
အိုမင်းရင့်ရော်သွားလို့
မျက်နှာပေါ်မှာသာ
အရေးအကြောင်းတွေ
ထင်ချင်ထင်လိမ့်မယ်။
မင်းကိုချစ်တဲ့နှလုံးသားမှာတော့
အရေးအကြောင်းတွေ
ဘယ်တော့မှ
ထင်မှာမဟုတ်ဘူး...

(ပန်သာ)

ကိုယ့်ကို..အချစ်အဓိပ္ပာယ်တွေ မမေးပါနဲ့။ (ပန်သာ)

ကိုယ့်ကိုအချစ်အဓိပ္ပာယ်တွေမမေးပါနဲ့။

အချစ်သဘောတရားတွေ
မမေးပါနဲ့။
ကိုယ်နားမလည်ဘူး။
လက်တွေ့ဘဝမှာ
မင်းကိုဘယ်လောက်ချစ်နိုင်တာ
ဒါ...တွေဟာ
ကိုယ့်ရဲ့ အဓိပ္ပာယ်နဲ့
သဘောတရားတွေပါ။

Sunday, September 14, 2014

"အရာရာအချစ်" (ပန်သာ)

"အရာရာအချစ်"

လူတစ်ယောက်ဟာ
အချစ်မဲ့နေရင်
အရာတော်တော်များများ
မဲ့နေလိမ့်မယ်။
အချစ်ရှိရင်
အရာတော်တော်များများ
ရှိနေဖို့သေချာပါတယ်။

(ပန်သာ)

(နွေသင့်ရွက်) နွေလွင့်ကြယ်'မှော်ဝန်း-ချစ်ဦးသူ T.Z.A.သို့....

(နွေသင့်ရွက်)

ပထမဆုံးချစ်သူရှေ့မှာ
ကျဆုံးခဲ့တဲ့နှလုံးသားကို
ဘယ်လိုအပြုံးများနဲ့
ဟန်ဆောင်ပြီးဖုံးထားရမှာလဲ...
မုန်းသွားပါချစ်သူ
အားတင်းပြီးပြုံးထားဆဲပါ...
မင်းရက်စက်ခဲ့လို့
ပတ်သက်ခွင့်မရပဲရှုံးသွားတဲ့
အစေခံနှလုံးသားမှာ
ပေကျံမဆုံးတဲ့ဒဏ်ရာတွေက
ကန္တာနွေလိုပူလောင်လဲ
ကံကြမ္မာယူဆောင်လာမဲ့မိုးကို
တိုးတိတ်စွာမျှော်လင့်ရင်း
အရိပ်လိုလိုက်နေတဲ့
ဟိုး..အတိတ်ကမင်းအကြည့်တွေကို
ငါ့ဘဝရဲ့နောက်ဆုံးအချိန်ထိ
ယူဆောင်သွားပါရစေ......

နွေလွင့်ကြယ်'မှော်ဝန်း

ချစ်ဦးသူ T.Z.A.သို့....

အနမ်း - (ဆောင်းဦးနွေ-ထုံးဘို)

အနမ်း

ချစ်သူရေ
ခါးသက်သက် အနမ်းတစ်ပွင့်ဟာ
ထက်မျက်တဲ့ဓားတစ်လက်လိုပါပဲ
အနာအဆာမရှိတဲ့ငါ့နှလုံးသားကို
ဓားထက်ထက်နဲ့မွှမ်းလိုက်သလို
နာကျင်စပ်ရှားတဲ့ ဒဏ်ရာတွေကြောင့်
သွေးမျက်ရည်တွေ ငါ့နှလုံးအိမ်ထဲ
ပြည့်ခဲ့ရပြီချစ်သူ။
ရင်ထဲကဒဏ်ရာတွေ
ပြင်းထန်ခဲ့ပေမဲ့ နှလုံးသွေးနဲ့
ရင်းခဲ့ရတဲ့ အနမ်းတစ်ပွင့်ကို
ငါ,..အခု လွမ်းနေတုန်းပဲ
ချစ်သူရယ်...။

(ဆောင်းဦးနွေ-ထုံးဘို)

စည်းကမ်း (အရှင်အာလောက-ရေဝိုင်း)

စည်းကမ်း

ဘဝလှေကားထစ်တွေကို
လှမ်းတက်တဲ့နေရာမှာ
စည်းကမ်းဆိုတာ လက်ယမ်းသဖွယ်ဖြစ်ပါတယ်။
စည်းကမ်းကောင်းခြင်းဟာ
တနည်းအားဖြင့် အကျင့်စာရိတ္တကောင်းခြင်းပါပဲ။
ကောင်းတဲ့စည်းကမ်းတွေရအောင်
အစဉ်တစိုက်မွေးမြူရမှာပါ
စည်းကမ်းဆိုတာ....
လူ့ရဲ့တန်ဖိုးဖြစ်တဲ့အတွက်
တန်ဖိုးကြီးလာလေ အကျင့်စာရိတ္တဘက်မှာ တိုးတက်လာလေပါပဲ။
စည်းကမ်းရဲ့အနှစ်သာရဟာ
အများစုရဲ့ကောင်းကျိုးကို လုပ်ပေးတာပါ မကောင်းကျိုးပေးတဲ့ စည်းကမ်းဆိုတာမရှိပါဘူး
ချုပ်ချယ်မှုနဲ့စည်းကမ်းဟာမတူဘူး
စည်းကမ်းဟာလိုက်နာနေရတဲ့ အတွင်းမှာ ပင်ပမ်းတယ်လို့ထင်ရပေမဲ့
အချိန်အခါအလျောက် များစွာတန်ဖိုးရှိလာမှာပါ။
ကျူရိုးနဲ့သမုဒ္ဒရာရဲ့ အတိမ်အနက်ကို တိုင်းတာလို့မရပေမဲ့ လူတစ်ယောက်ရဲ့အရည်အချင်းကို
စည်းကမ်းဆိုတဲ့ပေတံနဲ့ တိုင်းတာလို့ရပါတယ်
စည်းကမ်းကောင်းရင် နည်းလမ်းအပေါင်းဟာ
အဆင်ပြေချောမွေ့ပြီး
စည်းကမ်ဖောက်ရင်တော့
ထီးနန်းတောင်ပျောက်နိုင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)

သူငယ်ချင်း (ဆောင်းဦးနွေ-ထုံးဘို)

သူငယ်ချင်း

ငါသိ,ငါတတ်ဘဝင်ဟပ်ပြီး
မာနနဲ့တင်းခံနေသမျှ
မင်းဘာပညာမှ
တတ်မှာမဟုတ်ဘူး သူငယ်ချင်း။
မာနရှင်မောက်မာသူနဲ့
ကျောက်ဖြာပြင်ထူထူဟာ
အတူတူပါပဲ
ကျောက်ဖြာပြင်ထက်
ရေတစ်စက်မှမတင်လို
မာနရှင်မောက်မာသူ လူ့အတွက်လည်း
ပညာတစ်စက်မှဝင်မှာမဟုတ်ဘူး
ငါသိ,ငါတတ်ဘဝင်ဟပ်မဖြစ်မီ
ငါသိ,ငါတတ်ဆိုတဲ့
မာနဓာတ်အစဉ်ကို အမြစ်ဖြတ်ပြီး
ပညာတတ်ဖို့ ဆည်းပူးအုံးသူငယ်ချင်း။

(ဆောင်းဦးနွေ-ထုံးဘို)

မေးလိုက်​ချင်​သည် - ​ရွှေထ​နောင်းစိုးပိုင်

*​မေးလိုက်​ချင်​သည်​*

ဝမ်းနည်းစရာ
အဖြစ်​ ​တွေနဲ့
သေဆုံးခဲ့တဲ့
တောင်​သမာန်
ငါ့ရင်​ထဲမှာ
အမြဲထာဝရ
ရှင်​သန်​​နေဆဲ?
အနစ်​နာခံ​ပေးဆပ်​မှု​တွေနဲ့
အချစ်​ကို
သက်​​သေထူသွာခဲ့တဲ့
တောင်​သမာန်​နယ်​စား
"​မောင်​​ဖေငယ်​"
ခုထိလူ​တွေရဲ့ရင်​ထဲမှာ
သူ့ချစ်​ခြင်းတရား​တွေ
ကျောက်​စာတစ်​ခုလို
အခိုင်​အမာ
တည်​ရှိ​နေလျှက်​ပါ....
ငါ တမ်းတမိတယ်
သူတို့​ခေတ်
တရားမျှတမှုကိုဆုပ်​ကိုင်​ပြီး
ဒိုင်းခင်​ခင်​ကို
သူ့လက်​ထဲ
ထည့်​​ပေးချင်​တာ
ငါ....မှားလား......?

ရွှေထ​နောင်းစိုးပိုင်

Saturday, September 13, 2014

သေဆုံးခွင့် ပေးပါ - လက္ခဏ(အုတ်ဖို)

ရက်စက်တယ်ဆိုတဲ့စကားနဲ့
မနှိုင်းရက်ပေမဲ့
မင်းသိပ်ရက်စက်တယ်....
မင်းပြောသမျှအားလုံး နာခံပါ့မယ်
ဒါပေမဲ့ တခုတော့
မင်းဆီကတောင်းချင်တယ်
မေ့ပြစ်နိုင်ခွင့်
ဒါမှမဟုတ်
သေဆုံးခွင့် ပေးပါ
လက္ခဏ(အုတ်ဖို)
အ မ သ ယ

ဖူးဝေရေ... လက္ခဏ(အုတ်ဖို)

ဖူးဝေရေ...
မျက်လုံးထဲမှာ မင်းဓာတ်ပုံ
တစ်ပုံရှိတယ်...
နားထဲမှာ မင်းအသံဓာတ်ပြား
တချပ်ရှိတယ်
နှလုံးသားထဲမှာ မင်းနာမည်
အက္ခရာတလုံးကို ထွင်းထားတယ်,
မျက်လုံးရယ်..
နားရယ်..
နှလုံးသားရယ်..မရှိမှပဲ
မင်းကိုမေ့ဖို့ဆိုတာ
ဖြစ်နိုင်လိမ့်မယ်

လက္ခဏ(အုတ်ဖို)
အ မ သ ယ

သူငယ်ချင်းမလေး သို့.... (လျှို့ဝှက်လွမ်း)

သူငယ်ချင်းမလေး သို့.... (လျှို့ဝှက်လွမ်း)

စည်းတံတားရဲ့ အခြားတစ်ဖက်မှ
သူငယ်ချင်းမလေးရေ...
ချစ်တာကို ဖွင့်ပြောဖို့အတွက်
အားအင်တွေ မဲ့နေတယ်ဟာ
ပိုင်ဆိုင်ချင်တာ တစ်ခုနဲ့
မစွန့်လွတ်နိုင်တာကလွဲပြီး
ငါဘာမှ မတောင်းဆိုဝံ့ပါဘူး
သံယောဇဉ် လမ်းကလေးခင်းပြီးသားမို့
သူငယ်ချင်းမလေးရယ်
ပွင့်ပွင့်လင်းလင်းပြောတော့မယ်
ငါလေနင့်ကို သိပ်ချစ်တယ်


လျှို့ဝှက်လွမ်း

တိတ်တိတ်လေးပဲလွမ်းနေမယ် - နွေလွင့်ကြယ်'(မှော်ဝန်း)

(တိတ်တိတ်လေးပဲလွမ်းနေမယ်)

ရင်အသဲလွှာတစ်ခုလုံးမှာ
နင်အမြဲလာစိုးမိုးထားတာကြောင့်
ဖူးစာတွေမဆုံမှန်းသိလျှက်နဲ့
အရူးပမာစွဲလန်းမိခဲ့တယ်...
တကယ်တော့ ငါ့အဖြစ်က
ရွှေလမင်းကြီးကိုမှ
မြေခဆင်းဖို့တောင်းဆိုနေတဲ့
ကလေးပမာလို
အတွေးကမ္ဘာထဲမှာပျော်နေခဲ့သူပါ...
တကယ်ဆိုရင်
ဆိုင်သူမသိအောင်ချစ်
ဆိုင်သူမသိအောင်လွမ်း
ဆိုင်သူမသိအောင်အိမ်မက်ကနေ
ခိုးခိုးနမ်းရတဲ့ဘဝကရုန်းထွက်ချင်ပေမယ့်
အဆုံးသက်မှာတော့ ကိုယ့်အချစ်နဲ့ကို
လန့်ဖျားဖျားနေတယ် သဉ္ဇာရယ်...

နွေလွင့်ကြယ်'(မှော်ဝန်း)

(ချစ်ညီမလေး သိပါစေ)

ငှက်ငယ်အလွမ်း - ဆောင်းဦးနွေ-ထုံးဘို

ငှက်ငယ်အလွမ်း

ငှက်ငယ်တစ်ကောင် ကြင်ဖော်ပျောက်၍
ရှာပုံတော်ဖွင့်အသဲနစ်အောင်
စွဲလန်းရတဲ့ငှက်ငယ်ရယ်
ကောင်းကင်ယံမှာ ငါတစ်ကောင်ထဲ
ဟိုပျံဒီပျံမောပမ်းစွာနဲ့ နင့်ကိုတွေ့ဖို့
တောတောင်အထပ်ထပ် ရှာသော်လဲကွယ်
ဘယ်မှာလဲနင် တွေ့ချင်ဇောနဲ့
ရှာခဲ့ပေမဲ့ မောသာမောရ
ငါ့ဘဝကို သနားလှည့်ပါ
ငှက်ငယ်ရယ်။

(ဆောင်းဦးနွေ-ထုံးဘို)

ငါမြင်မိတဲ့ငါချစ်ခြင်း (လျှို့ဝှက်လွမ်း)

ငါမြင်မိတဲ့ငါချစ်ခြင်း (လျှို့ဝှက်လွမ်း)

မျက်ရည်တွေလည်ရွှဲအောင်
ငိုပွဲတွေနွှဲခဲ့ပေမယ့်
အချစ်ကိုပစ်ပယ်သူက အသဲနာအောင်
ရက်စက်မုန်း အပြုံးတွေတောင်မပျက်ခဲ့ဘူး
နင်ပြောဘူးသလိုပေါ့
တစ်ခါတစ်လေမှာ
ငါနေတတ်ပါတယ် ချစ်သူ
ငါ့အချစ်က ပေးဆပ်ခြင်းလည်းဟုတ်တယ်
ရယူခြင်းလည်းမှန်တယ်
ငါဆိုတဲ့ကောင်က
အချစ်ကို အချစ်လို့ပဲ
မြင်တတ်အောင် မြင်ခဲ့တယ်....


လျှို့ဝှက်လွမ်း

ကျီးပေါင်းတပ် နှလုံးသား - လက္ခဏ(အုတ်ဖို)

(ကျီးပေါင်းတပ် နှလုံးသား)

ခဏ ခဏ ရက်စက်လွန်းတော့လည်း
ငါ့နှလုံးသားတွေ ကျီးပေါင်းတပ်နေပြီထင်ပါရဲ့
ဘယ်လောက်ပဲ
လွမ်းလောက်စရာမရှိတဲ့
စကားလုံးတွေပြောပြော
မနာကြည်း တတ်တဲ့
ငါ့ရဲ့ အသိစိတ်ကို
ငါအံ့ဩမိတယ် ဖူးဝေ...

လက္ခဏ(အုတ်ဖို)
အ မ သ ယ

Friday, September 12, 2014

နေမဝင်ခင်...... ကိုမင်း.....နေပြည်တော်

နေမဝင်ခင်......

ခင်မင်တယ်ဆိုတဲ့ စကားတလုံးနဲ့
ရင်ခုန်သံတွေကို နှစ်သိမ့်ခဲ့တာလား သံယောဇဉ်မြေတလင်းမှာ
မျှော်လင့်ခြင်း ပန်းကလေးတွေ
ရှင်သန်ခွင့်ပေးပြီးမှ
ဖူးပွင့်ခွင့်မရတဲ့ငါဘဝ
မဟူရာညကမှ ငါ့ထက်စာရင် ပုန်းစိမ်းကြူအရောင်နဲ့
အလှတစ်ကွက်သာပါသေးတယ်
ရင်တခုလုံးဗြောင်းစံအောင်
မွှေနှောက်ပြီးမှ တောင်းခံလို့မရတဲ့
မင်းရဲ့ချစ်ခြင်းတရား
အိမ်မက်တွေကြားမှာတော့
ငါ့ကိုမထားခဲ့ပါနဲ့
နေမဝင်ခင်ရင်ခုန်သံတေ
ွပြင်ဆင်ပြီဒီရင်ကိုဝင်ခဲ့ပါတော့..........!!

ကိုမင်း.....နေပြည်တော်

အဆုံးသတ် - ဆောင်းဦးနွေ-ထုံးဘို

အဆုံးသတ်

သံစဉ်မဲ့တဲ့ ငါ့ရင်ခွင်အိုထဲ
ချစ်သူရဲ့မာယာ တေးသီချင်းတွေ
မဖော်ကျူးချင်ပါနဲ့တော့
ဆိုင်သူမသိတဲ့ ရင်ထဲက
ဒဏ်ရာတွေအတွက်
ငါ့မျက်ရည်တွေ
မစီးဆင်းပါရစေနဲ့တော့
လွမ်းသူမဲ့တဲ့ ငါ့နှလုံးအိမ်ထဲက
ပျောက်လုဆဲဆဲ ဒဏ်ရာအနာတရတွေကို
ချစ်သူ,..မင်း ထပ်မနှိပ်စက်ပါနဲ့တော့။

(ဆောင်းဦးနွေ-ထုံးဘို)

Photo. မစန္ဒာ

တိတ်တိတ်ကလေး ကျန်ခဲ့မယ်

တိတ်တိတ်ကလေး
ကျန်ခဲ့မယ်

မင်းကိုယ့်ကို ခွဲခွာသွားတဲ့အခါ
မုန်းတယ်လို့ ပြောသွားခဲ့ရင်တောင်
နှုတ်မဆက်ပါနဲ့ လက်မပြပါနဲ့
ချန်ရစ်လို့ ကျန်ရစ်ရတဲ့ဝေဒနာ
ခါးသီးလှပါတယ် ချစ်သူရယ်

soe ya ta nar

မုန်းမာန

မုန်းမာန

မင်းထားရက်ခဲ့မှတော့
ဆယ်ကြိမ်မြောက်
လက်ထပ်ခွင့်ရရင်တောင်
အဲဒီ ဆယ်ယောက်ထဲမှာ
မင်းမပါစေဘူး ချစ်သူ
မင်းပြောသလိုပေါ့ဟ

Good Bye'
soe yatanar

ဘာကြောင့်မုန်း...

ဘာကြောင့်မုန်း

ကင်မရာပေါက်ကနေ
အရုပ်နဲ့အရောင်တွေ
ချောင်းကြည့်သလို
မင်းနှလုံးသားကို
ချောင်းကြည့်လို့ရရင်
အကောင်းသား
ဘာကြောင့်များ ငါ့ကို
စိမ်းကားရက်စက်နိုင်တာလဲ
သိချင်လိုက်တာကွယ်

soeyatanar

ရူးမတတ်

ရူးမတတ်

ပန်းလေးတွေ ကြွေတာတောင်
မျက်ရည်ဝဲချင်တယ်
လှိုင်းကလေးတွေ ခွာတာတောင်
ဝမ်းနည်းမိတတ်တယ်
နှင်းကလေးတွေ ပျော်ကျတာတောင်
ရင်တွေဖိုလို့ငိုမိတယ်
ဒီလောက်ခံစားလွယ်တဲ့
နှလုံးသားနဲ့ကိုယ့်ကို
အချစ်ကများ ချန်ထားရစ်ခဲ့ရင်
ရူးများသွားမလား
စဉ်းတောင် မစဉ်းစားရဲတော့ဘူးကွယ်
သနားလှည့်ပါ ကိုရယ်

*soe yatanar*

တန်ဖိုး

တန်ဖိုး

နင့်ကိုတန်ဖိုးထားလို့ ချစ်ခဲ့ပါတယ်
ကိုယ့်အချစ်ကို အခွင့်ကောင်း
မယူပါနဲ့ကွယ်
ဘောဇဉ်ဆိုပေမဲ့
မှိုတက်ရင်တော့ လွင့်ပစ်ရမှာပဲ
အဆီရွှဲနေပေမဲ့
သဲပေရင်တော့ လွင့်ပစ်ရမှာပဲ
သန့်သန့်ကလေးပဲ ရှင်သန်ပါရစေ
အချစ်ရယ်

*soe yatanar*

အလိုအလျောက်

အလိုအလျောက်

မင်းအပေါ် အချစ်တွေ
အလိုအလျောက်ဖြစ်တည်ခဲ့တာပါ
လက်ထပ်ခြင်းကတော့
အလိုအလျောက် မဖြစ်နိုင်ပါဘူး
ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်လိမ့်မယ်
တို့ဆုံးဖြတ်ချက်မှာ အချစ်မပါရင်
အချစ်ရခဲ့သူ
မင်းခွင့်လွတ်ပေးပါနော်

*soeyatanar*

တိတ်တိတ်လေး (လျှို့ဝှက်လွမ်း)

တိတ်တိတ်လေး (လျှို့ဝှက်လွမ်း)

သူငယ်ချင်းကောင်းဆိုတာ
ရင်ဟောင်းလောင်းနဲ့ ပြုံးနေသူတဲ့
အငိုစကို မျိုချပြီး
အပြုံးလှလှတစ်ခုနဲ့လည်း ဖုံးကွယ်တတ်တယ်
အမှတ်တရလေးတွေကို
အမှတ်တမဲ့ သိမ်းထားခဲ့တာ
မဟုတ်ဘူး သူငယ်ချင်း
ယုယုယယကို သိမ်းထားခဲ့တာပါ
ဒါပေမယ့်
ကြိတ်ပိုးလေ တိတ်တခိုးပဲ
ချစ်ခွင့်ရှိတယ်.....

လျှို့ဝှက်လွမ်း

စာ တမ်း - စိုင်းဟေမာန်

(စာ တမ်း)

ကြင်နာစွာချစ်ကြသော်လည်း
ဖန်လာတဲကံကြမ္မာက
ဝေးကွာခြင်းကို
နိဒါန်းပျိုးခဲ့တယ်
ချစ်တဲ့သူနှင့် အတူ
မနေရဘူးတဲ့
ဒီလိုနဲ့
ဝေးကွာခဲ့ကြပေါ့
တယောက်တနယ်စီ
ပြန်မဆုံဖြစ်တာလည်း
နှစ်ပရိစ္ဆေဒ
အတော်ကြာခဲ့ပေါ့
ရင်ထဲက
အချစ်ကိုတော့
ချစ်သူသိအောင်
လေ လှိုင်းကို
ပိုက်ဆံပေး၍
မကြာခဏပြော
ပြောဖြစ်နေမိ

သူစကားသံကို
ကြားတိုင်းကြားတိုင်း
အလွမ်းလှိုင်းတွေ
ရင်ကိုအခါခါပုတ်ခတ်
နာကျင်အောင်ဖန်တီးပြီး
ချစ်တတ်သူကို ကျီဇယ်ကာ ဝေဒနာတွေပေးနေတယ်
ဖြေမသာဝေဒနာတွေကို
ထမ်းပိုးရင်း
ရောက်ရာအရပ်ကနေ
ချစ်ရသူကို အမြဲတမ်း
အောက်မေ့နေတယ်ဆိုတာ
ချစ်ရသူ သိပါစေကြောင်း
စာ တမ်းတစ်ခု
မောင်ပြုလိုက်သည်
ချစ်ရသူလေးသိပါစေ

(ရင်တွင်းဖြစ်)စိုင်းဟေမာန်

မေ့မှာပါ (လျှို့ဝှက်လွမ်း)

မေ့မှာပါ (လျှို့ဝှက်လွမ်း)

ညီမလေးရယ်.....
တကယ်ဝေးရမယ်ဆိုတဲ့ အတွေးကို
ကလေးဘဝထဲက မတွေးခဲ့ဖူးဘူး
ဘယ်လိုပင် အဝေးရောက်နေပါစေ...
ကိုယ့်ရဲ့ရင်အဆွေးကို မျိုသိပ်ခဲ့တာ
အနီးရောက်လာကာမှ
အဝေးဆုံးကို ပြန်ရောက်ဖို့မဟုတ်ပါဘူး
"ကြာလာရင်မေ့သွားမှာပါ"တဲ့
ဝါကျလေးက သိပ်သည်းတယ်
စာသားလေးက အရမ်းလှတယ်
ဟုတ်မှာပါ ညီမလေး
မေ့လို့ရမှာပါ
ကိုယ့်ရဲ့နှလုံးသွေးတွေ
မလည်ပတ်တော့တဲ့ အချိန်ရောက်ရင်ပေါ့

နွေပျော်နှလုံးသား - မိုးမင်း ရွှေကန်မြေ

နွေပျော်နှလုံးသား

လကွယ်ညမှန်းသိပေမဲ့
လရောင်ကိုပဲမျော်နေမိတယ်
နွေအဖြစ်ကိုသိရက်နဲ့
နှင်းစက်တွေကိုမှတမ်းတသူပါ
ပန်းမပွင့်ဘူး
ဒါပေမဲ့...ပန်းရနံ့ကိုတော့
နမ်းရှိုက်ချင်မိတယ်
မထိနိုင်ဘူးဆိုတဲ့ပစ်မှတ်ကိုမှ
အကြိမ်ကြိမ်လက်တည့်
စမ်းချင်သူပေါ့
မမြင်ယောင်ဆောင်သူကိုမှ
ပြုံးပြနှုတ်ဆက်မိတာ ငါ့အမှားပါပဲ

မဖြစ်နိုင်ဘူးဆိုတဲ့ သံသယတွေနဲ့
အိမ်မက်ကမ္ဘာထဲမှာ နစ်မျောနေမိသူပါ
မပိုင်နိင်မှန်းသိရက်နဲ့ မျော်လင့်ချက်တွေ
နောက်မဆုတ်တာခက်တယ်
မျက်ရည်တွေကိုနှမျောပေမဲ့
အငိုမတိတ်တာ...ဘာ့ကြောင့်လဲ
တစ်လောကလုံးကို လရောင်ဖုံးနေတဲ့အချိန်
ငါ့ရင်မှာကြယ်စင်တွေ မပျော်ကြတော့ဘူးလေ...
မင်းအပြုံးတစ်ချက်က ငါ့နှလုံးသားရဲ့
တောင်နံရံတွေထင်ပါရဲ့
ရှုံးထွက်ဖို့ကြိုးစားတိုင်း
အင်အားတွေချိနဲ့နေပြီပဲ
ရှိပါစေတော့
အရာရာချို့တဲ့သူမို့
နွေလမ်းကိုသိရက်နဲ့
ခြေလှမ်းတွေနောက်မဆုတ်တာက
ငါ့ဘဝရဲ့ပင်ကိုယ်အား နည်းချက်တစ်ခုမိုပါ

နှင်းနှင်းအတွက်
နှလုံးသားဖြစ်ရေးသည်

မိုးမင်း
ရွှေကန်မြေ

အဖြည့်ခံ - လက္ခဏ(အုတ်ဖို)

အဖြည့်ခံ

ပန်းဆိုတာ....အဖြည့်ခံဘဝပါ။
ဘုရားမှာလှူတော့...
လှူသူ ဆုတောင်းဖို့အဖြည့်ခံရတယ်
ခေါင်းမှာပန်တော့....
ပန်သူလှဖို့ အဖြည့်ခံရတယ်
ဒါပေမဲ့ ....
မနွမ်း ခင်ခဏလေးပါ...
သူတို့ဘဝကို
အလှဖန်ဆင်းမပေးနိုင်တဲ့တနေ့
အပယ်ခံအဖြစ်နဲ့ အစွန့်ခံရတာမျိုး မဟုတ်လား....?
ဪ...ကျနော့်ဘဝဟာလည်း
ပန်းဘဝလို အဖြည့်ခံဘဝပဲလား?

လက္ခဏ(အုတ်ဖို)
ဆ အ မ သ ယ

သစ္စာရှိတဲ့ - ဆောင်းဦးနွေ- ထုံးဘို

သစ္စာရှိတဲ့

မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့
အလွမ်းရက်ရှည် လွမ်းရက်တွေဟာ
အဖော်မဲ့ညလေ။
ကောင်းကင်ကငို တိမ်ပြိုသော်လည်း
ဘယ်ခါမမုန်း ချစ်သောကတိ...
သစ္စာရှိတဲ့။

မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့
အဆွေးသောက ရင်တွင်းလှိုက်ဆူ
သောကအပူလေ။
ဝေးသောတံတိုင်း ကာဆီးထားလည်း
သောကအပူ မျှဝေယူမည်
ချစ်သောကတိ...သစ္စာရှိတဲ့။

သြော်...သစ္စာရှိတဲ့ သူဆိုခဲ့လည်း
မာယာစက်ကွင်း သက်ဆင်းပျော်ဝင်
ငါ့ဖြစ်အင်က...
မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့။
မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့။

ဆောင်းဦးနွေ- ထုံးဘို

အဇ္ဈတ္တသံစဉ် - မကွေးစိုးလှိုင်

အဇ္ဈတ္တသံစဉ်

ပွင့်ဆဲပန်း မလန်းခင်လေးမှာပေါ့
ဆန်းရေယာဉ် လက်တခုတ်ကို
ခပ်သုတ်သုတ်ခတ်လို့
သွန်းဖျန်းကာပေးခဲ့ဖူးတယ်

ကြွေဆဲပန်း မနွမ်းခင်လေးမှာပေါ့
အလွမ်းမြေပြင်စခန်းတလျှောက်မှာ
ပန်းပေါက်ပေါက်တွေကြဲလို့
ဖွင့်ပွဲလေးလုပ်ခဲ့ဖူးတယ်

ချစ်ဆဲအနမ်း မကျွမ်းခင်လေးမှာပေါ့
အလွမ်းသံစဉ် တေးတပုဒ်ကို
ရွေးထုတ်လို့ဆိုပြခဲ့ဖူးတယ်

သြော်....အတိတ်ဟောင်းကို
ပြန်ပြောင်းကာတွေးမိတော့
အဟောင်းမဖြစ်တဲ့ဝေဒနာ
ရင်ခွင်မှာသစ်ဆဲမို့
အချစ်လည်း ကိုယ့်လိုဖြစ်ပါစေ...

မကွေးစိုးလှိုင်

မ​ဝေးဘူးချစ်​သူ ( ဇွဲ​နောင်​​နောက်​{သက္ကလ} )

မ​ဝေးဘူးချစ်​သူ

ဘယ်​​လောက်​​ဝေး​ဝေး
မောင့်​ရင်​ထဲမှာ နီးနီးလေးပါချစ်​သူ...
မိုးမီတဲ့ဧဝရတ်​​တောင်​ပဲ ကာရန်​ထားပါ​စေ​ 
ကျော်​ဖြတ်ကာ လာနိုင်​ပါတယ်​ ချစ်​သူ....

မောင့်​နားမှာ​ ဆောင်​​ယောင်​များစွာနဲ့
ပြည့်​စုံ​နေပါ​စေ...
ချစ်​မရှိတဲ့အခိုက်​တန့်​ ဘဝမှာ
မောင်​တစ်​စက္ကန့်​မျှ မ​နေချင်​ပါဘူးချစ်​သူ...

တစ်​မိုး​အောက်​မှာ တို့နှစ်​​ယောက်
ရှိ​နေကျသ​ရွေ့ ယုံကြည်​ပါ...
ဘယ်​​တော့မှမ​ဝေးဘူး..

ဆုံ​တွေ့တဲ့တစ်​ရက်​ကို
တစ်​သက်​တာမ​မေ့ပဲ...
ပြန်​လည်​တမ်းတ လွမ်းရခြင်းဟာ
မ​ဝေးခြင်းရဲ့ လက္ခဏာတစ်​ခုပါချစ်​သူ...

ဘဝလမ်းခရီးတ​လျောက်​ ချစ်​သူတစ်​​ယောက်
သောကမ​ရောက်​​စေဖို့ ဘဝကိုအာမခံတဲ့
လက်​မှက်​ယူ​နေသည့်​ အချိန်​မို့
ယုံကြည်​စွာ​ စောင့်​​နေ​ပေးပါချစ်​သူ....

ငါတို့​တွေ ဘယ်​​တော့မှမ​ဝေးဘူး...

ဇွဲ​နောင်​​နောက်​{သက္ကလ}

ကဗျာချစ်ပရိတ်သတ်များသို့....

ကဗျာပင်လယ် ပရိတ်သတ်များအားလုံး မင်္ဂလာပါ...

မနေ့မှ Update အသစ်ထွက်ရှိလာတဲ့ viber apk လေးကို
မိတ်ဆက်ပေးပါရစေ....
သူ့ရဲ့   version က 5.0 ရှိပါတယ်...
size ကတော့ 28.62 MB ပဲရှိပါတယ်
သူကဘာထူးခြားလဲ..ဆိုတော့
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပြောလို့ရတဲ့ Video call လေးပါလာလို့ပါ..
အရမ်းလန်းပါတယ် စိတ်ဝင်စားသူများ
အောက်ပါ ဒေါင်းလော့လင့် မှာနှိပ်၍
ဆွဲယူနိုင်ပါတယ်..

ဒေါင်းလော့ ဆွဲရန်

ကဗျာချစ်ပရိတ်သတ်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်

Thursday, September 11, 2014

အိပ်မက် (photo) သစ္စာလူ

Photo.- ညီညီ(စွယ်​စုံ)

ရည်းစားစာ - ညီညီ(ရင်းတွင်းဖြစ်)

ရည်းစားစာ

ကျောင်းစိမ်းထဘီ ကျောင်းအင်္ကျီနှင့်
ပြုံးရည်ချိုမြ ကျောင်းသူမရယ်
မထိတထိ မင်းရဲ့အကြည့်ကြောင့်
ရင်မှာခံစား ဒဏ်ရာများက
ထိန်းကာမရ ငါ့ဘ၀နှင့်
ရင်းကာချစ်မိ ငါရေးမိပြီ

ညီညီ(ရင်းတွင်းဖြစ်)

တဒါဇင်သို့တမ်းချင်း - မကွေးစိုးလှိုင်

တဒါဇင်သို့တမ်းချင်း

မင်းအားတက်ဖို့ မင်းရင်ဘတ်မှာ
တစ်ဒါဇင် မချိတ်နိုင်ခဲ့

လက်ကျန်ငွေကို ပြန်ပြန်စစ်ရင်
တစ်ဒါဇင်ကိုငါမုန်းတယ်
စတော်ဘယ်ရီ နာနတ်သီး
ဘနားနား မာန်တင်းထားတဲ့
တစ်ဒါဇင်ကိုငါမုန်းတယ်
ခေါက်တွန့်နေတဲ့
ခေါက်တွန့်အိတ်လေးမှာ
နိုင်သလောက်ပဲအသာထည့်
အသေအလဲနဲ့ အလဲလဲအကွဲကွဲ
သန်းခေါင်ယံမှာ အားကုန်သုတ်ရ
နိုင်သလောက်ဂျုတ်တာတောင်
လေးဘက်ထောက်ပြီး ပြန်ခဲ့တယ်...

မကွေးစိုးလှိုင်

ချစ်သူ ကိုယ်ရံတော် - မိုးမင်း - ရွှေကန်မြေ

ချစ်သူ ကိုယ်ရံတော်

ချစ်သူ
အလှတကာ အလှထဲမှာ
မင်းရဲ့အလှဟာ အလှဆုံး

အပြုံးတကာထဲမှာ
မင်းရဲ့အပြုံးဟာအလှဆုံး

အချိုသာဆုံးအရာတွေထဲမှာ
မင်းရဲ့စကားသံဟာ
အချိုသာဆုံးပါ

မင်းသာနှင်းဆီဆိုရင် ငါဟာဆူးတွေအဖြစ်နဲ့ကာရံမယ်

မင်းသာပန်းဝတ်ဆံဆိုရင်
ငါဟာ ပွင့်ဖတ်တွေအဖြစ်န
ဲ့ကာရံမယ်

မင်းသာလမင်းကြီးဆိုရင်
ငါဟာ အခြံရံကြယ်ကလေးအဖြစ်နဲ့
ကာရံမယ်

တကယ်တော့ငါဟာ
မင်းရဲ့ကိုယ်ရံတော်
တစ်ယောက်ပါ ချစ်သူ

မိုးမင်း - ရွှေကန်မြေ။

Wednesday, September 10, 2014

''ONLY FOR YOU'' အောင်မျိုးချစ်(ပလက်ဝ)

''ONLY FOR YOU''

မင်းကိုချစ်တာ တစ်ခုတည်းနဲ့
ငါ့ဘဝကို လိုသလိုအသုံးချ
မင်းကြိုးဆွဲ လိုက်တိုင်း
ကပြ အသုံးတော်ခံရမယ့်
ရုပ်သေးရုပ် အဖြစ်ပါ
မင်းလိုအပ်ရင် အချိန်မရွေး
မလိုအပ်ရင် အဝေးဆုံးအထိ
ထားရာနေ စေရာသွား
မင်းရဲ့မျက်ဝန်း အရိပ်အကဲကို
ဘာသာပြန်တတ်ခဲ့ပြီ
မင်းအတွက်မွေးဖွားလာတဲ့
လူတစ်ယောက်အဖို့...
မင်းလက်ခုပ်ထဲကရေဆိုလဲ ဟုတ်တယ်
ပလိုင်းထဲက ဖားဆိုလဲ ဟုတ်တယ်
မင်းသွန်လိုရင်သွန် မှောက်လိုရင်မှောက်
ရိုက်ချင်ရင်ရိုက် စားချင်ရင်စားပေါ့
အရှုံးပေးတာကို သိလျက်နဲ့
အနိုင်ယူချင်သေးတယ်ဆိုရင်လဲ
ဟော့ဒီ့ ရင်ဘတ်ကို
အဆင်သင့်ဖွင့်ထားပေးပါ့မယ်
ဓါးထက်ထက် တစ်လက်နဲ့
မင်းကျေနပ်တဲ့အထိ
စိတ်ကြိုက် မွှေနှောက်ကစားလိုက်စမ်းပါ
မင်းပျော်မယ် ဆိုရင်ပေါ့...
ကျေနပ်စွာ ငါသေဝံ့တယ် ။။။

အောင်မျိုးချစ်(ပလက်ဝ)

အချစ်​ဦး...သို့.. (သူ့ရှင်​{က ​လေး})

အချစ်​ဦး...သို့..
♨ ♨ ♨ ♨ ♨
ရောင်​ခြည်​ ​နေဦး မပွင့်​ဖူးမီ
ဥဩက သံသာသီ
နွေဦး​ပေါက်​ရာသီ...။

လွမ်း​မောသည်​ တိတ်​ကာလ
လ ဝတ်​ရည်​ ဆမ်းတဲ့ညမှာ
လေ​ပြေမြူးလို့ ပန်းတို့ဖူး
ပုရစ်​ဖူးတို့ လှိုင်​ခဲ့ပြီ...။

မေတ္တာယှက်​လူး မြှားတံဦးက
ရင်​ကိုစူး၍ ကျန်​ခဲ့သည်​...။

မေ့မရဘူး ထို​နွေဦး
အချစ်​ဦးနှင့်​ ဆုံခဲ့သည်​...။

ဥဩတွန်​ကြူး သည်​​နွေဦး
အချစ်​ဦးကို ​မျှော်​မိသည်​..။

ဪ...
လွမ်းစိတ်​ရယ်​ ဗျာ​ပွေလီ​ကြောင့်
တမ်းတ၍ စာကိုချီသည်
သူသိဖို့ရည်​....။

သူ့ရှင်​{က ​လေး}

အောင်​ရမည် - သူ့ရှင်​{က​လေး}

အောင်​ရမည်

မကြုံချင် ​​လဲ
ရှောင်​ကြဉ်​ လွှဲ၍
ဖဲ၍မရ
ဘုံဘဝမှာ
ကြုံလာ​လောကဓံ
သည်းညည်းခံလျက်
မာန်​ ပြုံးမပျက်
ရှေ့သို့ဆက်​မည်
အောင်​ပွဲပန်းကို ဆင်​ရမည်​။

သူ့ရှင်​{က ​လေး}